Side Chapter 2

2.8K 300 4
                                    

Zawgyi

" ကိုကြီး "

ကျွန်းအိမ်မကြီးသည်ကား တိတ်ဆိတ်အေးချမ်းလို့နေ၏။ အပေါ်ထပ်သည်ကား ပုံမှန်နေ့တစ်နေ့လို ငြိမ်ချက်သားကောင်းနေဆဲ။ တရှဲရှဲတိုက်ခတ်နေသော လေပြေသွေးများကြောင့် အပေါထပ်ရှိ ဖွင့်ဟထားသော ပြတင်းတံခါး၏ ကန့်လန့်ကာများက လေအဝေ့တိုင်း ယိမ်းနွဲ့ကခုန်လို့။

ကျန်းမာရေးဟူသည်ကား ပစ်ထား၍မရသော အရာမျိုး။ ထို့အတွက် လစဉ် ဆေးခန်းလာပြတိုင်း ဤအိမ်တွင်ပင်နေ၍ဆေးခန်းပြဖို့ သူဌေးကြီးမှမှာထား၍ သူရောက်နေခြင်းပင်။ ချစ်ခဲ့ကြပါပြီ ဆိုစဉ်ကပင် သူတို့နှစ်ဦးအား လက်ခံပေးခဲ့ကြသော်ငြား သူ့တွင်လည်းအလုပ်ရှိသလို ထိုလူကြီးသည်လည်း အားလပ်မှုမရှိခဲ့။ တစ်ယောက်တစ်နေရာနေကြဖို့ သဘောတူခဲ့ကြပြီး လွမ်းလာလျှင် ပြေးတွေးခဲ့ကြ၏။ တစ်အိုးတစ်အိမ်မဟုတ်သည့် အိမ်ထောင်ရေးဟု ဆိုရလေမလား။

ကိုကြီးကတော့ ပြောပါ၏။ သူသည်သာ အိမ်ထောင်ဖက်ဖြစ်ကြောင်းနှင့် သူသည်သာတစ်ပင်တိုင်နန်းလေးဆိုသည့်အကြောင်း။ ကျန်းမာရေးကိုအကြောင်းပြကာ သူ့ဘက်မှ တရစပ်သွားနေမှုကိုတော့ ခေတ္တလောက် လျစ်လျူရှုပေးကြဖို့ မျှော်လင့်ချင်၏။ ချစ်မိပြီဆိုကတည်းက လူသားတိုင်းသည်ကား လူပြက်တစ်ယောက် ဖြစ်သွားခဲ့သလိုပင်။ တစ်ခါတစ်ရံ အကျိုးအကြောင်းမရှိ ဟာသမြောက်တတ်သည်မလားလေ။

အမှန်ဆိုယနေ့တွင် သူပြန်ရတော့မည်။ သို့သော်လည်း ကြီးဒေါ်ကြီးဒေါ်ဆွေခင်၏မွေးနေ့မို့ တစ်ရက်နေပါဦးဆို၍ ကြန့်ကြာနေရပြန်၏။ သူသည်လည်း မပြန်ချင်သေး။ ထိုလူကြီးကိုတော့ ဖြစ်နိုင်လျှင် အိမ်အပါခေါ်သွားချင်သေး၏။ သူသည်ကား
ကိုကြီးအတွက်ဆို သီးသန့်
လောဘအိုးလေး
ဖြစ်မှန်းမသိ ဖြစ်နေခဲ့ရပြန်၏။

" ကို .. "

အိပ်ယာထက်ဝယ် အိပ်မောကျနေသောထိုလူသားသည်ကား အင်မတန်မှ ပင်ပန်းနေသည့်ဟန်။ မျက်ကွင်းညိုညိုများက ရေအိုင်တစ်ခုသဖွယ် ရစ်ဝိုင်းလျက်ရှိပြီး ပါးရိုးများလည်း ငေါထွက်လာ၏။ ပိန်သွားသည်ပဲ။ ရောက်လာလိုက်တိုင်း အလောတကြီးမို့ သေချာမကြည့်မိခဲ့သမျှ ခုတော့ စူးစမ်းနိုင်ခဲ့ပါပြီလေ။

အိုဘယ့်မှုံရွှေရည်(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