အိမ်ထိန်းရော အဒေါ်ကြီးရော ji hun လေးတက်နေတဲ့ ဆေးရုံကိုသွားကြတာမိူ့ မီးဖိုခန်းထဲမှာ sehun တစ်ယောက်တည်း အလုပ်များနေရတယ်...
သားက သက်သာလာပြီမို့ sehun စိတ်အေးရပေမယ့် ကျောင်းက ပြသနာတွေကို အတွင်းရေးမှူးကိုလွှဲကာ Jongin အနားမှာဘဲ အချိန်ပြည့်နေနေတာ...
အဒေါ်ကြီးချက်သွားတဲ့ ထမင်းဟင်းတွေကို sehun ပန်းကန်ထဲ ထည့်နေရင်း ဇွန်းခြင်းကို တိုက်မိသွားကာ မီးဖိုခန်းတစ်ခုလူံးဆူညံသွားရတယ်...
တစ်ချက် မူးဝေသွားတဲ့ခေါင်းကြောင့် မြင်ကွင်းတွေကပြာသွားကာ မြင်လွှာတွေက ၂ထပ် ၃ ထပ်....
ရေခဲသေတ္တာကို ခဏမှီကာနားလိုက်ပြီး Jongin စားဖို့ ဗန်းကို အပေါ်ထပ်ကို အားတင်းကာယူလာလိုက်တယ်...
သော့ကို ဖွင့်ပြီး အခန်းထဲကို ကြည့်လိုက်တော့ လိုက်ကာတွေချထားလို့ မှောင်နေတဲ့ အခန်းထဲမှာ jongin က တိတ်တဆိတ်လေးနဲ့ ထိုင်နေတယ်...
Sehun သက်ပြင်းအသာချလိုက်ရင်း လိုက်ကာတွေလိုက်ဆွဲဖွင့်တော့မှ အခန်းကအလင်းရောင်ဝင်လာသည်..
Jongin ကတော့ Sehun ကိုလည်းမကြည့်သလို လုပ်နေတာကိုလည်းဘာမှမပြော...
" ကလေး ထမင်းစားရအောင်နော် .. "
Jongin သူ့အရှေ့မှာ စားပွဲခုံပုလေးနဲ့ ထမင်းဟင်းတွေလာချပေးတဲ့ sehun ကို ကြည့်လိုက်တော့ နှုတ်ခမ်းတွေပင်ဖြူဖျော့နေတာ မျက်နှာတစ်ခုလုံးက မို့ဖောင်းနေတယ်...
ဦး ဖျားနေတာလားဆိုပြီး စိတ်ထဲမှာ ထိတ်လန့်သွားပေမယ့်
အပြင်မှာတော့ ထုတ်မပြောဖြစ်...
ဇွန်းကိုကောက်ကိုင်လိုက်ရင်း စားစရာရှိတာကိုစားနေတဲ့ jongin ကိုကြည့်ရင်း sehun မျက်ရည်ပင်လည်လာရတယ်..
ကလေးရယ်... ကိုယ်မင်းကိုအစောကြီးထဲက မစွန့်လွှတ်ခဲ့ရမှာ...ဘာအကြောင်းနဲ့မှ မင်းကိုမတွေဝေဘဲ ဖမ်းဆုပ်ထားခဲ့သင့်တာ... ကိုယ်နောင်တတွေရလိုက်တာ..
" ကျနော်စားနေတာကို ထိုင်ကြည့်မနေနဲ့ oh sehun..
ဒီအခန်းထဲမှာ ဘယ်နရက်ထိကျနော်နေရမှာလဲ..
ကိုယ့်ဘဝကိုယ်လည်း ကျနော် စောက်ရမ်းစိတ်ပျက်နေပြီ..."
Jongin ဆီက တစ်ခါမှမကြားဖူးတဲ့ အသုံးနှုန်းတွေကြောင့်
Sehun ခါးတို့တောင့်မတ်သွားရသည်...
" jongin... ဘာလို့အဲ့လိုတွေပြောနေ.."
