12

11.1K 1.9K 143
                                    

မုန်တိုင်းကအတော်လေးဆိုးလေ၏။ မိုးတွင်းမို့မိုးရွာတာက ပြဿနာမဟုတ်ပေမဲ့ ဒီလိုရာသီဥတုနှင့်ဆိုလျှင် ပျိုးပင်တွေ ပျက်စီးကုန်လောက်ပြီ။ ထွေးတော့ သူ့ပျိုးပင်တွေပျက်စီးပါပြီဟု ငိုပေလိမ့်မလား။ အိမ်မှာရှိနေလျှင်တော့ တစ်မျိုးတစ်ဖုံကြံပေလိမ့်မည်။ ပျိုးပင်တွေအတွက် ပေါင်းမိုးဖြစ်ဖြစ်ကာရံပေးပေမပေါ့။

မနေ့ကတစ်ညလုံး အပူငွေ့ယဲ့ယဲ့နှင့် အထွေးက စိတ်တိုနေခဲ့၏။ သူ့ကို သူစိမ်းတစ်ယောက်က လာရောက်ပွေ့ချီလိုက်သကိုး။ အဘနှင့်သူကလွဲရင် အထွေးကိုထိရဲသူက မရှိလှ။ အခုတော့ လက်ရဲဇက်ရဲနှင့် သူ​ေဋ္ဌးလေးဆီမှာ အပွေ့ခံလိုက်ရတော့ ရှက်နေသလော၊ ခံပြင်းနေသလောလည်း မသဲကွဲပေ။

အခုလည်း မနက်မိုးလင်းလာတော့ နေကောင်းပြီဆိုပြီး ကြီးဒေါ်ကိုခွင့်တောင်းကာ စာဖတ်ခန်းထဲဝင်ထိုင်နေ၏။ သူနှင့်ဦးကံထွန်းကသာ ဘာလုပ်လို့လုပ်ရမယ်မှန်းမသိ၍ အိမ်ကြီး၏ မီးဖိုဆောင်ထဲငုတ်တုတ်။ ထွေးအနားလည်း သွားမနေရဲ။ သွားနေလျှင်မနေ့ကအတောမသတ်သည့် ဒေါသငွေ့တွေ သူ့ထံသက်ဆင်းလာမှာ ကြောက်ရလေသည်။

" ငါ့ညီ "

သူ့အနားလာထိုင်သော လူရည်သန့်ကို တစ်ချက်မော့ကြည့်ဖြစ်၏။ ဒီလူက သူ​ေဋ္ဌးကြီး၏ ညီဝမ်းကွဲဆိုလေသလားလို့။ သန့်ပြန့်သည့်ရုပ်ရည်အနေအထားက အသက်ကိုမှန်းရခက်သည်။ လက်ကောက်ဝတ်တွင် ပတ်ထားသည့် နာရီထံမှ လက်ကနဲတစ်ချက်တွေ့လိုက်ရတော့ အလိုလို သိမ်ငယ်သွားမိပြန်သည်။

" မင်းသမီးကလေးရော မတွေ့ပါလား "

" အထွေးက စာဖတ်ခန်းထဲမှာပါ "

" ​ေဩာ် "

ဘာဆိုဘာမျှ ထပ်မမေးတော့ပဲ ထထွက်သွားသည့်လူကို အကြောင်သားငေးကြည့်နေမိသည်။ ဘာလုပ်ဖို့မေးသွားသလဲ ဦးနှောက်ထဲမှာ တွက်ချက်နေတုန်း ထိုလူကတော့ မရှိတော့ပါလေ။

................................

စာအုပ်စင်ကြီးက အတော်ကိုခမ်းနားသည်ဟုပြောရမလိုပင်။ သူ့အရပ်ထက် အတော်လေးမြင့်နေသော စာအုပ်စင်ကြီးကို တောက်လျှောက်ကြည့်နေမိသည်။ မြန်မာစာကိုရေးတတ်ဖတ်တတ်သော်လည်း အထွေးစိတ်ဝင်စားသည်က ကောက်ကောက်ကွေးကွေးအင်္ဂလိပ်စာလုံးများ။ မဖတ်တတ်သော်လည်း ကြည့်ချင်လှသည်။ အထွေးစိတ်ထဲမှာ မျက်စိပသာဒရှိသည်ဟုထင်မိ၏။

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now