23

9.3K 1.5K 38
                                    

ကျောင်းဝင်းရှေ့ရပ်လာသည့် ကားတစ်စီးက ဂိတ်ပေါက်ဝတွင် ဝင်ခွင့်ရမရ မေးနေခဲ့၏။ ကုန်တင်ကားကြီးကတော့ အိပဲ့အိပဲ့နှင့် ကျောင်းဝင်းထဲဝင်လာသည်ကို ကျောင်းသားကျောင်းသူများက ရပ်ကြည့်နေခဲ့ပါ၏။

ဘွဲ့နှင်းသဘင်ခန်းမကြီး၏ ရှေ့ထိမောင်းဝင်သွားသည့် ကုန်ကားကြီးကတော့ တအိအိဖြင့် စက်သတ်သွားချေပြီ။ ကားပေါ်မှဆင်းချလာသည့် လူငယ်တစ်စုသည် အင်္ကျီအဖြူလေးတွေ ဆင်တူဝတ်ထားကြလေ၏။ ထိုလူငယ်များသည် ဝတ်ထားသည့် ပုဆိုးများကိုခိုင်ကြည်အောင် ပြင်ဝတ်ကြပြီးနောက် ကားပေါ်...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဘွဲ့နှင်းသဘင်ခန်းမကြီး၏ ရှေ့ထိမောင်းဝင်သွားသည့် ကုန်ကားကြီးကတော့ တအိအိဖြင့် စက်သတ်သွားချေပြီ။ ကားပေါ်မှဆင်းချလာသည့် လူငယ်တစ်စုသည် အင်္ကျီအဖြူလေးတွေ ဆင်တူဝတ်ထားကြလေ၏။ ထိုလူငယ်များသည် ဝတ်ထားသည့် ပုဆိုးများကိုခိုင်ကြည်အောင် ပြင်ဝတ်ကြပြီးနောက် ကားပေါ်က တစ်စုံတစ်ခုကို ဆွဲယူကာ ဂရုတစိုက် လက်ပြောင်ယူ၏။

ထိုပစ္စည်းတစ်ခုနှစ်ခုကို ကြည့်လိုက်မိသည်နှင့် ထိလူငယ်ကလေးများဟာ ဘယ်ကမှန်း သိသွားကြလေပြီ။

ဟုတ်ပါ၏။ ပန်တျာကျောင်းမှ ဖြစ်ကြ၏။ ကြည့်ရတာ ပါချုပ်တစ်ယောက်တော့ ကျောင်းစုံညီပွဲအတွက် အိတ်စိုက်ပြန်ပြီထင်၏။

သူတို့ကျောင်း၏ ပါချုပ်သည် အင်မတန်ကို အနုပညာဝါသနာပါသူဖြစ်၏။ သို့သော်လည်း ရသည့်ဘွဲ့ကတစ်ခုမို့ လုပ်ချင်တာ ပေါ်ပေါ်ထင်ထင်မလုပ်နိုင်ရှာ။ ထို့အတွက် ကျောင်းပွဲများပြူလုပ်ပြီဆိုလျှင် အိတ်စိုက်ကာ အငြိမ့်ဖြစ်ဖြစ် ရုပ်သေးအဖွဲ့ဖြစ်ဖြစ် ငှားတတ်လေ့ရှိ၏။ ဒီတစ်ခါရော ဘာလုပ်ပြန်ဦးမည်မသိ။

ကျောင်းသားကျောင်းသူတိုင်းကတော့ ပြုံးလိုက်ကြလေ၏။ ပါချုပ်ကောင်းမှုဖြင့် သူတို့၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် စုံညီပွဲကလေးသည် အတော်လေး စည်ကားပေဦးမည်။

မေဂျာတစ်ခုစီအလိုက် ပွဲကိုယ်စီ ကျင်းပခွင့်ရှိသော်လည်း မေဂျာပေါင်းစုံ မောင်မယ်သစ်လွင်ပွဲကိုတော့ မော်ကွန်းထိန်းနှင့်ပါချုပ်တို့က တမင်စီစဥ္ခြင်းဖြစ်သည်။

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now