Unicode
အပိုင်း၄၂၃-အခြားတစ်ယောက်၏အလုပ်မှ
အမြတ်ထုတ်ခြင်း
တစ်ခါက သူ့ကိုအဘိုးအိုက စိတ်ဝိဉာဉ်သိမြင်ခြင်း
သည် သာမာန်မျက်လုံးဖြင့်မမြင်နိုင်သော
အရာများစွာကိုအာရုံခံစားနိုင်အောင် လုပ်ပေးသည်ဟု
ပြောခဲ့၏။ ၎င်းက ကံပေါ်မှာမူတည်နေသော
စွမ်းရည်ဖြစ်သည်၊ သို့သော် အဘိုးအိုကဲ့သို့
ကျွမ်းကျင်တတ်မြောက်နိုင်ခဲ့လျှင် ၎င်းကို
လွယ်လွယ်ကူကူပြန်လည်နှိုးဆွလို့ရသည်။
အစောပိုင်းအဆင့်များကသာလျှင် ခက်ခဲခြင်း
ဖြစ်၏။
(t/n: အဘိုးအိုဆိုတာက တောက်ရှင်းအကယ်ဒမီ
တုန်းက သူ့ဆရာပါ)
ဤစမ်းသပ်မှု၌ ပထမအဆင့်စမ်းသပ်မှု၏
ပထမပိုင်းတွင် စိတ်ဝိဉာဉ်သိမြင်ခြင်းက
သော့ချက်ဖြစ်သည်။ ပထမဆုံးစမ်းသပ်မှုကို
ကျရှုံးခဲ့လျှင် ဒုတိယတစ်ခုဆက်ရန်မလိုတော့ပေ။
ခဏလောက်ကြာပြီးနောက်
ထန်ကျဲ့နှင့်နောက်လူများက
စမ်းသပ်ပစ္စည်းများကို ထုတ်လာကြသည်။
သစ်သားစားပွဲရှည်ခြောက်ခုကို အတူဆက်ထားပြီး
အနက်ရောင်သေတ္တာအခုတစ်ရာတင်ထားသည်။
သေတ္တာများကို အမျိုးအစားမသိပစ္စည်းတစ်မျိုးနှင့်
ပြုလုပ်ထားပြီး အေးစိမ့်စိမ့်အော်ရာနှင့်အတူ
သိပ်သည်းနက်မှောင်နေ၏။
သူတို့အားလုံးကို နေရာတကျချထားပြီးမှ
အကြီးအကဲချင်က စည်းမျဉ်းတွေရှင်းပြတယ်။
"လူတိုင်းပဲ၊ ဒီသေတ္တာနက်တွေကိုကြည့်လိုက်ပါ။
ပစ္စည်းအစုံထည့်ထားတယ်၊ တစ်ချို့ကအဖိုးတန်ပြီး
တစ်ချို့ကတော့မတန်ဘူး။ မင်းတို့နောက်ထပ်လုပ်ရ
မှာက သေတ္တာသုံးခုရွေးဖို့ပဲ။ မှတ်ထားပါ၊
မင်းတို့ရဲ့စိတ်ဝိဉာဉ်သိမြင်ခြင်းကိုပဲ သုံးလို့ရမယ်။
စိတ်ဝိဉာဉ်အားကိုသုံးမယ်ဆိုရင် အထဲမှာရှိတာကို
အာရုံခံလို့မရရုံမက မင်းတို့ရဲ့စိတ်ဝိဉာဉ်အားကိုလဲ
စုပ်ယူခံရလိမ့်မယ်"
ချောင်ဝူရှင်းက ရှေ့တိုးလိုက်ပြီး
လက်မြှောက်လိုက်တယ်၊ "အကြီးအကဲချင်၊
ဒီစမ်းသပ်မှုအပေါ် ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်ကို
ဘယ်လိုအကဲဖြတ်မလဲဆိုတာ မေးလို့ရမလား?"
အကြီးအကဲချင်က ရှင်းပြ၏၊
"မင်းတို့ရွေးလိုက်တဲ့သေတ္တာထဲကပစ္စည်းရဲ့ တန်ဖိုးကို
ကြည့်ပြီး အကဲဖြတ်မယ်။ မင်းတို့ရွေးလိုက်တဲ့
သေတ္တာနှစ်ခုမှာ အဖိုးတန်တယ်လို့သတ်မှတ်လို့ရတဲ့
ပစ္စည်းတွေပါမယ်ဆိုရင်၊ အဲ့တာကိုအောင်မြင်တယ်
လို့ယူဆမယ်။ ဒါပေမယ့် သေတ္တာအမှားနှစ်လုံးကို
ရွေးခဲ့မိမယ်ဆိုရင်တော့၊ ထုတ်ပယ်ခံရမယ်။
မင်းရဲ့တတိယမြောက်သေတ္တာမှာပါတဲ့ပစ္စည်းက
အဖိုးဖြတ်လို့မရအောင်တန်ဖိုးရှိနေမယ်ဆိုရင်တော့
အထုတ်မခံရဘူး"
လူတိုင်းကဒါကိုသေသေချာချာချေဖျက်ဖို့ အချိန်ယူ
လိုက်ရတယ်။ အကြီးအကဲချင်က တန်ဖိုးမြင့်တဲ့
ပစ္စည်းနဲ့ တန်ဖိုးနိမ့်တဲ့ပစ္စည်းအတွက် သတ်မှတ်ချက်
မပေးခဲ့ပေမယ့်လည်း ဒါကအရမ်းမပြတ်မသား
မဖြစ်သင့်ဘူး။
ထို့နောက်အကြီးအကဲချင်ကပြော၏၊
"ဒါကိုမှတ်ထားပါ၊ သေတ္တာအခုတစ်ရာထဲမှာ
အနဲငယ်ကပဲတကယ်အဖိုးတန်တယ်၊
ဒါ့ကြောင့် ဒီဟာကမင်းတို့ရဲ့စိတ်ဝိဉာဉ်သိမြင်ခြင်းကို
ပဲ စမ်းသပ်တာမဟုတ်ဘူး၊ မင်းတို့ရဲ့ကံနဲ့အမြန်နှုန်း
လဲပါတယ်။ ဒါ့အပြင်၊ သေတ္တာကိုထိလိုက်တာနဲ့
မင်းလိုချင်တဲ့သေတ္တာဟုတ်ဟုတ် မဟုတ်ဟုတ်
အဲ့တာကမင်းဟာပဲဖြစ်သွားမယ်"
ဖြေဆိုသူတွေရဲ့အမူအရာက တည်ငြိမ်သွားတော့၏၊
သူတို့ကအကြာကြီးတွေဝေနေလို့လဲမရဘူး၊
မြန်မြန်ဆုံးဖြတ်လိုက်လို့လဲမရဘူး ဖြစ်နေတယ်။
ပထမစမ်းသပ်မှုက ဒီလိုအရာဖြစ်မယ်လို့
ယူရှောင်းမိုကထင်မထားခဲ့ချေ၊ ၎င်းက ဆန်းသစ်ပြီး
ထိလဲထိရောက်သည်။ တစ်ခြားတစ်နေရာမှာ
