အရေးပေါ်ခန်းရဲ့ မှန်တစ်ချပ်ခြားတဲ့ အနေအထားက ဒီလောက်ထိတ်လန့်ရမယ်လို့ sehun မတွေးမိဖူးပါ...
သွေးတွေ စွန်းထင်းနေတဲ့ လက် ၂ဖက်နဲ့ဘဲ မှန်ကို ဖိမှီထားရင်း အထဲက ဆရာဝန်တွေလက်ထဲမှာ လှုပ်ရှားမှုမရှိတဲ့ ပုံရိပ်လေးကို ကြောက်လန့်တကြား ငေးနေမိတယ်....
ရုတ်တရက်ကြီး jongin ကသွေးပေါင်တွေကျသွားပြီး နှလုံးခုန်နှေးကျသွားကာ ရပ်တန့်သွားတာမို့ ဆရာဝန်တွေ ပျာယာခတ်သွားသလို sehun မှာ အရူးမီးဝိုင်း...
" မလုပ်ပါနဲ့... Jongin... အဲ့လို မလုပ်ပါနဲ့...
ကျေးဇူးပြုပြီး... ထွက်မသွားပါနဲ့... Jongin..!!!!!"
Oh Sehun ရဲ့ သွေးရူးတန်းရူးအခြေနေကို သားမမြင်စေချင်ပေမယ့် Emma ဖူံးကွယ်ဖို့ မကြိုးစားပါ..
အဖေဖြစ်သူကို အံ့အားသင့်စွာ ငေးနေတဲ့ သားကိုကြည့်ရင်း..
" သား ကြည့်ထားနော်...
ယောကျာ်း ၂ယောက်ရဲ့ အချစ်က ကောင်းတာဖြစ်လာဖို့ မရှိဘူး..."
သားက နားမလည်ပေမယ့် Emma မဲ့ပြုံးပြုံးမိလားတော့မသိပါ..
Sehun ကို ချစ်ခဲ့တာမှန်ပေမယ့် အခုတော့ ကိုယ်မဟုတ်တဲ့တစ်ခြားတစ်ယောက်ကြောင့် သေမတတ်နာကျင်နေတာတွေ့တော့ မေတ္တာပင်မရှိတော့သလို....
" ပြန်ရအောင် သား.."
Sehun ကိုငေးနေတဲ့ သားလက်ကိုဆွဲကာ Emma ဆေးရုံအပြင်ဘက်ထွက်လာခဲ့လိုက်သည်...
ထွက်သွား Kim Jongin...
နှစ် 20 ကျော်နေထိုင်လာခဲ့ပြီးပြီဘဲ..
မရှိလည်း ဖြစ်တာမို့ ပြန်မလာပါနဲ့တော့....
" အသက်ကယ်ဆေးထိုးပေးပါ... အမြန်..!!
နှလုံးနှိုးစက်အသင့်လုပ်ထားပါ..."
Sehun မျက်တောင်တစ်ချက်မခတ်ရဲဘဲ အရေးပေါ် ခန်းရဲ့ရှေ့မှာ ကြောက်ရွံ့မှုတွေနဲ့ရပ်နေခဲ့တယ်...
တစ်ချက်...! နှစ်ချက်...!
သုံူးချက်..!!
မျဉ်းလေးပြန်မကွေးလာဘူး...
ဟင့်အင်း... မလုပ်ပါနဲ့.. Jongin ...
ကိုယ်ရုူးသွားလိမ့်မယ်... ကျေးဇူးပြုပြီး..
ထွက်မသွားလိုက်ပါနဲ့...
နောက်တစ်ချက်.!!!
Jonginဆီက တုန့်ပြန်မှုမရှိဘူး...
" အားးးး...!!! Kim Jongin ကျေးဇူူပြုပြီး အဲ့လိုမလုပ်ပါနဲ့.."
မှန်ကို ခေါင်းနဲ့ ဝင်ဆောင့်ရင်း အသိလက်လွတ်ဖြစ်သွားတဲ့ Sehun ကို လုံခြုံရေးတွေဆွဲထားပေမယ့် မျက်ဝန်းတွေ ဂဏာမငြိမ်ဖြစ်ပြီး တအားကြောက်လန့်နေတဲ့ သူတစ်ယောက်လိုဘဲ..
" နှလူံးပြန်ခုန်လာပြီ ခွဲခန်းထဲအမြန်ပို့ပါတော့...!
သွေးထွက်လွန်ထားတာမို့ သွေးအိတ်တွေ အဆင်သင့်ပြင်ထားပေးပါ..."
အပြင်ထွက်လာတဲ့ ဆရာဝန်ကြီးရဲ့ ခြေထောက်ကို ဖက်လိုက်တဲ့ Sehun က တကယ်ကို millionaire တစ်ယောက်ရဲ့imageတွေ ပျောက်ဆုံးနေခဲ့တယ်...
