| ဦး | Zawgyi + Unicode [ C...

By sekaibubblechoco

219K 28.7K 2.6K

ဦးက ........ က်ေနာ့္ကို ........ မခ်စ္ဘူး......... ဦးက ..... ကျနော့်က... More

အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၎
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း - ၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း -၂၇
အပိုင်း -၂၈
အပိုင်း - ၂၉
အပိုင်း - ၁ ( Unicode )
အပိုင်း -၂ ( Unicode )
အပိုင်း - ၃ ( Unicode )
အပိုင်း - ၄ ( Unicode )
အပိုင်း - ၅ ( Unicode )
အပိူင်း - ၆ ( Unicode )
အပိုင်း -၇ ( Unicode )
အပိုင်း - ၈ ( Unicode)
အပိုင်း - ၉ ( Unicode )
အပိုင်း - ၁၀ ( Unicode )
အပိုင်း - ၁၁ ( Unicode )
အပိုင်း - ၁၂ ( Unicode )
အပိုင်း - ၁၃ ( Unicode )
အပိုင်း - ၁၄ ( Unicode )
အပိုင်း - ၁၅ ( Unicode)
အပိုင်း - ၁၆ ( Unicode )
အပိုင်း - ၁၇ ( Unicode )
အပိုင်း - ၁၈ ( Unicode )
အပိုင်း - ၁၉ ( Unicode )
အပိုင်း - ၂၀ ( Unicode )
အပိုင်း - ၂၁ ( Unicode )
အပိုင်း - ၂၂ ( Unicode )
အပိုင်း - ၂၃ ( Unicode )
အပိုင်း - ၂၄ ( Unicode )
အပိူင်း - ၂၅ ( Unicode )
အပိုင်း - ၂၆ ( Unicode )
အပိုင်း - ၂၇ ( Unicode )
အပိုင်း - ၂၈ ( Unicode )
အပိုင်း - ၂၉ ( Unicode )
အပိုင်း 30 ( Final )
Final ( Zawgyi)

အပိုင်း - ၁၅

6.2K 899 219
By sekaibubblechoco

အရာရာက ဖြစ်ချိန်တန်လို့ ဖြစ်လာတာပါဆိုလျှင်
Sehun နှလူံးသားကရော တစ်စစီဖြစ်ဖို့ အချိန်ရောက်လာပြီများလား....

ဒုတိယ ကိုယ်ဝန်ဆိုသော နှောင်ကြိုးအောက်မှာ sehun ဖြစ်ချင်စိတ်တွေကို ချိုးနှိမ်ပြီး မိသားစုဘဝကို အသာယာဆူံးတည်ဆောက်တော့မယ်လို့ဆူံးဖြတ်ထားသော်လည်း

တကယ်တမ်းကြုံလာတဲ့အခါ သတ္တဝါတစ်ခု ကံတစ်ခုရယ်လို့ မထားရက်ခဲ့ပါချေ...

အဲ့ဒီနေ့က
3 လထဲဝင်နေပြီဖြစ်တဲ့ sehun တို့ရဲ့ မိသားစုဝင်အသစ်လေးကို ဆေးခန်းပြပြီး အပြန်ပေါ့...

မိုးရွာနေလို့ ကားလမ်းချော်မှာစိုးတာကြောင့် sehun ကားကို သတိထားရင်းနဲ့ဘဲ မောင်းလာခဲ့တယ်...

ကားထဲမှာ Emma ဖွင့်ထားတဲ့ရေဒီယိုကလာနေတဲ့
သီချင်းအေးလေးတစ်ပုဒ်ရယ် သားကြီးရဲ့ စပ်စပ်စုစုစကားသံလေးတွေရယ်နဲ့ ကားထဲမှာ အသက်ဝင်နေခဲ့တယ်...

လမ်းချိုးထဲရောက်လာတာမို့ sehun ကားကို သတိထားမောင်းနေရင်းနဲ့ဘဲ အရှေ့ကို ပြေးဝင်လာတဲ့ အရိပ်တစ်ခုကြောင့် ဘရိတ်ကို အချိန်မှီအုပ်လိုက်ပေမယ့် ထိတ်လန့်သွားတာတော့အမှန်...

