13

10.1K 1.7K 150
                                    

အထိတ်တလန့်အသံကြောင့် ရင်ထဲမှာ စူးခနဲခံစားလိုက်ရသည်နှင့်အတူ ဘယ်သူကများ ပြုလေသလဲဟု စူးစမ်းစိတ်ကြောင့် မျက်လုံးလှန်ကြည့်မိ၏။ တံခါးဝတွင် မားမားကြီးရပ်ရင်း သူနှင့်ဘေးကလူအား ပေါက်ထွက်မတတ်စူးစူးရဲရဲကြည့်နေသူက တခြားသူတော့မဟုတ်။ မစူးစမ်းမဆင်ခြင်သည့် ဟိုသူ​ေဋ္ဌးသား။

သူ့နားဗြုန်းဒိုင်းကြီး ခြေလှမ်းကျဲကျဲများဖြင့် လျှောက်လှမ်းလာရင်း စာအုပ်ပေါ်ထောက်ထားသည့်သူ့လက်ကို ပိုင်စိုးပိုင်နင်းကိုင်လာသည့်လူ။ ညာဘက်လက်ဝါးကို သူ့အသိစိတ်နဲ့တောင် မထိန်းလိုက်နိုင်။ ရိပ်ခနဲမြောက်တက်သွားသည့်လက်ဝါးပြင်က တစ်ဖက်လူ၏ပါးပြင်ပေါ် မိတ်ဆက်သွားသံက အတော်လေးကျယ်လောင်လှ၏။

" မင်း .. လိုက်ခဲ့စမ်း "

လက်ဆွဲခေါ်ရာနောက်မလိုက်လိုသော်လည်း နာမကျန်းမပျောက်ကင်းသေးသည်ကတစ်ကြောင်း၊ လူကောင်ချင်းကကွာလှသည်ကတစ်ဖုံမို့ တရွတ်တိုက်နီးပါး ပါသွားရလေ၏။

ရုတ်တရက်ဖြစ်သွားမှုတွေကြောင့် ဦးထွဋ်ကျော်စွာကတော့ ထိုင်ခုံပေါ်ထိုင်လျက်ကျန်ရှိနေဆဲ။

လက်ဆွဲခေါ်ရာနောက်ကို အကြမ်းပတမ်းလိုက်လာခဲ့ရမှုကြောင့် သူ့လက်ကောက်ဝတ်တွေနာလှပြီဖြစ်သော်လည်း ရှေ့ကလူကတစ်စက်ကလေးမှမရပ်ချေ။ သူသတိထားမိချိန်မှာ သူနှင့်ထိုသူ​ေဋ္ဌးသားကလေးက အခန်းတစ်ခန်းထဲရောက်နေခဲ့ပြီ။ အလင်းရောင်သိပ်မဝင်သည့် အခန်းထဲဝယ် ပြတင်းပေါက်တွေ ဖွင့်ထားသည့်အတွက် မိုးလည်းပက်နေသလို လေလည်းဝေ့နေပါ၏။

" မင်း အနေအထိုင်ကိုဆင်ခြင်လို့မရဘူးလား "

သူ့ကိုနံရံနှင့်ဆွဲကပ်သည့်ထိုလူက အသံကျယ်ကျယ်နှင့်ဆိုလာ၏။ ယခုအချိန်ထိ လန့်ထိတ်စိတ်ကြောင့် အသက်ရှူမဝသေးပါဘူးဆိုမှ အရှေ့ကလူက ဘာတွေပြောနေပါသလဲလေ။

" ဘာ .. "

ရှိုက်ဖိုလှိုက်ငင်နေသည့်အသံက သူမောနေကြောင်းကိုပြသနေပါသော်လည်း ရှေ့ကလူက သတိထားမိဟန်မတူ။ တစ်စစအနားကပ်လာကာ သူ့ပုခုံးတို့ကို လက်နှင့်ဖိထားသလို သူ့ပေါင်တွေကိုပါ ကိုယ်လုံးကြီးနှင့်ဖိကာထား၏။

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now