မိုးကောင်းကင်အားချုပ်ကိုင်ခြင...

Per phuepps

7.9K 695 8

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း pageလေးကိုလည်း Likeလုပ်ပေးကြပါဦးနော် Més

မိတ်ဆက်
အခန်း(၁) : ချင်ကျင်း၊ရှေ့ဆက်ခြင်း
အခန်း (၂) : သင်ကြားခြင်း
အခန်း ( ၄ ) : ငါ့ခွန်အားတွေ တိုးနေတာလား။
အခန်း ( ၅ ) : ဂါဘရီရယ်လာ
အခန်း(၆) : ကြမ်းတမ်းလှသော ခွန်အား
အခန်း( ၇ ) : မိုက်တယ် သားရီး
အခန်း(၈) : လျင်မြန်စွာအနိုင်ရရှိလိုက်ခြင်း
အခန်း ( ၉ ) : တစ်ခါတည်းနဲ့မရရင် နှစ်ခါလုပ်ပါ
အခန်း( ၁၀ ) : မင်းတို့ ဒုက္ခိတ ဖြစ်ချင်နေတာလား
အခန်း(၁၁) : အတန်းထဲမှ အလှဆုံးမိန်းကလေး
အခန်း (၁၂) : ပြန်လည်စမ်းသပ်ခြင်း
အခန်း( ၁၃ ) : သွေးဆက်များအား စိန်ခေါ်ခြင်း
အခန်း( ၁၄ ) မင်းတို့ဒီလောက်တောင် အထိုးခံချင်နေကြတာလား
စာစဥ် ( ၁ ) အခန်း( ၁၅ ) မည်သူမျှမရနိုင်သော အလုပ်
အခန်း ( ၁၆ ) ပေါ့ပါးလွန်းသည်
အခန်း( ၁၇ ) တရားဝင် ပန်းပဲဆရာ
အခန်း( ၁၈ ) သန့်စင်ထားသော အဆင့်နှစ်သံ
အခန်း( ၁၉ ) အမြတ်ငွေအား ဝေစုခွဲခြင်း
အခန်း( ၂၀ ) လွှမ်းမိုးမှုကို စတင်ခြင်း
အခန်း( ၂၁ ) ငါတို့ နှစ်ဆမြှင့်ကြမယ်
အခန်း( ၂၂ ) သားရဲတိုက်ခိုက်နည်းစနစ်
အခန်း ( ၂၃ ) မင်းကို တူနဲ့ ရိုက်မယ်
အခန်း ( ၂၄ ) တန်ဖိုးနှစ်ဆ
အခန်း ( ၂၅ ) သူငယ်ချင်း၊ အုပ်ထိန်းသူနှင့်ယောက်ဖ
ချင်ကျင်း gp
အခန်း( ၂၆ ) ကျွမ်းကျင်မှုအမျိုးမျိုး
အခန်း ( ၂၇ ) မှော်ဆန်သော ရေပူစမ်း
အခန်း ( ၂၈ ) ကျောင်းတွင် အကျော်ကြားဆုံးမိန်းကလေး
အခန်း( ၂၉ ) စစ်မှန်သောအလှတရားဟူသည်
အခန်း ( ၃၀ ) နံနက်ပိုင်းလေ့ကျင့်မှုအတွင်း ပဋိပက္ခ
အခန်း ( ၃၁ ) တောအုပ်ငယ်အတွင်းမှ အပေးအယူ
အခန်း ( ၃၂ ) အဆင့် ၈
အခန်း ( ၃၃ ) ကျွန်ုပ်တို့ကို ပြန်ရွေးပါ
အခန်း (၃၄) စွမ်းအင်ကျောက်တုံး
အခန်း ( ၃၅ ) ကြီးမားသော ရင်းနှီးမြှုပ်နှံမှု
အခန်း ( ၃၆ ) ကျုပ်ရဲ့ အံ့ဖွယ်ပညာကို ပြမယ်
အခန်း ( ၃၇ ) အတုယောင် သံသွန်းခြင်း
အခန်း ( ၃၈ ) Oaklandမှ နံပါတ်တစ် စစ်သည်တော်
အခန်း ( ၃၉ ) လောကကြီးအပေါ် ကျယ်ပြန့်သောအမြင်
အခန်း ( ၄၀ ) သံသွန်းပညာရှင်
အခန်း ( ၄၁ ) အသေးစိတ်အချက်လက်များကို သတိထားခြင်း
၄၂
၄၃
၄၄
၄၅
၄၆
၄၇
၄၈
၄၉
၅၀
၅၀
၅၂
၅၃
၅၄
၅၅
၅၆
၅၇
၅၈
၅၉
၆၀
၆၁
၆၂
၆၃
၆၄
၆၅
၆၆
၆၇
၆၈
၆၉
၇၀
၇၁
၇၂
၇၃
၇၄
၇၅
၇၆
၇၇
၇၈
၇၉
၈၀
၈၁

