39

8K 1.5K 119
                                    

တောင်သာနှင့်မန္တလေးသည် သိပ်ဝေးသည်တော့မဟုတ်ချေ။ ညကလည်း အိပ်မပျော်ခဲ့၍ သူ့မျက်ကွင်းတွေညိုနေခဲ့ပါလိမ့်မည်။ ဖခင်ကတော့ ကားနောက်မီတွင် မျက်လုံးစုံမှိတ်ကာ မိှန်းနေချေ၏။

ဦးလေးကတော့ ကားမောင်းလိုက် သူနှင့်ဖခင်တို့ကို လှည့်ကြည့်လှည့်ကြည့်ဖြင့် နေလေ၏။ သူသည်လည်း ကားအပြင်ကိုသာ ငေးနေမိတော့သည်။

ချစ်ရပြီဆိုလျှင် ရှေ့ဆက်တိုးချင်မိ၏။ ချစ်ရပြီဆိုလျှင် ပိုင်ဆိုင်ချင်၏။ ချစ်ရပြီဆိုလျှင် ကာကွယ်ပေးချင်မိသည်လေ။

ချစ်ရ၍စွန့်လွှတ်ရမည့် အတွေးတော့ သူ့ထံတွင် လုံးဝရိှမနေပါချေ။ သူသည် ထွေးကလေးကို ချစ်၏။ ထို့အတွက် ထွေးကလေးကို ပိုင်ဆိုင်ချင်သည်။ ယခင်ကဘာပဲဖြစ်ခဲ့ပါစေ သူမေ့ပစ်လိုက်မည်။

လူတွေအတူတူနေနိုင်ကြခြင်းသည် ခွင့်လွှတ်နိုင်၍မဟုတ်၊ မေ့ပစ်နိုင်၍ဖြစ်သည်ဟု သူခံယူထားသည့်အတွက် ထွေးကလေးနှင့်သူ့ဘဝသည် ရှေ့ဆက်နိုင်၏။

ကားကလေးသည် ဘုန်းကြီးကျောင်းဝန်းတစ်ခုရှေ့တွင် ရပ်တန့်သွားလေမှ သူလည်းအသိဝင်ရလေ၏။

" ကျောင်းဝန်းရဲ့အနောက်ဘက်မှာ ဇာတ်အဖွဲ့ရှိတယ်.. မင်းသိသင့်တဲ့အကြောင်းတရားကလည်း အဲ့ဒီမှာပဲ.. ကျုပ်နဲ့ကျော်စွာက ဒီကပဲစောင့်မယ် .. အချိန်တွေအများကြီးရှိတာမို့ ဒီညဇာတ်ကိုတောင် ကြည့်သွားကြတာပေါ့ "

သူ့ပခုံးအားပုတ်ကာ ဖခင်ကဆိုလေတော့ မဝ့ံမရဲခေါင်းညိတ်ပြမိ၏။ ဖခင်နှင့်ဦးလေးကတော့ ဘုန်းကြီးကျောင်းပေါ်တက်သွားကြလေပြီ။

သူရင်ဆိုင်ရမည့် အမှန်တရားဆိုသည်က ဘာပါလိမ့်။ ထွေးကလေးက သူ့ကို သစ္စာဖောက်ခြင်းမျိုးလား။ သို့တည်းမဟုတ် တစ်ခြားယောက်ျားလေးတစ်ယောက်ယောက်နဲ့များ လက်ပွန်းတတီး...။

အို .. ဘယ်သို့ဖြစ်စေ သူကတော့ ထွေးကလေးကိုတွေးကာ ထိုအဖြစ်ကို မေ့ပစ်ပေးမည်။ ထွေးကလေးက သူ့ကို ညာထားရင်တောင် သူမေ့ပစ်လိုက်မည်။ တမင်တကာ ဖုံးကွယ်ထားတာမဟုတ်ပဲ သူ့ကိုလိမ်ညာထားရင်တောင် သူ့ဘက်ကတော့ လုံးဝမေ့ပစ်ပေးမည်။

အိုဘယ့်မှုံရွှေရည်(Completed)Tahanan ng mga kuwento. Tumuklas ngayon