20

9.8K 1.7K 134
                                    

နောက်တစ်ပတ်ဆို ကျောင်းတွေလည်း ဖွင့်ရော့မည်။ အကတိုက်သူ၊ အတီးကျင့်သူများနှင့် ခြံထဲမှာ ဆူညံနေတော့ အကျင့်မရသေးသူ တီတာဆွေအဖို့ ပြန်သည်သာကောင်းပေလိမ့်မည်။

ပါလာသည့်အဝတ်အထည်တွေက သိပ်မများတာမို့ သိမ်းထုတ်ရသည်က မများပါ။ မကြာသေးခင်က သူ့ထံမှ အင်္ဂလိပ်စာသင်နေသော မောင်နှမကြောင့် မရည်ရွယ်ပါပဲ ရင်းနှီးလာရသည်။

ထိုကလေးမတို့မောင်နှမဟာဖြင့် သူထင်သလောက်လည်း ဆိုးကြပုံမပေါ်ဟုသူထင်မိ၏။ စာသင်တာကလွဲပြီး နီးစပ်ဖို့မကြိုးစားသလို သူ့အပေါ်ဆို အပြောမညင်သာပေမဲ့ စိတ်ရင်းတော့ကောင်းရှာ၏။ သူထင်သလို သဘင်သည်တွေက မဆိုးလောက်ပါဘူးဟု သူမှတ်ယူလို့ရတယ်မလားလေ။

အပေါ်ထပ်ကနေ ထိုင်ရင်း စာအုပ်ဖတ်နေစဥ္မှာပင် အိမ်ရှေ့ရောက်လာသည့် လှည်းယဥ်ကျော့တစ်စီး။ ထိုအပေါ်မှ ဆင်းလာသည်က ဦးပြည်းစိမ်းစိမ်းနှင့်လူငယ်တစ်ယောက်။ အသားကြည်ကြည်စင်စင်နှင့် ရုပ်ရည်ရူပကာကတော့ ကြည့်​ပျော်ရှုပျော်ရှိရှာ၏။

ခြံတံခါးကို အသာတွန်းဖွင့်ကာ တကျော်ကျော်ခေါ်ရင်း ဝင်လာပေမဲ့ ခေါ်လာသံကတော့ ထွေးငယ် ဟုသတတ်။

သူတစ်ယောက်လုံး အိမ်ပေါ်ထပ်တွင် ထိုင်နေမှန်း မသိလေလျော့သလား။ ထိုအခိုက်မှာပင် ခြံနောက်ဘက်မှ ထွက်လာသူကတော့ မင်းသမီး။

မင်းသမီးကိုမြင်လေတော့ အနှီသူငယ်ဟာ ပြေးဖက်လေတော့၏။ ဘုရားရေ။ ဤမြင်ကွင်းက ဘာပါလိမ့်နော်။

" ထွေးငယ် ... ထွေးငယ် ... ဘဘ ဆုံးပြီဆို "

" ဟုတ်တယ် ... "

" ကျုပ် ကျုပ် အခုမှ သိတာ .. စစ်ကိုင်းကခုမှပြန်ရောက်တာ..  သိသိချင်း လူထွက်ပြီး ဒီကို အပြေးလာမိတော့တာပဲ .. ထွေးငယ်ရယ် ... ကျုပ်ကို ဘ
ယ်အတွက် အကြောင်းမကြားရသလဲ "

" အို ... ကိုမင်းမောင်ကြီးက အပြီးဝတ်သွားပြီထင်လို့လေ ... အပူတွေ လိုက်ပေးဖို့ရာ မသင့်ဘူးမလား "

" မသင့်တာ ဘာရှိပါ့မလဲ ... အခု ထွေးငယ် အဆင်ရောပြေရဲ့လား ... ဘဘမရှိတော့ ညီငယ်လေးက ဂရုရောစိုက်ရဲ့လား "

အိုဘယ့်မှုံရွှေရည်(Completed)Tahanan ng mga kuwento. Tumuklas ngayon