" ဦးရေ.... !!
ဦးးး... ဒီမှာ လာကြည့်ပါဦး...!!!"
အောက်ထပ်က ဧည့်ခန်းထဲမှာ သတင်းစာဖတ်နေတဲ့ Sehun
ခြံထဲက Jongin အော်သံကြောင့် လက်ထဲက သတင်းစာကို တွေ့ရာပစ်ချကာ အိမ်အပြင်ပြေးထွက်လာသည်..
" Jongin....!! ဘာဖြစ်တာလဲ...."
Sehun အသစ်ဝယ်ထားပေးတဲ့ အမွှေးစုတ်ဖွားခွေးလေးကို ပိုက်ပြီး ဆင်းသွားတဲ့ Jongin က Sehun ကိုတွေ့တော့ တစ်ကိုယ်လူံးတုန်နေကာ..
" kate ... Kate လေးကိုကြည့်ပါဦး... ဦးရေ..."
ခုဏက Kate ရဲ့ ဟောင်သံကို ကြားပေမယ့် အခူလို မြွေနဲ့တွေ့တာကြောင့်လို့တော့ မထင်မိ...
ခွေးသဘာဝအရ သူ့ဟာသူ ဟောင်နေတယ်လို့ထင်မိတာ...
၂ပိုင်းပြတ်နေတဲ့ မြွေရယ် မြက်ခင်းပေါ်လဲကျနေတဲ့ Kate ရဲ့ အမွှေးဖြူလေးတွေပေါ်မှာ သွေးတွေစွန်းထင်းနေတယ်...
မြွေဆိူးမှန်း Sehun သိလိုက်တာမို့ ...
" Jongin... မင်း..မင်းရော ကိုက်ခံထိထားသေးလား..."
မြက်ခင်းပေါ်က ခွေးလေးကို စိတ်မဝင်စားအားစွာနဲ့ ဒူးလောက်ဘောင်းဘီ အမဲလေးနဲ့ ကွင်းထိုးဖိနပ်လေးစီးထားတဲ့ Jongin ခြေထောက်တွေကိုသာ Sehun လှည့်ပတ်ကြည့်နေမိသည်....
" ဦး... Kate လေးက သေသွားပြီလားဟင်..."
Sehun လက်မောင်းကို လာကိုင်တဲ့ Jongin လက်တွေက အေးစက်နေတယ်....
" ငါ မင်းကို မေးနေတယ်လေ...!!!!!
ဘယ်နားကို ထိထားသေးလဲလို့...."
Sehun သူတအားစိတ်ပူနေတာမို့ မေးတာမဖြေဘဲ
သူမေးချင်ရာကို လာမေးနေတဲ့ Jongin ကို စိတ်တိုစွာနဲ့ အော်လိုက်တော့ Jongin လန့်ကာ တုန်တက်သွားသည်....
ဘာမှမဖြေဘဲ မျက်ရည်တွေဖြိုက်ခနဲ ကျလာတဲ့ ကောင်လေးကြောင့် Sehun က သူမှားပြီမှန်းသိလိုက်ကာ Jongin ကို ဆွဲဖက်လိုက်ပြီး...
" ဆောရီး. ကိုယ် တအားစိတ်ပူနေလို့...
ဘယ်နားမှ မထိမိဘူး မဟုတ်လား..."
Jongin က Sehun ရင်ထဲကနေ သူ့ခွေးလေးကို
မျက်ရည်တွေ ကျရင်း ကြည့်ဆဲ...
" မငိုနဲ့တော့ကွာ..ကိူယ်ခွေးအသစ်ထပ်ဝယ်ပေးမယ်.."
Jongin က တအင့်အင့်ရှိုက်ရင်း Sehun ကို ခေါင်းခါပြသည်...
" Kate လေးကို ခေါ်လို့မရတော့ဘူးလား...
Kate လေးကိုဘဲ..."