စာမေးပွဲဖြေနေတဲ့သူတွေလဲ ဒီလိုစမ်းသပ်မှုကိုပဲ
ဖြေရမယ်ဆိုရင် လူတွေအများကြီးထုတ်ပယ်ခံရမှာပဲ။
"အချိန်ကျပြီ၊ လာကြ" အကြီးအကဲချင်ကပြောလိုက်
သည်။
ယူရှောင်းမိုကအသက်ပြင်းပြင်းရှူလိုက်ပြီး
လင်းရှောင်ဘက်လှည့်လိုက်တယ်၊
"ကျွန်တော်သွားတော့မယ်"
လင်းရှောင်က သူ့ကိုထပ်သတိပေးလိုက်သည်၊
"ဟိုအဘိုးကြီးရဲ့စကားတွေကို စိတ်ထဲမှာထားထား၊
မင်းဘာပဲလုပ်လုပ် စိတ်ဝိဉာဉ်အားကိုမသုံးနဲ့။
အဲ့သေတ္တာတွေကိုပြုလုပ်ထားတဲ့ ပစ္စည်းက
စိတ်ဝိဉာဉ်အားကိုကာနိုင်ရုံပဲမဟုတ်ဘူး၊
မှော်ဆရာတစ်ယောက်ရဲ့စိတ်ဝိဉာဉ်အားကို
တိုက်ခိုက်နိုင်တဲ့ အထူးပစ္စည်းတစ်ခုလဲပါတယ်"
ယူရှောင်းမိုက မသွားခင် တည်တည်ငြိမ်ငြိမ်နဲ့
ခေါင်းညိမ့်ပြလိုက်တယ်။
လူဆယ်ယောက်က စားပွဲခြောက်ခုရှေ့မှာ
မတ်တပ်ရပ်နေပြီး အကြီးအကဲချင်ကအချိန်အကန့်
အသတ်ကိုကြေညာပြီးတဲ့နောက်မှာ စတင်လိုက်ကြ
တော့တယ်။
ဒီလိုအရာမျိုးကိုကြုံရတာ သူတို့အတွက်ပထမဆုံး
ဖြစ်တာကြောင့် ဘယ်သူကမှပေါ့ပေါ့တန်တန်
မလုပ်ရဲကြဘဲ သူတို့ရဲ့စိတ်ဝိဉာဉ်အားကိုလဲ
လုံးဝအသုံးမပြုရဲကြပေ။
ယူရှောင်းမိုက သူ့ရှေ့ကသေတ္တာနက်တွေကို
စေ့စေ့စပ်စပ်စစ်ဆေးကြည့်နေတယ်။ သေတ္တာနက်
တွေကအရွယ်အစားမတူကြဘူး။
အကြီးဆုံးတစ်ခုက ငါးဆယ်စင်တီမီတာရှိတဲ့ချိန်မှာ
အသေးဆုံးကတော့ တစ်ဆယ်စင်တီမီတာပဲရှိတယ်။
ဒါပေမယ့်လည်း ဒီဟာကတော်တော်လေးရှားပါတယ်၊
အများစုက အရွယ်အစားသိပ်မကွာကြဘူး။
ဒီဟာအတွက် ဖြတ်လမ်းနည်းရှိပုံမရပေ။
သေတ္တာတွေရဲ့အရွယ်အစားက လူတိုင်းကို
စိတ်ရှုပ်ထွေးသွားစေဖို့အတွက် သုံးထားတဲ့
အဖုံးသက်သက်ပဲဖြစ်ရမယ်။
လူတိုင်းကရှာဖွေတဲ့နေရာမှာ အာရုံစိုက်ထားတာကို
မြင်တော့ သူလဲအာရုံစုစည်းလိုက်တော့သည်။
သေတ္တာတစ်ရာကို စားပွဲအားလုံးတွင်ဖြန့်ကျဲ
ထား၏၊ ဤသေတ္တာများရှိအထူးပစ္စည်း၏
ကန့်သတ်ချက်များကြောင့် ဘယ်သူကမှ
လောဘမတက်ရဲကြပေ။ သူတို့လျှောက်ပတ်ကြည့်
နေပြီး စိတ်ပျံ့လွင့်နေမယ်ဆိုရင် အဖိုးတန်တဲ့ပစ္စည်း
အားလုံးကို ယူသွားကြလိမ့်မယ်။
ယူရှောင်းမိုက ကိုယ့်ကိုကိုယ်စိတ်ထိန်းလိုက်သည်၊
အဘိုးအိုပြောခဲ့သလိုပဲ စိတ်ဝိဉာဉ်သိမြင်ခြင်းက
မင်းအတွက်အဆင်သင့်ရှိနေပြီး ခေါ်တိုင်းလာမယ့်
အရာမျိုးမဟုတ်ပေ။
အရင်တစ်ခေါက်က သူကံကောင်းသွားခဲ့၏၊
ဒါပေမယ့်ဒီတစ်ခေါက်တော့ လွယ်မယ်မထင်ဘူး။
အရင်က ဒီစွမ်းရည်ကိုသူနှိုးဆွလိုက်တုန်းက
ရတဲ့ခံစားချက်ကို ယူရှောင်းမိုကပြန်စဉ်းစားလိုက်
တယ်။ သူ့နဖူးရဲ့အလယ်တည့်တည့်မှာ တစ်ခုခုက
ရွေ့လျားနေသလိုခံစားခဲ့ရတာကို သူမှတ်မိသွား
တယ်၊ ထိုဟာက ပူပြီးယားကျိကျိနဲ့၊ တစ်ခုခုက
အပြင်ထွက်ဖို့ကြိုးစားနေသလိုမျိုးပဲ။
နှစ်စက္ကန့်ကြာပြီးတဲ့နောက်မှာ သူ့ခေါင်းထဲမှာ
တစ်ခုခုကပေါက်ကွဲသွားတယ်၊ သူ့စိတ်ထဲက
တစ်စုံတစ်ခုကပေါက်ကွဲထွက်သွားပြီး ပွင့်ဖတ်ကြွေ
တွေလို နေရာအနှံ့ပြန့်ကျဲသွားသလိုပဲ။
နောက်အခိုက်အတန့်မှာ သူ့မျက်လုံးရှေ့က
ကမ္ဘာကြီးက ပြောင်းလဲသွားတော့တယ်။
စိတ်စွမ်းအင်ကလေထုထဲမှာ တင့်တယ်လှပစွာ
ကခုန်နေပြီး လူတွေနဲ့အရာဝတ္ထုတွေပတ်လည်မှာ
လိမ်ပတ်နေကာ တဖြည်းဖြည်းချင်းစုပ်ယူခံနေရ
သည်။ စိတ်စွမ်းအင်သိပ်သည်းဆက
လုံရှန်းတိုက်မကြီးမှာတွေ့ခဲ့ရတာထက် နှစ်ဆပိုများ
တယ်။ ဒါကအဆင့်မြင့်နယ်မြေဆိုတာပေါ့။
သူဒါကိုလေးစားကြည်ညိုနေတုန်းမှာပဲ
သူ့ခေါင်းထဲမှာမီးတစ်လုံးလင်းသွားတော့တယ်။
သူတစ်ခုခုမေ့နေတာမဟုတ်ဘူးလား?
