41

8.2K 1.4K 120
                                    

ဝတ်ဆင်ထားသည့် တိုက်ပုံအညိုအား ဆွဲချွတ်ကာ အောက်ခံရှပ်အင်္ကျီအဖြူရောင်၏ လည်ပင်းကြယ်သီးအား ဆွဲဖြုတ်မိ၏။ ရွှေကွပ်ထားသည့် စိန်တစ်လုံး ကြယ်သီးကလေးသည် သူ့လက်ထဲဝယ် မစာမနာ ချွတ်ခံလိုက်ရချေသည်။

" မောလာပလား "

" ကြီးဒေါ် "

" အေး ​... သံပုရာရည်သောက်မလား သကြားရည်သောက်မလား "

" သကြားရည်ပဲလုပ်ပေး ကြီးဒေါ် .. ဦးလေးရော "

" မင့်ဦးလေးကို မင့်အဖေ ခေါ်သွားတယ်.. ဆီပွဲရုံအသစ်လုပ်မဲ့ကိစ္စဆိုလား ... အဲ့ဒါ စီစဉ္ဖို့တဲ့ ... ကျော်စွာ့ကို ပွင့်ဖြူကိုလွှတ်မယ် ထင်တယ် "

" ဘာလို့များ အဲ့သလောက် အလုပ်တွေလောဘကြီးနေတာလဲ .. ဘယ်သူ့ကိုထောက်ပံ့မလို့လဲ "

" ကျောင်းသားရေးရာဆိုလား  မသိပါဘူးကွယ် .. အဲ့ဒါထောက်ပံ့ဖို့တဲ့ .. ပေါ်တင်ထောက်ပံ့လို့မဖြစ်လို့ ပွဲရုံထောင်ပြီး အလုပ်သမားခေါ်တယ်ဆိုလား ... နယ်ဝေးဆိုတော့ စစ်ဆေးလို့မရလို့ ဆိုပြီး ပြောသွားတာတော့ ကြားတယ် "

သူ၏ ဖခင်သည် သူနှင့်ဦးလေးကိုတော့ နိုင်ငံရေးမှ ဝေးဝေးပြေးစေပြီး တစ်ဖက်ကတော့ နိုင်ငံရေးကို တိတ်တဆိတ်ကူညီနေလေ၏။ ဖခင်၏ စိတ်ရင်းက နိုင်ငံရေးကိုအလေးထားသည်လား၊ သို့တည်းမဟုတ် ရှေ့ကိုကြိုမျှော်၍ပင်လား။ ဖခင်သည်သာ အသိဆုံးဖြစ်ပါလိမ့်မည်။

သကြားရည်ခွက်ကလေးကုန်ချိန်ဝယ် ထိုင်ခုံနောက်မှီဝယ် ခေါင်းကိုလှန်ကာမော့ရင်း မျက်လုံးတို့မှိတ်ထားမိတော့သည်။

' ဘယ်များရောက်နေသလဲ ကလေးရယ်.. ကျုပ်ရှာမတွေ့အောင်များ အပုန်းကောင်းနေလေလျော့သလား '

မှေးမှိတ်ထားသည့်မျက်ဝန်းထဲဝယ် အမှောင်ထုကိုသာ မြင်နေရသော်လည်း သိပ်မကြာခင်မှာပင် ပုံရိပ်ကလေးများက မြင်လွှာဝယ် တဝဲလည်လည် လာထင်၏။

..............................

သူ့လက်ထဲဝယ် လှိမ့်တိုင်းပါလာသည့် ကားစတီရာရင်လေးအား လိုက်ကြည့်နေသည့်မျက်ဝန်းလှလှတစ်စုံကြောင့် သူ့လက်ထဲ ချွေးစေးပြန်စေကြောင်း အနှီသူငယ်မသည် မသိရှာ။

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now