အထက်တန်းကျောင်းပြီးတဲ့နေ့က ရိုက်ထားခဲ့တဲ့ နက်ပြာရောင် suit နှင့် ခန့်ခန့်ညားညား လူတစ်ယောက်ရဲ့ လက်မောင်းကို တွယ်ချိတ်ထားရင်း ထူထူပြည့်ပြည့်နှုတ်ခမ်းလေးတွေ ကော့တတ်နေအောင် ပြူံးနေခဲ့တဲ့ Jongin တို့ ၂ယောက်ရဲ့ပုံလေး နေရာယူထားတဲ့ အိပ်ယာဘေးက စားပွဲဆီက ဆူဆူညံညံ နာရီ alarm သံကြောင့် အိပ်ယာပေါ်က အညိုရောင် ညအိတ်ဝတ်စုံနဲ့ ခန္တာကိုယ်လေးဟာ လှုပ်ယွလာသည်..
ငေါက်ခနဲ ထထိုင်ကာ အိပ်မှုန်စုန်ဖွားရုပ်နဲ့ အနားက နာရီကိုစောင့်ကြီးအောင့်ကြီးပိတ်ချလိုက်ကာ ကုတင်ပေါ်က ဆင်းရင်း ပြက္ခဒိန်ဆီအကြည့်ပို့မိတော့ April 12 ..
ဦးမွေးနေ့မို့ သတိတရလွမ်းဆွတ်ခြင်းများစွာက Jongin နှလုံးသားထဲ တိုးဝင်လာသည်..
၂နှစ်ကျော်လာတဲ့ အိမ်ထောင်သက်ပေမယ့် ဦးနဲ့ Jongin က ထင်သလောက်ခရီးမပေါက်သေးသော်ငြား အရင်ထက်အများကြီးနွေးထွေးလာပြီဖြစ်သည်....
US ကို ဦးအလုပ်ကိစ္စနဲ့ သွားတာ 3 လကျော်ပြီမို့ Jongin လည်း အရမ်းသတိရပါတယ်....
တူတူ မြည်ရင်းဝင်သွားတဲ့ ဖုန်းလေးဟာ ကိုင်သူမဲ့လျှက်မို့ Jongin ရင်ထဲ စိတ်ပူုခြင်း များစွာ...
ဒီနေ့နဲ့ဆို ဦး ဖုန်းမကိုင်တာ ၇ ရက်မြောက်ပြီဖြစ်သည်..
နောက်ဆူံးဖုန်းပြောဖြစ်တဲ့နေ့တုန်းက US က ပြန်လာရင်
Jongin လိုချင်တဲ့ အဖြေပေးမယ်လို့ ပြောပြီး ဦးရှက်သွားတေတာ့ မဟုတ်ပါဖူးနော်...
ဦးရေ... လွမ်းတယ်...!
နံရံထက်က မင်္ဂလာဆောင်ဓာတ်ပူံရှေ့မှာ ရပ်လိုက်ရင်း Jongin တမ်းတမ်းတတရေရွတ်ပြီးမှ ရေချိုးခန်းထဲဝင်ကာ
တစ်မနက်တာ မနက်ခင်းကို အစပြုလိုက်တော့သည်...
------------
" ကြီးကြီး... ဦးနဲ့ အဆက်သွယ်ရသေးလား..."
Jongin ကြိုက်တတ်တဲ့ ကြက်ဥပေါင်မုန့်ကို တိတိရိရိလှီးဖြတ်ပေးနေတဲ့ ကြီးကြီးက ခေါင်းခါပြကာ...
" Nini လေးနဲ့ အဆက်သွယ်မရှိဖူးလား..."
" ဦး နဲ့ ဖုန်းမရတာ ကြာပြီမို့ပါ..."
Jongin အိမ်မှာတစ်ယောက်တည်းကျန်ခဲ့မှာမို့ဂျပန်က ကြီးကြီးကို တကူးတကပြန်ခေါ်ပေးသွားတဲ့ ဦးက သိပ်ကိုချစ်ဖို့ကောင်းပါတယ်....
နွားနို့ခွက်နွေးနွေးလေးဆီလက်လှမ်းရင်း သောက်မိတော့ ဦး သွားတဲ့ ညနေခင်းဆီက နဖုးထက်ကအနမ်းနွေးနွေးလေးကို သတိရလိုက်ပြန်တာမို့ Jongin ပါးပေါ်က အရာလေးထင်သည်အထိ ပြူံးလိုက်မိတယ်....
Jongin ရဲ့ သက်ဆိုင်သူကြီးဟာ ဝန်မခံသေးပေမယ့်
ညတိုင်းဖက်အိပ်တာတွေ နဖူးထက်က အနမ်းနွေးနွေးတွေ
နှုတ်ခမ်းနုနုထက် ကျလာတတ်တဲ့ အနမ်းဖူးဖူးတွေက သက်သေပါနော်....
တစ်ခါတစ်လေ ကုတင်ထက်က နိဗ္ဗာန်ကို အတူသွားတာတောင် ဦးက ဝန်မခံသေး....
သိပ်ကို ဆိုးတဲ့ ဦးပါလေ...