ယူရှောင်းမိုကလက်ရှိကိုပြန်ရောက်လာတယ်၊
သူ့အကြည့်ကသေတ္တာနက်များပေါ်ရောက်ရှိသွား၏။
ဟုတ်သားပဲ၊ ဒီသေတ္တာတွေ၊ သူတို့ကစိတ်စွမ်းအင်
ကို စုပ်ယူနေကြတယ်။
သေတ္တာနက်များက စိတ်စွမ်းအင်ကိုအလွန်တရာ
နှေးကွေးစွာစုပ်ယူနေသည်။ သူသာနီးနီးကပ်ကပ်
မကြည့်ဘူးဆိုရင် သေတ္တာပတ်ပတ်လည်က
စိတ်စွမ်းအင်တွေကနဲနဲချင်းပျောက်ကွယ်သွားနေတာ
ကို သူသိမှာမဟုတ်ဘူး။ စိတ်ဝိဉာဉ်သိမြင်ခြင်းကို
လိုအပ်တာ မဆန်းတော့ဘူး။ စိတ်ဝိဉာဉ်သိမြင်ခြင်း
နဲ့မှသာလျှင် ဒီသေတ္တာတွေရွေးဖို့အတွက်
ပတ်ဝန်းကျင်ကအပြောင်းအလဲတွေကို
အာရုံခံနိုင်မှာဖြစ်သည်။
ယူရှောင်းမိုကစားပွဲပေါ်လက်ထောက်လိုက်ပြီး
ရှေ့သို့ကိုင်းလိုက်ကာ သေတ္တာတွေကိုအသေးစိတ်
လိုက်ကြည့်နေတယ်။
တစ်ချို့လူတွေကဘာလုပ်ရမလဲဆိုတာမသိကြသေး
ဘူး။ သူ့ရဲ့လှုပ်ရှားမှုကိုသတိထားမိတော့၊
သူတို့ကသူ့ဆီကို မသိလိုက်မသိဘာသာနဲ့
လှမ်းကြည့်မိသွားတယ်၊ သူတို့တွေ့လိုက်ရတာက
သူ့ကသူ့ခေါင်းကိုငုံ့ထားပြီး သူ့အကြည့်တွေက
သေတ္တာပေါ်မှာစွဲမြဲနေပြီး ဘာတွေစဉ်းစားနေလဲဆိုတာ
တော့သူတို့မသိဘူး။
"သူ.....စိတ်ဝိဉာဉ်သိမြင်ခြင်းကို မနှိုးဆွရသေးပါ
ဘူး၊ ဟုတ်တယ်မလား?" အန်းချောင်က
အထစ်ထစ်အ အအနဲ့ ပြောလိုက်တယ်။
ဒါကအရမ်းမြန်လွန်းတယ်။ သူ့စကားဆုံးကာရှိသေး
တယ်၊ သက်တန့်ရောင်ဝိဉာဉ်ရှိတဲ့လူတွေအားလုံးက
တူညီတဲ့စိတ်အခြေအနေမှာရောက်နေကြတာကို
သူသိလိုက်ရတယ်၊ ဒေါသက သူ့နှလုံးသားထဲကနေ
မြင့်တက်လာနေတာကိုသူမထိန်းနိုင်တော့ဘူး၊
သူ့မှာဘာလို့ သက်တန့်ရောင်ဝိဉာဉ်မရှိတာလဲ?
သူတို့ကစိတ်ဝိဉာဉ်အား သုံးလို့မရတာကြောင့်
သာမာန်မျက်လုံးနဲ့ပဲလေ့လာကြည့်ရတော့တယ်။
ယူရှောင်းမိုရှေ့မှာ သေတ္တာဆယ်လုံးရှိနေသည်။
သေတ္တာတွေရဲ့အရွယ်က အတူတူလောက်ပဲ၊
ဒါပေမယ့်စိတ်စွမ်းအင်စုပ်ယူတဲ့နှုန်းက မတူဘူး။
တစ်ချို့ဟာတွေက နဲနဲချင်းစုပ်ယူနေပြီး၊
တစ်ချို့ကချောင်းငယ်လေးလောက်စီးဝင်နေတယ်၊
တစ်ချို့ကတော့ သေနေတဲ့အတိုင်းပဲ စိတ်စွမ်းအင်
ရွေ့လျားမှုရှိမနေဘူး။
အထဲကအရာဝတ္ထုရဲ့တန်ဖိုးက သူတို့စိတ်စွမ်းအင်
စုပ်ယူနေတဲ့နှုန်းပေါ်မူတည်နေတယ်ဆိုရင်
စိတ်စွမ်းအင်အများဆုံးစုပ်ယူနေတဲ့ သေတ္တာနက်တွေ
က အဖိုးတန်ဆုံးဖြစ်လောက်မယ်။
ယူရှောင်းမိုက သေတ္တာနက်တွေထဲကတစ်လုံးကို
မြန်မြန်ကြည့်လိုက်တယ်။ ဒီသေတ္တာက
သူမြင်ပြီးသမျှထဲမှာ အကောင်းဆုံးပဲ။
၎င်းကစိတ်စွမ်းအင်ကို ဝါးမျိုနေတာတော့မဟုတ်ပေ
မယ့် တန်ဖိုးကတော်တော်လေးမြင့်လောက်မယ်။
ယူရှောင်းမိုကဝမ်းသာစွာနဲ့လက်လှမ်းလိုက်တယ်၊
ဒါပေမယ့် လမ်းတစ်ဝက်မှာပဲတခြားလက်တစ်ဖက်က
ရုတ်တရက်ထွက်လာပြီးတော့ သူ့စိတ်ထဲရှိနေတဲ့
သေတ္တာနက်ကိုဆွဲယူသွားတော့တယ်။ သူ
အံ့ဩသွားပြီးတော့ ခေါင်းမော့ကြည့်လိုက်တော့
အန်းချောင်ဖြစ်နေတယ်။
သူမော့ကြည့်လိုက်တော့ အန်းချောင်ကလှောင်ပြုံး
ပြုံးလိုက်တယ်၊ သူ့လက်ထဲမှာသေတ္တာနက်ကို
ကိုင်ထားရင်း၊ "ဒါအတွက်စိတ်မကောင်းပါဘူး၊
ဒီသေတ္တာက အခုငါ့ဟာဖြစ်သွားပြ်ီ"
ယူရှောင်းမိုက အန်းချောင်ကိုစောင့်ကြည့်ထားတာ
မဟုတ်သော်လည်း မူလကသူ့အနားမှာရှိနေတာ
မဟုတ်ဘူးဆိုတာသူသိတယ်။ ဒီလိုအခြေအနေမျိုးမှာ
သူကယူရှောင်းမိုရဲ့လှုပ်ရှားမှုတွေကို အစကတည်းက
စောင့်ကြည့်နေတာမဟုတ်ရင် ဒီလောက်မြန်မြန်
ရောက်လာနိုင်မှာမဟုတ်ဘူး။ ဒီလိုအပြုအမူမျိုး
........သူက ယူရှောင်းမိုရဲ့အလုပ်ကို
အမြတ်ထုတ်ချင်နေခဲ့တာပဲ!
