38

8.6K 1.4K 67
                                    

" ဂွပ် "

နာကျင်သည့်အသိတစ်ချို့ကြောင့် ခေါင်းထဲမူးဝေနေရာမှ အသိဝင်လာမိ၏။ မျက်တောင်ကို ဖွင့်လိုက်ပိတ်လိုက်ဖြင့် သူဘာလုပ်နေမိသလဲ ပြန်စဉ်းစားမိလေတော့ စားပွဲခုံပေါ် ခေါင်းတင်ကာ အိပ်မောကျနေသည်ပဲ။ သူဘာကြောင့်များ ဘာကိုစောင့်နေပါလိမ့်။

" ဘယ်အချိန်ရှိပြီလဲ မသိဘူး "

အိမ်ဧည့်ခန်းထဲရှိ ဝင်ပေါက်တည့်တည့်အပေါ်ဘက်တွင်ကပ်ထားသည့် နာရီကတော့ ဆယ့်တစ်နာရီကိုပြနေ၏။ အခုမှသတိရတော့သည်။ အိမ်ကိုပြန်ရောက်ရောက်ချင်း ဖခင်ကို စောင့်နေမိသည်ပဲ။

အခုတလော ဘာတွေအလုပ်များနေမှန်းမသိပဲ ဖခင်ကို ဖမ်း၍ပင်မရ။ ဦးလေးဖြစ်သူသည်လည်း သူ့ကိူမပြောပြပေ။ အိမ်တွင်သူမှလွဲ၍ အကုန်အလုပ်များနေကြသည်လားမသိ။

မီးရောင်ဝင့်ခနဲမို့ ဖခင်ပြန်လာပြီမှန်း သူသိလိုက်တော့၏။ ကိုယ့်အတွေးနှင့်ကိုယ်မို့ အနည်းငယ်ပြုံးမိလိုက်၏။ ဖခင်ဘယ်လိုဆူဆူ သူကတော့ သူ့ဖြစ်အင်ကို ပြောပြရပေမည်။

" ဟုတ်တယ် ကိုကိုကြီး သူတို့ဘက်ကတော့ စမယ်လို့ သတင်းရတယ် .. ကျွန်တော်လည်း နောက်ဘက်ကဝင်ပါမယ် .. ကိုကိုကြီးတို့ စီးပွားရေးလုပ်ငန်းရှင်တွေဘက်က ပံ့ပိုးပေးရုံပဲ "

သူ့ဘေးက ကျော်သွားသည့် ဖခင်နှင့်ဦးလေးသည် သူ့ကိုပင် သတိပြုမိဟန်မတူပေ။ ဖခင်၏အခန်းထဲ အတူတူဝင်သွား၍ သူသည်လည်း အနောက်ကလိုက်ခဲ့မိတော့သည်။

မဝင်ခဲ့ဖို့မတားမြစ်သော်လည်း အနည်းငယ်တော့ ကြည်သာဟန်မတူပါ။ သို့သော်လည်း သူ၏ကိစ္စသည်လည်း အနည်းနှင့်အများဆိုသလို အရေးကြီးသည်လေ။

" မင်းတို့ကိုပံ့ပိုးပေးရင် ငါတို့က ဘာရမှာလဲ "

" နာမည်ကောင်းပေါ့ .. ဆိုရှယ်လစ်စနစ်ဖျက်သိမ်းနိုင်အောင် လှုပ်ရှားကြမဲ့ ကျောင်းသားတွေဘက်မှာ ရှိနေမဲ့ သူဌေးကြီးတွေ .. ကျွန်တော်တို့ အကယ်၍နိုင်ခဲ့ရင် ကိုကိုကြီးတို့က အရင်ဆုံးအကျိုးအမြတ်ရမှာပါ "

" ဆိုရှယ်လစ်ကို ဖျက်သိမ်းနိုင်ရအောင် မင်းတို့ကျောင်းသားတွေရဲ့ အင်အားထုက ဘယ်လောက်ရှိလို့လဲ .. မင်းတို့ဦးနှောက်ထဲမှာ ဦးနေဝင်းကို ဘာမှတ်နေတာလဲ .. မင်းတို့ အတုံးအရုံးကျရှုံးမဲ့အရေးမှာ ငါ့ကိုလက်ဝင်လျှိုခိုင်းနေတာလား .. မင်း အဲ့သလောက်ပဲ တုံးရသလား ကျော်စွာ ... မင်းကိုယ့်အသက်တောင်ကိုယ်မနှမျောတော့ဘူးလား .. မင်းတို့ ထောက်လှမ်းရေးတွေကို အကန်းတွေမှတ်နေသလား "

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now