| ဦး | Zawgyi + Unicode [ C...

נכתב על ידי sekaibubblechoco

219K 28.7K 2.6K

ဦးက ........ က်ေနာ့္ကို ........ မခ်စ္ဘူး......... ဦးက ..... ကျနော့်က... עוד

အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၎
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း - ၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း -၂၇
အပိုင်း -၂၈
အပိုင်း - ၂၉
အပိုင်း - ၁ ( Unicode )
အပိုင်း -၂ ( Unicode )
အပိုင်း - ၃ ( Unicode )
အပိုင်း - ၄ ( Unicode )
အပိုင်း - ၅ ( Unicode )
အပိူင်း - ၆ ( Unicode )
အပိုင်း -၇ ( Unicode )
အပိုင်း - ၈ ( Unicode)
အပိုင်း - ၉ ( Unicode )
အပိုင်း - ၁၀ ( Unicode )
အပိုင်း - ၁၁ ( Unicode )
အပိုင်း - ၁၂ ( Unicode )
အပိုင်း - ၁၄ ( Unicode )
အပိုင်း - ၁၅ ( Unicode)
အပိုင်း - ၁၆ ( Unicode )
အပိုင်း - ၁၇ ( Unicode )
အပိုင်း - ၁၈ ( Unicode )
အပိုင်း - ၁၉ ( Unicode )
အပိုင်း - ၂၀ ( Unicode )
အပိုင်း - ၂၁ ( Unicode )
အပိုင်း - ၂၂ ( Unicode )
အပိုင်း - ၂၃ ( Unicode )
အပိုင်း - ၂၄ ( Unicode )
အပိူင်း - ၂၅ ( Unicode )
အပိုင်း - ၂၆ ( Unicode )
အပိုင်း - ၂၇ ( Unicode )
အပိုင်း - ၂၈ ( Unicode )
အပိုင်း - ၂၉ ( Unicode )
အပိုင်း 30 ( Final )
Final ( Zawgyi)

အပိုင်း - ၁၃ ( Unicode )

887 91 5
נכתב על ידי sekaibubblechoco


Jongin ကျိန်းစက်နေတဲ့ မျက်လူံးတွေကို ဖွင့်ကြည့်တော့

ရင်းနှီးနေတဲ့ အခန်းကြောင့် ကိုယ့်အခန်းထဲမှာဆိုတာ သိလိုက်တယ်.....

ကုတင်ဘေးစွန်းမှာ လက်ပေါ်မှောက်ရက် အိပ်နေတဲ့ လူတစ်ယောက်ကို မြင်တဲ့အခါ Jongin မျက်ရည်တွေ ဝိုင်းလာရသည်....

ဘာလို့လဲ ခင်ဗျားရယ်....

လုပ်ချင်သလိူတွေလုပ် ဖြစ်ချင်သလိုတွေ ဖြစ်ပြီးတော့မှ ဒါတွေက ဘာသဘောလဲ....

ကျနော့် အိမ်မက်တွေကို ရိုက်ချိူးခဲ့တာ ခင်ဗျား ကိုယ်တိုင်ဘဲ

Sehun .....

ကုတင်တစ်ဖက်ကနေ အသာဆင်းလိုက်ပေမယ့် အအိပ်ဆတ်တဲ့ sehun က ခေါင်းထောင်လာတယ်....

မနေ့က suite နဲ့မဟုတ်ဘဲ Jongin ရဲ့ T shirt တစ်ထည်နဲ့ ဦးက သိပ်ကို ပေါ့ပါးလွန်းနေသလားလို့လေ...

အရင်က သိပ်မကွာတဲ့ size ကြောင့် ဦးရဲ့ underwear ကအစ Jongin ယူဝတ်ဖူးပေမယ့် အခုတော့ မနှစ်သက်မိတော့.....

နာလွန်းလို့များ ဦးကို ချစ်တဲ့ အချစ်တွေ သေသွားသလားလေ...

" ကိူယ်ပူနေသေးလား.."

အနားက ရေဇလူံတွေကို ကျော်ခွပြီး Jongin အနားကို ရောက်လာတဲ့ sehun က အိမ်ပြန်ချိန်တွေလွန်နေတာကို မပူတော့တတ်ဘူးလား...

ဘုတ်သိုက်ဖြစ်နေတဲ့ jongin ဆံပင်ခပ်ရှည်ရှညိတွေကို sehun က သူ့ရဲ့လက်သွယ်သွယ်တွေနဲ့ သပ်ရပ်သွားအောင် ပြုပြင်ပေးရင်း....

" ဒီနေ့ ကျောင်းသွားအပ်ရအောင်နော်.."