ယူရှောင်းမိုက သူ့လုပ်ပုံကိုမကြိုက်ဘူး၊ ဒါပေမယ့်
သူနဲ့ပြဿနာဖြစ်နေဖို့လဲ စိတ်မဝင်စားဘူး။
သူတို့မှာအချိန်တစ်နာရီပဲရှိတယ်။ သူမြန်မြန်လုပ်ရ
မယ်။ သူ့အကြည့်ကစားပွဲပေါ်ပြန်ရောက်သွား
တော့သည်။
သူ့ရဲ့တုံ့ပြန်မှုမရှိတဲ့ပုံကိုမြင်လိုက်ရတော့
အန်းချောင်က ဝါဂွမ်းကိုထိုးလိုက်ရသလို
ခံစားလိုက်ရသည်။ ဒါကလဲအဆင်ပြေတာပဲ။
သူယူရှောင်းမိုကို စောင့်ကြည့်နေသရွေ့
သေတ္တာသုံးလုံးကိုလွယ်လွယ်နဲ့ရမှာပဲ။
ဒီလိုအတွေးမျိုးတွေးမိသွားတဲ့ ကိုယ့်ကိုကိုယ်
သူကဂုဏ်ယူနေတော့တယ်။ သူကစိတ်ဝိဉာဉ်
သိမြင်ခြင်းကိုမနိုးထနိုင်ပေမယ့်လည်း
ပိုလွယ်တဲ့နည်းလမ်းနဲ့ သူလိုချင်တာကို
ရနိုင်တာပဲ။
ဟုတ်တယ်။ လူအားလုံးထဲမှာ အန်းချောင်က
စိတ်ဝိဉာဉ်သိမြင်ခြင်းစိတ်အခြေအနေကို
မဝင်ရောက်နိုင်တဲ့ တစ်ယောက်တည်းသောသူဖြစ်၏။
သူကအလွန်စိတ်မရှည်ဖြစ်နေပြီးတော့
သူ့ရဲ့ခံစားချက်တွေကို တည်ငြိမ်အောင်မလုပ်နိုင်ဘူး။
သူယူရှောင်းမိုရဲ့သေတ္တာတွေကို ခိုးချင်တာကတော့
ယူရှောင်းမိုကကောင်းမွန်တဲ့သေတ္တာတွေကို
ရွေးချယ်နိုင်မယ်လို့ ခံစားရတာကြောင့်ပင်။
ကျုံးယဲ့၊ချောင်ဝူရှင်းနဲ့ တစ်ခြားသူတွေရဲ့ဟာကိုတော့
သူ ခိုးဖို့တောင်မကြိုးစားရဲဘူး။
ယူရှောင်းမိုက အာရုံပြန်စိုက်လိုက်သည်။
သူ့ဘေးပတ်လည်မှာလူတွေရှိနေတာကြောင့်
အလယ်ခေါင်ကသေတ္တာတွေဆီပဲ သွားဖို့
ဆုံးဖြတ်လိုက်တယ်။ ဒီသေတ္တာတွေက အရွယ်အစား
နဲနဲလေးကွာတယ်။ အကြီးဆုံးတစ်ခုရဲ့ပတ်ပတ်လည်
က စိတ်စွမ်းအင်တွေက လျင်လျင်မြန်မြန်
စုပ်ယူခံနေရတာကို သူရှင်းရှင်းလင်းလင်း
တွေ့လိုက်ရသည်။ သို့သော်လည်း ထိုအခါမှသာ
သူကတစ်ခုခုထူးဆန်းနေတာကို တွေ့ရှိသွား၏။
ယူရှောင်းမိုက မျက်မှောင်ကြုံ့လိုက်တယ်၊
တစ်ခြားသေတ္တာတွေကို ပတ်ကြည့်နေပြီးတော့မှ
အံ့အားသင့်သွားစွာနဲ့ ရပ်တန့်လိုက်တယ်။
ဒါကမဟုတ်သေးဘူး၊ ဒီခံစားချက်......
ဒီဟာကမှားနေတယ်၊ ဘာလို့ဒီလိုဖြစ်နေတာလဲ?
အကြီးအကဲချင်က တကယ်အဖိုးတန်တဲ့ပစ္စည်းတွေ
ကအလွန်နဲပြီးတော့ အခုတစ်ရာထဲကဟာတွေရဲ့
တန်ဖိုးနဲ့ကွာခြားတယ်လို့ ပြောခဲ့တာကို သူမှတ်မိ
သွားတယ်။ အဲ့တာက သူတို့ကိုတစ်ခါတည်း
အောင်မြင်ပေးနိုင်တဲ့ပစ္စည်းတွေကို ဆိုလိုတာ
ဖြစ်နိုင်တယ်။ ဒါပေမယ့်၊ သေတ္တာတွေကိုကြည့်
လိုက်တော့၊ အချိုးအဆအားလုံးကမှားနေတာကို
သူတွေ့သွားတယ်။
အစကနေခုထိ၊ စိတ်စွမ်းအင်သိပ်မစုပ်ယူတဲ့
သေတ္တာနဲနဲလေးကိုပဲ သူတွေ့ခဲ့တာ။ အကြီးအကဲချင်
ရဲ့ စကားအရဆိုရင်ဒီသေတ္တာတွေက အချိုးအဆပို
များသင့်တယ်လေ။
ယူရှောင်းမိုရဲ့မျက်လုံးလေးတွေက ဝိုင်းစက်သွား
တယ်။ သူတွေးထားတာနဲ့ပြောင်းပြန်ဖြစ်နေတာ
များလား?
(t/n: စိတ်စွမ်းအင်စုပ်ယူမှုနည်းတာတွေက
အဖိုးတန်တာကိုပြောတာပါ၊ ကိုယ်ရေးထားတာ
ပတ်လည်ရိုက်နေလို့ အဓိပ္ပာယ်ပေါက်ကြရဲ့လား
မသိ)
ယူရှောင်းမိုက ကျုံးယဲ့နဲ့ချောင်ဝူရှင်းကို
ချောင်းကြည့်လိုက်တယ်။ သူတို့လိုချင်တဲ့
သေတ္တာနက်တွေကိုရသွားနှင့်ပြီးကြပုံပေါ်တယ်၊
ဒါပေမယ့် အဲ့ဒီ့သေတ္တာနက်တွေကို သိမ်းသွားပြီး
ဖြစ်သည်။
သူကကိုယ်တိုင်ကိုယ်ကျမမြင်လိုက်ရပေမယ့်
ယူရှောင်းမိုက သူ့ရဲ့ခန့်မှန်းချက်ကိုယုံကြည်တယ်။
ဒါပေမယ့်လည်း......သူက တစ်ခြားတစ်ဖက်မှာ
စောင့်ရင်းကြည့်နေတဲ့ အန်းချောင်ကိုတစ်ချက်
ကြည့်လိုက်တယ်။ ငါ့ပစ္စည်းကိုခိုးတဲ့အတွက်
မင်းကိုနောင်တရအောင်လုပ်ပြမယ်၊ မဟုတ်ရင်
ငါ့မျိုးရိုးက ယူမဟုတ်တော့ဘူး!