အခန်း ( ၃ ) ပန်းပဲပညာ

149 16 0
Per phuepps


“ဟုတ်ပြီ ..…”

ချင်ကျင်းသည် ဖားဖိုကိုအသုံးပြုကာ ပန်းပဲဖိုအတွင်းသို့လေများမှုတ်သွင်းနေသည်။ အဘိုးဘလိတ်ခ် သည်လည်း မီးမြှိက်ထားသောသံကို သူ၏ခြေထောက်နားရှိ ညှပ်ဖြင့် ဖိုထဲမှထုတ်ယူလိုက်သည်။ ထို့‌‌နောက်ပေါင်တစ်ထောင်ခန့် လေးသောတူကြီးဖြင့် လေထုထဲသို့ဖြိုခွင်းကိုင်မြှောက်လိုက်ကာ မီးမြှိုက်ထားသောသံပေါ်သို့ ဝှီးကနဲ ထုရိုက်နေသည့်မြင်ကွင်းမှာ ဥက္ကာခဲတစ်လုံး ကမ္ဘာမြေပေါ်သို့ ကျလာသည်နှင့်ပင်တူနေတော့သည်။

မီးမြှိုက်သံ၊ တူနှင့် ပေတုံးတို့၏ ထိတွေ့မှုကြောင့် များပြားလှသော မီးပွားများနှင့် အလွန့်အလွန်ကျယ်လောင်သော အသံတို့အဆက်မပြတ် ထွက်ပေါ်လျက်ရှိနေသည်။ ထိုမီးပွားများမှာ မှော်ဆရာတစ်ဦး မီးအတတ်သုံးပြီးထုတ်လွှတ်နေသယောင် ထွက်ပေါ်လာနေကြပြီး လေထဲ၌ အဆုံးမရှိ ပျံဝဲနေကြသည်။ ထို့အတူ တူကြီးဖြင့် ထုရိုက်နေသည့်အသံများသည်လည်း မိုးချိန်းသံဟုထင်ရလောက်အောင် ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေသည်။

ထိုသို့သောမြင်ကွင်းကို ချင်ကျင်း တစ်ယောက် စိတ်ဝင်တစားဖြင့် ကြည့်ရှုနေမိသည်။ ဤသို့သော အာရုံစူးစိုက်မှုသည် သူ့ဘဝတစ်လျှောက်လုံးစူးစိုက်ခဲ့သည်များအနက် အသာလွန်ဆုံးဖြစ်ပေသည်။ သူသည် ပန်းပဲလုပ်ငန်းဆိုသည်မှာ ဤမျှလောက် ကြိုးစားအားထုတ်ရလိမ့်မည်ဟု စိတ်ကူးပင်မယဉ်ခဲ့ဖူးပါ။ ပန်းပဲဆရာအို၏ လုပ်‌ဆောင်နေမှုများမှာ သံထည်လုပ်ငန်းဆိုသည်ထက် အနုပညာဖန်တီးခြင်းလုပ်ငန်းဟု ဖော်ပြရလျှင် ပို၍မှန်ကန်ပေလိမ့်မည်။ အဘိုးအို၏ ပန်းပဲ ပညာမှာ တစ်ဖက်ကမ်းခတ်ပြီဟုဆိုရလောက်အောင် ပြောင်မြောက်လွန်းလှသည်။

ပေါင်တစ်ထောင်လောက်လေးသောတူကြီးအား ပေတုံးထက်သို့ စည်းချက်မှန်မှန်နှင့် လွယ်လွယ်ကူကူ လွှဲရိုက်နေသည်။ ပန်းပဲဆရာကြီးက လက်ရေးအလှ‌ရေးသည့် အနုပညာရှင်တစ်ဦးသည် သူ၏လက်ရာများကို မင်တံဖြင့် လက်ရာပြောင်မြောက်စွာ လက်စွမ်းပြသကဲ့သို့ ချင်ကျင်းအား သူ၏ပညာများအားပြသကာ ဆွဲဆောင်နေခဲ့သည်။