" ကျစ်... ခွေးက သေသွားပြီလေ Jongin ....
မင်းဘာမှမဖြစ်တာ တော်သေးတယ်.."
Sehun က Jongin ကိုပြောနေရင်း အနားရောက်လာတဲ့ ခြံစောင့် ဦးလေးကြီးကိူ ခေါ်လိုက်ကာ ...
" ခြံဘေးနားက ချူံပင်ပုတွေကို ရှင်းလိုက်တော့....
မြွေသတိထားဦး... ပြီးတော့ ဒီခွေးကို တစ်ခုခုလုပ်လိုက်ဦး..."
Jongin ဦးကို နှုတ်ခမ်းကိုက်ကာ ကြည့်လိုက်ရင်း...
" ဦးက တကယ်ကို သံယောဇဉ် နည်းတာဘဲ...
ဦးကို တကယ်စိတ်ပျက်တယ်...."
Sehun သူ့ကို ပြောချင်ရာပြောပြီး လှည့်ထွက်သွားတဲ့
Jongin ကို နားမလည်စွာ ရပ်ကြည့်ရင်း ဒေါသထွက်လာရသည်...
သေသွားတဲ့ ခွေးက သေသွားပြီဘဲ
ဒါကို ဘာလုပ်ချင်သေးတာလဲ....
သံယောဇဉ်တွေသာ များရင် ငါမင်းကို လက်ထပ်ဖြစ်ခဲ့မှာတောင် Kim Jongin....
~<~<~<~<~<~<~<~<~
မနက်ကတည်းက Sehun ကို စိတ်ဆိုးသွားတဲ့ Jongin တစ်ယောက် အခု ညရောက်တဲ့ အထိ စကားတစ်လူံးမှ မပြောသေးချေ...
ထမင်းဝိုင်းကို ရောက်လာတဲ့ Jongin က Sehun ရဲ့ ခပ်လှမ်းလှမ်းက ခုံမှာထိုင်လိုက်ကာ စားပွဲပေါ်က ဟင်းတွေ ကို တစ်ချက်ကြည့်ပြီး နှာခေါင်းတစ်ချက်ရှုံ့ကာ...
" အဒေါ်ကြီး... သားကို ခေါက်ဆွဲပြုတ်ပေး...."
Jongin စကားကြောင့် Sehun စားလက်စ ဇွန်းကို အသာချလိုက်ရင်း...
" နေပါဦး... ဒီဟင်းတွေက ဘာဖြစ်နေလို့လဲ..."
Sehun မေးတာကို မဖြေဘဲ နှုတ်ခမ်းကိုက်ကာ မျက်နှာဆူနေတဲ့ Jongin ပူံစံက Sehun တကယ်မရင်းနှီးသော Kim Jongin ပုံရိပ်ဖြစ်သည်..
" ဟေး... ငါမေးနေတယ်လေ.."
Sehun ဒုတိယအကြိမ်ထပ်မေးတော့မှ ပေစောင်းစောင်းကြည့်လာကာ...
" ဦး နဲ့ ကျနော် စကားမပြောဘုူး..."
အံမယ်... ဖြေပုံက ထရိုက်ချင်စရာ....
Kim Jongin ကို အင်မတန်မှအေးတယ်ထင်ထားတာ
ဒီဟာလေးလည်း မလွယ်တဲ့ အကြောတင်းလေးမှန်း Sehun အခုမှ သိသည်...
" အဒေါ်ကြီး.... သူ့ကို ထမင်းခူးပေးလိုက်...."
" ဟာ... ဦးနော်.... ကျနော် ထမင်းမစားဘူး..."
ထိုင်ခူံကနေ ထရပ်လိုက်ကာ ခြေဆောင့်တော့မတတ် Jongin ကို Sehun ပြန်ကြည့်လိုက်ကာ...
" ပြန်ထိုင်နော် oh Jongin ...!
ထမင်းထိုုင်စား...."
