||Complete|| I Can Do It [MM...

بواسطة da_coolest_icekun

691K 99.1K 10.5K

တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံ... المزيد

Description
Translator's Note
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
​အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
!
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
ကျေးဇူးတင်လွှာ
Gift for everyone
Extra 1
Extra (2)
PBye (1)
PBye (2)
PBye (3)
PBye (4)
PBye (5)
PBye (6)
PBye (7)
Mr.Road's birthday🎀

အပိုင်း(၁)

12.5K 974 202
بواسطة da_coolest_icekun

[Unicode]

TTC•Road

နိုဝင်ဘာလ ၂ရက်​နေ့၊ ည​​နေ၅နာရီ၌ ရှန်ဟိုင်းတွင် မိုးများတစ်ဖွဲဖွဲရွာ​နေသည်။

ရှန်ဟိုင်းမိုးလုံ​လေလုံအားကစားစင်တာ အပြင်ဘက်​နေရာမှာ​တော့ bannerများနှင့် esportsအသင်း​တွေရဲ့ logoများပါသော LEDဘုတ်များကို ကိုင်​ထား​သည့်လူ​တွေနှင့် ပြည့်ကျပ်​​နေသည်။ လတ်တ​လော၌ လူအုပ်ကြီးက စင်တာထဲသို့ဝင်ရန် တန်းစီ​နေလျက်ရှိပြီး လူတိုင်းရဲ့မျက်နှာ​ပေါ်တွင် စိတ်လှုပ်ရှားမှုများ၊မျှော်လင့်ချက်​များနှင့် ပြည့်လျှံ​နေသည်။ ရွာ​နေ​သောမိုးကား ထိုသူတို့အ​ပေါ် အနည်းငယ်မျှ သက်​ရောက်ပုံမ​ပေါ်​ချေ။

ယ​​​နေ့ ဤ​နေရာ၌ League of Legends အွန်လိုင်းဂိမ်း၏ ဆယ်ကြိမ်​မြောက်ကမ္ဘာ့ချန်ပီယံ​ အကြိုဗိုလ်လုပွဲစဥ်ကို ကျင်းပ​နေခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်မည့်အသင်းနှစ်သင်းကတော့ ​တောင်ကိုရီးယားLCK divisionကHTအသင်းနှင့် တရုတ်LPL divisionကTTCအသင်းတို့ ဖြစ်ကြ​လေသည်။

(T/N: LOLမှာပဲနိုင်ငံအလိုက်Divisionကွဲပါတယ် Chinaအတွက်က​တော့ LPLပါ)

ယနေ့နိုင်သွားသည့်အသင်းက ​နောက်အပတ်တွင်ကျင်းပမည့် ကမ္ဘာ့ချန်ပီယံပွဲတွင် ဝင်​ရောက်ယှဥ်ပြိုင်နိုင်မည်ပင်။

အိမ်ရှင်အသင်းက TTCဖြစ်တာနှင့်အညီ အားသာချက်က​တော့ အနီးပတ်ဝန်းကျင်ကို တစ်ချက်​ဝေ့ကြည့်လိုက်ရုံနှင့်ပင် ပရိတ်သတ်အားလုံးနီးပါး ကိုင်​ဆောင်ထားသည့်ပစ္စည်း​တွေက TTCအသင်းlogo​တွေနှင့်ပြည့်​နေ​ကြောင်း မြင်နိုင်​လေသည်။

ထိုအချိန်၌ ကိုယ်​​ပေါ်တွင် အဖြူ​ရောင်သရဖူတံဆိပ်နှင့် အနက်​ရောင်ဖိတ်ဖိတ်​တောက်​နေ​သော ဘတ်စ်ကားတစ်စီးသည် အားကစားကွင်း၏ညာဘက်ခြမ်းတွင် ထိုးရပ်သွားသည်။ ထိုကားကိုမြင်လိုက်သည်နှင့် လုံခြုံ​ရေး​ဝန်ထမ်းတွေမှာ အလျင်အမြန်ထရပ်လိုက်ကြပြီး ဘတ်စ်ကားတံခါးနားကို သူတို့ထက်ပင်အရင်သွားကာ အ​နှောင့်အယှက်​ပေးချင်သည့် ပရိတ်သတ်​တွေနှင့် မီဒီယာ​တွေရန်က​နေ ကာကွယ်​ပေး​နေရသည်။

ဘတ်စ်ကား၏တံခါးက ဖြည်းဖြည်းချင်းပွင့်လာပြီး အဲ့သည့်​နောက်မှာ​တော့ ပရိတ်သတ်​တွေ၏​အော်သံ​တွေကြားတွင် TTCအဖွဲ့ဝင်​တွေက ​အပြုံးကိုယ်စီနှင့် လက်​​တွေဝှေ့ယမ်းပြရင်း တစ်​ယောက်ချင်းစီဆင်းလာ​နေကြသည်။

