| ဦး | Zawgyi + Unicode [ C...

By sekaibubblechoco

219K 28.7K 2.6K

ဦးက ........ က်ေနာ့္ကို ........ မခ်စ္ဘူး......... ဦးက ..... ကျနော့်က... More

အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၎
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း - ၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း -၂၇
အပိုင်း -၂၈
အပိုင်း - ၂၉
အပိုင်း - ၁ ( Unicode )
အပိုင်း -၂ ( Unicode )
အပိုင်း - ၃ ( Unicode )
အပိုင်း - ၄ ( Unicode )
အပိုင်း - ၅ ( Unicode )
အပိူင်း - ၆ ( Unicode )
အပိုင်း -၇ ( Unicode )
အပိုင်း - ၈ ( Unicode)
အပိုင်း - ၉ ( Unicode )
အပိုင်း - ၁၀ ( Unicode )
အပိုင်း - ၁၁ ( Unicode )
အပိုင်း - ၁၂ ( Unicode )
အပိုင်း - ၁၃ ( Unicode )
အပိုင်း - ၁၄ ( Unicode )
အပိုင်း - ၁၅ ( Unicode)
အပိုင်း - ၁၆ ( Unicode )
အပိုင်း - ၁၇ ( Unicode )
အပိုင်း - ၁၈ ( Unicode )
အပိုင်း - ၁၉ ( Unicode )
အပိုင်း - ၂၀ ( Unicode )
အပိုင်း - ၂၁ ( Unicode )
အပိုင်း - ၂၂ ( Unicode )
အပိုင်း - ၂၃ ( Unicode )
အပိုင်း - ၂၄ ( Unicode )
အပိူင်း - ၂၅ ( Unicode )
အပိုင်း - ၂၇ ( Unicode )
အပိုင်း - ၂၈ ( Unicode )
အပိုင်း - ၂၉ ( Unicode )
အပိုင်း 30 ( Final )
Final ( Zawgyi)

အပိုင်း - ၂၆ ( Unicode )

979 82 3
By sekaibubblechoco


နေရောင်ခြည်တို့က လိုက်ကာကြားက အတင်းတိုးဝင်လာကာ နေ့သစ်ကို စတင်ဖို့ အစပျိူးနေကြသည်...

အလင်းရောင်ကြောင့် ကောင်းကောင်းအိပ်မရတော့တဲ့ Jongin မျက်လုံးတွေကို အလုပ်ပေးလိုက်ပြီး အနားမှာ အိပ်နေတဲ့ Sehun ဆီကို လက်လှမ်းလိုက်တယ်..

Jongin ဝယ်ပေးထားတဲ့ beanie မီးခိုးရောင် လေးနဲ့ အိပ်ပျော်နေတဲ့ ဦးက ဒီရက်ပိုင်း သိသိသာသာပိန်ကျသွားလိုက်တာ...

Jongin တမ်းတမ်းစွဲဖြစ်ခဲ့ရဖူးတဲ့ နှုတ်ခမ်းသွေးနီနီတို့ဟာ အခုတော့ ဖြူဖျော့ မှိန်ကျလု့ိ..

မျက်ကွင်းတွေ ချိူင့်ပြီးညိုပေမယ့် Jongin က နှလူံးသားနဲ့ ကြည့်သူမိူ့ ဦးဟာ ခန့်ညားဆဲ..

ငြိမ်းငြိမ်းချမ်းချမ်းအိပ်ပျော်နေတဲ့ Sehun ရဲ့ ယောကျာ်းဆန်ဆန် နဖူးပြင်ကျယ်ကို Jongin နှုတ်ခမ်းဖျားနွေးနွေးတို့ နဲ့ ဖိကပ်ကာ အနမ်းပေးမိသည်..

နောက်ဆို မနက်ခင်းဟာ တစ်ယောက်တည်း နိုးထလာရတော့မှာလားလိူ့ တွေးရင်း Jongin မျက်ရည်လည်လာရတယ်..

