၇နှစ်ကြာပြီးချိန်မှာ ပစ္စုပ္ပန်မှာ တည့်တည့်နေနိုင်ပြီဖြစ်တဲ့
ကျနော့် နှလုံးသားက အချစ်ဦးကို မေ့ပြီလားလို့မေးရင်
သတိရမနေတော့ပါဘူးလို့ အဖြေပေးနိုင်နေပြီဖြစ်သည်...
လက်တွေ့ဘဝထဲမှာ သိမ်းမထားသင့်တဲ့ အမှတ်တရတွေကို
ကျနော်ဖျောက်ဖျက်ပစ်နိုင်ဖို့ လုံလောက်တဲ့ အကြောင်းအရင်းများလည်းရှိပြီးပြီဖြစ်၏...
တစ်ဘဝလုံး သူ့ကိုဘဲ တမ်းတပြီး ရှင်သန်နေထိုင်ဖို့
မတန်ဘူးဆိုတာ သိပြီးတဲ့နောက်မှာပေါ့...
" မောင်ရေ... gommie လေးနိုးပြီလား မသိဘုူး..
သွားကြည့်ပေးပါဦး.."
မီးဖိုခန်းထဲမှာ မနက်စာချက်နေတဲ့ အနီရောင် apron နဲ့ အမျိူးသမီးစကားကြောင့် Jongin ခြေလှမ်းတွေ အပေါ်ထပ်ကို အပြေးလေး တက်ခဲ့မိတယ်...
ပန်းနုရောင် သုတ်ထားတဲ့ အခန်းတံခါးဝလေးမှာ အသာရပ်ကာ နားစွင့်မိတော့ အထဲက ခိူးခိူးခစ်ခစ် ရယ်သံလေးကြောင့် သမီးနိုးနေပြီဆိုတာ အသေချာ....
" ဟေး.. sweety .. mornee ..! "
သစ်သား ပုခက်လေးထဲက ၂နှစ်ခွဲအရွယ်သမီးငယ်က Jongin ကိုမြင်တဲ့အခါ ကစားစရာကိုချပြီး လက်လှမ်းတယ်...
ကလေးပီပီ နိုးတာနဲ့ ငိုတာမျိူး ဂျီကျတာမျိူး လူံးဝမရှိတဲ့ သမီးက တကယ်ကို သန္ဓေကောင်းတဲ့ ကလေး...
" ဒက်ဒီ မင်းသမီးလေး နှိုးနေတာ ရှုးရှုးပေါက်ချလိုက်လို့ကိုးကွ...! "
သမီးကိူ ချီမလိုက်တော့မှ အိပ်ယာတွေရော ရွှဲရွှဲစိုနေတာမြင်ရတော့ ဒီနေ့ အလုပ်ရှုပ်ဦးမယ့် အကြောင်းတွေးမိပြန်သည်..
သေးတွေစိုရွှဲနေတဲ့ သမီးကို ရေဝတ် တိုက်ပေး အပြာနုရောင် ဂါဝန်လေးဝတ်ပေးနေတဲ့ Jongin ကို သမီးက တစ်ခစ်ခစ်ရယ်ရင်းလိုက်ကြည့်နေတယ်...
မက်မွန်သီးလေးလို ပါး၂ဖက်က ရဲနေကာ ဆံပင်လေးတွေကပါ သန်ပြီး မဲနက်နေတဲ့ သမီးက တကယ်ကို Disney ရဲ့ ပူံပြင်တွေထဲက princess လေးတွေအတိုင်းပင်...
" ဟယ်... ဒီသားအဖ အခုလာခေါ်တော့မလို့..."
သမီးကို ချီပြီးအိမ်အောက်ဆင်းလာတော့ မနက်စာ ပူပူနွေးနွေးတွေကို ပြင်ဆင်နေတဲ့ အမျိူးသမီးတစ်ယောက်ရဲ့ အပြူံးချိူချိူလေးတွေ က မီးဖိုချောင်ထဲမှာ အလင်းတွေ ဖြာကျနေသလို...