​နောက်ဆုံးအဖွဲ့ဝင် ကား​ပေါ်မှဆင်းလာသည့်အခါမှာ​တော့ ​အော်သံ​တွေက ပိုမိုကျယ်​လောင်လာပြီး ပရိတ်သတ်​တွေက သူတို့ရဲ့LEDဘုတ်​တွေကို အရင်ကထက် ပင် စိတ်အားထက်သန်စွာ ​ဝှေ့ယမ်းပြလာကြသည်။

လူများ​နေသည့်အတွက် မ​တော်တဆဖြစ်ရပ်များ မဖြစ်ပွား​စေရန် ကာကွယ်ဖို့ခက်ခဲ​လေသည်။ ထိုအခိုက် TTCဟု​ရေးထား​သည့် ဆိုင်းဘုတ်​လေးက ​​မြေပြင်​ပေါ်သို့ ရုတ်တရက်ပြုတ်ကျသွားပြီး​ ကောင်မ​လေးတစ်​ယောက်၏​အော်သံနှင့်အတူ လုံခြုံရေးများက သူမအား ​အော်ဟစ်တားဆီးသံများ တစ်ဆက်တည်းထွက်​ပေါ်လာ​လေသည်။

​ကောင်မ​လေးက စိုးရိမ်တကြီးနှင့်​ပြောရှာသည်။

"​တောင်းပန်ပါတယ် ၊ ​တောင်းပန်ပါတယ်
ကျွန်မကိုတစ်​ယောက်က တွန်းလိုက်လို့ပါ၊ တကယ်​တောင်းပန်ပါတယ်၊ ​ကျေးဇူးပြုပြီး အဲ့ဒီLEDဘုတ်​လေးကို ​ပြန်ကောက်​ပေးနိုင်မလား"

လုံခြုံ​ရေးအ​စောင့်ကဆို၏။

"ခဏ​နေရင်ပြန်​ကောက်​ပေးမယ်၊ ​လော​လောဆယ် နောက်ကိုနည်းနည်းဆုတ်ဦး"

လုံခြုံ​ရေးအ​စောင့်​ ပြောပြီးသည့်​နောက်မှာပဲ တစ်စုံတစ်​ယောက်က ထိုဘုတ်ပြား​လေးကို ကုန်းကောက်ကာ ​ကောင်မ​လေးဆီ ကမ်းပေးလိုက်​သည်။

ပြန်​ကောက်​ပေးလိုက်သည့် ထိုလူက အဖြူနှင့်အမည်း​ရောစပ်ထားသည့်ယူနီ​ဖောင်းကို ဝတ်ထားပြီး သူ၏ဆံပင်​တွေက အနည်းငယ်ရှုပ်ပွ​နေကာ အနီးကပ်ကြည့်မည်ဆိုပါက တစ်ခုခုကိုမှီအိပ်ထားသည့်အတွက် ​ပေါ်လာသည့်အစင်း​ကြောင်း​လေး​တွေကိုပါ သူ၏သေးသွယ်ပြီးကျဥ်း​မြောင်းသည့် မျက်ဝန်း​​ထောင့်စွန်း​ဘေးတွင် မြင်နိုင်သည်။ ထိုမျက်ဝန်း၏​အောက်ဘက်တွင်​တော့ ​ဖြောင့်တန်းပြီးမြင့်မားသည့်နှာတံနှင့် အနည်းငယ် ခပ်ဟဟပွင့်​ဟနေ​သော နှုတ်ခမ်းပါးတစ်စုံရှိ​လေသည်။

​ကောင်မ​လေးက ထိုသူကိုင်ထားသည့် LEDဘုတ်ပြားဆီသို့အကြည့်မ​ရောက်နိုင်​ခင် ထိုသူကို စက္ကန့်အနည်းငယ်​လောက် မှိန်း​မောစွာကြည့်​နေမိသည်။

ထိုသူရဲ့လက်​ချောင်း​တွေက ရှည်ပြီးသွယ်လျကာ လက်မနှင့်လက်ညှိုးကြားတွင် မထင်မရှားမှဲ့​လေးတစ်လုံးရှိ​​​​လေသည်။

သူမက ​ယောင်​ယောင်မှားမှားနဲ့ ဆိုင်းဘုတ်ကိုလက်ခံလိုက်ပြီး....

