47

12.5K 1.2K 24
                                    

47

" ဉမ္မာဒန္တီအဆင်းနှယ် ဝင်းပပလှသူကလေးရယ် ချစ်တော့မယ် ... ကောင်းခြင်းနဲ့လင့်ဝတ်ငါးဖြာပြည့်ဝတယ် ... ဇဗ္ဗူဒီပါဝယ်ရှားလောက်တယ်.. "

ပွင့်ဖြူမြို့ကလေးသည် အတော်ကလေး စည်ကားစ ဖွံ့ဖြိုးစပြုလာသော်လည်း အနည်းငယ်တော့ ခြောက်ကပ်နေသေး၏။ နွေရာသီ၏ ဥတုပူပူသည် ခေါင်းမှခြေဖျားထိ ချွေးကျစေ၏။ လေတစ်သုတ်ထလာသော်လည်း ပူနွေးနေသော လေထုက အဘယ်မှာ ငြိမ်းအေးစေမည်နည်း။

ဤအချိန်တွင်ပြုလုပ်သော မင်္ဂလာဧည့်ခံပွဲဟူသည်ကား မိဘပေးစား၍လည်းမဟုတ်သည်မှာ အသေအချာပင်။ နှစ်ကိုယ်တူချစ်ကြိုက်ကြ၍ ခိုးရာလိုက်ပြေးပြီးကာမှ နှစ်ဖက်မိဘမှားမှ မတတ်သာ၍ လုပ်ပေစခိုက်ရသော ပွဲတစ်ခုဆိုလျှင် မမှားပါချေ။

ပွဲ၏ထိပ်တွင် ထိုင်နေသော သတို့သားသတိ့သမီးခုံ၏ မနီးမဝေးတွင် ချထားသော ပတ္တလားမှ ထွက်ပေါ်လာသည့် သံစဉ်ချိုချိုသည် ပူလောင်လောင်မင်္ဂလာပွဲနှင့်တော့ လိုက်ဖက်နေသေးပါ၏။

အိုက်စ်စခရင် ခွက်ကိုယူကာ အကြင်သူအား ခွံကျွေးဖို့ ပြင်နေရသူ၏ လက်သည်ကား ပတ္တလားဆရာ၏ လက်သံကဲ့သို့ အတော်ဂနာမငြိမ်ဖြစ်ချေ၏။

ပတ္တလားသံစဉ်ပြီးသွားခါမှ ခွက်ကိုအနားတိုးကာ အကြင်သူအား ခွံ့ကျွေးရလေ၏။

" ပူနေပြီလား "

" နည်းနည်းပေါ့ "

" ရေရောသောက်မလား "

" ဟိုကျမှ သောက်ပါ့မယ် .. ကိုကြီးရော ဗိုက်မဆာဘူးလား "

" ဟင့်အင်း ဟိုကျမှ စားမယ် .. ဦးလေးက ချက်ထားမယ် ပြောတယ် "

" ဒါဆို ပြန်ကြရအောင်လေ .. ပွဲကလည်း ပြီးပြီပဲ "

သတို့သား၏ မိခင်သည် သူတို့ထံလျှောက်လမ်းလာကာ စာအိတ်အဖြူတစ်အိတ်အား ပေးလာလေ၏။ စေတနာ့လုပ်အားခဟုပြောထားသော်လည်း သတို့သားကလေးက အတော်ခေါင်းမာလှ၏။ သူ၏ ပညာကိုလေးစား၍ဟုဆိုကာ အတင်းတောင်းဆိုထား၍ သူတို့သည်လည်း မငြင်းနိုင်တော့ပေ။

နှစ်ယောက်သားသည် ယနေ့တွင်တော့ ရွာမပြန်ဖြစ်ပေ။ ယနေ့သည် နောင်စစ်သွေးတို့ တောင်သာပြန်မည့်နေ့ဖြစ်သည့်အပြင်၊ ဝါနုဖြူ၏ မွေးနေ့လည်းဖြစ်သည်မို့ သူတို့ယနေ့တွင် ပါတီတစ်ခုကျင်းပကြမည်ဖြစ်လေ၏။

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now