သမီးကို Jongin လက်ထဲက လွှဲယူလိုက်ကာ ပါးချိူင့်လေးတွေ ပေါ်သည်အထိ ချော့မြူနေတဲ့ သူမကို အသည်းယားလွန်းတာကြောင့် ပါးချိူင့်လေးကို Jongin ငုံံ့နမ်းပစ်လိုက်သည်....
" ဟာ.. မောင်နော် သမီးရှေ့မှာ.."
မိန်းကလေးတန်မဲ့ ဆံပင်တွေစုစည်းထားရင် ပေါ်လာတဲ့ နားရွက်ကားကားလေးတွေ နီရဲသွားတာကို jongin အသည်းယားစွာ ကြည့်နေတော့ မျက်စောင်းခပ်ဖွဖွထိုးတာခံလိုက်ရတယ်...
" Daddy..! Popo ..."
Jongin ကို အားကျမခံ နှုတ်ခမ်းလေးထော်ပြနေတဲ့ သမီးကို တစ်ရှုံံရ့ှုံ့နမ်းရှိုက်လိုက်တော့ Jongin ချစ်ရတဲ့ မိန်းကလေး၂ယောက်ရဲ့ ရယ်သံလေးတွေ လေထဲလွင့်လာသည်...
" မောင်ဒီနေ့ တီဗီရှိုူးတစ်ခုသွားရမှာဆိုတော့ မမနေ့လည် ဆေးရုံကနေ off ယူပြီး သမီးကို ပြန်လာကြည့်မယ်... "
သမီးရဲ့ ဖြည့်စွက်စာခွက်ကိုကိုင်ရင်း တစ်ယုတစ်ယကျွေးနေတဲ့ ဇနီးကို Jongin ခေါင်းညိတ်ပြလိုက်ရင်း...
" မောင်က ဒီနေ့ နေ့လည် ၂နာရီလောက်သွားရမှာ.. မမ အမှီပြန်လာခဲ့နော်... ပြီးတော့ ကျနော် မရှိတုန်း သမီးကို ဆေးရုံခေါ်မသွားနဲ့... ဆေးရုံမှာက ရောဂါတွေစုံနေတာ ကျနော့်သမီးက နုနုလေးရယ်..."
မွေးထုတ်ထားရတဲ့ ကိုယ့်ထက်ပင် အကဲပိုလွန်းတဲ့ သမီးရဲ့ အဖေကို သူမ နည်းနည်းလေးစောင်းကြည့်လိုက်ရင်း...
" ဆရာလေး.. ကျမ က ဆရာဝန်ပါနော်...
ပြီးတော့ ကျမ ကလေးကို ကျမလည်းစောင့်ရှောက်နိုင်ပါတယ်..."
" ဟာ.. မမကလည်း စိတ်မကောက်ပါနဲ့... ကျနော်က စိတ်ပူလို့ပြောတာကို.."
ကလေးလို နှုတ်ခမ်းထော်ပြီးပြောလာတဲ့ အသက် ၅နှစ်လောက်ကွာတဲ့ ခင်ပွန်းသည်ကို chae ပြုံးရင်းနဲ့ဘဲ ငေးမိသည်...
လွန်ခဲ့တဲ့ ၇နှစ်ကတည်းက ကျမဘဝထဲကို ဝင်ခဲ့ပေးလို့ ကျေးဇူးပါ မောင်ရယ်....
သမီးရယ် မောင်ရယ် ရှိနေတဲ့ ဒီဘဝကို ဘာအကြောင်းနဲ့မှ အပျက်စီးမခံနိုင်တဲ့အထိ တန်ဖိုးထားလွန်းလု့ိပါ...
" မမရေ... ဘာတွေတွေးနေတာလဲ ...
ဆေးရုံသွားဖို့ နောက်ကျတော့မယ်.."
အတွေးလွန်နေရာမှ Jongin ရဲ့ လောဆော်သံ သူမရဲ့ လုှုပ်ရှားသံလေးတွေက သမီးရဲ့ရယ်သံလေးတွေပါပေါင်းကာ အိမ်ကလေး ဆူညံသွားပြန်တော့တယ်....
