24

9.7K 1.6K 107
                                    

သီချင်းတအေးအေးဖြင့် မနက်စောစောကလေးတည်းကပင် ရေချိုးနေနှင့်သော ညီငယ်ဖြစ်သူအား သူတောက်လျှောက်ကြည့်နေမှန်း မသိလေလျော့ထင်၏။

ရေချိုးပြီးသည်နှင့် အုန်းဆီရွှဲရွှဲကို ခေါင်းမှာ လိမ်းကျံကာ လည်ပင်းတစ်ဝိုက်တွင်လည်း အမွှေးနံ့သာတစ်ချို့ လိမ်းကျံနေပြန်သေး၏။

မှန်မှတဆင့် ကြည့်နေသော သူ့မျက်လုံးကိုမြင်လိုက်ရသည့် ကောင်ကလေးဟာဖြင့် လန့်သွားသယောင်ရှိသော်ငြား သူ့ကိုတော့ မင်သေသေကြည့်နိုင်တုန်းပင်။

" ကိုကို "

" အေး ကိုကိုပဲ .. ဘာလုပ်နေသတုန်း "

" ဘဘုန်းကျောင်း သွားမလို့ "

" ဘယ့်အတွက် "

သူ့လက်ထဲက ကြိမ်ကလေး တဆဆမို့ ညီငယ်လေးဟာ တစ်ချက် တံတွေးမျိုချလိုက်မှန်း လည်ဇလုပ်ကလေးလှုပ်ခတ်ရုံဖြင့်သိလိုက်ချေ၏။

" ဘဘုန်းကြီးကလေ ... ကျုပ်ကို ခဏလာခဲ့ပေးတဲ့ ဘဘုန်းကြီးရဲ့ တူကလေး ရွာကိုလာလည်မှာမို့တဲ့ ... အဲ့ဒါလေ ... "

" ဘဘုန်းကြီးရဲ့တူကလေး... ဘယ်သူတုန်း "

" ကဲကဲလေ "

" ကဲကဲ.. "

" ဟုတ်တယ် .. ကိုကို .. ကျုပ် နောက်ကျနေပြီ ... မနက်စောစော လာခဲ့ဖို့မှာထားတာ .. အခုသွားပြီနော် ... ကိုကို့ကိုလည်း ဆရာတော်က လာခဲ့ဖို့ မိန့်သွားတာ .. မုန်လာပင်ပေါက် ရေပေးပြီးရင် လိုက်ခဲ့ဗျို့ "

ကဲကဲဆိုသည့်အမည်ကို သူပြန်စဥ္းစားနေမိသည်။ သူ ဒီနာမည်ကို ကောင်းကောင်းကြီးကို ရင်းနှီးနေပါ၏။

" ကဲကဲ ... ကဲကဲ .... ဘယ်သူပါလိမ့်နော် "

ရုတ်တရက် ခေါင်းထဲဝင်ရောက်လာသည့် နာမည်ကလေးနှင့် နုနုနယ်နယ်မျက်နှာကလေးတစ်ခုကို သတိရမိသွားတော့သည်။

နေပါဦးလေ၊ ကဲကဲ၏ နာမည်အရင်းက နီလာကဲ မဟုတ်ပေဘူးလား။ နီလာကဲ က မိန်းကလေးလေ။ ဘယ်အတွက်များ တူကလေးလဲ။

" အသွေးရေ "

ခြံတံခါးဝမှ လှမ်းခေါ်သော်လည်း အရိပ်အယောင်ပင်မမြင်ရတော့ပါ။ ကဲကဲကလေးကို ယောက်ျားကလေးလို့ ထင်နေသတဲ့လား။

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now