ဦးသာ ကျနော့်ကို ချစ်ရင် ထားသွားဖို့ဘဲ ပြင်ဆင်မနေပါနဲ့လားဗျာ... ကျနော့်တစ်ဘဝလုံး ဦးကဘဲ အမြဲကျောပေးတာ ခံရတဲ့ကောင်ပါ... ဒီတစ်ခါတော့

ကျနော့်ဘက်ကို လှည့်ကြည့်ပေးပါလား.. မမူန်းနိုင်အောင် ချစ်တဲ့ ကျနော့်ကို ဒီလောက်ထိလုပ်မှဖြစ်မှာလား..

Jongin မျက်ရည်သုတ်ကာ ဦးပါးကို ခပ်ဖွဖွနမ်းပြီး အိပ်ယာထဖိူ့ပြင်လိုက်တယ်...

၂ယောက်တည်း အေးအေးဆေးဆေးနေချင်လို့ လူပိုမရှိတဲ့ အိမ်မှာ ဦး အတွက် မနက်စာ ပြင်ပေးရဦးမယ်လေ..

---- / ---

မီးဖိုခန်းထဲမှာ ချက်ပြုတ်နေတဲ့ အသံတွေနဲ့ အနံ့မွှေးနေတဲ့ ဟင်းတွေရဲ့ အနံ့တွေက sehun ရဲ့ အသက်ရှိနေသေးတာကို သက်သေပြနေတဲ့ မနက်ခင်းပါဘဲ...

မီးဖိုခန်းထဲမှာ apron ဝတ်ထားတဲ့ ကောင်လေးတစ်ယောက် တလှုပ်လှုပ်နဲ့ sehun အတွက်ပြင်ဆင်နေမှာပေါ့..

မနက်ခင်းနိုးကတည်းက ကလေးငိုနေတာ sehun သိသည်..ဒါပေမဲ့ မျက်ရည်သုတ်ပေးဖို့တောင် လက်မလှမ်းရဲတဲ့ sehun က တကယ်ကို သတ္တိမရှိနေတာ ဖြစ်သည်...

အနားကိုခေါ်ထားတာ ဝေယျာဝစ္စလုပ်ဖို့ မဟုတ်ပေမယ့်

ဒီကောင်လေးမှ မကြင်နာရင် sehun အနားမှာ ကြင်မယ့်သူမရှိ...

အိပ်ယာပေါ်ကထကာ ရေချိုးခန်းထဲဝင်လိုက်တော့

ဆင်တူ သွားတိုက်တံ ၂ခုထဲက တစ်ခုကို အသင့်ပြင်ထားပေးတဲ့အထိ ကလေးက အသေးစိတ်ကျလာသုူ..

တကယ်တမ်း သူကတော့ပေးနိုင်ခဲ့တာ ငွေကြေးချမ်းသာမှုပြင်မရှိ.. စိတ်ချမ်းသာမှုတောင် သူကောင်းကောင်းမပေးနိုင်ခဲ့..

ဒါကြောင့် အနားမှာ ဆက်နေဖို့ သူမဝံ့ရဲပါချေ...

ထင်တဲ့အတိုင်းပင် မီးဖိုခန်းထဲဝင်သွားတော့ ကျောပေးကာ ချက်ပြုတ်နေတဲ့ကောင်လေး..

" မောနင်း ကလေး.. ကိုယ်နိုးပြီ.."

အနောက်ကနေ အသာသွားကာ ခါလေးကိုဖက်ပြီး jongin ပုခုံးပေါ် မေးတင်ရင်း sehun နှုတ်ဆက်တော့ ထင်ထားပုံမရတဲ့ ကောင်လေးက တစ်ချက်တော့ တုန်သွားလေရဲ့..

" ဦး.. နေကောင်းရဲ့လား.. "

နီရဲနေတဲ့ မျက်ဝန်းတွေနဲ့ ပါးပေါ်က မျက်ရည်တွေကို ကမန်းကတန်းသုတ်ရင်း sehun ကို လှည့်ပြုံးပြကာမေးတဲ့ ချစ်သူကို ကြည့်ရင်းsehun ဝမ်းနည်းရပါတယ်..

