နှစ်နှစ်ကျော်ကာလလူံး တစ်အိမ်တည်းနေ တစ်ကုတင်တည်းအိပ်ဖူးခဲ့တဲ့ သူတစ်ယောက်ကို sehun ဟာ သံယောဇဉ်မပြတ်ပူံရပါတယ်...
" မောင်.. breakfast မစားတော့ဘူးနော်...
Company မှာမနက်ခင်းအစည်းဝေးရှိလို့ မောင်သွားပြီ.."
ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ သားကို ခပ်ဖွဖွနမ်း breakfast ဝိုင်းမှာစောင့်နေတဲ့ ဇနီးကို နှုတ်ဆက်လိုက်ကာ sehun ကားပေါ်တက်လိုက်သည်....
ကားဘေးနားမှာ ရပ်နေတဲ့ ဇနီးသည်က စောစောပြန်လာဖို့ မှာတာကို အပြုံးနဲ့ ခေါင်းညိတ်ပြလိုက်ကာ sehun ကားကို စထွက်ခိုင်းလိုက်တယ်...
ပြတင်းပေါက်က မှန်တင်လိုက်ပြီး ဒါရိုက်ဘာဂျောင်ရင်းနှီးမယ့် လိပ်စာလေးကို ရေရွတ်လိုက်တော့ နောက်ကြည့်မှန်ထဲက
ဦလေးဂျောင် မျက်ဝန်းတွေက ကျေနပ်နေခဲ့သလားလို့လေ...
တောင်းပန်ပါတယ် Emma...
ဒီလိုလေးမှ သွားမကြည့်ခဲ့ရင် ကိုယ်နဲ့တစ်သက်လုံးနောင်တရနေမှာမူိ့ ပေးထားတဲ့ ကတိကိုဖျက်မိတာပါ..
Company ကိုနောက်ကျမယ့်အကြောင်းဖုန်းဆက်လိုက်ပြီး
တစ်စုံတစ်ယောက်ရှိမယ့်နေရာကို sehun စိတ်တွေကပြေးသွားနေခဲ့သည်....
တရိပ်ရိပ်ကျန်ခဲ့တဲ့ အရာတွေထဲမှာ သူကြိုက်တတ်တဲ့
ကိတ်မုန့်ဆိုင်လေးက ဘာလို့ အာရုံထဲဝင်လာခဲ့လဲမသိပါ...
လက်ထဲက ချောကလက်ကိတ်ပူပူလေးကို sehun ဆုပ်ကိုင်လိုက်ရင်း ပေပွအောင်စားတတ်တဲ့ ပုံရိပ်လေးက အနားမှာဝေ့ကာလည်နေသလို...
သက်ပြင်းခပ်ဖွဖွချရင်း sehun စိတ်တွေရှုပ်ထွေးရပြန်သည်...
ဂျူံအင်....တကယ်တမ်းတော့
ငါ မင်းကို စိတ်မချနိုင်သေးဘူး ကောင်လေးရာ...
------------------ 🍒 ---------------
" အော်... ဧည့်သည်ဆိုတော့ ဘယ်သူလဲမှတ်တာ.. ဦးဖြစ်နေမယ်လို့မထင်ဘူး..."
ကျွန်းလှေကားကြီးထက်ကနေ ဖရိုဖရဲနဲ့ဆင်းလာတဲ့ ကောင်လေးက တဆိတ် sehun ကိုခနဲ့တဲ့ မျက်နှာပေးလေးနဲ့ပါလားလေ...
" ဦးနဲ့ ကျနော့်ကြားမှာ ဘာပြောစရာကျန်သေးလို့လဲ..."
အရှေ့က ခုံမှာဝင်ထိုင်တဲ့ Jongin အသံက ခပ်အက်အက်ဖြစ်နေကာ မျက်ဝန်းတွေက မို့နေသလို...
မနေ့က မိဘတွေ နှစ်ပတ်လည်မို့ မင်းအဆင်ပြေပါ့မလား စိတ်ပူလို့လာကြည့်တာလို့ ပြောမိလျှင် ထိုကလေးက sehun ကို လှောင်ရယ်မလားမသိပါ...
Sehun အာစေးမိနေသလို ဘာပြောရမယ်မှန်းပင်မသိ...
Jongin က တအားပြောင်းလဲသွားသည်..
Sehun ဘယ်တုန်းကမှ မသိခဲ့ဖူးတဲ့ကောင်လေးတစ်ယောက်လိုမျိုး....
"ကျောင်း... တက္ကသိုလ်ရွေးပြီးပြီလား..."
Sehun စကားကြောင့် Jongin ရဲ့ မျက်ခူံး၂ဖက်က မြင့်တက်သွားသည်...
Sehun အခုမှသတိထားမိတဲ့ jongin မျက်ခုံးထောင့်က အပေါက်ဖောက်ထားတဲ့ သံသီး၂ခုက sehun အတွက် အံ့သြစရာချည်း...
" ဦး ဘာတွေလာကြောင်နေတာလဲ...
