ဆူညံနေတဲ့ ဧည့်ခန်းရဲ့ လှေကားရင်းမှာ ထိုင်နေတဲ့ Jongin ကတော့ အသက်မဲ့တဲ့လူလို...
" ဘာလို့လဲ..မမ..!!! ဘာလို့ သိသိကြီးနဲ့ Emma ကိုအဝေးပို့ပြီး ဘာလို့ ကျနော့်ကို Jongin နဲ့ အတင်းပေးစားခဲ့တာလဲ..!!!"
ဦးရဲ့ ဒေါသတကြီးနဲ့ မေးခွန်းထုတ်သံတွေက Jongin နားထဲကနေ ဝေးသွားလိုက် နီးသွားလိုက်...
ကလေးကို ချီပြီး အခန်းထဲ ဝင်သွားတဲ့ မိန်းမတစ်ယောက်ရဲ့ ခြေလှမ်းတွေက Jongin ရဲ့နှလုံးသားပေါ် ဖြတ်လျှောက်နေသလိုပါဘဲ....
" oh Sehun ..!! ငါတို့ အခုထိလည်း သဘောမတူနိုင်ဘူးနော်...
မင်းတို့ အလုပ်သင်ဘဝတူန်းက နယ်ကျွံခဲ့ကြတာ ပထမအမှားဆိုရင် အဲ့ကလေးကို မွေးလိုက်တာ ဒုတိယအမှားဘဲ...
ဘယ်လိုအဆင့်တန်းကနေလာမှန်းမသိတဲ့ မိန်းမတစ်ယောက်ကိုရော အဲ့ကလေးကိုရော ငါတို့ မျိူးရိုးထဲ မထည့်နိုင်ဘူး..."
Jongin လှေကားရင်းမှာဘဲ ဦးနဲ့ ကြီးကြီးတို့ရဲ့ ရန်ပွဲကို ကြည့်ရင်း အသက်ရှုကြပ်လာသလိုတောင် ခံစားလာရသည်...
ကြီးကြီးတို့က ခလေးလေးရှိမှန်းသိရက်နဲ့ ဦးတို့ကို ခွဲပစ်လိုက်ပြီး Jongin နဲ့ ဦးကို လက်ထပ်ပေးခဲ့တာပေါ့လေ....
ဦးက အခု သူ့ရဲ့ အချစ်ဦးကို ပြန်တွေ့ပြီဖြစ်သလို ဦးမမျှော်လင့်ထားတဲ့ လက်ဆောင်ပါရှိနေပြီးသား...
ဒါဆို Jongin ကရော...! Jongin ကရော ဘယ်လိုဆက်ဖြစ်မှာလဲ...
" မမ..!!! အဲ့တာ ကျနော့်သား..!!! ကျနော့်မျိုးဆက်.. !!
မမတို့ ပေးစားထားတဲ့ Kim Jongin က မပေးနိင်တာကို
Emma တစ်ယောက်ကဘဲ ကျနော့်အတွက် ဖန်တီးထားပေးနိုင်တာ..!!!"
" ဖြန်း...!!!"
ကြီးကြီးရဲ့ လက်ဝါးကြောင့် ဦး မျက်နှာလည်ထွက်သွားသလို
Jongin ရင်တွေနာလွန်းလို့ ဘာမှပင်မကြားရတော့သလို..
ကျနော်က ..... ကျနော်က ဦးကိုချစ်လို့ လက်ထပ်ခဲ့ရုံလေးပါ..
ဒါပေမဲ့ ဘာလို့များ ကျနော်ဟာ ဗီလိန်ကြီးတစ်ယောက်လို ခံစားနေရတဲ့အပြင် ဘာမှအဖြစ်မရှိတဲ့သူလို ခံစားလာရတာလဲ....
ပြီးတော့ ကျနော် ကလေးမမွေးနိုင်တာကို ဦးက နာကျင်နေခဲ့သလား...
" Hun တော်တော့...!!!!"
အခန်းထဲက ပြေးထွက်လာတဲ့ ထိုအမျိူးသမီးက ဦးလက်ဖဝါးတွေကို ဆူပ်ကိုင်လိုက်ကာ..
