30

8.9K 1.6K 123
                                    

အပေါ်ထပ်စာကြည့်ခန်း၏ ဘေးချင်းကပ်တစ်ဖက်ခြမ်းတွင် တီတာ၏ အိပ်ခန်းရှိသည်မို့ တံခါးတစ်ချပ်အပိုထားရှိလေသည်။ ထိုတံခါးသည် တီတာ့အနေဖြင့် စာကြည့်ခန်းသို့သွားလိုပါက အိပ်ခန်းအပြင်ထွက်စရာမလိုအောင် ဖန်တီးထားခြင်းဖြစ်သည်။

မွေးနေ့ပါတီသည် ညတစ်နာရီတွင် ပြီးသွားခဲ့လေသည်။ ဧည့်သည်များကို ပြန်ပို့ဖို့ရန်စီစဉ်ရင်း ဖခင်ကပါ လိုက်ပါသွားသဖြင့် အိမ်တွင်ကျန်ခဲ့သူမှာ တီတာအပါအဝင် ၈ယောက်သာရှိသည်။ မင်းသားနှင့်ဆရာတို့ကမူ ဇာတ်ရုံကြီးတွင်သာ အိပ်စက်ကြ၏။

စာကြည့်ခန်း၏ အလည်တွင် စာဖတ်ဖို့ရန် ဆိုဖာရှည်ကြီးတစ်လုံးချထားလေသည်။ တီတာတစ်ယောက် အိပ်မပျော်သဖြင့် အိပ်ခန်းထဲမှ ထွက်ကာ စာကြည့်ခန်းထဲ လာရောက်လဲလျောင်းနေမိသည်။

ညသည် တဖြည်းဖြည်း နက်လာလေပြီ။ တစ်ခွက်ပြီးတစ်ခွက်သောက်ခဲ့သော ရောစပ်အရက်တစ်ချို့က တီတာ့ကို အဘယ့်အတွက်များ အိပ်မပျော်စေရပါသနည်း။

ဦးလေးဖြစ်သူကိုလည်း မနှိုးချင်တော့ပါ။ ဆိုဖာပေါ်လှဲနေရသည်က သက်သောင့်သက်သာ မရှိလှသော်လည်း အိပ်ခန်းသို့မပြန်ချင်။

သူ၏ အိပ်ခန်းသည် အလွန်အေးစက်လွန်းလှသည်ဟု ထင်မိ၏။ ယခုလို အိပ်ပျက်ညများတွင် ဟိုးဟးယခင်က ဆိုလျင်တေု့ မိခင်၏ အိပ်ခန်းထဲဝင်ကာ မိခင်ထားရှိခဲ့သော အနံ့အသက်၊ ပစ္စည်းတစ်ချို့ကို ကိုင်တွယ်ကြည့်ရှုရင်း အိပ်ပျော်ဖို့ ကြိုးစားဖူးသည်။ အိပ်လည်းအိပ်ပျော်ခဲ့၏။

သို့သော်ငြား ယနေ့ညတော့ဖြင့် မရပါလေ။ မိခင်၏ အိပ်ခန်းကို အပိုင်စားရထားသူတစ်ယောက် ရှိနေသည်မဟုတ်လား။ အိပ်ခန်းသို့ပြန်တော့ပါမည်လေ ဟု ဆုံးဖြတ်ကာ ဆိုဖာပေါ်မှထရင်း တံခါးဆီ လျှောက်လာခဲ့တော့သည်။

စာကြည့်ခန်းနှင့်တွယ်စပ်ထားသည့်သူ၏ အခန်းတံခါးသည် ဝင်လာခါစက သူတမင်မပိတ်ပဲထားခဲ့ပေမဲ့ ယခုတော့ ထူးထူးဆန်းဆန်း ဖွင့်မရဖြစ်နေခဲ့ပြန်၏။ ထို့အတွက် စုတ်တစ်ချက်သပ်ကာ တံခါးမကြီးဘက်က ပတ်ထွက်ရပြန်တော့သည်။

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now