____________
Zawgyi
အပိုင္း၄၂၃-အျခားတစ္ေယာက္၏အလုပ္မွ
အျမတ္ထုတ္ျခင္း
တစ္ခါက သူ႔ကိုအဘိုးအိုက စိတ္ဝိဉာဉ္သိျမင္ျခင္း
သည္ သာမာန္မ်က္လံုးျဖင့္မျမင္ႏိုင္ေသာ
အရာမ်ားစြာကိုအာရံုခံစားႏိုင္ေအာင္ လုပ္ေပးသည္ဟု
ေျပာခဲ့၏။ ၄က ကံေပၚမွာမူတည္ေနေသာ
စြမ္းရည္ျဖစ္သည္၊ သို႔ေသာ္ အဘိုးအိုကဲ့သို႔
ကၽြမ္းက်င္တတ္ေျမာက္ႏိုင္ခဲ့လ်ွင္ ၄ကို
လြယ္လြယ္ကူကူျပန္လည္ႏိႈးဆြလို႔ရသည္။
အေစာပိုင္းအဆင့္မ်ားကသာလ်ွင္ ခက္ခဲျခင္း
ျဖစ္၏။
(t/n: အဘိုးအိုဆိုတာက ေတာက္ရွင္းအကယ္ဒမီ
တုန္းက သူ႔ဆရာပါ)
ဤစမ္းသပ္မႈ၌ ပထမအဆင့္စမ္းသပ္မႈ၏
ပထမပိုင္းတြင္ စိတ္ဝိဉာဉ္သိျမင္ျခင္းက
ေသာ့ခ်က္ျဖစ္သည္။ ပထမဆံုးစမ္းသပ္မႈကို
က်ရႈံးခဲ့လ်ွင္ ဒုတိယတစ္ခုဆက္ရန္မလိုေတာ့ေပ။
ခဏေလာက္ၾကာၿပီးေနာက္
ထန္က်ဲ႔ႏွင့္ေနာက္လူမ်ားက
စမ္းသပ္ပစၥည္းမ်ားကို ထုတ္လာၾကသည္။
သစ္သားစားပဲြရွည္ေျခာက္ခုကို အတူဆက္ထားၿပီး
အနက္ေရာင္ေသတၲာအခုတစ္ရာတင္ထားသည္။
ေသတၲာမ်ားကို အမ်ိဳးအစားမသိပစၥည္းတစ္မ်ိဳးႏွင့္
ျပဳလုပ္ထားၿပီး ေအးစိမ့္စိမ့္ေအာ္ရာႏွင့္အတူ
သိပ္သည္းနက္ေမွာင္ေန၏။
သူတို႔အားလံုးကို ေနရာတက်ခ်ထားၿပီးမွ
အႀကီးအကဲခ်င္က စည္းမ်ဉ္းေတြရွင္းျပတယ္။
"လူတိုင္းပဲ၊ ဒီေသတၲာနက္ေတြကိုၾကၫ့္လိုက္ပါ။
ပစၥည္းအစံုထၫ့္ထားတယ္၊ တစ္ခ်ိဳ႕ကအဖိုးတန္ၿပီး
တစ္ခ်ိဳ႕ကေတာ့မတန္ဘူး။ မင္းတို႔ေနာက္ထပ္လုပ္ရ
မွာက ေသတၲာသံုးခုေရြးဖို႔ပဲ။ မွတ္ထားပါ၊
မင္းတို႔ရဲ့စိတ္ဝိဉာဉ္သိျမင္ျခင္းကိုပဲ သံုးလို႔ရမယ္။
စိတ္ဝိဉာဉ္အားကိုသံုးမယ္ဆိုရင္ အထဲမွာရိွတာကို
အာရံုခံလို႔မရရံုမက မင္းတို႔ရဲ့စိတ္ဝိဉာဉ္အားကိုလဲ
စုပ္ယူခံရလိမ့္မယ္"
ေခ်ာင္ဝူရွင္းက ေရ႔ွတိုးလိုက္ၿပီး
လက္ၿမွောက္လိုက္တယ္၊ "အႀကီးအကဲခ်င္၊
ဒီစမ္းသပ္မႈအေပၚ ကၽြန္ေတာ္တို႔ရဲ့လုပ္ေဆာင္ခ်က္ကို
ဘယ္လိုအကဲျဖတ္မလဲဆိုတာ ေမးလို႔ရမလား?"
အႀကီးအကဲခ်င္က ရွင္းျပ၏၊
"မင္းတို႔ေရြးလိုက္တဲ့ေသတၲာထဲကပစၥည္းရဲ့ တန္ဖိုးကို
ၾကၫ့္ၿပီး အကဲျဖတ္မယ္။ မင္းတို႔ေရြးလိုက္တဲ့
ေသတၲာႏွစ္ခုမွာ အဖိုးတန္တယ္လို႔သတ္မွတ္လို႔ရတဲ့
ပစၥည္းေတြပါမယ္ဆိုရင္၊ အဲ့တာကိုေအာင္ျမင္တယ္
လို႔ယူဆမယ္။ ဒါေပမယ့္ ေသတၲာအမွားႏွစ္လံုးကို
ေရြးခဲ့မိမယ္ဆိုရင္ေတာ့၊ ထုတ္ပယ္ခံရမယ္။
မင္းရဲ့တတိယေျမာက္ေသတၲာမွာပါတဲ့ပစၥည္းက
အဖိုးျဖတ္လို႔မရေအာင္တန္ဖိုးရိွေနမယ္ဆိုရင္ေတာ့
အထုတ္မခံရဘူး"
လူတိုင္းကဒါကိုေသေသခ်ာခ်ာေခ်ဖ်က္ဖို႔ အခ်ိန္ယူ
လိုက္ရတယ္။ အႀကီးအကဲခ်င္က တန္ဖိုးျမင့္တဲ့
ပစၥည္းနဲ႔ တန္ဖိုးနိမ့္တဲ့ပစၥည္းအတြက္ သတ္မွတ္ခ်က္
မေပးခဲ့ေပမယ့္လည္း ဒါကအရမ္းမျပတ္မသား
မျဖစ္သင့္ဘူး။
ထို႔ေနာက္အႀကီးအကဲခ်င္ကေျပာ၏၊
"ဒါကိုမွတ္ထားပါ၊ ေသတၲာအခုတစ္ရာထဲမွာ
အနဲငယ္ကပဲတကယ္အဖိုးတန္တယ္၊
ဒါ့ေၾကာင့္ ဒီဟာကမင္းတို႔ရဲ့စိတ္ဝိဉာဉ္သိျမင္ျခင္းကို
ပဲ စမ္းသပ္တာမဟုတ္ဘူး၊ မင္းတို႔ရဲ့ကံနဲ႔အျမန္ႏႈန္း
လဲပါတယ္။ ဒါ့အျပင္၊ ေသတၲာကိုထိလိုက္တာနဲ႔
မင္းလိုခ်င္တဲ့ေသတၲာဟုတ္ဟုတ္ မဟုတ္ဟုတ္
အဲ့တာကမင္းဟာပဲျဖစ္သြားမယ္"
ေျဖဆိုသူေတြရဲ့အမူအရာက တည္ၿငိမ္သြားေတာ့၏၊
သူတို႔ကအၾကာႀကီးေတြေဝေနလို႔လဲမရဘူး၊
ျမန္ျမန္ဆံုးျဖတ္လိုက္လို႔လဲမရဘူး ျဖစ္ေနတယ္။
ပထမစမ္းသပ္မႈက ဒီလိုအရာျဖစ္မယ္လို႔
ယူေရွာင္းမိုကထင္မထားခဲ့ေခ်၊ ၄က ဆန္းသစ္ၿပီး
ထိလဲထိေရာက္သည္။ တစ္ျခားတစ္ေနရာမွာ