"မမ.!! မမတို့ အတ္တတွေကြောင့် ကျမရော Sehun ရော နာကျင်ခံစားခဲ့ရပြီးပြီ... ပြီးတော့ အခု ကျမတို့ သားလေး..!! မမတို့ လုံလောက်ပြီလို့ ကျမထင်တယ်... Hun ရော ကျမရော ကိုယ့်ခြေထောက်ပေါ် ကိုယ်ကောင်းကောင်းရပ်နိုင်နေပြီမို့ မမတို့ ခွင့်ပြုချက်တွေ မလိုတော့ဘူးလို့ထင်တယ်... ပြီးတော့ သားအတွက်ရော ကျမအတွက်ရော Hun ကို လိုအပ်တယ်..."
ဧည့်ခန်းထဲက လူ၃ယောက်ဟာ ကိုယ်အတ္တတွေကိုယ်ပုံဖော်ရင်း သူတိူ့ကြိုးဆွဲရာကခဲ့ရတဲ့ ကလေးသာသာ ကောင်လေးကိုတော့ မေ့ကူန်ကြပြီထင်ပါတယ်...
Jongin ရဲ့ ရယ်လိုက်ရင် သိပ်လှတဲ့ မျက်ဝန်းလေးတွေက အခုတော့ မျက်ရည်တွေအပြည့်နဲ့ ဝိုင်းစက်နေရင်း ထိုလူ၃ယောက်ကို ဘဲ နာကျင်စွာနဲ့ ငေးကြည့်နေတယ်...
သူတို့ စကားတွေက Jongin နှလုံူးသားကို အပ်နဲ့ထိုးနေသလို တစစ်စစ်နဲ့...
ဘာဆက်လုပ်ရမယ်မှန်းတာမို့ Jongin လမ်းပျောက်နေသလို ခံစားချက်မျိူးနဲ့ တိုးဝင်ပြီး ငိုစရာ မိဘရင်ခွင်လည်းမရှိတော့ပါ....
ဦးကိုဘဲ မျှော်ကြည့်ခဲ့ပြီး ဒီအိမ် ဒီနေရာကိုဘဲ ထာဝရ ကိုယ့်အသိုက်အမြုံလို့ Jongin ထင်ခဲ့ဖူးတာ...
" ကျနော် တောင်းပန်ပါတယ်... တော်ကြပါတော့.."
ယိုင်နဲ့ နေတဲ့ ဒူးတွေကို အားတင်းရင်းဘဲ Jongin ထရပ်လိုက်တော့ ရင်ထဲက တစ်လှပ်လှပ်နဲ့...
Jongin ကို အခုမှ သတိရသွားသလို လှည့်ကြည့်ကြတဲ့ သူတွေကို Jongin ကြည့်ရင်း..
ဒီလိုကြည့်တော့လဲ ဦးတို့က သိပ်လိုက်ဖက်တာဘဲနော်...
သိမ်ငယ်လာတဲ့ စိတ်တွေတိုးဝင်လာတာက သူများ မိသားစု ပြန်ပေါင်းခန်းမှာ ကန့်လန့်ဖြစ်နေတဲ့ ကိုယ့်ဖြစ်တည်မှုကြောင့်လား....
Kim Jongin က မပေးနိုင်ဘူးဆိုတဲ့ Daddy ခေါ်မယ့် ကလေးလေးကြောင့်လား...
" Nini လေး... ကြီးကြီးတောင်းပန်ပါတယ် ကလေးလေးရယ်.. ကလေးဘယ်မှ မသွားရဘူး .. ဒီမှာဘဲနေရမယ်နော်.."
မျက်ရည်လည်ရွဲနဲ့ Jongin လက်ကိုလာဆုပ်ကိုင်တဲ့ ကြီးကြီး မျက်ဝန်းမှာ Jongin ကိုဘယ်လောက်သံယောဇဉ်ရှိလဲ မြင်နေရပေမယ့် Jongin နာကျင်နေခဲ့ပါပြီ....
ဦး တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတဲ့ သူမ လက်မဟုတ်ဘဲ ကျနော့် နှလုံူးသားများလား ဦးရယ်...
နာကျင်ရလွန်းလို့ အသက်ရှုတောင် မဝချင်တော့ဘုူး...