အရှိန်မပြင်းတာမို့ ကားထဲက လူတွေ သိပ်ပုံပျက်မသွားပေမယ့် ကားရှေ့က အရိပ်က ထမလာတော့....

Emma နဲ့ သားကို ကားပေါ်က မဆင်းဖို့ ပြောပြီး sehun ကားပေါ်က ကပျာကယာဆင်းကြည့်ရသည်...

လူရှင်းတဲ့လမ်းသွယ်လေးဖြစ်တဲ့အပြင် CCTV မရှိတာမို့ တစ်ပူအေးရသော်လည်း လှုပ်ရှားခြင်းမရှိတဲ့ အရှေ့က လူက ပုံမှန်တော့မဟုတ်ချေ...

မှောက်ရက်လဲကျနေတာကြောင့် မျက်နှာမမြင်ရတာမို့
ခပ်ရှည်ရှည်ဆံပင်ပျော့ပျော့တို့ ကာကွယ်နေတဲ့ မျက်နှာပြင်က မေ့လျော့ထားခဲ့တဲ့ အသက်လေးဖြစ်ဖို့ sehun တကယ်ဆုမတောင်းမိပါ....

ဖိနပ်ပင်မပါဘဲ ပေါက်ပြဲရာရှိနေတဲ့ ခြေဖမိုးငယ်ထက်က ခြေချောင်းလေးတွေကို sehun သိပ်ကို ရင်းနှီးနေသလားလို့လေ...

ကြည့်ရင်းနဲ့ဘဲ တူလွန်းတာမို့ sehun ခေါင်းထဲသွေးပင်တဒိန်းဒိန်းတိုးလာရသည်...

ဖုန်တွေသဲတွေပေလူးနေတဲ့အပြင် မြင်ရက်စရာမရှိအောင် ပေါက်ပြဲနေတဲ့ ခြေဖဝါး၂ခုက Sehun မြတ်မြတ်နိုးနိုးနမ်းဖုးတဲ့ ခြေဖဝါးနုနု မဖြစ်ပါရစေနဲ့...

မျက်နှာမြင်မှ မှတ်မိတာမျိုးမဟုတ်တဲ့ သူရဲ့ အစိတ်အပိုင်းတစ်ခုကတောင် sehun ကို သေလုမတတ်သွေးပျက်စေတယ်..

လွန်ဆွဲနေတဲ့ စိတ်တွေကြောင့် တုန်ယင်နေတဲ့ လက်အစုံနဲ့ sehun ကောက်ပွေ့လိုက်ပြီး ကြည့်မိတော့...

" Inn....Innie... ကလေးလေး... .. Jongin .. "

Jongin ရဲ့ ဖူးယောင်နေတဲ့ မျက်နှာကိုကြည့်ပြီး sehun အရူးလို တစ်သက်လုံးမခေါ်ဖူးတဲ့ နာမတွေနဲ့ Jongin နဲ့ခေါ်တယ်....

ဒါပေမဲ့ sehun မျက်ကွယ်ပြုတိုင်းနာကျင်မှုပေးနိုင်လွန်းတဲ့
မျက်ဝန်းညိုတွေပွင့်မလာခဲ့ဘူး..

နဖူးစောင်းတစ်လျှောက်က ဟက်တက်ကွဲပြီးသွေးလွန်နေတဲ့ ဒဏ်ရာ...

အထိုးခံထားရမှန်းသိသာတဲ့ မျက်နှာပေါ်က အညိုအမဲတွေ..

ခြောက်ကပ်ပြီးဖြူဖျောနေတဲ့ နှုတ်ခမ်းတွေက အာဟာရပြတ်နေတယ်ဆိုတာ sehun 2ခါမကြည့်ရက်ဘဲ သိတယ်...

ဒါ ကလေးမဟုတ်ဘုးလို့ပြောပါ..
ကျေးဇူးပြုပြီး... ကျနော် sehun သေမတတ်ချစ်ရတာတွေ ဖုံးကွယ်ထားရတဲ့ ကောင်လေးမဟုတ်ဘုးလို့ ပြောပေးကြပါ....

" မောင် ...!! သူ့ကိုဘာလုပ်မလို့လဲ..."

Jongin ကိုပွေ့ချီလာတဲ့ Sehun ကို Emma နားလည်ရခက်တဲ့ မျက်ဝန်းတွေနဲ့မေးတယ်..