စာေမးပဲြေျဖေနတဲ့သူေတြလဲ ဒီလိုစမ္းသပ္မႈကိုပဲ
ေျဖရမယ္ဆိုရင္ လူေတြအမ်ားႀကီးထုတ္ပယ္ခံရမွာပဲ။
"အခ်ိန္က်ၿပီ၊ လာၾက" အႀကီးအကဲခ်င္ကေျပာလိုက္
သည္။
ယူေရွာင္းမိုကအသက္ျပင္းျပင္းရႉလိုက္ၿပီး
လင္းေရွာင္ဘက္လွၫ့္လိုက္တယ္၊
"ကၽြန္ေတာ္သြားေတာ့မယ္"
လင္းေရွာင္က သူ႔ကိုထပ္သတိေပးလိုက္သည္၊
"ဟိုအဘိုးႀကီးရဲ့စကားေတြကို စိတ္ထဲမွာထားထား၊
မင္းဘာပဲလုပ္လုပ္ စိတ္ဝိဉာဉ္အားကိုမသံုးနဲ႔။
အဲ့ေသတၲာေတြကိုျပဳလုပ္ထားတဲ့ ပစၥည္းက
စိတ္ဝိဉာဉ္အားကိုကာႏိုင္ရံုပဲမဟုတ္ဘူး၊
ေမွာ္ဆရာတစ္ေယာက္ရဲ့စိတ္ဝိဉာဉ္အားကို
တိုက္ခိုက္ႏိုင္တဲ့ အထူးပစၥည္းတစ္ခုလဲပါတယ္"
ယူေရွာင္းမိုက မသြားခင္ တည္တည္ၿငိမ္ၿငိမ္နဲ႔
ေခါင္းညိမ့္ျပလိုက္တယ္။
လူဆယ္ေယာက္က စားပဲြေျခာက္ခုေရ႔ွမွာ
မတ္တပ္ရပ္ေနၿပီး အႀကီးအကဲခ်င္ကအခ်ိန္အကန႔္
အသတ္ကိုေၾကညာၿပီးတဲ့ေနာက္မွာ စတင္လိုက္ၾက
ေတာ့တယ္။
ဒီလိုအရာမ်ိဳးကိုႄကံုရတာ သူတို႔အတြက္ပထမဆံုး
ျဖစ္တာေၾကာင့္ ဘယ္သူကမွေပါ့ေပါ့တန္တန္
မလုပ္ရဲၾကဘဲ သူတို႔ရဲ့စိတ္ဝိဉာဉ္အားကိုလဲ
လံုးဝအသံုးမျပဳရဲၾကေပ။
ယူေရွာင္းမိုက သူ႔ေရ႔ွကေသတၲာနက္ေတြကို
ေစ့ေစ့စပ္စပ္စစ္ေဆးၾကၫ့္ေနတယ္။ ေသတၲာနက္
ေတြကအရြယ္အစားမတူၾကဘူး။
အႀကီးဆံုးတစ္ခုက ငါးဆယ္စင္တီမီတာရိွတဲ့ခ်ိန္မွာ
အေသးဆံုးကေတာ့ တစ္ဆယ္စင္တီမီတာပဲရိွတယ္။
ဒါေပမယ့္လည္း ဒီဟာကေတာ္ေတာ္ေလးရွားပါတယ္၊
အမ်ားစုက အရြယ္အစားသိပ္မကြာၾကဘူး။
ဒီဟာအတြက္ ျဖတ္လမ္းနည္းရိွပံုမရေပ။
ေသတၲာေတြရဲ့အရြယ္အစားက လူတိုင္းကို
စိတ္ရႈပ္ေထြးသြားေစဖို႔အတြက္ သံုးထားတဲ့
အဖံုးသက္သက္ပဲျဖစ္ရမယ္။
လူတိုင္းကရွာေဖြတဲ့ေနရာမွာ အာရံုစိုက္ထားတာကို
ျမင္ေတာ့ သူလဲအာရံုစုစည္းလိုက္ေတာ့သည္။
ေသတၲာတစ္ရာကို စားပဲြအားလံုးတြင္ျဖန႔္က်ဲ
ထား၏၊ ဤေသတၲာမ်ားရိွအထူးပစၥည္း၏
ကန႔္သတ္ခ်က္မ်ားေၾကာင့္ ဘယ္သူကမွ
ေလာဘမတက္ရဲၾကေပ။ သူတို႔ေလ်ွာက္ပတ္ၾကၫ့္
ေနၿပီး စိတ္ပ်ံ႔လြင့္ေနမယ္ဆိုရင္ အဖိုးတန္တဲ့ပစၥည္း
အားလံုးကို ယူသြားၾကလိမ့္မယ္။
ယူေရွာင္းမိုက ကိုယ့္ကိုကိုယ္စိတ္ထိန္းလိုက္သည္၊
အဘိုးအိုေျပာခဲ့သလိုပဲ စိတ္ဝိဉာဉ္သိျမင္ျခင္းက
မင္းအတြက္အဆင္သင့္ရိွေနၿပီး ေခၚတိုင္းလာမယ့္
အရာမ်ိဳးမဟုတ္ေပ။
အရင္တစ္ေခါက္က သူကံေကာင္းသြားခဲ့၏၊
ဒါေပမယ့္ဒီတစ္ေခါက္ေတာ့ လြယ္မယ္မထင္ဘူး။
အရင္က ဒီစြမ္းရည္ကိုသူႏိႈးဆြလိုက္တုန္းက
ရတဲ့ခံစားခ်က္ကို ယူေရွာင္းမိုကျပန္စဉ္းစားလိုက္
တယ္။ သူ႔နဖူးရဲ့အလယ္တၫ့္တၫ့္မွာ တစ္ခုခုက
ေရြ့လ်ားေနသလိုခံစားခဲ့ရတာကို သူမွတ္မိသြား
တယ္၊ ထိုဟာက ပူၿပီးယားက်ိက်ိနဲ႔၊ တစ္ခုခုက
အျပင္ထြက္ဖို႔ႀကိဳးစားေနသလိုမ်ိဳးပဲ။
ႏွစ္စကၠန႔္ၾကာၿပီးတဲ့ေနာက္မွာ သူ႔ေခါင္းထဲမွာ
တစ္ခုခုကေပါက္ကဲြသြားတယ္၊ သူ႔စိတ္ထဲက
တစ္စံုတစ္ခုကေပါက္ကဲြထြက္သြားၿပီး ပြင့္ဖတ္ႂကြေ
ေတြလို ေနရာအႏွံ႔ျပန႔္က်ဲသြားသလိုပဲ။
ေနာက္အခိုက္အတန႔္မွာ သူ႔မ်က္လံုးေရ႔ွက
ကမ႓ာႀကီးက ေျပာင္းလဲသြားေတာ့တယ္။
စိတ္စြမ္းအင္ကေလထုထဲမွာ တင့္တယ္လွပစြာ
ကခုန္ေနၿပီး လူေတြနဲ႔အရာဝတၴုေတြပတ္လည္မွာ
လိမ္ပတ္ေနကာ တျဖည္းျဖည္းခ်င္းစုပ္ယူခံေနရ
သည္။ စိတ္စြမ္းအင္သိပ္သည္းဆက
လံုရွန္းတိုက္မႀကီးမွာေတြ့ခဲ့ရတာထက္ ႏွစ္ဆပိုမ်ား
တယ္။ ဒါကအဆင့္ျမင့္နယ္ေျမဆိုတာေပါ့။
သူဒါကိုေလးစားၾကည္ညိုေနတုန္းမွာပဲ
သူ႔ေခါင္းထဲမွာမီးတစ္လံုးလင္းသြားေတာ့တယ္။
သူတစ္ခုခုေမ့ေနတာမဟုတ္ဘူးလား?
