တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မ...

De Kyiphyuswe

249K 34.3K 626

အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွား... Mais

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4.1)
အပိုင်း (4. 2)
အပိုင်း (5.1)
အပိုင်း( 5. 2)
အပိုင်း (6)
အပိုင်း (7)
အပိုင်း (8)
အပိုင်း (9)
အပိုင်း (10)
အပိုင်း (11)
အပိုင်း 12
အပိုင်း (13.1)
အပိုင်း (13. 2)
အပိုင်း (14)
အပိုင်း (15)
အပိုင်း (16)
အပိုင်း (17.1)
အပိုင်း(17.2)
အပိုင်း (18)
အပိုင်း ( 19)
အပိုင်း ( 20)
အပိုင်း (21)
အပိုင်း (22)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26)
အပိုင်း (27. 1)
အပိုင်း (27. 2)
အပိုင်း (28.1)
အပိုင်း (28. 2)
အပိုင်း (29)
အပိုင်း (30)
အပိုင်း ( 31.1)
အပိုင်း (31. 2)
အပိုင်း(32)
အပိုင်း (33)
အပိုင်း (34.1)
အပိုင်း (34.2)
အပိုင်း (35.1)
အပိုင်း (36.1)
အပိုင်း (36. 2)
အပိုင်း (37.1)
အပိုင်း (37. 2)
အပိုင်း (38. 1).
အပိုင်း (38. 2)
အပိုင်း (39)
အပိုင်း (40.1)
အပိုင်း (40.2)
အပိုင်း (41. 1)
အပိုင်း (41.2)
အပိုင်း( 42. 1)
အပိုင်း (42. 2)
အပိုင်း (43. 1)
အပိုင်း (43.2)
အပိုင်း (44. 1)
အပိုင်း (44. 2)
အပိုင်း (45 .1)
အပိုင်း (45. 2)
အပိုင်း (46. 1)
အပိုင်း (46. 2)
အပိုင်း (47. 1)
အပိုင်း (47. 2)
အပိုင်း (48. 1)
အပိုင်း (48. 2)
အပိုင်း (49. 1)
အပိုင်း (49. 2)
အပိုင်း (50. 1)
အပိုင်း (50. 2)
အပိုင်း (51.1)
အပိုင်း (51. 2)
အပိုင်း (52. 1)
အပိုင်း (52. 2)
အပိုင်း (53. 1)
အပိုင်း (53. 2)
အပိုင်း (54. 1)
အပိုင်း (54. 2)
အပိုင်း (55)
အပိုင်း (56. 1)
အပိုင်း (56. 2)
အပိုင်း (57. 1)
အပိုင်း (57. 2)
အပိုင်း (58. 1)
အပိုင်း (58. 2)
အပိုင်း (59.1)
အပိုင်း ( 59. 2)
အပိုင်း (60. 1)
အပိုင်း (60.2)
အပိုင်း (61.1)
အပိုင်း (61.2)
အပိုင်း( 62. 1)
အပိုင်း (62. 2)
အပိုင်း (63. 1)
အပိုင်း (63. 2)
အပိုင်း (64. 1)
အပိုင်း (64. 2)
အပိုင်း (65. 1)
အပိုင်း (65. 2)
အပိုင်း (66.1)

အပိုင်း (35. 2)

2.2K 366 7
De Kyiphyuswe

(35. 2)

တုံရဲ့ အိမ်အပြင်ဘက်မှာ လူတွေ အများကြီးက စကားတပြောပြော နဲ့ လမ်းလျောက် လာစဥ်မှာပဲ အထဲကနေ  ချီဟန်ရဲ့အသံကို ကြားလိုက်ကြရတယ်။

'' တုံ မြန်မြန်လေး လုပ် ကလေးလေး က စောင့်ရတာ စိတ်မရှည်တော့ဘူး ''

'' ဒီမှာ လာနေပါပြီ။  ခဏလေးပဲ စောင့်ပေးပါ။ မကြာခင်ရပါတော့မယ်''

တုံ က သဘောတူလိုက်တယ်။

'' အထဲမှာ ဘာတွေ ဖြစ်နေတာလဲ ငါမသိတော့ဘူး! ''

