35

8.8K 1.5K 149
                                    

ဆေးအိတ်ထဲ အသစ်ပါလာသော ဆေးတွေက မနည်းမနော။ ထို့အပြင် အားနည်းနေသည်ဟုဆိုကာ ဆေးပါထပ်သွင်းလိုက်ရသေး၏။ သူနှင့်ဒေါ်ဆွေခင်ထွက်လာတော့ တစ်ဖက်ဆေးကုသခန်းမှ ထွက်လာသူနှင့် တိုက်မိလေတော့သည်။

" ဟယ် မမ ဆေးခန်းလာပြတာလား "

" ဟုတ်တယ် .. ဒါပေမဲ့ ဒီက သူဌေးမလေး .. ကျုပ်က အစ်မလေးထက် အသက်မကြီးပါဘူး "

" ဟယ် တကယ်လား .. ဆောရီးပါရှင် ... ဝါက မမကို အဲ မင်းသမီးကို ဝါ့ထက်အသက်ကြီးတယ်မှတ်နေတာ .. ဒါဆို ဘယ်နှစ်နှစ် ရှိပြီလဲဟင် "

" လာမဲ့ ပြာသိုလဆို ၁၈နှစ်ပြည့်မှာပါ "

" ဪ ... ဒါဆို ၄လပဲလိုတော့တာပေါ့ .. အခုမှပဲသိတော့တယ် ... ညီမလေးရယ် .. ဝါ အားနာလိုက်တာ "

" ထွေး "

" ရှင် "

" ထွေးလို့ပဲ ခေါ်ပါ .. ကျုပ်က ညီမလေးလို့ ခေါ်ရမဲ့ပုံပေါက်နေလို့လား "

လျှောက်လာရင်းဖြင့် ဆေးရုံအပေါက်ဝပင်ရောက်လုပြီ။ ထိုတော့မှ ခြေဆုံးခေါင်းဆုံးကြည့်လာသည့် ဝါနုဖြူ။ သူ့လက်ထဲမှ ဆေးမှတ်တမ်း၏ အရှေ့ဘက်စာမျက်နှာ မျက်နှာဖုံးကို သိသိသာသာ ထောင်ပြလိုက်မိ၏။

လူနာအမည် - နှောင်ရစ်ထွေး
အသက်       -  ၁၇
လိင်             - အမျိုးသား

မသိမသာ ဝိုင်းစုသွားသည့် မျက်ဝန်းလေးနှင့်နှုတ်ခမ်းလေးက ဖြူဖွေးဝိုင်းစက်နေသည့် မျက်နှာကျကလေးဖြင့် အလွန်လိုက်ဖက်လှသည်။ ဒါကြောင့်လည်း သူဌေးလေး၏ မဟေသီလေး ဖြစ်နေတာ ဖြစ်​ေလာက်ပါသည်လေ။

" ဟို .. ဘယ်လိုဖြစ်ပြီး .. "

" ကျုပ်က ညီမလေးမဟုတ်ရုံပါ အရင်အတိုင်း အငြိမ့်မင်းသမီး နှောင်ရစ်ထွေးပါပဲ "

" ဟို ဆောရီးနော် ဝါ နည်းနည်း အံ့ဩသွားလို့ .. ဝါသွားနှင့်တော့မယ် ... "

ကားပေါ်ပြေးတက်ကာ နောက်လှည့်မကြည့်စတမ်း ထွက်ခွာသွားသူအမျိုးသမီးလေးအား သူအတော်ကြာကြာရပ်ကြည့်နေခဲ့မိပါ၏။

" ကလေး .. ရှေ့မှာလာထိုင်မလား "

ငူငိုင်ငိုင်ကလေး ရပ်နေသည့် သူ့လက်ကိုလာဆွဲသူကိုမော့ကြည့်မိတော့ ဦးထွဋ္ကျော်စွာ။

အိုဘယ့်မှုံရွှေရည်(Completed)Tahanan ng mga kuwento. Tumuklas ngayon