---//---
ဘဲရုပ်လေးတွေနဲ့ အလုပ်ရှုပ်နေတဲ့ သမီးကို ကြည့်ရင်း
နေ့လည်ယူသွားရမယ့် ပစ္စည်းတွေထည့်ရင်း Jongin အလုပ်ရှုပ်နေမိသည်...
ဆရာဝန် တစ်ယောက်နဲ့ လက်ထပ်ထားတဲ့ Jongin ရဲ့ မိသားစုလေးက ကျန်းမာရေးအတွက် မပူပင်ရပေမယ့် တစ်ယောက်ကိုတစ်ယောက် အချိန်ပေးနိင်ဖို့ အတော်ကြိုးစားရသည်...
လတ်တလော ထွက်ထားတဲ့ Jongin ရဲ့ ဝတ္တုက ထင်မှတ်ထားတာထက် ပိုအောင်မြင်နေတာမို့ SBS ရဲ့ အစီစဉ်တစ်ခုက ရုပ်မြင်သံကြားမှာပါဝင်ဖို့ဖိတ်ကြားခံထားရတာဖြစ်သည်....
အဖုံးအနီရောင်လေးနဲ့ ဝတ္ထုစာအုပ်လေးကို ကိုင်ထားရင်း Jongin အတွေးလွန်နေတာ သမီး ငိုသံကိုကြားမှ သတိရသည်...
" ဒက်ဒီ.!!! နာ.. နာ..!!"
သူ့ကိုခေါ်ရင်း စူးစူးဝါးဝါးငိုနေတဲ့ သမီးကို အပြေးချီလိုက်တဲ့အထိ လက်ပေါ်မှာငိုတုန်း...
ပတ်ဝန်းကျင် ကိုလေ့လာလိုက်တော့မှ jongin သမီးငြိမ်အောင်ပေးထားတဲ့ တူတ်ထိူးချိုချဉ်လေးက ကြမ်းပြင်မှာငြိမ်သက်နေကာ အနားမှာပုရွတ်ဆိတ်တွေက အုံလို့...
သမီးကိုပါကိုက်လိုက်တာမို့ ငိုနေခြင်းဖြစ်မည်...
နီရဲနေတဲ့ သမီးဖြေဖမိုးလေးကို Jongin ပွတ်သတ်ပေးနေရင်း မျက်ရည်ကလည်လာရပြန်သည်...
" တိတ်ပါ .. သမီးရယ်
ဒက်ဒီ အမှားပါ .. တောင်းပန်ပါတယ် .. သမီးကို ဒက်ဒီသေချာထိုင်ကြည့်နေရမှာ.."
သမီးအိပ်ပျော်သွားတဲ့အထိ အဖုလေးတွေ သီးနေတဲ့ သမီးခြေဖမိုးလေးကို ကြညိ့ရင်း မျကိရည်လည်နေသေးတာမို့
ဆေးရုံကပြန်ရောက်လာတဲ့ မမက အလန့်တကြားဖြစ်သွားတဲ့အထိ.....
အန္တရာယ်မရှိတာမို့ စိတ်ပူဖိူ့မလိုတဲ့အကြောင်း ပြောပေမယ့်
အိမ်ကထွက်လာပြီး အသံလွှင့်ရုံသွားတဲ့အထိ Jongin စိတ်တွေ လေးဆဲ...
စိတ်က တစ်စုံတစ်ခုကို ကြုံတွေ့တော့မလိုမျိူး လေးလံနေခဲ့တာ ဘာကြောင့်လည်း Jongin မတွေးတတ်ခဲ့ပါချေ...
---//---
ဆက်ရန်...
Plot ကို ဒီလိုဖြစ်မယ်လို့ မထင်ထားဖူူးမလား..😁
စာမေးပွဲတွေနီးနေပြီနော်.. စိတ်ဝင်စားစရာတွေကလည်းများသား... update တောင်းတာလေးလျှော့ကြပြီးစာလေးဘာလေးကျက်ကြပါဦး ..