Sehun ပြောတာကို Jongin မလွန်ဆန်နိုင်တာမို့
ဆူပုတ်ပူတ်နဲ့ ပြန်ထိုင်ချလိုက်ကာ တွေးရင်း တွေးရင်း ပြန်ဝမ်းနည်းလာရသည်....
အေးလေ... Jongin က မိဘမှ မရှိတော့တာ...
ဦးကလည်း မချစ်ဘူး.... ကြီးကြီးကလည်း မရှိတော့ဘူး...
ထမင်းတွေချည်းကောက်ဝါးရင်း မျက်ရည်တွေ ကျလာတဲ့
Jongin ကိုကြည့်ရင်း Sehun သက်ပြင်းအသာချလိုက်ကာ ထိုင်ခုံကနေ ထပြီး Jongin ဘေးက ခုံမှာ သွားထိုင်လိုက်သည်...
Jongin ကတော့ လှည့်ပင်မကြည့်....
" မင်း ဒိုင်ယာရီကို ငါဖတ်ပြီးပြီ...."
Sehun စကားကြောင့် Jongin လက်ထဲက ဇွန်းနဲ့ခက်ရင်း ပြုတ်ကျသွားကာ Sehun ကိုမျက်လူံးပြူးနဲ့ လှည့်ကြည့်လာသည်....
" ငါ့ကိုချစ်ရင် ငါ့စကားနားထောင်ရမှာမဟုတ်ဖူးလား kim jongin...!"
" ဦး မကောင်းဘူး... ဘာလို့ သူများစာအုပ်ကိုယူဖတ်ရတာလဲ... ဦးက အကျင့်လုံးဝမကောင်ဘူး..."
ပါးလုပ်ပါးလောင်းနဲ့ Sehun ဘက်ကိုလှည့်လာကာ Jongin အော်တာမို့ ပါးစပ်ထဲက ဟာတွေကို Sehun ရှောင်လိုက်ကာ...
"ဟာ... ဒီကောင်လေး ညစ်ညစ်ပတ်ပတ်ကွာ...
မင်းဘာလို့ ပစ်စလတ်ခတ်ထားခဲ့တုန်း... ငါ့ကိုဖတ်စေချင်လို့
မင်းထားခဲ့တာထင်လို့ပေါ့.... "
ခပ်ပျော့ပျော့ဆံပင်လေးတွေက ဖွာလန်ကျဲနေကာ နဂိုမှေးပါတယ်ဆိုတဲ့ မျက်လူံးက ငိုထားလို့ ရဲကာ မြင်တောင်မမြင်ရ
တော့...
ခွေးပေါက်လေး....
" တော်ပြီ... ထမင်း ပြန်စားတော့...
ရှက်မနေနဲ့..."
Sehun က တူကိုကောက်ကိုင်လိုက်ကာ ပေါင်းထားတဲ့ ကြက်သားဖတ်ကို ညှပ်လိုက်ရင်း Jongin ပန်းကန်ထဲကို
ထည့်ပေးလိုက်တယ်...
" မရှက်ပါဘူး... ဦးသိပြီးပြီဆိုရင်လည်း အဖြေပြန်ပေးတော့.."
ကြက်သားဖတ်ကိူ တမြုံ့မြုံ့ဝါးနေရင်း Sehun ကို ပြန်ကြည့်ကာမေးတဲ့ ကောင်လေးက အချဉ်တော့မဟုတ်..
"ကဲ... ဆိုးမနေနဲ့... မင်းက ချောကလက်အုပ်ထားတဲ့
ငရုတ်သီးတောင့်လေးဆိုတာ ငါသိပြီးသား....
ထမင်းဆက်စား.... လိမ်မာတဲ့ ကလေးတွေကိုဘဲ ငါ ချစ်တတ်တာ..."