ဦးလည်း ဒီအတောအတွင်း ဘယ်လောက်တောင် စိတ်ပင်ပန်းနေခဲ့ရမလဲနော်...
၂ယောက်ပေါင်းဖို့ ဦးလည်း မျက်နှာမပြောင်နိင်သလို ကျနော်လည်း လိုအပ်ချက်တွေနဲ့ ဦး အနားမှာ မနေရဲတော့ပါဘူး..
ကျနော် မပေးနိုင်တဲ့ အရာတွေနဲ့ ဦးပျော်စေချင်ပါတယ်...
" ရှေ့နေကြီးကို ... ခေါ်..ခေါ်ပေးပါ...
ကျနော် လုပ်သင့်တာကို လုပ်ပေးချင်တယ်..."
ကြီးကြီးရဲ့ ငိုသံရယ် ဦးရဲ့ တောင်းပန်တဲ့ အကြည့်တွေကို အကုန်လူံးကို ဥပေက္ခာပြုပြီး Jongin အပေါ်ထပ်ကို တက်လာလိုက်သည်...
ကျနော်အကြာကြီးနေခဲ့တဲ့ နေရာဆိုတော့ သိမ်းစရာတွေ
အရမ်းများတယ်လေ...
ဦး မလိုတော့မယ့် ကျနော်တို့ wedding အမှတ်တရတွေ ကျနော် သိမ်းထားချင်တယ်...
ကျနော်တို့ ၂ယောက် အတူနေဖူးတဲ့ အခန်းလေးက အမှတ်တရတွေ ကျန်ခဲ့ပေမယ့် ကျနော် ယူသွားလို့ရသလောက် ယူသွားချင်တယ်....
ဦးများ လိုက်တက်လာဦးမလားမျှော်လင့်မိပေမယ့်
" သားရော " လို့ မေးလိုက်တဲ့ အသံကြားတော့ Jongin ရင်ဘတ်ဆီက စစ်ခနဲ...
အိပ်နေတယ်ဆိုတဲ့ ကလေးရဲ့ အခန်းထဲကို ဝင်သွားတဲ့ခြေသံတွေကိူ နားမစွင့်မိပေမယ့် အတိုင်းသားကြားလိုက်ရပါသေးသည်...
" သတို့သား Oh Sehun သည် Kim Jongin အပေါ် ကျန်းမာသည်ဖြစ်စေ နာမကျန်းသည်ဖြစ်စေ...."
နားထဲမှာ ပြန်ကြားတဲ့ လွန်ခဲ့တဲ့ ၂နှစ်ကျော်က သစ္စာစကားတွေသည် ကျန်ခဲ့ပါပြီ...
ပျော်ရဲ့လား ဦးရယ်..
ကျနော်နဲ့ ပတ်သတ်လာရင် ဦးရဲ့ နှလူံးသားက ထာဝရ အေးစက်နေတာဘဲနော်... ဒီလိုလေးဘဲ ဆက်ရှိနေဖို့ ကျနော်မျှော်လင့်ပါတယ်...
တစ်ဘဝလူံးစာ အေးစက်ပါစေ...
ကျနော့် အကြင်နာတွေအောက်မှာ ဦးကို ငြိမ်းချမ်းစွာချစ်ချင်ခဲ့ဖူးပါတယ်...
တစ်ဘဝလုံးစာ နှုတ်ဆက်ပါတယ် ဦး...
အသက် ၂၁ ဆိုတဲ့ အရွယ်မှာ ကွာရှင်းပြတ်စဲခြင်းခေါင်းစဉ်အောက်မှာ နစ်နာသွားတဲ့အပြင် အထီးကျန်သွားရတဲ့ ကောင်လေးအတွက် Sehun ဒီလိုဘဲ မသိချင်ယောင်ဆောင်နေတော့မှာလားလေ...
အင်းလေ.. Sehun နှလုံးသားက အမြဲအေးခဲနေခဲ့တာဘဲ..
ဒါတွေလည်း သူတွေးမိမှာမဟုတ်တော့ပါဘူး....
ဒီလိုနဲ့ဘဲ........
နာကျင်စရာကောင်းလောက်တဲ့ အမှန်တရားနဲ့ အတူ
သူတို့ ကွာရှင်းပြတ်စဲလိုက်ကြပါတယ်....
---- The End --