မိတ်ဆက်စာ

55K 3K 46
                                    

တစ်ရံရောအခါက ဇာတ်သဘင်တစ်ခု ရှိသတဲ့
အဲ့ဒီဇာတ်သဘင်မှာ ထုံးစံအတိုင်း မင်းသားမင်းသမီးပါတယ်ပေါ့ဗျာ
တစ်ရက်တော့ ဇာတ်ဆရာကြီးက ဆုံးပါးသွားလေတယ်
အဲ့ဒါနဲ့ ဇာတ်ဆရာကြီးရဲ့ ညီဖြစ်သူက အဲ့ဒီဇာတ်သဘင်ကို သူ​ဌေးတစ်ယောက်ထံ ရောင်းလိုက်ပါလေရော
မင်းသားမင်းသမီးတွေရော ဇာတ်အဖွဲ့သားတွေရော ဆိုင်းဝိုင်းကအစ အကုန်ပါတာပေါ့ဗျာ
အဲ့ဒီသူ​ဌေးကြီးမှာ မြို့တက်စာသင်နေတဲ့သားတစ်ယောက်ရှိလေတယ်
အဲ့ဒီမြို့​ကျောင်းသားလေးကတော့ဖြင့် ဇာတ်သဘင်ကို လုံးဝမချစ်ရှာဘူး
ဇာတ်မင်းသားမင်းသမီးဆိုရင် အထင်ကိုမကြီးတာပေါ့ခင်ဗျာ
ဒီလိုလူသားလေးက ကိုယ့်မြေကိုယ့်ရွာကို ပြန်လာတဲ့အခါ ဖခင်ဖြစ်သူက ဇာတ်သဘင်တစ်ခုကိုဝယ်ယူထားတာသိတော့ အသားကုန်ကို ဆန့်ကျင်လေရောပေါ့ဗျာ

တစ်ဖက်ကလည်း မိဘမဲ့ဖြစ်တဲ့ ဇာတ်မင်းသားနဲ့ဇာတ်မင်းသမီး မောင်နှမဟာဖြင့် ဘုမသိဘမသိနဲ့ သူ​ဌေးသားကြီးရဲ့ နိုင့်ထက်စီးနင်းစကားတွေအောင် ဘယ်လို ခုခံကြမလဲ

ဇာတ်မင်းသမီးလေးက သူတို့တွေထင်ထားသလို မိန်းကလေးအစစ်မဟုတ်တဲ့အခါဖြင့် သူ​ဌေးသားလေးတစ်ယောက် ဘယ်လိုတွေ ပေါက်ကွဲမလဲ ဆိုတာဖြင့် ...

အမယ်မင်းရယ် .... ပြောရတော့မယ် ဟဲ့ လို့ နှတ်သံနှောကာ ပြောလိုက်ရရင်ဖြင့် ......

#အိုဘယ့်မှုံရွှေရည်
#moeswaemaug_fool
#အချိုးမပြေတဲ့အကောင်

အိုဘယ့်မှုံရွှေရည်(Completed)Tahanan ng mga kuwento. Tumuklas ngayon