Sehun စကားပင်ဆူံးအောင်မပြောလိုက်ရ ထမင်းစားပွဲကို ဝုန်းခနဲထမှောက်လိူုက်တဲ့ Jongin ကြောင့် ထမင်းဖွေးဖွေးတွေက ကြမ်းပြင်ပေါ်မှာ အစီအရီ....
" အဲ့ထက်ပြောတာ ကြားချင်သေးလား ဟမ်.. oh sehun..!!
ခင်ဗျားကြောင့် ကျနော့် ဘဝဘယ်လောက်ထိ ဂယက်ရိုက်ခဲ့ရသလဲ ခင်ဗျားသိရက်နဲ့ အရှက်မရှိ ကျနော့်ကိူ အနားထပ်ခေါ်ထားတယ်.. ခင်ဗျားက.....!"
Jongin စကားပင်မဆုံူးသေးခင် ကြမ်းပြင်ပေါ်ဒူးထောက်ချလိုက်တဲ့ Sehun ကြောင့် ပြောလက်စစကားတွေပင် လေထဲ ပျောက်သွားရသည်....
" တောင်းပန်ပါတယ်... ပါးစပ် ၁၀ပေါက်ရှိရင်တောင် ဒီစကားကို ပြောတာ မလုံလောက်ဘူးဆိူတာသိပေမယ့် တကယ်ကို စိတ်ရင်းနဲ့ ကိုယ်တောင်းပန်ပါတယ်.... သင်ပုန်းမချေနိုင်ရင်တောင် ကိူယ့်အနားကတော့ ထွက်မသွားပါနဲ့ ကလေးရယ်..."
ဦးပုံရိပ်ကိုကြည့်ရင်း Jongin အံကိုကြိတ်ကာ မျက်ရည်တွေကို ထိန်းထားမိသည်....
" ဒီလိုတွေ လုပ်လို့်မထူးတော့ဘုူးလေ ဦးရယ်.."
ကြမ်းပြင်ပေါ်ကို ထိုင်ချလိုက်တဲ့ Jongin ကိုကြည့်ရင်း
Sehun စိတ်လျှော့ချလိုက်တာကြောင့်လားမသိ စိတ်ထဲ ဗလာကျင်းသွားကာ ဘာကိုမှမသိတော့...
ပျော့ဖတ်ခွေခေါက်သွားကာ အသိစိတ်မဲ့သွားတဲ့ sehun ကြောင့် Jongin ထိတ်လန့်သွားရသည်....
" ဦး..!!! သတိထားဦးလေ..! Sehun ..!!!"
ဖွင့်ထားတဲ့ အခန်းတံခါးကနေ ထွက်ပြေးဖို့ထက် sehun ကိုဘဲစိတ်ပုူနေတဲ့ ဒီလူ၂ယောက်ဇာတ်လမ်းမှာ ဘယ်သူကမှားနေခဲ့သလဲ မသိတော့လောက်အောင်ပါဘဲ...
----- / ------
" ဒီက Jongin ပြန်ရောက်နေပြီဆိုတော့ ကျနော် ပြောစရာရှိတာပြောချင်တယ်.."
Oh အိမ်တော်မှာ Jongin ရှိစဉ်ကတည်းက Family Doctor ဖြစ်ခဲ့တဲ့ ဆရာဝန်ကြီးစကားကြောင့် Jongin အသာလေးကိုယ်ကိုယိူ့ကာရပ်နေလိုက်သည်...
ကျနော်ပြန်ရောက်လာတာမဟုတ်တာမို့ ပြန်ထွက်သွားမှာလို့တော့ မပြောဖြစ်တော့....
" ကျနော် ဒီစကားကိုပြောရမယ့်လူမရှိလို့ အချိန်ကြာကြီး
တစ်ယောက်တည်းထိန်းသိမ်းခဲ့ရတယ်... Jongin နဲ့ Sehun ကြားမှာ ဘာပြသနာရှိလဲကျနော်မသိပေမယ့် sehun ကိုကယ်ပေးပါ..."
မျက်နှာမကောင်းစွာနဲ့ ဆိုလာတာကြောင့် Jongin ထိတ်လန့်စိတ်က လက်ဖျားတွေပင်အေးလာရသည်...
" sehun မှာ ပန်ကရိယကင်ဆာဖြစ်နေတယ်...