တုံးဟွား အဒေါ်က တံခါးခေါက်ကာ ပြောလိုက်တယ်။

'' ခေါင်းဆောင် ၊ မျိုးနွယ် စုစုန်းမ လာပြီးတော့ တံခါးလာဖွင့်ပေးအုံး။ ငါတို့ကို တစ်ခဏလောက် လာပြီး ဆော့ကစားခွင့် ပေးပါအုံး ''

'' ဟေး လာပြီလာပြီ။ တုံ ရေ တံခါးကို အရင်ဆုံး ဖွင့်ပေးလိုက်ပါအုံး''

'' ဝူး......ဝူး.....  ''

ချန်ရှီးလေး က သက်တောင့် သက်သာ မရှိတာကြောင့် ငိုယိုဟန် ဆောင်လိုက်တယ်။

'' ဟေး မြန်မြန်လာတော့ ကလေးလေးက သူ့ရဲ့ ကတ်စတက်လေး စားချင်နေပြီ''

'' ဟော၊ ကျုပ်က ဘယ်ဟာကို အရင်ဆုံး လုပ်ပေး ရတော့မှာလဲ။  အရမ်းတွေ အလုပ်ရှုပ်နေပြီရယ် ''

တုံ က ကူကယ်ရာမဲ့စွာ ကြည့်လိုက် ပြီးတော့ တံခါးကို အရင်ဖွင့်ပေး လိုက်တယ်။

'' လာကြလေ။ ဝင်ခဲ့ကြ။ အထဲမှာ နွေးနေတယ် ''

'' ဘာတွေ ဖြစ်နေရတာလဲ။ ကလေးလေး က ဘာလုပ်ချင်လို့လဲ''

'' သူ မနေ့က ဥ နဲ့လုပ်နဲ့ ကတ်စတက် စားခဲ့ရတယ်လေ။  မနေ့က ဥတွေ ရလို့ ကျွန်တော် လုပ်ကျွေးခဲ့တာလေ။ အဲ့တာကို စားပြီးတာနဲ့ ဒီနေ့မနက်ကနေ အခုချိန်ထိ နို့အသီးစားဖို့ ငြင်းဆန်နေပြီးတော့ အဲ့တာ ကိုပဲ စားချင်နေတော့တာ ပဲ''

'' ဟားဟား ။ ချန်ရှီးလေး က အခုဆိုရင် အသားကင်တွေနဲ့ ခရမ်းရောင် အမြစ်ပြုတ် ကို စားလို့ရနေပြီလေ။ သူမလေး စားဖို့ဆို အနည်းငယ်လောက် ထပ်ပြီး ကြာကြာ ပိုချက်လိုက်။ ပြီးတာနဲ့ နည်းနည်း ချင်းစီ ကျွေး ''

တုံးဟွား အဒေါ်နဲ့ ဝေ့ဆီယာ အဒေါ်တို့က ​ခြေတစ်လှမ်း ပိုသာပြီးတော့ အနောက်ခန်း ထဲကို တန်းတန်း လျောက်ပြီး ဝင်သွားလေတယ်။

'' အဒေါ် တုံးဟွားနဲ့ အဒေါ်ဝေ့ဆီယာ တို့ရောက်လာကြတာပဲ။ လာလေ။ အနွေးကုတင်ပေါ် မြန်မြန် ထိုင်လိုက်ကြ''

ချီဟန်က ချန်ရှီး ကို ပွေ့ကာ နေရာပေးလိုက်လေတယ်။

'' ဟော ပင်း နဲ့ ယန်မင်း တို့ပါ ပါလာတာပဲကိုး ။ လာ ဒီမှာ ဝင်ထိုင်လိုက်ကြ''

'' ဟေး။ ငါတို့ လာပြီနော် ''

ယန်မင်း က ဘာမှ သတိထားနေတာ မျိုး မရှိပဲနဲ့ အနွေးကုတင်ပေါ်ကို တက်ထိုင်လိုက်တယ်။

ပင်း ကတော့ အနွေးကုတင်ပေါ် မတက်ခဲ့ပေ။ ကုတင်ပေါ်မှာက အမျိုးသမီးတွေနဲ့ သားရဲ တစ်ဝက်တွေလေ။ ဆိုတော့ သူက ဘေးနားမှာပဲ ထိုင်သင့်တာပေါ့လေ။