ယူေရွာင္းမိုကလက္ရိွကိုျပန္ေရာက္လာတယ္၊
သူ႔အၾကၫ့္ကေသတၲာနက္မ်ားေပၚေရာက္ရိွသြား၏။
ဟုတ္သားပဲ၊ ဒီေသတၲာေတြ၊ သူတို႔ကစိတ္စြမ္းအင္
ကို စုပ္ယူေနၾကတယ္။
ေသတၲာနက္မ်ားက စိတ္စြမ္းအင္ကိုအလြန္တရာ
ေနွးေကြးစြာစုပ္ယူေနသည္။ သူသာနီးနီးကပ္ကပ္
မၾကၫ့္ဘူးဆိုရင္ ေသတၲာပတ္ပတ္လည္က
စိတ္စြမ္းအင္ေတြကနဲနဲခ်င္းေပ်ာက္ကြယ္သြားေနတာ
ကို သူသိမွာမဟုတ္ဘူး။ စိတ္ဝိဉာဉ္သိျမင္ျခင္းကို
လိုအပ္တာ မဆန္းေတာ့ဘူး။ စိတ္ဝိဉာဉ္သိျမင္ျခင္း
နဲ႔မွသာလ်ွင္ ဒီေသတၲာေတြေရြးဖို႔အတြက္
ပတ္ဝန္းက်င္ကအေျပာင္းအလဲေတြကို
အာရံုခံႏိုင္မွာျဖစ္သည္။
ယူေရွာင္းမိုကစားပဲြေပၚလက္ေထာက္လိုက္ၿပီး
ေရ႔ွသို႔ကိုင္းလိုက္ကာ ေသတၲာေတြကိုအေသးစိတ္
လိုက္ၾကၫ့္ေနတယ္။
တစ္ခ်ိဳ႕လူေတြကဘာလုပ္ရမလဲဆိုတာမသိၾကေသး
ဘူး။ သူ႔ရဲ့လႈပ္ရွားမႈကိုသတိထားမိေတာ့၊
သူတို႔ကသူ႔ဆီကို မသိလိုက္မသိဘာသာနဲ႔
လွမ္းၾကၫ့္မိသြားတယ္၊ သူတို႔ေတြ့လိုက္ရတာက
သူ႔ကသူ႔ေခါင္းကိုငံု႔ထားၿပီး သူ႔အၾကၫ့္ေတြက
ေသတၲာေပၚမွာစဲြၿမဲေနၿပီး ဘာေတြစဉ္းစားေနလဲဆိုတာ
ေတာ့သူတို႔မသိဘူး။
"သူ.....စိတ္ဝိဉာဉ္သိျမင္ျခင္းကို မႏိႈးဆြရေသးပါ
ဘူး၊ ဟုတ္တယ္မလား?" အန္းေခ်ာင္က
အထစ္ထစ္အ အအနဲ႔ ေျပာလိုက္တယ္။
ဒါကအရမ္းျမန္လြန္းတယ္။ သူ႔စကားဆံုးကာရိွေသး
တယ္၊ သက္တန႔္ေရာင္ဝိဉာဉ္ရိွတဲ့လူေတြအားလံုးက
တူညီတဲ့စိတ္အေျခအေနမွာေရာက္ေနၾကတာကို
သူသိလိုက္ရတယ္၊ ေဒါသက သူ႔ႏွလံုးသားထဲကေန
ျမင့္တက္လာေနတာကိုသူမထိန္းႏိုင္ေတာ့ဘူး၊
သူ႔မွာဘာလို႔ သက္တန႔္ေရာင္ဝိဉာဉ္မရိွတာလဲ?
သူတို႔ကစိတ္ဝိဉာဉ္အား သံုးလို႔မရတာေၾကာင့္
သာမာန္မ်က္လံုးနဲ႔ပဲေလ့လာၾကၫ့္ရေတာ့တယ္။
ယူေရွာင္းမိုေရ႔ွမွာ ေသတၲာဆယ္လံုးရိွေနသည္။
ေသတၲာေတြရဲ့အရြယ္က အတူတူေလာက္ပဲ၊
ဒါေပမယ့္စိတ္စြမ္းအင္စုပ္ယူတဲ့ႏႈန္းက မတူဘူး။
တစ္ခ်ိဳ႕ဟာေတြက နဲနဲခ်င္းစုပ္ယူေနၿပီး၊
တစ္ခ်ိဳ႕ကေခ်ာင္းငယ္ေလးေလာက္စီးဝင္ေနတယ္၊
တစ္ခ်ိဳ႕ကေတာ့ ေသေနတဲ့အတိုင္းပဲ စိတ္စြမ္းအင္
ေရြ့လ်ားမႈရိွမေနဘူး။
အထဲကအရာဝတၴုရဲ့တန္ဖိုးက သူတို႔စိတ္စြမ္းအင္
စုပ္ယူေနတဲ့ႏႈန္းေပၚမူတည္ေနတယ္ဆိုရင္
စိတ္စြမ္းအင္အမ်ားဆံုးစုပ္ယူေနတဲ့ ေသတၲာနက္ေတြ
က အဖိုးတန္ဆံုးျဖစ္ေလာက္မယ္။
ယူေရွာင္းမိုက ေသတၲာနက္ေတြထဲကတစ္လံုးကို
ျမန္ျမန္ၾကၫ့္လိုက္တယ္။ ဒီေသတၲာက
သူျမင္ၿပီးသမ်ွထဲမွာ အေကာင္းဆံုးပဲ။
၄ကစိတ္စြမ္းအင္ကို ဝါးမ်ိဳေနတာေတာ့မဟုတ္ေပ
မယ့္ တန္ဖိုးကေတာ္ေတာ္ေလးျမင့္ေလာက္မယ္။
ယူေရွာင္းမိုကဝမ္းသာစြာနဲ႔လက္လွမ္းလိုက္တယ္၊
ဒါေပမယ့္ လမ္းတစ္ဝက္မွာပဲတျခားလက္တစ္ဖက္က
ရုတ္တရက္ထြက္လာၿပီးေတာ့ သူ႔စိတ္ထဲရိွေနတဲ့
ေသတၲာနက္ကိုဆဲြယူသြားေတာ့တယ္။ သူ
အံ့ဩသြားၿပီးေတာ့ ေခါင္းေမာ့ၾကၫ့္လိုက္ေတာ့
အန္းေခ်ာင္ျဖစ္ေနတယ္။
သူေမာ့ၾကၫ့္လိုက္ေတာ့ အန္းေခ်ာင္ကေလွာင္ႃပံုး
ႃပံုးလိုက္တယ္၊ သူ႔လက္ထဲမွာေသတၲာနက္ကို
ကိုင္ထားရင္း၊ "ဒါအတြက္စိတ္မေကာင္းပါဘူး၊
ဒီေသတၲာက အခုငါ့ဟာျဖစ္သြားၿပ္ီ"
ယူေရွာင္းမိုက အန္းေခ်ာင္ကိုေစာင့္ၾကၫ့္ထားတာ
မဟုတ္ေသာ္လည္း မူလကသူ႔အနားမွာရိွေနတာ
မဟုတ္ဘူးဆိုတာသူသိတယ္။ ဒီလိုအေျခအေနမ်ိဳးမွာ
သူကယူေရွာင္းမိုရဲ့လႈပ္ရွားမႈေတြကို အစကတည္းက
ေစာင့္ၾကၫ့္ေနတာမဟုတ္ရင္ ဒီေလာက္ျမန္ျမန္
ေရာက္လာႏိုင္မွာမဟုတ္ဘူး။ ဒီလိုအျပဳအမူမ်ိဳး
........သူက ယူေရွာင္းမိုရဲ့အလုပ္ကို
အျမတ္ထုတ္ခ်င္ေနခဲ့တာပဲ!