             ပန်းပဲဆရာကြီးသည် တူကို မြန်မြန်လွှဲရိုက်နေခြင်းမဟုတ်သော်ငြားလည်း သူ၏ခံနိုင်ရည်အားနှင့် သက်လုံသည် သူမတူအောင် ကောင်းမွန်လှပြီး ထိုသို့သောစွမ်းအားကို ဤကမ္ဘာတွင် တွေ့နိုင်လိမ့်မည်မဟုတ်ပါ။ ပေတုံးထက်တွင်ရှိသော မီးမြှိုက်ထားသည့် သံပေါ်သို့ တူကြီးသည် အကြိမ်တစ်ရာခန့်  ကျ‌ရောက်ပြီး ဖြစ်သည်။ တူအားလွှဲသည့်အခါတွင်လည်း တူညီသော အမြင့်ဖြင့် ရိုက်နေသည်မှာ တိကျသေချာလှသည်။ တူကြီးအား အမြင့်ကြီး မြှောက်သည်။ ထို့နောက်ပေတုံးထက်သို့ ရိုက်ချသည်။ ထိုကဲ့သို့ အချက်တစ်ရာခန့် ထုရိုက်နေသော်လည်း အမှားပင်မရှိချေ။

            ချင်ကျင်းသည် ထိုတူကြီးမည်မျှလေးကြောင်းကို လက်တွေ့သိမြင်ထားပြီးဖြစ်သည်။ ပန်းပဲဆရာမှာ တူလွှဲသည့်နည်းအတိုင်းအတုယူ၍ ချင်ကျင်းသာ တူအစား လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်အသုံးပြုရသော ဓားရှည်ကို အစားထိုးသုံးနိုင်မည်ဆိုပါက သူ၏ခံနိုင်ရည်အားဖြင့် လွှဲချက် ဆယ်ချက်ခန့်အထိ ထိန်းထားနိုင်ပေမည်။ သို့သော် ချင်ကျင်းသည် ထိုတူကြီးကို အခန်းတစ်ခန်းစာ အကွာဝေးကိုပင် မနည်းဆွဲယူနေရသည်။ ယခုပန်းပဲဆရာရောက်ရှိနေသော အဆင့်ကို လိုက်မီရန်အတွက် ချင်ကျင်းသည် များစွာကြိုးစားရပေဦးမည်ဖြစ်သည်။

            ချင်ကျင်းတစ်ယောက် သံပြားကိုရိုက်ရာမှ ထွက်လာသော မီးပွားလေးများကိုကြည့်ရင်း မင်သက်နေမိသည်။

“ကစားသမား ချင်ကျင်း သံရည်ကျိုခြင်း အခြေခံအဆင့် သင်ယူပြီးစီး။”

“ကစားသမား ချင်ကျင်း သံပုံစံသွင်းခြင်း အခြေခံအဆင့် သင်ယူပြီးစီး။”

ထိုသို့ မှော်စနစ်၏အသံမှ ချင်ကျင်းအား သတိပေးလိုက်သည်နှင့် တပြိုင်နက် ပန်းပဲ ဆရာကြီးသည်လည်း သူ၏နောက်ဆုံး ရိုက်ချက်ကို အားကောင်းကောင်းဖြင့် ရိုက်ချလိုက်တော့သည်။ ပေတုံးထက်တွင် လောလောလတ်လတ်ဖိုမှချထားသော နီရဲစွာလောင်မြိုက်နေသည့် ဓားတစ်ချောင်း ရှိနေသည်။ ပန်းပဲဆရာကြီးသည် ညှပ်များဖြင့် ပေတုံးထက်မှ တောက်လောင်နေသော ဓားကို ညှပ်ယူကာ ရေပုံးထဲသို့ ထိုးထည့်လိုက်သည်။

            “ရှဲ.......” ဟူသော အသံနှင့်အတူ ရေငွေ့များလည်း ရေပုံးအတွင်းမှ ဒလဟော ထွက်ပေါ်လာခဲ့သည်။

            ထိုလုပ်ငန်းစဉ်များ အပြီးမှာ ပန်းပဲဆရာအိုကြီးသည် သူ၏တူအား ဖြည်းညင်းစွာ ချထားလိုက်ပြီး ဆေးတံအားယူလိုက်သည်။

            “ငါ့ရဲ့အလုပ်သင်တစ်ယောက် အနေနဲ့ ပထမဆုံးသင်ယူရမှာကတော့ တူကို ဘယ်လိုအသုံးပြုရမယ် ဆိုတာပဲ။”