Jongin ဦးကို ဒီလောက် ကလေးဆန်မယ်လို့မထင်ခဲ့...့
ခါတိုင်းရုပ်တည်ကြီးနဲ့ ဦးက အခုလို Jongin ကိုပြန်စနောက်နေတာ လူများမှားနေသလားလို့တောင် တွေးမိသည်...
ပြီးတော့ ဦးက Jongin ကို ဝေ့လည်ကြောင်ပတ်လုပ်နေတာ မချစ်သေးလို့ပေါ့....
Jongin ဇွန်းကို ပစ်ချကာ ဦးကို ဖက်လိုက်တော့ မထင်ထားတာမို့ လန့်သွားဟန်...
"ဘာတုန်း...!!"
ပြုံးစစနဲ့ ဦးက ချစ်ဖို့ကောင်းလိုက်တာ....
" ဦး နေကောင်းရဲ့လား..."
Sehun သူ့ကို ဖက်ထားတဲ့ Jonginနဖူးလေးကို လက်ညိူးနဲ့ တွန်းလိုက်ကာ....
" ထမင်းပြီးအောင်စားကွာ....
ကိုယ် အလုပ်တွေရှိသေးတယ်...."
" အာဒါဆော..."
Jongin ဖက်ထားတာကို လွှတ်လိုက်ပြီး ဦးနှုတ်ခမ်း ပိစိလေးကို ဖိကာ နမ်းပစ်လိုက်တယ်...ပြီးမှ ခပ်တည်တည်နဲ့ မရုန်းတဲ့ဦးကို လွှတ်ပေးလိုက်ပြီး
" ထမင်းစားလို့ ပြီးပါပြီ...."
ခပ်တည်တည်နဲ့ ဧည့်ခန်းဘက်ပြေးထွက်သွားတဲ့
Jongin ကိုကြည့်ရင်း Sehun ကိုယ့်နဖူးကို ရိုက်မိမတတ်ဖြစ်သွားသည်...
တကယ် မလွယ်ကြောလေး....
Jongin သူ့မိဘတွေနဲ့ နေကတည်းက ကလေးဆိုးဆိုးမှန်းsehunကြားဖူးပါတယ်...
အခုတော့ ဒီဝက်ဝံဆိုးလေးရဲ့ အကျင့်တွေက ကြာကြာရေမငုတ်နိုင်ဘဲ ပေါ်လာပါပြီ...
Sehun ကိုယ်တိူင်လည်း ထူထောင်ထားတဲ့ အိမ်ထောင်တစ်ခုကို အကောင်းဆုံး တည်ဆောက်ချင်တဲ့စိတ်ရှိပါတယ်...
ခက်တာက ကိုယ်ကချစ်ရတဲ့သူ မဖြစ်နေတာဘဲ...
ဒါပေမဲ့ တစ်စုံတစ်ယောက်ကို ပြန်တွေ့ရင် Sehun အားနာနာနဲ့ တကယ်ဘဲ Jongin နဲ့ လမ်းခွဲမိမယ်ထင်သည်..
ဤသို့နှယ် Sehun ရဲ့ အတွေးနဲ့ Jongin ရဲ့ အတွေးတွေ
လားရာမတူတာ Jongin ကတော့နားလည်မယ်မထင်ပါချေ..
Sehun တွေးထားတာက Jongin က ကလေးပီပီ ကစားစရာအသစ်လေးတစ်ခုကို စွဲစွဲလမ်းလမ်းဖြစ်ပြီး လက်ထဲမှာ ကစားလို့ဝသွားရင် ထားခဲ့မယ်ဆိုတာမျိူးပေါ့...
Sehun အတွေးတွေ မှန်သလား မှားသလား ဆိုတာကိုရောဘယ်သူက သိနိုင်မှာလဲ....!?
~<~<~>~>~>~>~>~>~>~>>~<~>~>~
ဆက်ရန်...
Library ထဲမှာတောင်ရှိကြသေးရဲ့လား😂