" သား .. အရှေ့မှာ မာမီနဲ့  သွားထိုင်.."

အနောက်ခန်းတံခါးကိုဖွင့်ရင်း sehun ပြောတော့
သားက အင်တင်တင်နဲ့ သူ့အမေမျက်နှာကို လှမ်းကြည့်နေတာကြောင့် sehun စိတ်မရှည်တော့...

" ဟေ့ကောင်...! မင်းကိုငါ မင်းအမေနဲ့ သွားထိုင်လို့ပြောနေတယ်မဟုတ်လား..."

ဒေါသနဲ့ တစ်ခါမှ မအော်ဖူးတဲ့ sehun ကြောင့် သားကလည်း လန့်သွားကာ အော်ငိုသလို emma ကလည်း sehun စိတ်ကိုသိတာမို့ သားကို အရှေ့ကိုခေါ်သည်...

Sehun နေရာလွတ်တာနဲ့ Jongin ကို အသာလှဲချပြီး
ခါးက အင်္ကျီကိုဆွဲဖြဲလိုက်ကာ နဖုးကို သွေးတိတ်အောင် စည်းပေးလိုက်တယ်...

" ကလေး.. ဘာမှမဖြစ်ရဘူးနော်.."

Sehun အရူးလိုတုန်လှုပ်ပြီး မျက်ရည်တွေဝဲနေတာကို Jongin မြင်ရင် ဘာပြောမလဲနော်...

ခါးပတ်တောင်မပတ်နိုင်ဘဲ ဆေးရုံကို Sehun မောင်းတော့
Emma ရဲ့ ငြိုငြင်သံက တာဆူသည်..

" မောင်..! သူ့ကို ဆေးရုံမှာထားပြီး Emma တို့ အိမ်ပြန်"

" မင်းပါးစပ်ကို ခဏပိတ်ထားပေးလို့ရမလား..."

သူ့ကို အော်လိုက်တဲ့ sehun ကို Emma အံ့သြတကြီးနဲ့ဘဲ ကြည့်မိသည်...

ငိုတယ်လား...
သား နဲ့ သူမကို ပြန်တွေ့တော့တောင်
မျက်ရည်တစ်ချက်မလည်ဖူးတဲ့ ထိုယောကျာ်းက အခုတော့ မျက်ရည်ဖြိုင်ဖြိုင်ကျနေသည်တဲ့....

အတ္တကြီးကြီးနဲ့ တာဝန်ကျေချင်တဲ့ oh sehun ဆွဲတဲ့ကြိုးတွေနောက်မှာ သူမကတော့ Kim Jongin လို အနာကျင်ခံမည်မဟုတ်ပါ...

တာဝန်ကျေပွန်ချင်လွန်းတဲ့ ဖခင်တစ်ယောက်ကို
တာဝန်ဆိုတဲ့ ကြိုးနဲ့ ဆက်တုပ်နှောင်ထားရဦးမှာပါဘဲ...

နှလုံးသားကို မရရင်တောင် sehun ရဲ့ ပွဲတက်မယားဟာ သူမပါဘဲ....

---------/---------

လွန်ခဲ့သော ၂ လ....

" ငါ့မှာ sehun ရဲ့ ရင်သွေးထပ်ရှိနေပြီ Jongin..!"

သူမစကားအဆူံးမှာ အရှေ့က အအေးခွက်ကိုင်ထားတဲ့ လက်ချောင်းတွေက သိသိသာသာပင်တုန်ယင်သွားတာကို
အောင်နိုင်သူ အပြုံးလေးနဲ့ ငေးကြည့်နေလိုက်တယ်...

" အခု ဦး နဲ့ ငါ အဝေးဆုံးမှာနေပေးပြီးပြီဘဲ အမ .."