" ဘာလို့ ငိုနေတာလဲ ကလေးရဲ့...

တကယ်လိူ့ အရမ်းပင်ပန်းရင် အလုပ်သမားတစ်ယောက်နဲ့ ကိုယ်နေပါ့မယ်.. ကလေးအိမ်ပြန်လို့ရ"

" တော်.. တော်ပါတော့ oh sehun ရယ်..

ကျနော့်ရင်ကို ဘယ်နကြိမ်ခွဲမှာလဲ.. ကျနော့်ရင်ကို စုံကန်လိုက် အစိမ်းလိုက်ခွဲလိုက်နဲ့ ကျနော် ရှင်လျှက် ဘယ်နကြိမ်သေရဦးမလဲ.. ခင်ဗျား မျက်လုံးထဲမှာ ကျနော်က အနားမှာ နေရတာ ပင်ပန်းလို့ ငိုမယ့်ကောင်လို့ မြင်နေသလား."

သူကိုင်ထားတဲ့လက်ကိုရုန်းထွက်ပြီး မျက်ရည်တွေကျရင်း

ပြောလာတဲ့ Jongin စကားတွေကိုကြားမှ sehun သူပြောတမှားသွားမှန်းသိသည်...

သူပြောချင်တာ တကယ် အဲ့လိူမဟုတ်ပါ..

jongin ခံစားနေတာမမြင်ရက်တော့လို့သာ ဖြစ်တယ်..

" မဟုတ်ပါဘူး ကလေးရာ..ကိုယ်က မင်းကို မြင်ရတာ စိတ်မချမ်းသာလို့ ကိုယ့်အနားမှာ မနေစေချင်တော့တာပါ.. ကိုယ်က အချိန်တန်ရင် ထွက်သွားမှာမို့.."

" ဒီမှာ.. ကျနော်က ခင်ဗျားထွက်သွားချင်တောင် တစ်ယောက်တည်းသွားခွင့်မပေးဘူး.. အဲ့တာကို မှတ်ထား..

ဘဝမှာ တစ်ယောက်တည်း ချစ်ခဲ့တာ.. အဲ့တစ်ယောက်ကဆီက အသိမှတ်ပြုမခံရတဲ့ အချစ်တွေပိုက်ပြီး ခင်ဗျားထွက်သွားတဲ့ ဘဝဆီလိုက်လာဦးမှာ.. ခင်ဗျားမှတ်ထား.."

ပြောပြီး မီးဖိုခန်းထဲက ထွက်သွားတဲ့ Jongin နောက်ကို Sehun မလိုက်သွားမိ..

Jongin ထားပစ်ခဲ့တဲ့ စွတ်ပြုတ်အိုးက ပွက်ပွက်ဆူနေသလို sehun စိုးရိမ်စိတ်တွေ ဆောက်တည်ရာမရဖြစ်နေသည်..

တစ်ယောက်တည်း ထွက်သွားခွင့်မပေးဘူးဆိုတာက

Sehun ထင်သလို မဟုတ်ဘူးမလား..

အစွန်းဆုံးတစ်ဖက်ကိုရောက်ပြီးရင် လူတွေဘာကိုရွေးချယ်ပစ်ကြမလဲ.. sehun တကယ်မသိတော့ပါ..

" Jongin... oh jongin...

အပေါ်ကနေ အခုအဆင်းခဲ့.. ဆေးရုံတက်ဖို့ သွားစုံစမ်းကြမယ်..."

ရုတ်ချည်းဆန်တဲ့ sehun အပြုအမူကြောင့် အပေါ်ထပ်လှေကားထိပ်မှာ ထိုင်နေတဲ့ jongin ခေတ္တကြောင်သွားရသည်..

ဘယ်လောက်စိတ်ဆိုးဆိုး သူထွက်မသွားရက်ပါ..

အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့တဲ့သူက အချိန်မရွေးတစ်ခုခုဖြစ်သွားနိုင်တဲ့သူမို့ jongin ရင်ကွဲရပါလိမ့်မယ်...

"ဟင့် .. ဦး.."