" ကျေးဇူးပြုပြီး... သူ့ကို ကယ်ပေးပါ..."
Sehun လက်ကို အသာဆွဲဖြုတ်လိုက်တဲ့ဆရာဝန်ကြီးက..
" လူနာက ဆေးလည်းသုံးထားတယ်...
ဆေးရုံရောက်တာလည်းအရမ်းနောက်ကျသွားတယ်..
ကျနော်အတတ်နိုင်ဆုံးကြိုးစားပေမယ့် စိတ်ကိုပြင်ဆင်ထားစေချင်တယ်..."
စကားလုံးတွေဆိုပေမယ့် ရင်ကို ခွင်းတဲ့မိုးကြိူးလို sehun ရင်ထက်ခြမ်းကွဲပါတယ်...
ဘုရားသခင် ....
အရာရာကို ကျနော်စွန့်လွှတ်မှာမို့ ကျနော့်ဆီ သူ့ကို
ပြန်ခေါ်ခဲ့ပေးပါ...
မထိုက်တန်တာ သိပေမယ့် လည်းပေါ့လေ...
-------- / -------
အစ......
" ဦးကို ချစ်တယ်...
ဒါပေမဲ့ ဦးက ကျနော့်ကို သူ့မွေးစားခလေးလေးလိုဆက်ဆံနေတယ် :3 "
Diary လေးကို အသာပိတ်ပြီး sehun ပြုံးလိုက်မိတယ်...
အိမ်အောက်ထပ်မှာ အသံစာစာကြားနေရတဲ့ ကလေးစုတ်က sehun ကို ချစ်သတဲ့လား..
ကိုယ်ကတော့ သူကကလေးရှိသေးတာမို့ ထိန်းသိမ်းနေတာကို သူကတော့ ချစ်နှင့်နေဘီ..
ပျော်တာပေါ့ ကလေးရယ်..
ကိုယ့်မှာတော့ အချိန်တန်ရင် မင်းကထွက်သွားမယ်အထင်နဲ့ အိန္ဒြေတွေထိန်းလိုက်ရတာ...
ဒီစိတ်ကလေးက ဆယ်ကျော်သက်လေးမို့ စိတ်ကစားတာမဟုတ်ပါစေနဲ့ ကလေးရယ်...
Leather အဖုံးအညိုလေးနဲ့ စာအုပ်လေးကို sehun ခေါင်းအူံးအောက်ပြန်ထည့်ပေးလိုက်ရင်း ကုတင်ဘေးက စားပွဲအံဆွဲကိုဖွင့်ကာ ဘုူးလေးတစ်ခုကို ထုတ်လိုက်တယ်...
ငွေဖြူထဲမှာ ပတ္တမြားလေးတစ်လူံးမြှုပ်ထားတဲ့ လက်စွပ်လေးက ဘုူးထဲမှာ ဝံ့ကြွားလို့...
တစ်နေကုန်သည်အထိ ရတနာဆိုင်မှာ sehun ကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့ရတဲ့ လက်စွပ်လေးက သည်ကလေးလေး အထက်တန်းပြီးတဲ့နေ့မှ ဖွင့်ပြောဖို့ ရည်ရွယ်ထားတာ...
အခုတောင် စာထဲအာရုံအပြည့်မရှိတဲ့ အဆိုးလေးက sehun သာဝန်ခံလိုက်ရင် အလိုလိုက်ပြီး အတန်းတက်လာဖို့မရှိတော့..
၁၅၀၀ အချစ်နဲ့ စခဲ့တာမဟုတ်ပေမယ့် သိပ်ကိုဖြူစင်တဲ့ ဒီကလေးလေးအနားနေရင်း တကယ်ကို sehun ငြိတွယ်လာတာဖြစ်သည်....
သိသိသာသာရော မသိမသာပါ ရင်ခွင်ကို ဆံပင်ပျော့လေးတွေနဲ့ တိုူးဝှေ့တိုင်း sehun လူပျိူဖြန်းလေးလို ရင်ခုန်ရအောင်
သည်ကလေးက စွမ်းသည်...
ဦး လိုခေါ်ရင်း မျက်နှာသာမပေးတတ်တဲ့ sehun ကို
ဆိုးဆိုးနွဲ့နွဲ့လုပ်တတ်သလို ဆူလိုက်တိုင်း မျက်ရည်လေး လည်တည်တည်နဲ့ နှုတ်ခမ်းလေးဆူထွက်လာတာက အကောင်ပေါက်လေးလို...
သူငိုတိုင်း မသိမသာနဲ့ ဖူံးကွယ်ရတဲ့ ရင်နာခြင်းတွေ သည်ကလေးသိပါလေစ...