ကလေးချော့သလို လာချော့နေတဲ့ မျက်စိရှေ့က sehun ကို Jongin စိတ်ပျက်သလိုကြည့်လိုက်ပြီး ကုတင်ခြေရင်း ဗီရိုအံဆွဲကို သွားဖွင့်လိုက်သည်....

" ဘယ်မှာလဲ...!! ဒီထဲက ကျနော့် ဆေးလိပ်တွေ ဘယ်မှာလဲ...!!"

ဒါဇင်ပေါင်းများစွာ jongin ဝယ်ထည့်ထားခဲ့တဲ့ ဆေးလိပ်တွေက အခု အစအနပင်မမြင်ရ...

" ကိုယ်ပစ်လိုက်ပြီ Jongin..."

Jongin ဒေါသထွက်စွာနဲ့ Sehun ရဲ့ ပုခူံးတစ်ဖက်ကို အားနဲ့ တွန်းလိုက်ကာ ...

" ဘာတွေ လာလုပ်နေတာလဲ ခင်ဗျား...

ကျနော့် အိမ်က ပစ္စည်းက ခင်ဗျားစီမံစရာလိုလား...

ထွက်သွား...! ကျနော့် အိမ်ကနေ ထွက်သွား...!"

ဒေါသထွက်နေတဲ့ Jongin က ကျားနာဆိုတာ

Sehun သဘောပေါက်ခဲ့ပါတယ်...

အရင်ကတည်းက နားလည်ရခက် ကိုင်တွယ်ရတဲ့

ထိုကလေးက အခုတော့ ပို၍ပင်...

" ကောင်းပြီ... ကိူယ်ပြန်မယ်...

မင်းမှာ သင့်တော်တဲ့ အုပ်ထိန်းသူမရှိမချင်း စောင့်ရှောက်ရမယ့် တာဝန်ကိူယ့်မှာရှိတယ်..."

Sofa ပေါ်က အင်္ကျီနဲ့ အိတ်တို့ကို sehun ကောက်ယူကာပြောလိုက်တော့ Jongin ကခပ်ကျယ်ကျယ်ဘဲ အော်ရယ်တယ်...

" လွန်ခဲ့တဲ့ နှစ်လနီးနီးမတိုင်ခင်က ဒီစကားတွေ ပြောခဲ့ရင် ကျနော် ယုံမိမယ်ထင်တယ်....မိသားစူလိုက်

သွေးအေးအေးနဲ့ ကိုယ်လုပ်ချင်တာလုပ်ပြီးမှ ဘာတွေ လာကြေကွဲနေတာလဲ ခင်ဗျားရဲ့.... ထွက်သွားစမ်းပါဗျာ...

နောက်ကျနော်သေတောင် မလာနဲ့...!"

Jongin ရဲ့ နောက်ဆူံးစကားကြောင့် Sehun မျက်နှာ ကွက်ခနဲ...

jongin ပုခုံးတွေကိူဘဲ ဆုပ်ကိုင်တော့မလို ရင်ခွင်ထဲဘဲ ထည့်ဖက်တော့မလိုနဲ့ sehun က တိူးတိုးတိတ်တိတ် ကလေးရာလို့ မချင့်မရဲ ရေရွတ်ရင်း အခန်းထဲက ထွက်သွားတော့တယ်...

ကြမ်းပြင်ပေါ်ကို Jongin ခြေပစ်လက်ပစ်ထိုင်ချလိုက်ရင်း

ကျလာတဲ့ မျက်ရည်တွေကို သုတ်ပစ်သည်...

မငိူစမ်းနဲ့ Jongin...

ဒုတိယ အကြိမ် အလှည့်စားမခံနဲ့...

အခန်းထဲ ဘယ်သူမှ မရှိတော့မှ ကုတင်အောက်က ဝှက်ထားတဲ့ အံဝှက်ထဲက ဆေးလိပ်တစ်လိပ်ကို Jongin မှီးညှိလိုက်ကာ အခန်းထောင့်ကို တိုးကပ်သွားလိုက်တယ်...

တစ်စ နှစ်စ ရှိုက်ဖွာရင်း ဦးနဲ့ စတွေ့ခဲ့ဖူးတဲ့နေ့တွေဆီ..

ပျော်ခဲ့ဖူးတဲ့ နေ့တွေက Oh Sehun ဆီ Jongin အလည်သွားလိုက်သည်...

အပြင်က ဦးကို Jongin မလိုအပ်တော့ဘူး...

Jongin မကြာခဏ သွားတွေ့တတ်တဲ့ ဦးက Jongin ကို နာကျင်အောင် မလုပ်ဖူး....

ပြီးတော့ ဒါကြောင့်မို့ Jongin လက်တွေ့ဘဝထဲကို ပြန်မလာချင်ဘူး...