" ဒီလောက်နဲ့ နင့်အလှည့်ကျ နာနေပြီလား Jongin..
နှစ် ၂၀ ကျော် ငါမရတာတွေကို နင်ရပြီးနေလာတာပါ...
Sehun ကို ငါရသင့်တာတောင်မှ နင်က ဝင်ပြီး စံစားလိုက်ရသေးတာမလား...
ငါ့ကို စွန့်ပစ်ပြီး နင်အကုန်ယူခဲ့တာ ငါ့ကို နင်နည်းနည်းလေးမှ အားမနာဘူးလားဟမ်...! "

" မေမေတို့က နင့်ကို သင်္ဘောမှောက်တဲ့အထဲမှာ သေပြီလို့ ယူဆခဲ့ကြလို့ပါ... နင့်ကို စွန့်ပစ်ခဲ့တာမှမဟုတ်တာ...အဟွတ်..ဟွတ်..."

မျက်နှာက ချောင်ကျပြီး မျက်ကွင်းညိုခြင်းတွေက ဘာကြောင့်လည်းသိနေပေမယ့် Emma သွေးသားမောင်လေးတစ်ယောက်ကို စိတ်ပူခြင်းမျိုးမခံစားရပါ...

ကိုယ့်ရမယ့်အရာတွေအကုန်ယူထားတဲ့အပြင် အိမ်ဦးနတ်ကိုပါ အခန့်သားလက်တက်ချိတ်နေတဲ့ ရန်သူတစ်ယောက်ထပ်မပို...

" နင်ငါ့ကိုအားမနာရင်တောင် နင့်တူလေးကို အားနာပါ Jongin.... အခုငါလာပြောတာ နင့်ဘဝနင်ဆက်လျှောက်ဖို့.. နင် mike နဲ့ လက်ထပ်လိုက်တော့..."

" အမ ... နင်ဘာပြောလိုက်တာလဲ..."

အံ့သြတကြီးမေးလာတဲ့ Jongin ကို Emma ခပ်တည်တည်ဘဲပြန်ကြည့်နေလိုက်တယ်...

တကယ်ဆို သုမနေရာ သူမပြန်ယူခဲ့တာဘဲလေ...
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ကတည်းက မိသားစုကိုပြန်ရှာခဲ့ပေမယ့် ကိုယ့်ကိုမေ့ပြီးပျော်နေကြတဲ့လူတွေကို ပစ်မှတ်ပြောင်းကာ oh sehun ကို အပိုင်ကပ်ခဲ့တာ...

သူမ မရခဲ့တာတွေပေါ်မှာပျော်ရွှင်နေတဲ့ Kim Jongin ကိုမောင်လေး အရင်းပင်ဖြစ်လင့်ကစား သိပ်မုန်းတီးခဲ့တာ...

ဒါကြောင့်မို့ နှလုံးသားရော ခန္တာရောရင်းပြီး oh sehun ကိုတုပ်နှောင်ထားတာပါဘဲ....

အမေရိကမှာ ကျွမ်းဝင်ဖုးတဲ့ mike ကို Jongin ယုံလာအောင် စည်းရုံးခိုင်းပြီး sehun အနားကဖယ်ထုတ်ဖို့ကြိုးစားပေမယ့် ထင်သလောက် အရာမရောက်သေး...

" Mike က နင့်အတွက်လူကောင်းပါ Jongin...
Sehun အကြောင်းကို နင်သိတယ်မဟုတ်လား...
နင့်ကိုတောင် တာဝန်ယူသင့်တယ်ထင်လို့ မငြိုမငြင်လက်ထပ်ပေးခဲ့တာ.. သူ့သွေးသား နဲ့ လွယ်မွေးပေးထားခဲ့တဲ့ ငါ့ကိုသူ့စိတ်ထဲမှာဘယ်လောက်အားနာနေမလဲ.. နင်က ယောကျာ်းလေးဘဲ နစ်နာစရာမှမရှိဘဲ Jongin ... ငါ နင့်အမ ဘယ်တော့မှ မလုပ်ချင်ပေမယ့် oh sehun က နင့်ယောက်ဖဆိုတာ နင်လက်ခံရလိမ့်မယ်... sehun နဲ့ ငါ့ဆီမှာက ဖြတ်မရတဲ့ ကြိုးတစ်ချောင်းရှိပြီးသား... နင့်ဆီမှာ ဘယ်တော့မှ ရှိလာမှာမဟုတ်လို့ နင့်လမ်းနင်လျှောက်ပါတော့.. နင့် အတ္တကြောင့် sehun ကို စိတ်ဆင်းရဲစေချင်လို့လား..."