'' အိုး ကလေးလေးရေ ဒီကိုလာပြီး အဒေါ့်ကို ဖက်ပါအုံးကွယ် ''

ချီဟန်က ကလေးလေးက အမြန်ပဲ လက်လွဲပေးလိုက်တယ်။ ကလေးတစ်ယောက်ကို တစ်နေကုန် ထိန်းနေရတာ က အတော်လေး ပင်ပန်းတာပါပဲ။ ပြီးတော့ သူ့ရဲ့ နာနေတဲ့ လက်မောင်း တွေကို ပွတ်လိုက်တယ်။

ကလေးမလေးက အဒေါ် ၂ ယောက်ကို တွေ့တော့ အရမ်းကို ပျော်ရွှင်သွားလေတယ်။ သူမရဲ့ ​ခြေထောက်လေး တွေက အရမ်းကို သန်မာလေတယ်။ ပြီးတော့ ဖက်လိုဟန် နဲ့ လက်တွေကို မြှောက်ထားချိန် သူမရဲ့ ခြေထောက်တွေ က လေပေါ် ကန်ကျောက် နေပြီးတော့ ပါးစပ်လေး ကနေလည်း တံတွေးတွေ မှုတ်ထုတ်နေလေရဲ့။ နောက်တော့ ပါးစပ်လေး ထဲကနေ တံတွေးတွေက ချက်ချင်းပဲ စီးကျ လာခဲ့လေတယ်။

'' ဘာလို့များ သူမလေးက အခုထိ သားရေတွေ ကျနေရတာလဲ''

'' ဟုတ်ပ။ သားရေခံလေး နှစ်ထည်ရှိလို့ တော်ပေါသေးတယ်။ တစ်ထည်စိုရင် အမြန်လျှော် ပြီးတော့ အနွေးကုတင်ပေါ် တင်ပြီး အခြောက်ခံရတယ်။ အဲ့တစ်ခု မခြောက်ခင် တစ်ခြား တစ်ခုက စိုသွားပြန်ရော ''

'' ဒါက သွားပေါက် ချင်လာလို့ များလား ''

အဒေါ် တုံးဟွားက သံသယဝင်စွာ ပြောလိုက်တယ်။

'' ဖြစ်နိုင်တယ် ''

အဒေါ် ဝေ့ဆီယာ က ပြန်တုံ့ပြန်လိုက်တယ်။

အဒေါ် တုံးဟွားက သူမလေးကို ပွေ့ထားကာ အဒေါ်ဝေ့ဆီယာက သူမရဲ့ ပါးစပ်လေးကို လက်နဲ့ အသာဖွင့်ကာ ယန်မင်းက ငုံ့ကြည့်လိုက်တယ်။

'' အဲ့တာက သွားပေါက်နေတာပဲ ။ သွားဖုံးပေါ်က အဖြူရောင်လေးက သွားလေး မဟုတ်လား ''

'' သွားပေါက် နေတာ ပဲဟဲ့။ မင်းက အတော်လေး ဂရုမစိုက်တာပဲ။ ချန်ရှီးလေးက အသားစပြီး တောင်းလာပြီ။ ကြည့်ပါအုံး ငါတို့သာ မလာရင် မင်းက သူမလေးကို နို့အသီးတွေပဲ ဆက်ကျွေး နေအုံးမှာ မလား  ။ ဒါပေါ့ သူက အသားပဲစားချင်နေတာလေ။ နော့်နော့် ဘယ်လိုများ အသီးတွေ စားပြီး ဗိုက်ပြည့် နိုင်တော့မလဲ''

'' ငါတို့ ကလေးလေး က ငါတို့သာ မလာခဲ့ရင် မှားယွင်းစွာ ခံစားနေရအုံးမှာ ဟုတ်တယ် မလား ''