ဟုပြောကာ ပန်းပဲဆရာကြီးသည် ခါးကိုကုန်းချလိုက်ကာ ပေတုံးဘေးတွင်ရှိနေသော အခြားတူတစ်ခုကို ကောက်ယူလိုက်သည်။ ထိုတူကို ချင်ကျင်းအားပစ်ပေးလိုက်ပြီး

“ ဒီနေ့ကစပြီး မင်းဒီတူကို တစ်နေ့ အချက်တစ်ထောင်လွှဲရမယ်။ မင်းလေ့ကျင့်တာပြီးသွားရင်တော့ သွားလို့ရပြီ။ မင်းတူတစ်ချောင်းကို ကောင်းကောင်းမွန်မွန်သုံးနိုင်ပြီ လို့ ငါခံစားမိသွားရင် နောက်ထပ်ပညာရပ်တွေကိုလည်း သင်ပေးမယ်” ဟုပြောလိုက်သည်။

            ချင်ကျင်းအား ပန်းပဲဆရာမှ ပစ်ပေးလိုက်သော တူမှာလေးနေသေးသော်လည်း ပထမတစ်ခုနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်ပေ။ ဤတူသည် ပေါင်တစ်ထောင်လေးသောတူနှင့်နှိုင်းယှဉ်လျှင် အတော်သေးသည်။ ချင်ကျင်း ထိုတူကို ကောက်ကိုင်လိုက်သည့်အခါ ပေါင် နှစ်ရာ သို့မဟုတ် သုံးရာခန့်ရှိသည်ကို ခံစားမိသည်။ ထိုတူကို လွှဲကျင့်သည့်အခါ အနည်းငယ်ခက်ခဲသော်လည်း အခြားတူများနှင့်မတူပဲ ပေးထားသောတာဝန်ကို အဆင်ပြေပြေလုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။

            ချင်ကျင်းသည် တူကို ဖြစ်သလိုလွှဲယမ်းခြင်း မပြုဘဲ မျက်လုံးမှိတ်ကာ ပန်းပဲဆရာကြီး၏ ဓားသွန်းနေစဉ် လှုပ်ရှားခဲ့သည်များကို ပြန်တွေးနေခဲ့သည်။ သူ၏ အတွေးထဲတွင်လည်း တူအားလွှဲကျင့်လျှင် မည်သို့ လှုပ်ရှားရမည်ကို ပန်းပဲဆရာကြီး၏ လှုပ်ရှားမှုများနှင့်ယှဉ်ကာ မှန်ကန်အောင်လွှဲနိုင်ရန် အတွက် အကြိမ်ကြိမ် ပုံဖော်နေခဲ့သည်။ အဖိုး ဘလိတ်ခ်သည် ချင်ကျင်းအား သူ၏တိမ်ကွယ်နေသော မျက်လုံးများဖြင့် စိတ်ဝင်တစား စိုက်ကြည့်နေခဲ့သည်။ ဆရာကြီးသည် ဘာကြောင့် ချင်းကျင် ပန်းပဲထုခြင်းလုပ်ငန်းကို မစသေးသနည်းဟု သိချင်နေမိသည်။

            စိတ်ထဲ၌ အကြိမ်တစ်ရာခန့် ပုံဖော်ပြီးနောက် ချင်ကျင်းသည် မျက်လုံးအား ရုတ်တရက်ဖွင့်လိုက်သည်။ ပြီးနောက်သူသည် ယုံကြည်မှုရှိရှိဖြင့် ပေတုံးထက်တွင်ရှိနေသော မီးမြိုက်ထားသည့် သံစပေါ်သို့ တူဖြင့်ရိုက်ချလိုက်သည်။

ထင်း......

