33

8.2K 1.5K 77
                                    

(A/N ကြာကြာတော့စိတ်မကောက်ကြနဲ့။ ရိဖု ဒီရက်ပိုင်း စိတ်ရောလူပါ အရမ်းပင်ပန်းထားတာမို့ ပြောမှားဆိုမှားတွေရှိလိမ့်မယ်။ ပြီးတော့ အရင်က အလုပ်တွေအရမ်းများနေရင် Facebook Acc ပါ Deactivate ထားတာ။ ဘာလို့လဲဆိုတော့ တစ်ခုခု စကားမှားမှာ စိုးလို့ပဲ။ ဒီတစ်ပတ် မေ့သွားခဲ့တယ်။ Facebook acc Deactivate မလုပ်မိဘူး။ ထုံးစံအတိုင်း စကားမှားတယ်ပေါ့။ သိမှာပါ။ ရိဖုကို တကယ်သိတယ်ဆိုရင် ရိဖုဘယ်လောက်တောင်ပင်ပန်းနေသလဲဆိုတာ။ ပင်ပန်းရင် စကားက အချိုးပြေပြေထွက်မလာတတ်တာရော။ ဒါကြောင့် ရိဖုမှားတယ်လို့တွေးရင် ရိဖုမှာ ဖြေစရာမရှိဘူး။ ရိဖု မချော့တတ်ဘူး။ ရိဖုဆိုတာ ဘာမှအချိုးမပြေတဲ့လူမို့ ရိဖုကို စွန့်ခွာချင်လည်းရတယ်။ ရိဖုကတော့ အပြစ်မတင်ပါ။ ရွှင်လန်းချမ်းမြေ့ပါစေ။ ၂၀၂၀ကို အပိုင်းသစ်နဲ့ နှုတ်ဆက်ကြတာပေါ့။ ချစ်တာပဲပြောတတ်တာမို့ ချစ်တာကို လက်ခံပါ။ )

" ဆရာ "

ရေငင်ပြီးပြန်လှည့်အထွက်တွင် အနောက်ဘက်မှ တိတ်တိတ်ကလေးရပ်ကြည့်နေသောသူကိုမြင်ချိန်၌ အနည်းငယ် လန့်သွားမိ၏။ ရင်ဘတ်ထဲ တဒိန်းဒိန်းခုန်လာသည့် အသံကြောင့် နားထင်တွေပါ ကျိန်းစက်လာသလိုပင်။

" လန့်သွားတာလား တောင်းပန်တယ်ကွယ် .. ကိုယ်မေ့သွားတာ .. အသက်ကိုဖြည်းဖြည်းရှူ နော် "

အနားကိုရောက်လာသည့် ဆရာသည် သူ့ကျောပေါ်လက်ကလေးဖြင့်အသာပုတ်ရင်း အသက်ကိုမှန်မှန်ရှူစေ၏။ အမောအပန်းဒဏ်ခံနိုင်ပေမဲ့ သူ၏နှလုံးသည် လန့်ထိတ်မှုကိုတော့ ကျင့်သားမရသေးပေ။

" ဆရာရယ် ဘယ်တုန်းကတည်းက ရောက်နေသလဲ "

" သီချင်းစဆိုကတည်းကပဲ .. အင်း ကိုယ်သာပိုက်ဆံရှိရင်လေ ကလေးကို ဒီသဘင်သည်လောကထက်ပိုပြီး ကျယ်ပြန့်တဲ့ အနုပညာလောကထဲပို့ပေးချင်ရဲ့ "

" ဘာလို့လဲ .. "

" ပိုက်ဆံမရှိရင် အဆင်မပြေဘူးလေ .. ကလေးက အသံကလေးက လွှတ်ကောင်းနေတော့ ကတာအစား သီချင်းကလေး ဘာလေး ဆိုစေမလားလို့ "

" ကျုပ်က မလုပ်ချင်ဘူး ဆိုရင်ရော "

သူနှင့်ဆရာ နှစ်ယောက်လုံးသည် လျှောက်လာရင်း အိမ်ရှေ့ကြမ်းပေါ် ဝင်ထိုင်လိုက်ကြ၏။ ခြေထောက်တွေကတော့ မဆေးကြောရသေးတာမို့ အောက်မှာပဲတွဲလွဲ ချထားလိုက်တော့သည်။

အိုဘယ့်မှုံရွှေရည်(Completed)Onde histórias criam vida. Descubra agora