----------- 🍎---------

" မောင်.. ဘယ်တွေ သွားနေတာလဲ...

သားက တစ်ညလူံး မောင့်ကိုရှာနေတာ...!"

ဖုန်းဆက်လည်းမကိုင် companyမှာလည်းမရှိတဲ့ sehun ကြောင့် Emma တိူ့ သားအမိစိတ်ပူနေမယ်ဆိုတာ အသေအချာ...

" ဆောရီး.. မောင် ကိစ္စနည်းနည်းရှိလို့...!"

" မောင်... အဲ့ဒီကောင်လေးဆီသွားတာမလား.

Emma ဒီအရွယ်ရောက်မှ မောင့်ကို ကောင်လေးတစ်ယောက်ဆီက ပြန်မလုချင်ဘုူးမောင်ရယ်... Emma ကိူယ့်နေရာကို ပြန်ယူပေမယ့် သားသာမရှိရင် မောင်က Emma ကိုရွေးချယ်ပါ့မလားတောင် မသိတဲ့အထိ မောင်အဲ့ဒီကောင်လေးကို သံယောဇဉ်တွယ်နေခဲ့တာလေ... Emma မသွားပါနဲ့လို့ ကတိတောင်းထားပါရက်နဲ့ မောင်ရယ်...ပြီးတော့ သားကို Emma လို မိဘမဲ့မျိူးမကြီးပြင်းစေချင်တာမောင်သိရက်နဲ့..."

ဇနီးဖြစ်သူက မျက်ရည်လေးစမ်းတမ်းတမ်းနဲ့ sehun ကို အယူခံဝင်တော့ ပွေ့ဖက်ကာ နမ်းရှုံ့လိုက်ရင်း sehun မျက်ရည်တွေကို သုတ်ပေးတယ်...

" မောင်.... နောက်တစ်ခါ မသွားတော့ပါဘူးလို့ ကတိပေးတယ်..:. ဒါပထမဆူံးနဲ့ နောက်ဆူံးဘဲ... မငိုနဲ့တော့နော်... ညနေကျရင် သားကိုကျောင်းအတူတူသွားကြိုရင်း အပြင်မှာ dinner စားကြမယ်...."

ဇနီးသည်မျက်နှာ ကြည်လင်သွားမှ sehun သက်ပြင်းအသာချမိတယ်....

သံယောဇဉ်သက်သက်သာဆို မောင်ဒီလောက်ပုူလောင်နေရပ့ါမလား Emma ရယ်...

လက်ကို ဆူပ်ကိုင်ထားတဲ့ Emma လက်တွေကို မြဲမြဲမြံမြံ sehun ကိုင်ထားမိပေမယ့် တစ်ယောက်တည်း ကျန်ခဲ့တဲ့ ကောင်လေးကို sehun စိတ်ပူနေမိပါသေးတယ်....

ဒါပေမဲ့လည်း နောက်ရက်သွားကြည့်ဦးမယ်ဆိုတဲ့ အတွေးလေးကတော့ အသက်မဝင်နိုင်ရှာတော့....

ကောင်လေးရေ... ကျေးဇူးပြုပြီး ငါမရှိဘဲ လိမ်လိမ်မာမာနေပါလားကွာ.....

-------- 🍉--------

'

ဆက်ရန်....

နေ့တိူင်း update ဖြစ်အောင် ဘာဆေးသောက်ရလည်းဟင်🙄

המשך קריאה

You'll Also Like

2.7K 155 4
⚠ warning ⚠ ပေးပါတယ် သဘောမကျတဲ့သူမျိုးဆို လုံးဝ မဖတ်ကြဖို့ တောင်းဆိုပါတယ် fic ကို fic လို့ပဲသဘောထားပြီးဖတ်ပေးစေချင်ပါတယ် ဘာပြဿနာမှလဲ ကျွန်တော်မလိုခ...
372K 31.5K 44
လိမ်ညာတာကိုအရမ်းမုန်းတဲ့သူရယ်... မတတ်သာလို့လိမ်ညာနေရတဲ့သူရယ်... နှစ်ယောက်ကြား အချစ်တို့ပေါက်ဖွားလာတဲ့အခါ... #cv by me
28K 1.8K 28
Zawgyi code planကmeanကိုတစ်ဖက်သတ်ကြိုက်တဲ့ficပါmeanကတော့planကိုမုန်းတဲ့သူတစ်ယောက်ပါ Unicode planကmeanကိုတစ်ဖက်သတ်ကြိုက်တဲ့ficပါmeanကတော့planကိုမုန်းတ...
22.2K 531 10
Being the only female Marauder was quite difficult, with my brother James being protective over me, and at one point in time Peter and Sirius liked m...