            မီးမြိုက်ထားသည့် ပေတုံးပေါ်မှ သံတုံးအားတူဖြင့်ရိုက်လိုက်သည့် အသံမှာ ဆိုင်ငယ်လေးအတွင်း ပဲ့တင်ထပ်သွားပြီး မီးပွားကလေးများသည်လည်း အဘက်ဘက်သို့ သန်းခေါင်ဘံအချိန်၌ မီးပန်းများ ပစ်လွှတ်လိုက်သကဲ့သို့ ဖြာထွက်သွားသည်။ ထိုအခါ အဘိုးဘလိတ်ခ်၏ မျက်နှာတွင်မြင်ရခဲသည့် တောက်ပလှသော မျက်နှာထား ပုံသဏ္ဍာန်ပေါ်ပေါက်လာခဲ့သည်။ သူ၏ညာလက်မှာ ပေါင်တစ်ထောင်ခန့်လေးသော တူကို တုန်ခါခြင်းမရှိကိုင်ဆောင်နိုင် လောက်အောင် သန်မာသော်လည်း ယခုအဖြစ်ပျက်ကြောင့် ပေါ့ပါးလှသောဆေးတံလေးကိုပင် မကိုင်နိုင်တော့လောက်အောင် အံ့အားသင့်နေခဲ့သည်။

            “အံ့သြလောက်စရာပဲ”

အဘိုးအိုသည် ဒုတိယအချက်အား ရိုက်ရန်ပြင်နေသော ချင်းကျင်ကြောင့် ဝမ်းသာသွားခဲ့သည်။ ချင်ကျင်း၏ ပထမအချက်တူလွှဲချက်၌ လက်မောင်းအနေထားမှာ အဘိုးဘလိတ်ခ်၏ လွှဲချက်များနှင့် ဆင်တူသည်။ သို့သော် ထိုအချက်သည် ဆရာကြီးအား အံ့အားသင့်စေခဲ့ခြင်းမဟုတ်ပါ။ သူချင်ကျင်းအား တူအသုံးပြုခြင်းအား သင်ပေးနေစဉ် သင်ပေးလိုက်သော အဓိက သော့ချက်မှာ လက်အနေအထားနှင့် အမြန်နှုန်းကို မဟုတ်ချေ။ ထိုသော့ချက်မှာ တူရိုက်သံကြောင့် ထွက်ပေါ်လာသည့် အသံပင်ဖြစ်သည်။

            ချင်ကျင်း ပထမရိုက်လိုက်သော အသံသည် အဘိုး ဘလိတ်ခ်၏ တူသံနှင့် သုံးဆယ်ရာခိုင်နှုန်း ခန့် တူညီနေသည်။ ဤသည်မှာ ချင်ကျင်းသည် သင်ခန်းစာကို သေချာစွာ အာရုံစိုက်၍ သင်ယူခဲ့ကြောင်း ထင်ရှားသည်။တစ်ချက်၊ နှစ်ချက်၊ သုံးချက်... နှင့် ချင်ကျင်းသည် ပေတုံးပေါ်မှ သံအား အဆက်မပြတ်ထုရိုက်နေခဲ့သည်။ သူသည် ထိုလုပ်ငန်းထဲ၌ စိတ်နှစ်ထားသည်ဖြစ်၍ အချိန်မည်မျှကုန်သွားသည် နှင့် ပင်ပန်းနေမှုကိုပင် မေ့လျော့သွားခဲ့သည်။ ရုတ်တရက်ပင် ချင်ကျင်းတစ်ယောက် ပန်းပဲပညာသည် အလွန်စိတ်ဝင်စားစရာ ကောင်းကြောင်းသတိထားမိလာသည်။

            ပန်းပဲဆရာအိုကြီးသည် သူ၏ အလုပ်သင်အသစ်လေးအား စိတ်ဝင်စားပုံမပေါ်တော့ဘဲ ခုံပေါ်တွင်လဲလှောင်းကာ အနားယူရန်ပြင်လိုက်တော့သည်။ မီးစရှိနေဆဲဖြစ်သော ဆေးတံက ပန်းပဲဆရာကြီး မအိပ်သေးကြောင်း ချင်ကျင်းအားပြောပြနေသည်။

            “သင့်ရဲ့ သံသွန်းလုပ်မှုတိုးတက်လာသည်။ သင့်ရဲ့ခွန်အားက တစ်ပွိုင့်တက်လာသည်။”

            “သင့်ရဲ့ သံသွန်းလုပ်မှုတိုးတက်လာသည်။ သင့်ရဲ့ခွန်အားက တစ်ပွိုင့်တက်လာသည်။”

            ........

