19

9.9K 1.7K 102
                                    

မနက်ကတည်းက ပန်းခင်းအနားတွင် မြက်နှုတ်နေသူအနား ဝေ့လည်ဝေ့လည် လုပ်နေမိသည်။ အကြောင်းမှာတော့ ပတ္တလား တီးသင်ပေးဖို့ ပူဆာနေရခြင်း။ သူလိုလူက မင်းသမီးတစ်ယောက်ထံမှာ ဤသို့ ပတ္တလားတီးသင်ခိုင်းရမည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။

" သူ​ေဋ္ဌးလေး ကျုပ်နားမှာ ဒီလိုလာလုပ်နေရုံနဲ့ ကျုပ်က မသင်ပေးနိုင်ဘူး "

" ဘာလို့တုန်း ကျုပ်က အခပေး သင်မှာပါ "

" ကျုပ်က အခငွေယူပြီးသင်ပေးရလောက်အောင် မတတ်မြောက်ပါဘူး ... ပြီးတော့ သူ​ေဋ္ဌးလေးက ကျုပ်ဆီက သင်ရတာ အဆင်ပြေမှာလည်း မဟုတ်ဘူး ... ကျုပ်ထက်စာရင် သွေးဆီက သင်ပေါ့ "

" မင်းသားက တတ်တယ်လား "

" သွားမေးလို့ရတယ်လေ .. ကဲ ဖယ်ပေးပါတော့ ... နေမြင့်ရင် ကျောပူတယ် "

သူ့အား ရွှံ့ပေနေသော လက်တို့ဖြင့် တွန်းဖယ်ကာ သူ့ကိုကျော်ပြီး အနောက်ဘက်မှာ မြက်နှုတ်နေပြန်ပါ၏။

အိမ်ရှေ့ရေကပြင်တွင်ထိုင်ကာ ဓားတစ်ချောင်းနှင့် နှီးခွဲနေသူအား တစ်ချက်ကြည့်မိတော့ သိပ်မကျွမ်းကျင်သော လက်မှာ တုန်မနေပေမဲ့ အနည်းငယ်တော့ နှေးဖင့်၏။

အနားမှာ ထိုင်ချကာ ခွဲထားပြီးသား နှီးကို ကိုင်ကြည့်ရင်း ဘာရယ်မဟုတ် ပျင်းလာ၏။ မင်းသမီးကိုတော့ ဘာမဆို အကုန် ပြောထွက်ရက်ပြီး မင်းသားကိုတာ့ တီတာ အဘယ်တွက် ရှိန်နေရမှန်းကို တွေးမရပေ။

" သူ​ေဋ္ဌးလေး "

" ဟင် "

" ဘာတွေ တွေးနေတာများလဲ ... သက်ပြင်းတွေ ချသရော "

" ကျုပ် မေးစရာရှိလို့ "

" မေးလေရော့ဗျာ "

" မင်းသား ပတ္တလား တီးတတ်သလား "

" အထွေးသင်ပေးဖူးလို့ တတ်ပါတယ် .. ဘာလို့တုန်း သူ​ေဋ္ဌးလေးရဲ့ "

အထွေး သင်ပေးလို့ တတ်သတဲ့လား။ ဒီမင်းသမီးကတော့ သူ့ကို နှပ်ချလိုက်ချေပြီ။

" ကျုပ်ကို တစ်ပုဒ်လောက် တီးတတ်အောင် သင်ပေးလို့ရမလား "

" ... "

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now