အဒေါ် နှစ်ယောက်က အကောင်း ဘက်ကနေ ဆူပူနေရင်းနဲ့ ကလေးလေးကို နမ်းရှုံနေကြလေရဲ့။

'' သွားပေါက်လာပြီတော့...ဆိုတော့ ကျွန်တော်မှာ တောင်းဆို စရာ ရှိတယ်။ အဒေါ် တွေက ဒီနေရာကို နေ့တိုင်း လာထိုင် ရမယ်နော်။ ကျွန်တော်ရော တုံ ရောက ကလေးတွေကို ဘယ်လိုလုပ်ပေး ရမလဲ ဆိုတာ တကယ်မသိဘူး။ ဒါကြောင့် အဒေါ်တွေရဲ့ လမ်းညွှန်မှု ကိုလိုအပ်ပါတယ် ခမျ ''

အဒေါ် တုံးဟွားက ပြုံးကာ ချီဟန် ကို သဘောတူကြောင်း ခေါင်းငြိမ့်ပြ လိုက်တယ်။

'' မင်း အများကြီး သင်ယူပြီး ပါပြီကွယ်။ အခု မင်းလုပ်ရမှာက သူမလေးကို အသားပြုတ်လေးတွေ စကျွေး ရတော့မှာပဲ။ ဒါပေမယ့် ပမာဏ နည်းနည်းပဲနော် ''

'' အာ...အာ.... ''

စကားပြောနေစဥ်မှာ တုံ က လက်ဆက်စွာ ရေငွေ့နဲ့ ပေါင်းထားတဲ့ ကတ်စတက် ( ဥအနှစ်ပေါင်း) ကို ယူလာတာကို ချန်ရှီးလေး တွေ့လိုက်ရတော့ ချက်ချင်းကိုပဲ အော်ဟစ်လာခဲ့တယ်။

'' အဲ့တာက ဘာလဲ? ''

'' ဒါက ဥအနှစ်ပေါင်းလေ ဥ ကနေ လုပ်ထားတာ''

သားရဲလူသားတွေက ဥ တွေ ရလာပြီ ဆိုရင် ပြုတ်တာနဲ့ ကင်( ဖုတ်)  တာ မျိုးပဲ လုပ်စားကြလေ့ ရှိတယ်။ ဒီလိုလုပ်တာ ကတော့ အရင်က သူတို့ တစ်ခါမှ မတွေ့ဘူးသေးဘူး။

တုံက ဥ အနှစ်ပေါင်းကို အရင်ဆုံး အအေးခံ လိုက်ပြီးတော့မှ ဇွန်းတစ်ခုနဲ့ ခပ်ကာ ချန်ရှီးလေးကို ဖြေးဖြေးချင်း ခပ်ကျွေးနေခဲ့တယ်။ တစ်ဇွန်းခပ် လိုက်တိုင် ချောမွေ့နေကာ အရမ်းကို လက်ဆက်လေတယ်။

'' အဲ့တာကို ဘယ်လို လုပ်တာလဲ ''

''ဟုတ်ပြီ။ အရင်ဆုံး ဥခွံကိုခွဲ ပန်းကန်ထဲထည့် ပြီးရင်ရေရောပြီး ဆားနည်းနည်းထည့်မွှေ။ ပြီးရင် ရေနွေးငွေ့နဲ့ ပေါင်းရုံပဲ''

'' ရေနွေးငွေ့နဲ့ ပေါင်းတယ် ဆိုတာ ဘယ်လိုမျိုးလဲ ''

'' အဲ့တာက အိုးထဲမှာ ရေဖြည့်ထား။ ပြီးရင် သစ်သား တစ်ခုကို ခံပြီးတော့ ဥအရည် ပန်းကန်ကို တင်။ ဥအရည် ပန်းကန်ကို ရေတွေ မမြုပ်စေနဲ့နော်။ ပြီးတာနဲ့ အောက်ကနေ မီးထည့်ပြီး ပွက်လာမှာ။ အဲ့တာပဲ ရေနွေးငွေ့ ပေါင်းတယ် ဆိုတာကလေ''

'' အိုး မျိုးနွယ်စု စုန်းမရေ မင်းရဲ့ မူရင်း မျိုးနွယ်စုက အတော်လေး အသိဉာဏ် ကြွယ်ကြတာပဲ''