            ယခုဆိုလျှင် ထိုပျင်းစရာကောင်းလှသော အသိပေးသံသာ ချင်ကျင်းနှင့် အဖော်လုပ်ပေးနေသည်။

            အချက်ငါးရာခန့်ရောက်သော်.... ချင်ကျင်းသည် ပင်ပန်းလာပြီး လက်များသည်လည်း နာကျင်နေပြီဖြစ်သည်။ ထို့ကြောင့်သူသည် အဆင့်သုံးစစ်သည် တစ်ဦးဖြစ်သည့်အလျှောက် သူ၏အားအင်များကို အသုံးချကာ ကြွက်သားများနှင့် ကာယခွန်အားကို ပြန်လည်ဖြည့်တင်းကာ ဆက်လေ့ကျင့်နေတော့သည်။

ညနေစောင်းလောက်တွင် ချင်ကျင်း၏ အချက်တစ်ထောင်လေ့ကျင့်မှုပြီးဆုံးသွားတော့သည်။ လေ့ကျင့်မှုအားရပ်တန့်လိုက်သည်နှင့် ချင်းကျင်သည် ညာလက်သာမက ညာဘက်ခြမ်း ကိုယ်ခန္ဓာတစ်ခုလုံး၌ နာကျင်မှုကို ခံစားလိုက်ရသည်။ ထိုနေ့တွင် သူလက်ကိုမမြှောက်နိုင်တော့ပါ။ ချင်ကျင်း ပန်းပဲဖိုမှထွက်လိုက်သည်နှင့်တစ်ပြိုင်နက် ပန်းပဲဆရာ အဖိုးအိုလည်း နိုးလာကာ သူ့အား ခေါင်းတစ်ချက်ငြိမ့်ပြခဲ့ပြီး ပြန်အိပ်ဖို့ပြင်လိုက်လေသည်။

            “ဒါဆို ကျွန်တော် ဒီနေ့တာဝန်ကို ပြီးသွားပြီနော်” ဟုဆိုကာ ခြေကုန်လက်ပန်းဖြင့် ဆိုင်ထဲမှထွက်လာခဲ့သည်။ သူသည် ကောင်းကင်အားမော့ကြည့်ကာ မေးခွန်းတစ်ခုကို တွေးနေမိသည်။

            “ဟေ့ မှော်စနစ်ကြီး ထွက်လာခဲ့စမ်း။”

            “ သင်မည်သည်ကို မေးလိုသနည်း။”

            ချင်ကျင်းသည် ကောင်းကင်အား ညွှန်ပြကာ “မင်းငါ့ကို ဒီကမ္ဘာမှာ ရှစ်နာရီကြာနေပြီးရင် ငါ့ကမ္ဘာကိုအလိုလျောက်ပြန်ရမယ်လို့ ပြောခဲ့တယ်မလား။ အခုအချိန်ကိုလည်းကြည့်ကြည့်အုံးဟ။ ရှစ်နာရီ ဟုတ်လား။ ငါတော့ တစ်ဆယ့်ခြောက်နာရီလောက်ရှိနေပြီလို့ ထင်တယ်နော်။”

            “အိုး... ဟုတ်သားပဲ။ ကျွန်ုပ်သင့်ကို ပြောပြဖို့တစ်ခု ကျန်ခဲ့တာ။ ဒီဂိမ်းရဲ့အချိန်တွေက သင့်ကမ္ဘာနဲ့မတူဘူး။ အချိန်ကွာဟချက်က ၁:၂ ပါ။ ဆိုလိုတာက ဒီမှာ ၁၆နာရီလောက်ကြာရင် သင့်ကမ္ဘာမှာက ၈နာရီပဲရှိအုံးမှာ။ သင်မှန်ပါတယ် သင့်ရဲ့ ဒီဂိမ်းကမ္ဘာထဲရောက်နေတဲ့ အချိန်ကာလဟာ ၁၆ နာရီပြည့်ပါတော့မယ်။ ဒါကြောင့် စိတ်မပူပါနဲ့ သင့်ကမ္ဘာကို မကြာခင်ပြန်ရောက်သွားမှာပါ။”

Continua llegint

You'll Also Like

231K 17.6K 51
Iyaye musamman mata sukan sadaukar da dukkan farincikinsu domin kyautata rayuwar 'ya'yansu. Haka ce ta faru ga Maamu har zuwa lokacin da Allah Ya azu...
287K 39.7K 200
Book-7 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
353K 37.7K 124
Book-2 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
115K 2.4K 33
ကျွန်တော်က ကျွန်တော့်ကောင်မလေးကို *စာအုပ်လေး* လို့ ချစ်စနိုးခေါ်တယ်။ လောကမှာ ဘယ်လောက်ပဲ ပြီးပြည့်စုံတဲ့ မိန်းကလေးဖြစ်နေပါစေ လိုအပ်ချက် တစ်ခုတော့ ရှိ...