လွန်ခဲ့တဲ့၆လကတည်းက သိတာကို သူကဆေးတောင်မသောက်ဘဲ ပေတေပြီးနေနေတယ် Jongin.."
ကင်ဆာဆိုတဲ့ စကားကြောင့် Jongin ခြေထောက်တို့ခွေယိုင်မတတ် ဖြစ်သွားရသည်...
ဘယ်လိုစိတ်နဲ့များ နောက်ဆုံးထိသွားဖို့ စဉ်းစားနေလဲ oh sehun...
တကယ်ဘဲ ခင်ဗျားဘာတွေတွေးနေတာလဲ...
" အဲ့..တာ....... အဲ့တာက ခွဲစိတ်ရင် ပျောက်နိုင်တယ်မလား.."
တစ်ကိုယ်လူံးတုန်လှုပ်ကာ အသံတွေပင်တုန်သည်အထိ တုန်လှုပ်နေတဲ့ jongin ခေါင်းထဲမှာ sehun တစ်ယောက်ကလွဲရင် ဘာမှမကျန်ခဲ့တော့....
" ကင်ဆာဆိုတာက ကျနော်တို့ ဆရာဝန်တွေ ဘာမှအတိအကျမပြောရဲတဲ့ သေမင်းရဲ့လက်ပွားဘဲ... ဒါပေမဲ့ စောစောစီးစီး ကုသမှုခံယူတာက လူနာအတွက်အကောင်းဆုံးဖြစ်မှာပါ... Jongin မရှိတဲ့နောက်ပိုင်း ဆေးလိပ်ကို စွဲစွဲမြဲမြဲတရားလွန်သောက်ရာကနေ စတာဘဲ... ပြီးတော့ သူ့ခန္တာကိုယ်က အသက်ရွယ်အရရော ခံနိုင်ရင် နည်းသွားပြီ... "
Jongin တကယ်ပင် ဆက်မကြားရဲတော့ပါ....
လုပ်ချင်တာလုပ်ပြီး ပျော်ရွှင်နေခဲ့ရမယ့်သူက ဘာလို့ ဒီလိုတွေ...
" နောက်ထပ် ၆ လပါဘဲ Jongin...နောက် ၆လပြီးရင် မင်းကိုယ့်အနားကို လာစရာမလိုတော့ဘူး... ဒါကြောင့်မို့.."
အခန်းဝမှာခပ်ဖျော့ဖျော့ရပ်နေတဲ့ sehun က နှိုးလာတော့ Jongin ကိုမတွေ့ရလို့လိုက်ရှာနေပုံပါ...
" အဲ့တာကို ခင်ဗျား စကားလုပ်ပြောနေရလား oh sehun ..!
ခင်ဗျားသေမှာသိလား.. သေမှာဆိုတာရောသိလား..!!!
လုပ်ချင်တာတွေလုပ်ပြီးရင် ကျန်းမာအောင်တော့နေလေ.. ခင်ဗျား.'.!!!!"
Sehun သူ့ကို ထုရိုက်နေတဲ့ Jongin ကိုဆွဲဖက်လိုက်တော့ မရုန်းဘဲ ငြိမ်ကျသွားကာ ငိုရှိုက်သံကသာ ကျယ်လာသည်...
Sehun ရင်ဘတ်တစ်ခုလုံးစိုရွှဲကာ jongin ငိုရှိုက်နေသလို
သူကိုယ်တိုင်လည်း မျက်ရည်တွေကျနေခဲ့ပါတယ်...
အဆူံူးထိ မသိစေချင်ခဲ့ပေမယ့် သိသွားပြီဘဲ..
အရာအရာအတွက် ကိုယ်တောင်းပန်ပါတယ် ကလေးရယ်..
------ ဦး -----
ဆက်ရန်....
Vote က မတောင်းတော့ 500 ပြည့်ဖို့၃ရက်လောက်စောင့်ရတယ်... အခုလည်းမပြည့်သေးဖူး.. ကိစ္စတော့သိပ်မရှိ.. မှုတ်ရင် daily update နေရမယ် ㅋㅋ
Sad Ending လည်းကြိုက်ကြတယ်မလား...