ချစ်တဲ့သူအကြောင်းမို့ ခပ်ပြုံးပြူံးလေးတွေးနေတဲ့ Jongin ခြံထဲက ကားသံနဲ့ အတူ ခြံဝန်းထဲက ဦးလေးဂျောင်ရဲ့
" ဆရာပြန်လာပြီ " ဆိုတဲ့ စကားသံကြောင့်
Jongin ရင်ထဲ လှိုက်ခနဲပျော်သွားကာ ထမင်းစားစားပွဲကနေ အိမ်ရှေ့ဆင်ဝင်အထိကို ပြေးသွားတာ မြေကြီးနဲ့ခြေထောက်ပင် ထိလိုက်ရဲ့လားမသိ...
" ဦး...!!!"
ကားတစ်ဖက်ခြမ်းဆီက ဆင်းလာတဲ့ အနက်ရောင် suit နဲ့
ဦးရဲ့ ရင်ခွင်ထဲကို ပြေးဝင်ကာ ခါးကိုဖက်ရင်း လွမ်းခဲ့တဲ့ ဦးရဲ့ ကိုယ်သင်းနံ့ကို Jongin တစ်ဝကြီးရှုမိသည်....
" ဦး... ဘာလို့ ဖူန်းမကိုင်တာလဲ...
ကျနော် အရမ်းလွမ်းနေတာ ဦးသိရဲ့လား..."
ခါးကိုဖက်ထားတဲ့ Jongin လက်ကို ဦးက ဆွဲခွာလိုက်ကာ...
" ဧည့်သည်ပါလာတယ် Jongin ..."
ဦးစကားကြောင့် Jongin အခုမှ ပတ်ဝန်းကျင်ကို သတိထားမိကာ ကြည့်မိတော့မှ ကားတစ်ဖက်ဆီက အစိမ်းရောင် ဂါဝန်နဲ့ Jongin တို့ကို ကြည့်နေတဲ့ မိန်းမတစ်ယောက်ကြောင့် Jongin ခြေထောက်တွေ ခွေကျလုလု...
လွန်ခဲ့တဲ့ နှစ်များဆီက ဦး နှလုံးသားဖြစ်နေသေးသလို
Jongin မေ့မရခဲ့ပါသော ထိုအမျိုးသမီး...
Jongin ရဲ့  အကြောက်တရားလို့တောင်ပြောလို့ရတဲ့
ထိုအမျိုးသမီးက ဦး နဲ့ ဘာကြောင့်များ ဒီအိမ်ကို အတူပါလာရတာလဲ.....
မှင်သက်ဆွံအစွာနဲ့ Jongin ကြည့်နေတုန်း တဖုတ်ဖုတ်နဲ့ ကလေးပြေးလာသလို ခြေသံလေးကြားလိုက်ရကာ ကားအကွယ်ကထွက်လာတဲ့ 5 နှစ်အရွယ်ကလေးလေးက ဦးလက်ကို ဆွဲလိုက်ပြီး...
" daddy .... သားသား ဗိုက်ဆာနေပြီ.."
ရင်ထဲကို ဝုန်းခနဲ မိုးကြိုးပစ်ချသလို Jongin ကမ္ဘာက အိုးထိန်းစက်ကဲ့သို့ ချာချာလည်၏....
ကြားလိုက်ရတဲ့ စကားက Jongin နေရာတင် ဗိုင်းခနဲ လဲသေဖို့ လုံလောက်နေတာမို့ ဆို့တက်လာတဲ့ ရင်အစုံက အသက်ရှုရခက်ခဲသည်အထိ.....
3 လသွားလိုက်တာ ကလေးက ဒီအရွယ်မဖြစ်နိုင်....
ဘယ်တုန်းကများ....!
" နားမလည်တာတွေများနေမယ်ဆိုတာ သိတယ်....
ကိုယ်သားကို တစ်ခုခုကျွေးလိုက်ဦးမယ်....ပြီးမှ Jongin နဲ့ ကိုယ်စကားပြောမယ်..."
အသာပုတ်သွားတဲ့ ပုခုံးတစ်ဖက်ကတောင် အခုပင် ကျွေကျတော့မလို ခံစားနေရတာ ဦးရဲ့ သိလား....
ကလေးကို ချီရင်း ထိုအမျိုးသမီးနဲ့ အိမ်ထဲကို ဝင်သွားတဲ့ ဦးကို ကြည့်ရင်း Jongin မျက်ရည်တို့ လိမ့်ဆင်းလာသည်....
ရင်ထဲမှာ တစ်ဆို့မှုက အစိုင်ခဲအကြီးကြီး အသက်ရှုလမ်းကြောင်းမှာ ပိတ်နေသလိုမျိုး....
ဦး သိလား...
အခါခါ ကျောခိုင်းထားပစ်ခဲ့တဲ့ ဦးရဲ့ ကျောခိုင်းခြင်းတွေထဲမှာ
အခူတစ်ခါလောက် ဆိုးဝါးတာ မရှိခဲ့ဖူးဘူး...
သေဆို သေလို့ရလောက်တဲ့ အခြေနေထိ ဖြစ်သွားတဲ့
ကျနော့်ကို ဦးက တစ်ချက်လေးမှတောင် လှည့်မကြည့်သွားဘူးနော်...
ဦးက ဘယ်တုန်းကမှ ကျနော့်ကို မချစ်ပါဘူး....
-------------
ဆက်ရန်...
ဘယ်သူဒေလဲကွ... လွမ်းနေတယ်ဆိုတာ..အခုတော့
အလွမ်းကောင်းကောင်းပြေပြီထင်တယ် 😈