29

9.3K 1.6K 60
                                    

ညနေစောင်းကတည်းက တဖွဲဖွဲရောက်လာသည့် ဖခင်၏ဆွေမျိုးမိတ်သင်္ဂဟ တွေဟာ သူ့ကိုထိုင်ပင်မထိုင်စေရ။ ြခံတွင်းဝယ် ခင်းကျင်းထားသည့် စားပွဲတွေ၏ အရှေ့ဆုံးမှာ မားမားကြီးရပ်ရင်း လာသမျှ ဧည့်သည်ဟူသမျှကို ပြုံးပြနေရသည်က သူ့ပါးတွေတောင် အံလွဲနေလောက်ပြီလားမသိ။

ဇာတ်စင်ကြီးထံမှ အသံချဲ့ကိရိယာ တစ်ခုမှ တပ်ဆင်ထားခြင်းမရှိသည်မို့ ဆိုင်းဝိုင်း၏ တေးသံသာက ြခံထဲ ပျံ့နေရုံသာ ကျယ်၏။ သီချင်းသံမပါပဲ တေးသံသက်သက်တီးခတ်နေသည်ကို မင်းသမီးတစ်လက်မှမပါပဲ နားထောင်ရသည်က အနည်းငယ်တော့ ကြောင်တောင်တောင်နိုင္ပေ၏။ သို့ပါသော်လည်း နားထောင်ကောင်းနေသည်ကတော့ လုံးဝငြင်းမရပေ။

" လိုက်ခဲ့ "

ဖခင်၏ အမိန့်သံမို့ အသာအယာ အနောက်ကနေ လိုက်ပါလာခဲ့ရသော်လည်း သူတကယ်ထိုင်လိုက်ရသည်ကတော့ သူတို့မြို့ရှိ မြို့ဝန်၏ ဝိုင်း။

ဇာတ်စင်၏ အရှေ့ အလယ်တည့်တည့်ရှိ တတိယတန်းလောက်မို့ နေရာကောင်းတစ်ခုပင်ဖြစ်၏။ မြို့ဝန်၏ဘယ်ဘက်ဘေးတွင်တော့ ဦးနုမောင် ထိုင်နေခဲ့သည်။ ဦးနုမောင်၏ ဘေးတွင် ဝါနုဖြူ၊ မြို့ဝန်၏ဘေးတွင်တော့ ငယ်ငယ်နုနုအမျိုးသားတစ်ယောက်ထိုင်နေချေ၏။ ခုံခြောက်ခုံတွင် လူလေးယောက်က ထိုင်နေနှင့်ပြီးသား။

ဖခင်က သူ့ကို ပုခုံးမှကိုင်၍ ဝါ့ဘေးတွင် ထိုင်စေ၏။ ဖခင်က ဝင်မထိုင်ပေမဲ့ မြို့ဝန်နှင့် မိတ်ဆက်ပေး၏။ မြို့ဝန်သည်ကား အသက်ကြီးကြီး ဗိုက်ရွှဲရွှဲ ဆံပင်ဖြူဖြူမျိုးမဟုတ်။ အသက်က လေးဆယ့်ငါး နားဖြစ်ပြီး ချပ်ချပ်ရပ်ရပ် ကိုယ်နေဟန်ရှိ၏။ ဘေးက ထိုင်နေသည့် လူကတော့ အသက်ငယ်ဟန်ရှိသော်လည်း မြို့ဝန်ထက် လူကောင်ထွားသည်။

မြို့ဝန်အတွက် ယမကာတစ်ချို့ ငှဲ့ပေးကာ သံပရာသီးစိတ်ကလေးနှင့် ဂျင်ကိုပါ တွဲစပ်ပေးနေသေးသည်။ ကမ်းပေးသော ထိုလူ၏ လက်ကို မြို့ဝန်ကမလွှတ်ပေ။ ထိုလက်ကို ညာဘက်လက်ဖြင့်ဖမ်းကိုင်ထားကာ ဘယ်ဘက်လက်ဖြင့် ယမကာခွက်ကို ကိုင်မ၏။

သူ့အတွက် မွေးနေ့ဆုတောင်းတစ်ချို့ ရေရွတ်ပြီးနောက် ထိုအရက်ခွက်ကို တရှိန်ထိုး မော့ချလေသည်။

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now