14

10.8K 1.8K 45
                                    

နှင်းမှုန်တွေပြန့်ကျဲနေသော ဆောင်းဦးက အတော်လေးအေးစက်လှ၏။ ဆယ်နှစ်ကလေးတီတာဆွေတို့ ပွဲကြိုက်ခင်များလားမှတ်ရသည်။ ရှေ့ဆုံးဖျာကိုဦးကာ ဘထွေးဖြစ်သူနှင့် ပွဲကြည့်ရန်လိုက်လာဖြစ်သည်။ မိခင်၏ရွာသို့ရောက်ခိုက်မှာပင် ဘုရားပွဲနှင့်တည့်တိုး၍ ဘထွေးက ပွဲကြိုက်သည့် တီတာဆွေအား ပွဲလိုက်ပြခြင်းဖြစ်လေသည်။ ဘထွေးနှင့်အတူ ဘထွေး၏သားလူပျိုနှစ်ယောက်လည်းပါလေသည်။

ပွဲခင်းက ညနက်သည်နှင့်ပိုပိုအေးလာသည်။ ပြဇာတ်ကချိန်တွင် ဘထွေးနှင့်အစ်ကိုနှစ်ယောက်က အအေးပြယ်စေရန်ဟုဆိုကာ တစ်နေရာသို့ သွားရန်ပြောနေ၏။

" တာကလေး ဘထွေးတို့နဲ့လိုက်ခဲ့မလား ... ပွဲကြည့်ကျန်ခဲ့မလား "

" လိုက်မယ် "

ချမ်းအေးအေးဖျာပေါ် တစ်ယောက်တည်းထိုင်နေရမည့်အဖြစ်ကိုတော့ တီတာဆွေမကြိုက်လှပါ။ ဘထွေးတို့နှင့်အတူပွဲခင်းထဲမှ ထွက်ခွာလာခဲ့၏။

ဘထွေး၏သားလူပျိုနှစ်ယောက်ထဲမှတစ်ယောက်က ခဏဟုဆိုကာဇာတ်စင်နောက်ဆီ လှစ်ခနဲ ဝင်သွားလေသည်။

ခါးကြားထိုးထားသည့် သွပ်ရေဘူးကလေးကိုထုတ်ကာ တစ်ယောက်တစ်ငုံသောက်နေသည့် ဘထွေးတို့ကိုကြည့်ရင်း တီတာပါ ရေဆာလာ၏။

" ဘထွေး သား သောက်ချင်လို့ "

" ရေဆာလို့လား တာကလေးသောက်ချင်ရင် ဒါတော့မရဘူး ဒါက အရက်တွေကွ... သောက်ချင်ရင် ခဏနေ ရေတောင်းပေးမယ် "

" ဟုတ် "

ဘထွေးတို့နှစ်ယောက် တိုးတိုး တွတ်ထိုးနေချိန်မှာ ဘထွေး၏သားက ပြန်ရောက်လာလေ၏။

" အဆင်ပြေတယ် ကြေးမကြီးဘူးတဲ့ ...ခေါင်းဆောင်တော့မရဘူးပြောတယ် "

" ကြေးထပ်ပေးလိုက်ပေါ့ကွ "

" ၄၀ တဲ့ ... "

" ၄၀ တော့မဖြစ်ဘူးဟေ့ .. မရရတာ ဆွဲကြတာပေါ့ကွာ "

ပွစိညံနေသော လူကြီးစကားတွေကို တီတာကတော့ ဘာမျှနားမလည်ပါ။ လူကြီးတွေသွားရာနောက် တကောက်ကောက်လိုက်ရင်း အမိုးအကာလုံလှသည့် ဇာတ်ရုံကြီးထဲရောက်ခဲ့လေတော့သည်။

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now