ကျနော့်ကိုဘာလို့လာစိတ်ပူနေတာလဲ.. ဦး နဲ့ ကျနော်က ဘာမှမဆိုင်တော့ဘူးနော် ..."
Jongin စကားကို sehun စိတ်တိုမိပေမယ့်..
" Jongin... မင်းနဲ့ငါက ဘာမှမဆိုင်တော့ပေမယ့် မင်းက ငါတို့အိမ်အတွက်တော့ သွေးသားတစ်ယောက်လို.."
" တော်ပါတော့..!!! ကျနော့်ကို တစ်အိမ်လူံး လိုသလို သုံးပြီးနားလှည့်ပါးရိုက်ပြီးတော့မှ ဘာလို့သွေးသားဆိုတာမျိုးတွေလာသူံးနေတာလဲဟင်.... ခင်ဗျား အပေါ် ကျနော့် ခံစားချကိတွေ ဘယ်လိုရှိလဲဆိုတာ ခင်ဗျားအသိဆူံးဖြစ်ရက်နဲ့
ကျနော့်ဆီကို ထပ်လာရဲသေးတယ်... ခင်ဗျားသားအတွက် မိဘပီသလွန်းစေချင်တဲ့စိတ်နဲ့ လမ်းခွဲပေးခဲ့တဲ့ တစ်ကောင်ကြွက် မိဘမဲ့တစ်ယောက်ကို ခင်ဗျားဒီလောက်ဘဲ မျက်နှာပြောင်တိုက်သင့်တယ်..."
" J-O-N-G-I-N !"
ဝုန်းခနဲထရပ်ပြီး ဧည့်ခန်းထဲကရှိသမျှကိုဖျက်စီးနေတဲ့
Jongin ပုံရိပ်ကို sehun မရင်းနှီးပါ..
ယောကျာ်လေးတန်မဲ့ သိမ်မွေ့လွန်းပြီးရှက်တတ်လွန်းတဲ့
Sehun ရင်ကိုစိုးမိုးဖူးတဲ့ ကလေးလေးမှ ဟုတ်သေးရဲ့လား..
သောင်းကျန်းနေတဲ့ Jongin ကို sehun ဖမ်းချူပ်လိုက်တော့ ခြစ်ခြစ်တောက်ပူနေတဲ့ ကိုယ်ပူဟာ sehun ရင်ကိုလာဟပ်သည်...
ပိန်သွားလိုက်တာ Jongin ရာ...
Kim အိမ်တော်က အိမ်ထိန်း မင်က ပြေးထွက်လာကာ sehun လက်ထဲမှာ ရုန်းနေတဲ့ Jongin ကိုကူထိန်းတော့မှ sehun လက်ထဲပျော့ခွေကျသွားသည်....
ပျာယာခတ်သွားတဲ့ အိမ်စေတွေကြားမှာsehun လက်ထဲက ပန်းကလေးဟာ ခုဏကနဲ့ ခြားနားစွာ တိတ်ဆိတ်လွန်းနေခဲ့သည်....
အနီးကပ်ကြည့်တော့မှ မို့ဖောင်းနေတဲ့ မျက်ဝန်းတွေ အောက်က မျက်ကွင်းညိုတွေ နဲ့ ခြောက်သွေ့အက်ကွဲနေတဲ့ နှုတ်ခမ်းတွေက sehun မျက်ရည်ကို ချူခဲ့တယ်...
ပါးလှပ်လှပ်ကိုယ်လူံးလေးကို လွင့်ထွက်သွားမှာကြောက်လို့
ဖက်ထားသည်အထိ sehun သတိလက်လွတ်ဖြစ်ခဲ့လေရဲ့...
ပြီးတော့ ရုံးဆင်းလို့ နေဝင်မိုးချူပ်သည်အထိ သတိမရသေးတဲ့ Jongin အနားမှာဘဲ sehun နေခဲ့တယ်...
အဝင် call များစွာနဲ့ ဖုန်းတစ်လုံးကို လျစ်လျူရှုကာ အိမ်ပြန်ဖို့
မေ့ထားခဲ့တဲ့ sehun က ဘယ်တော့မှ jongin ကို ခံစားချက်တွေ ဝန်ခံမှာမဟုတ်ဘူး...
Sehun ဆုပ်ကိုင်ထားတဲ့ လက်လေးကို ပါးမှာကပ်ရင်း..
မင်းတစ်ယောက်ဘဲ ပင်ပန်းရတယ်လို့ထင်သလား ကလေးရယ်.....
------------- 🍒 ----------
ဆက်ရန်...
Project တွေ အောင်မြင်ကြလို့ ဆုလာချတာပါ 😙
Thank Eris 👑❤️
Comment တစ်ခုချင်းစီကို သေသေချာချာလည်းဖတ်ပါတယ်..
တန်ဖိုးလည်ထားပါတယ်....များလို့ reply လုပ်ရတာခက်ခဲလို့သာ reply မလုပ်ဖြစ်တာပါ... အရမ်းကျေးဇူးတင်ပြီး ချစ်ပါတယ် ❤️