ယူေရွာင္းမိုက သူ႔လုပ္ပံုကိုမႀကိဳက္ဘူး၊ ဒါေပမယ့္
သူနဲ႔ျပႆနာျဖစ္ေနဖို႔လဲ စိတ္မဝင္စားဘူး။
သူတို႔မွာအခ်ိန္တစ္နာရီပဲရိွတယ္။ သူျမန္ျမန္လုပ္ရ
မယ္။ သူ႔အၾကၫ့္ကစားပဲြေပၚျပန္ေရာက္သြား
ေတာ့သည္။
သူ႔ရဲ့တံု႔ျပန္မႈမရိွတဲ့ပံုကိုျမင္လိုက္ရေတာ့
အန္းေခ်ာင္က ဝါဂြမ္းကိုထိုးလိုက္ရသလို
ခံစားလိုက္ရသည္။ ဒါကလဲအဆင္ေျပတာပဲ။
သူယူေရွာင္းမိုကို ေစာင့္ၾကၫ့္ေနသေရြ့
ေသတၲာသံုးလံုးကိုလြယ္လြယ္နဲ႔ရမွာပဲ။
ဒီလိုအေတြးမ်ိဳးေတြးမိသြားတဲ့ ကိုယ့္ကိုကိုယ္
သူကဂုဏ္ယူေနေတာ့တယ္။ သူကစိတ္ဝိဉာဉ္
သိျမင္ျခင္းကိုမႏိုးထႏိုင္ေပမယ့္လည္း
ပိုလြယ္တဲ့နည္းလမ္းနဲ႔ သူလိုခ်င္တာကို
ရႏိုင္တာပဲ။
ဟုတ္တယ္။ လူအားလံုးထဲမွာ အန္းေခ်ာင္က
စိတ္ဝိဉာဉ္သိျမင္ျခင္းစိတ္အေျခအေနကို
မဝင္ေရာက္ႏိုင္တဲ့ တစ္ေယာက္တည္းေသာသူျဖစ္၏။
သူကအလြန္စိတ္မရွည္ျဖစ္ေနၿပီးေတာ့
သူ႔ရဲ့ခံစားခ်က္ေတြကို တည္ၿငိမ္ေအာင္မလုပ္ႏိုင္ဘူး။
သူယူေရွာင္းမိုရဲ့ေသတၲာေတြကို ခိုးခ်င္တာကေတာ့
ယူေရွာင္းမိုကေကာင္းမြန္တဲ့ေသတၲာေတြကို
ေရြးခ်ယ္ႏိုင္မယ္လို႔ ခံစားရတာေၾကာင့္ပင္။
က်ဳံးယဲ့၊ေခ်ာင္ဝူရွင္းနဲ႔ တစ္ျခားသူေတြရဲ့ဟာကိုေတာ့
သူ ခိုးဖို႔ေတာင္မႀကိဳးစားရဲဘူး။
ယူေရွာင္းမိုက အာရံုျပန္စိုက္လိုက္သည္။
သူ႔ေဘးပတ္လည္မွာလူေတြရိွေနတာေၾကာင့္
အလယ္ေခါင္ကေသတၲာေတြဆီပဲ သြားဖို႔
ဆံုးျဖတ္လိုက္တယ္။ ဒီေသတၲာေတြက အရြယ္အစား
နဲနဲေလးကြာတယ္။ အႀကီးဆံုးတစ္ခုရဲ့ပတ္ပတ္လည္
က စိတ္စြမ္းအင္ေတြက လ်င္လ်င္ျမန္ျမန္
စုပ္ယူခံေနရတာကို သူရွင္းရွင္းလင္းလင္း
ေတြ့လိုက္ရသည္။ သို႔ေသာ္လည္း ထိုအခါမွသာ
သူကတစ္ခုခုထူးဆန္းေနတာကို ေတြ့ရိွသြား၏။
ယူေရွာင္းမိုက မ်က္ေမွာင္ႄကံု႔လိုက္တယ္၊
တစ္ျခားေသတၲာေတြကို ပတ္ၾကၫ့္ေနၿပီးေတာ့မွ
အံ့အားသင့္သြားစြာနဲ႔ ရပ္တန႔္လိုက္တယ္။
ဒါကမဟုတ္ေသးဘူး၊ ဒီခံစားခ်က္......
ဒီဟာကမွားေနတယ္၊ ဘာလို႔ဒီလိုျဖစ္ေနတာလဲ?
အႀကီးအကဲခ်င္က တကယ္အဖိုးတန္တဲ့ပစၥည္းေတြ
ကအလြန္နဲၿပီးေတာ့ အခုတစ္ရာထဲကဟာေတြရဲ့
တန္ဖိုးနဲ႔ကြာျခားတယ္လို႔ ေျပာခဲ့တာကို သူမွတ္မိ
သြားတယ္။ အဲ့တာက သူတို႔ကိုတစ္ခါတည္း
ေအာင္ျမင္ေပးႏိုင္တဲ့ပစၥည္းေတြကို ဆိုလိုတာ
ျဖစ္ႏိုင္တယ္။ ဒါေပမယ့္၊ ေသတၲာေတြကိုၾကၫ့္
လိုက္ေတာ့၊ အခ်ိဳးအဆအားလံုးကမွားေနတာကို
သူေတြ့သြားတယ္။
အစကေနခုထိ၊ စိတ္စြမ္းအင္သိပ္မစုပ္ယူတဲ့
ေသတၲာနဲနဲေလးကိုပဲ သူေတြ့ခဲ့တာ။ အႀကီးအကဲခ်င္
ရဲ့ စကားအရဆိုရင္ဒီေသတၲာေတြက အခ်ိဳးအဆပို
မ်ားသင့္တယ္ေလ။
ယူေရွာင္းမိုရဲ့မ်က္လံုးေလးေတြက ဝိုင္းစက္သြား
တယ္။ သူေတြးထားတာနဲ႔ေျပာင္းျပန္ျဖစ္ေနတာ
မ်ားလား?
(t/n: စိတ္စြမ္းအင္စုပ္ယူမႈနည္းတာေတြက
အဖိုးတန္တာကိုေျပာတာပါ၊ ကိုယ္ေရးထားတာ
ပတ္လည္ရိုက္ေနလို႔ အဓိပၸာယ္ေပါက္ၾကရဲ့လား
မသိ)
ယူေရွာင္းမိုက က်ဳံးယဲ့နဲ႔ေခ်ာင္ဝူရွင္းကို
ေခ်ာင္းၾကၫ့္လိုက္တယ္။ သူတို႔လိုခ်င္တဲ့
ေသတၲာနက္ေတြကိုရသြားႏွင့္ၿပီးၾကပံုေပၚတယ္၊
ဒါေပမယ့္ အဲ့ဒီ့ေသတၲာနက္ေတြကို သိမ္းသြားၿပီး
ျဖစ္သည္။
သူကကိုယ္တိုင္ကိုယ္က်မျမင္လိုက္ရေပမယ့္
ယူေရွာင္းမိုက သူ႔ရဲ့ခန႔္မွန္းခ်က္ကိုယံုၾကည္တယ္။
ဒါေပမယ့္လည္း......သူက တစ္ျခားတစ္ဖက္မွာ
ေစာင့္ရင္းၾကၫ့္ေနတဲ့ အန္းေခ်ာင္ကိုတစ္ခ်က္
ၾကၫ့္လိုက္တယ္။ ငါ့ပစၥည္းကိုခိုးတဲ့အတြက္
မင္းကိုေနာင္တရေအာင္လုပ္ျပမယ္၊ မဟုတ္ရင္
ငါ့မ်ိဳးရိုးက ယူမဟုတ္ေတာ့ဘူး!
____________