7

11.8K 1.9K 58
                                    

အပိုင်း ၇

ကားလိပ်ကြီးကျသွားချိန်မှာတော့ ထွေးတစ်ယောက် အသာအယာပြန်ထလာကာ စင်၏အနောက်ဘက်ဆီ ဝင်လာခဲ့သည်။ ပုံမှန်ဆို ကားလိပ်ချသည့် ကြိုးကိုင်၏နားတွင် အဘက ထိုင်နေတတ်၏။ ဒီနေ့တွင်တော့ အဘအစား အဘ၏ ညီဖြစ်သော ဦးငွေချွန်းက ထိုင်နေ၏။ သူ့ကိုမြင်တော့ ပြီတီတီအကြည့်တစ်ချို့က ရစ်သိုင်းကာ ဝေ့ဝဲလာပြန်၏။

မျက်မှောင်တစ်ချက်ကုတ်ကာ ခပ်စူးစူးပြန်ကြည့်လိုက်သည့် အကြည့်ထဲတွင် မာန်တစ်ချို့ကို ထည့်ပေးလိုက်တော့ ပျာယိပျာယာဖြင့် မျက်နှာကိုငုံ့ကာလှည့်သွားလေတော့၏။

နားနေခန်းဆီပြန်လာတော့ အဘ၏အခန်းကို ဖြတ်ရ၏။ ပွဲရက်များဆိုလျှင်တစ်ခါမှမနားတတ်သော အဘက သည်ကနေ့တော့ နားနေသည်တဲ့လား။ အသာအယာတံခါးကိုခေါက်ဖို့ရန်လက်ရွယ်ချိန်မှာ မပိတ်ထားသည့်တံခါးရွက်က အတွင်းသို့ကျွံဝင်သွားလေသည်။

ပွင့်ဟသွားသော တံခါးရွက်၏ နောက်တွင်တော့ စုတ်ချာနေသည့် ကုတင်ပေါ်ဝယ် ဖျာကြမ်းတစ်ချပ်သာခင်းထားချေသည်။ ထိုဖျာကြမ်းပေါ်တွင် ထိုင်နေသော အဘသည် သူ့ထံသို့ အံ့အားတကြီးလှည့်ကြည့်လာ၏။ အဘ၏လက်ထဲတွင် အဝတ်စတစ်ခုကိုကိုင်ထား၏။ လက်တစ်ဖက်က ရင်ဘတ်ကိုဖိထားကာ တစ်ဖက်ကတော့ အဝတ်ကိုနှုတ်ခမ်းနားကပ်ထားကာ ပုခုံးတို့က တလှုပ်လှုပ်။ အဘနေများမကောင်းလေရော့သလား။

" အဘ "

" မလာ ... အဟွတ် "

စကားသံကတစ်ပိုင်းတစ်စနှင့် အဝတ်စဆို့ထားသော နှုတ်ခမ်းဖျားထက်မှ ချောင်းဆိုးသံ အက်ကွဲကွဲတစ်စ။ ထို့နောက် အိပ်ယာပေါ်နောက်ပြန်လန်ကျတော့မတတ် တုန်လှုပ်လာမှု။

အလျင်အမြန် အဘကို ပွေ့လိုက်ချိန်တွင် ဝတ်ထားသည့် မင်းသမီးဝတ်စုံဖြူဖွေးဖွေးပေါ် ပေကျံလာသည့် သွေးပွက်တစ်စ။ လည်ပင်း၊ မေးစေ့နှင့် ရင်ဘတ်တစ်ခွင်လုံး သွေးညစ်ညစ်များက ပေကျံကာ လူကလည်း ဟုန်လျက် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။

" သွေး ... သွေးရေ လာပါဦး ... လာပါဦးလို့ "

ကြောက်လန့်တကြားအော်ခေါ်သံထဲမှာ ငိုသံတစ်ချို့နှင့် တုန်လှုပ်ခြောက်ချားမှု့တစ်ချို့ စွက်နေမည်မှန်း သိသာနေ၏။

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now