ဆူလိုက်ပြီးတဲ့ညတိုင်း အဆိုူးလေးကသာ ဘေးနားမှာ တရှုးရှုူးနဲ့ အိပ်ပျော်ပေမယ့် sehun မှာ သူ့ကိုထိုင်ကြည့်ရင်း တစ်ညလူံး ငုတ်တုတ်...
အညိုရောင် ဆံပင်ပျော့လေးတွေ..
Sehun ကိုလာဖက်တွယ်တတ်တဲ့ လယ်ချောင်းသွယ်သွယ်လေးတွေ..
တစ်ခါတစ်လေ သိသိရက်နဲ့ အူကြောင်ကြောင်ပုံလုပ်ပြတဲ့ အပြုအမူလေးတွေ..
Sehun နှလုံးသားကို အရင်းကနေပါ ဆွဲခါနေသလိုပင်...
မင်္ဂလာဆောင်တုန်းက sehun ကို ကြုံးဖက်ထားတဲ့ Jongin ပုံလေးကိုကြည့်လိုက်မိကာ sehun တကယ်ကို သဘောတကျနဲ့ ရယ်မိတယ်..
ချစ်လိုက်တာ ကလေးရယ်...
- မင်းက သည်လိုဖြူဖြူစင်စင်ကလေးကို ချစ်ဖို့တန်လို့လား oh sehun ... မင်းရဲ့ ညစ်ပတ်နေတဲ့ အတိတ်က သူနဲ့ တန်လို့လား..-
ရုတ်တရက်ကြီး ခေါင်းထဲ ဝင်လာတဲ့ အတွေးကြောင့် sehun မိုက်ခနဲပင်ဖြစ်သွားရသည်....
-မင်းကျူးလွန်ထားတဲ့ မိန်းကလေးအပေါ်အရှက်မရှိဘုူးလား
Oh Sehun ... အခု နောက်တစ်ယောက်ဘဝကို ဖျက်စီးဖိုူ့ကြံနေပြန်ဘီ... မင်းက လူယုတ်မာဘဲ sehun ...-
" အား... တော်ပါတော့...! "
Sehun ကုတင်တိုင်ကို အားပြုရင်းဘဲ လဲကျသွားတယ်...
မရည်ရွယ်ဘဲ မှားခဲ့တာပါ..
တာဝန်လည်းယူမှာမို့ ကျေးဇူူူပြုပြီး မခြောက်လှန့်ပါနဲ့တော့..
Jongin နဲ့ လည်း မတန်တာမို့ အဝေးဆုံးမှာနေမှာပါ..
ဒါကြောင့်မို့ ကျနော့်ကို ဒီအတွေးတွေနဲ့ မခြောက်လှန့်ပါနဲ့တော့....
မျက်ရည်တွေနဲ့ sehun မော့ကြည့်လိုက်တော့ မှန်ဘောင်ထဲက ကျောင်းဝတ်စုံနဲ့ Jongin ကအဖြူစင်ဆုံးပြုံးနေခဲ့တယ်...
အနားမှာရှိပေမယ့်ဝေးလိုက်တာ ကလေးရယ်...
ကိုယ်ကမင်းနဲ့ တကယ်မတန်ခဲ့ဘုူး...
မိန်းမတစ်ယောက် နဲ့ ကိုယ့်အတိတ်က မလှခဲ့ဘူး ကလေး...
မင်းသိရင် ကိူယ့်ကို သိပ်ရွံသွားမှာဘဲ...
မြင်ရတိုင်း အချစ်တွေ တိုူးရလွန်းတဲ့ မင်းမျက်နှာလေးကြည့်ရင်း ကိုယ်အချိန်တိုင်းစိုးရိမ်နေရတာတွေ ကလေးမသိချင်ပါနဲ့တော့...
တကယ်ကို ပြင်မရတဲ့ အမှားတွေကြားမှာ ကိုယ်က တကယ်ကို အရာရာနောက်ကျနေခဲ့ပြီ...
မျက်စိရှေ့က Jonginမျက်ရည်စတွေ လူတွေမြင်နိုင်ခဲ့ပေမယ့်
ကွယ်ရာက sehun သောကတွေအတွက်က ကိုယ်ချင်းစာစိတ်မဲ့ခဲ့ကြပါတယ်...
ဘယ်တတ်နိုင်မလဲ ...
ဒါ sehun ကိုယ်တိုင် တိုးဝင်ခဲ့တဲ့ ကျိန်စာဘဲ...
------ / ------
ဆက်ရန်..
Update မကြာဝူးနော်..
Update ကြာလို့ ငြိုငြင်တယ်မပြောနက်.. ငိုမှာ :')