'' ဟုတ်တယ်။ ကျွန်တော် က သိပ်ပြီးတော့ မသိသေးဘူး။ ကျွန်တော့်ထက် ပိုသိတဲ့ သူတွေ အများကြီး ရှိသေး တယ်''

ချီဟန်က စိတ်သက်သာ ရာ ရလေတယ်။ ဒီနေရာမှာ ခေတ်သစ် က ပစ္စည်း တွေ အများကြီး မရှိပေမယ့်လို့ နေ့ရက်တိုင်းကို အဓိပ္ပါယ် ရှိစွာနဲ့ ဖြတ်သန်းနေပြီးတော့ ဘဝကြီးကို ချီဟန် အရမ်းကျေနပ်နေပါတယ်။

'' မျိုးနွယ်စု စုန်းမ ၊ မင်းတို့ မျိုးနွယ်စုက လူတွေ အကုန်လုံး စာလုံးတွေကို သိကြတာလား''

ပင်း က သူတို့တွေ စကားပြောနေတာကို ဘေးကနေ ထိုင်နားထောင် နေရာကမှ ချီဟန်ရဲ့ မူလ မျိုးနွယ်စု အကြောင်း ပါလာတော့ သူက စကားစပြောလိုက်တာပဲ ဖြစ်လေတယ်။

'' ဟုတ်တယ်။ လူတိုင်းက စာရေးတက်တယ်။ တကယ်လို့ ငါတို့အချင်းချင်း သိတဲ့လူ တွေက ဝေးကွာနေခဲ့တယ် ဆိုရင် တောင်မှပဲ အပြန်အလှန် ပေးစာတွေ ပေးလို့ ရသေးတယ်လေ''

'' ပေးစာ ဆိုတာက ဘာလဲ ''

'' ဟမ်း အဲ့တာက မင်းရေးချင်တာက ကိုစာရွက်ပေါ် ချရေး။ ပြီးရင် အိတ်အသေးလေးထဲ ထည့်။ ပြီးတာနဲ့ အထူးသီးသန့် ပို့ဆောင်ရေး သမားကို ရွေးပြီး မင်းပို့ချင်တဲ့ လူဆီကို ပို့ခိုင်းလိုက်''

ချီဟန်က သူဆက်ပြီး မပြောနိုင်တော့ဘူး လို့ခံစားမိတယ်။ ဘာလို့လဲ ဆိုတော့ ရှင်းပြရမယ့် အဓိပ္ပါယ်တွေက ပိုများလာလို့ ပဲပေါ့။ သေချာတာပေါ့ ပင်းက ထပ်မေးလာတယ်။

'' စာရွက် ဆိုတာ ဘာလဲ။ စာအိတ်အသေး ဆိုတာ ကရော ဘာလဲ ''

''ဟုတ်ပြီ။ အဲ့တာက စာရေးလို့ ရတဲ့ တစ်ခုခုပေါ့ သစ်သားပြားနဲ့ မီးသွေးခဲလိုပေါ့။ ဒါပေမယ့် သစ်သားပြားထက် ပိုပြီးတော့ ပါးလွှာတယ်။ စာအိတ်ကတော့ အဲ့စာရွက်နဲ့ လုပ်ထားတဲ့ ထည့်စရာပဲ ''

ပင်း က ဒါကို လုံးဝ သရုပ်မဖော်နိုင်ခဲ့ပေ။

'' မျိုးနွယ်စု စုန်းမ မင်းရဲ့ မူရင်း မျိုးနွယ်စုက ဘယ်နေရာမှာလဲ။ မင်းက တိုက်ကွန်းခ် တိုက်ကြီးက လာတာရော တကယ် ဟုတ်ရဲ့လား ''

ချီဟန်, '' ........ ''

....................................................

ဗုဒ္ဓဟူးနေ့ တိုင်း နှစ်ပိုင်းတင်သည်!

Continue lendo

Você também vai gostar

404K 53.7K 75
ရတယ်။ ကမ္ဘာပျက်တာ သိပ်အရေးမကြီးဘူး။ ငါရှိတယ်။ ငါက မင်းရဲ့ကမ္ဘာ။
406K 13.2K 17
My priority /property/privacy
172K 24.5K 108
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...
249K 34.3K 107
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...