တရစပ်သူမစကားတွေကြားမှာ တွေငေးငေးလေးဖြစ်သွားတဲ့ Jongin ဟာ သနားစရာကောင်းတာမဟုတ်ဘဲ သူမအမြင်မှာသာ တုံးအလွန်းတာသာဖြစ်၏....

Jongin
ဆေးစွဲနေပေမယ့် သူ့စည်းစိမ်တွေအရပူစရာတော့မရှိပါ...

ကိုယ့်ခင်ပွန်းကသူ့ထက်မလျှော့အောင် ချမ်းသာနေတာမို့
အမွေတွေကို သူမစိတ်မဝင်စားသလို အမအဖြစ်နေဖို့လည်းမရှိ...

မြန်မြန်သေမလားတွန်းပို့ခဲ့ပေမယ့် စိတ်မရှည်နိုင်တော့တာမို့
Mike လက်ထဲထည့်ပေးနေမိခြင်း..

ဝတ္တရားအရ ပြုမူနေတဲ့ sehun ဟာ Jongin မရှိရင် သူမအတွက် အပြည့်အဝဖြစ်လာမည်ဆိုတာ Emma ယုံပါတယ်...

အရာအားလုံးကောင်းဖို့အတွက်
Mike ကလည်းကောင်းတဲ့သူပါလို့ Jongin ယုံပြီး နားလည်မှုပေးနိင်မယ့်သူလို့ ခံယူကာ ခေါင်းညိတ်မိခြင်းရဲ့နောက်မှာ
အလောတကြီးထွက်လာခဲ့တဲ့ ဖိတ်စာချက်တွေ...

ဦးရေ.... နောက် ... နောင် ကျရင်
ကျနော်တို့တွေ ငဲ့စရာတွေမရှိတဲ့ ဘဝမှာနေရင်း
ဦးကိုဘဲ ချစ်...ပါ...ရ..စေ...

လှည့်ဖျားခြင်းတွေ မာယာတွေနောက်မှာ
ပုံမှန်လူလို ထင်ရတဲ့ psychopath တစ်ယောက်နဲ့
လက်ထပ်မိတဲ့ ကောင်လေးတစ်ယောက်ရဲ့ ငရဲခန်းတွေ
အစပျိုးခဲ့တယ်...

နောက်ရောက်လာမယ့် သက်ရှိလေးကို
အနွေးထွေးဆူံးကြိုဆိုနေတဲ့ ဦးကတော့
သူ့အသက်ရှုသံလေး ပျောက်ကွယ်ရတော့မှာကို
သိရှာပုံ မပေါ်ခဲ့ပါဘူး...

ဒီလိုလေးဘဲ....
ဒီလိုလေးဘဲ .. ဦး...
အမြဲကျောခိုင်းထားတဲ့ တစ်ဖက်ကို လှည့်မကြည့်ပါနဲ့..
ကျနော့် ဒဏ်ရာတွေ ဦးမြင်တဲ့အခါ နာကျင်မှာကို မကြည့်ရက်ဘူး...

ဦး ကျေပွန်ချင်တဲ့ တာဝန်ဝတ္တရားတွေကို ကျနော်
ပါရမီဖြည့်ပေးနိုင်ပါရဲ့ ဦး....

------ / ------

ဆက်ရန်...
ကဲ...updaeပေးဘီ..ကျေနပ်ကြနော်... သည်းလေးတို့ ❤️
New Year လက်ဆာင်
အရှည်ကြီးရေးထားပေးတာနော်..

Update ကယူတို့ cmt နဲ့ တိုက်ရိုက်အချိုးဘဲ..

Continue Reading

You'll Also Like

315K 9.5K 101
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
6.9K 893 12
Love can make everything...... ငါဆိုတာမင်းအတွက်ဖြစ်တည်လာတဲ့ ဖြစ်တည်မှုမျိုးဆိုတာကိုတစ်လောကလုံး ထက်မင်းသိနေတာကိုပဲလိုချင်ခဲ့တာပါ။ Chanyeol_Sehun Cover...
215K 4.5K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
50.8K 5.8K 13
Sehun & LuHan အချစ်​စစ်​ရဲ့ စွမ်းအားက ဘယ်​​လောက်​ထိ ကြီးမားနိုင်​မလဲ?