ပြေးဆင်းလာတဲ့ jongin က sehun ကို သိုင်းဖက်ပြီး ငိုချလိုက်တာမှ သဲကြီးမဲကြီး...

" ကျနော် သေမယ်ဆိုမှ ဆေးရုံတက်ဖို့ ပြောရလား..

ခင်ဗျား တကယ်ကိူဘဲ ဘယ်လောက်ချစ်လဲပြောပြရင် ကျနော် သေသွားမှာစိုးလိူ့လား.. ခင်ဗျားကို အရမ်းမုန်းပစ်ချင်နေပြီ.. အီးးးဟီးးးး"

" တောင်းပန်ပါတယ်..မင်း အချစ်ကို တကယ်အထင်သေးခဲ့မိတာဘဲ.. ကြိုးစားပြီး ကုမှာမို့ မဟုတ်တာတွေမတွေးတော့ပါနဲ့.. ထပ်ပြီးတော့လည်း မငိုပါနဲ့တော့ "

Sehun ထက်ခေါင်းတစ်လူံးသာပုတဲ့ မျက်နှာလေးက မော့ကြည့်လာတာ မျက်ရည်စီးကြောင်းတွေနဲ့မို့ အသာသုတ်ပေးလိုက်ရင်း နဖူးချင်းထိထားလိုက်ကာ..

" ကိုယ်က အခုမှ ဒုတိယအဆင့်မို ကင်ဆာဆေးတွေသွင်းပြီး

ဓာတ်ရောင်ခြည်ကုရင် ရုပ်ဆိုးလာမှာနော်.. မင်း အနားမှာနေနိုင်ပါ့မလား... "

Jongin က သူ့ကိုအထင်သေးနေဆဲ sehun နဖူးကို နဖူးချင်းအသာ တိုက်ချပစ်လိူက်ရင်း..

" အခုရော ခင်ဗျားကို ခင်ဗျားအရမ်းချောနေသေးတယ်ထင်နေလား.. ကျနော်မို့လို့ အနားမှာ ရှိနေပေးသေးတာ.."

" ချစ်တယ် ကလေး.. အများကြီး.. Jongin

မင်းကို ဦး

အရမ်းချစ်တယ် "

Jongin ရဲ့ ကမ္ဘာကြီးရပ်တန့်သွားသလိုပင်...

ဦး အရမ်းချစ်တယ်ဆိုတာ တစ်ဘဝလူံူးမှာ မကြားခဲ့ဖူူသောစကား.. jongin ခေါ်နေကျ နာမ်စားလေးက ဒီလောက်ထိ ပျော်ရွှင်စေမယ်လို့ မတွေးခဲ့ဖူးပါချေ...

" ဦး ကို ကျနော်လည်း အရမ်းချစ်တယ်..

မခွဲနိုင်လို့ အနားမှာ အမြဲထားချင်တဲ့အထိဘဲ... "

ကြားလေတိူးလို့မရအောင်ပင် တိုးဖက်လာတဲ့ jongin ခန္တာကိုယ်လေးကို sehun ပြန်ဖက်ထားရင် ဆံပင်လေးတွေထဲ အသာနမ်းရှိုက်လိုက်ကာ..

" ဦး မင်းအတွက် အသက်ဆက်ရှင်ချင်တယ် ကလေး.."

------- ဦး -------

ဆက်ရန်..

Feedback ဖတ်ဖိူ့ထိုင်စောင့်နေပြီရှင့်..

Update ကမဆိုသလောက်လေးဘဲကြာတာနော်..ဟဲဟဲ

Continue Reading

You'll Also Like

20.3K 346 15
Love, lust, hate. So many acts of sin how will one live Hi this is my very first fan fic I hope you like it. Sorry of my spelling isn't grate and the...
373K 31.5K 44
လိမ်ညာတာကိုအရမ်းမုန်းတဲ့သူရယ်... မတတ်သာလို့လိမ်ညာနေရတဲ့သူရယ်... နှစ်ယောက်ကြား အချစ်တို့ပေါက်ဖွားလာတဲ့အခါ... #cv by me
467K 31.6K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...