"​ကျေးဇူးတင်ပါတယ်​"

ထိုလူက ​အသိအမှတ်ပြုဟန် ခေါင်းတစ်ချက်ညိမ့်ပြပြီး​နောက် ပြိုင်ပွဲရှိရာ​နေရာဆီသို့ ဆက်​လျှောက်သွား​​တော့သည်။

​ကောင်မ​လေးက ထို​ယောကျာ်း၏​ကျောပြင်ကျယ်ကြီး လုံးလုံးလျားလျား​ ပျောက်ကွယ်သွားပြီးချိန်မှသာ အသိပြန်ဝင်လာ၏။

သူမက လက်ထဲမှာရှိတဲ့ဘုတ်ပြား​လေးကို တင်း​နေ​အောင်ဖက်ထားပြီး ​သူမ၏​ဘေး​ပတ်လည်ကိုလှည့်လိုက်ကာ သူမသူငယ်ချင်း၏အင်္ကျီကိုဆွဲကိုင်လိုက်သည်။ ထို့​နောက် စိတ်လှုပ်ရှားစွာဖြင့် ​​အော်​ပြောလိုက်၏။

"အဲ့တာRoadပဲ! နတ်ဘုရားလု! နတ်ဘုရားလုက ငါ့ကို​ခေါင်းငြိမ့်ပြသွားတယ်! ငါ့ရဲ့ဆိုင်းဘုတ်​လေးကို​တောင် ထိသွား​သေးတယ် အားးး!"

Backstageရှိနား​နေခန်းထဲ၌ TTCရှိလူတိုင်းလိုလိုသည် ပုံမှန်ထက်ပင်ပိုပြီး စိတ်​အေးလက်​အေးဖြစ်​နေကြသည်။

TTC၏supportဖြစ်သည့် ​ရှောင်ပိုင်က ထိုင်ခုံတစ်ခုံမှာထိုင်​နေပြီး အချိန်အကြာကြီးရှုပ်ပွ​နေခဲ့တဲ့ သူရဲ့ဆံပင်ပုံစံကိုကြည့်ရန် မှန်ကိုထုတ်လိုက်ပြီး​နောက်​ ပြောလာသည်။

"အဲ့ကောင်မ​လေးရဲ့အသံ​အောင်ချက်ကတော့ တရုတ်ဘောလုံးအသင်း ချန်ပီယံဆုမရခဲ့တာ ​သေချာ​ပေါက် သူ့ရဲ့အား​ပေးမှုမရလို့​နေမယ်"

အဖွဲ့၏မန်​နေဂျာ တစ်ဖြစ်လည်း နည်းပြဖြစ်သူသည် သူရဲ့​ခေါင်းကို မှတ်စုစာအုပ်နှင့် လှမ်းရိုက်လိုက်ကာဆူလိုက်၏။

"​ပေါက်ကရ​တွေ​ပြောမ​နေနဲ့"

နည်းပြက ​လော​လောလတ်လတ်တွင် ဆိုဖာ​ပေါ်ထိုင်ချလိုက်​သည့် လု​ပေါ်ယွမ်(Road)ဆီသို့ အကြည့်​ပြောင်းလိုက်သည်။ လု​ပေါ်ယွမ်က ဖုန်းကိုဘယ်ဘက်လက်ဖြင့်ကိုင်ထားပြီး ဖုန်းမျက်နှာပြင်ကို ​ပွတ်ဆွဲ​​နေ၏။ သူ့ရဲ့ညာဘက်လက်က​​တော့ ဆိုဖာလက်တန်း​ပေါ်တင်ထားပြီး လက်​ချောင်းများကို ​ကွေးချည်ဆန့်ချည်ပြုလုပ်​​​နေသည်။

ပြိုင်ပွဲမစမှီနာရီဝက်အလို၌ နည်းပြက အားလုံးအတွက် ပြိုင်ပွဲအကြိုလမ်းညွှန်မှု​တွေကို ​စတင်​ပြောပြနေသည်။

​နောက်ဆုံးမှာ​တော့ နည်းပြက သူတို့အသင်း၏mid lanerကိုကြည့်လိုက်ပြီး သူ့နာမည်ကို​ခေါ်လိုက်သည်။

"Kan ခုဏကငါ​ပြောတာ​တွေအားလုံး မင်းမှတ်မိတယ်မလား"

နာမည်အ​ခေါ်ခံလိုက်ရ​သူက နည်းနည်းကြာမှ ပြန်​ဖြေလာသည်။

"အာ...အင်း ​သေချာ​ပေါက် ကျွန်​တော်မှတ်မိတာ​ပေါ့၊ အရင်တစ်​ခေါက်လို တူညီတဲ့အမှားမျိုးထပ်မလုပ်​​တော့ဘူး"

လု​ပေါ်ယွမ်က Kanကိုတစ်ချက်လှမ်းကြည့်လိုက်၏။ နည်းပြ​ အားလုံးကိုပြောပြီးသွားသည့်အချိန်မှာ​တော့  လု​ပေါ်ယွမ်က မတ်တပ်ထရပ်ကာ ပြောလိုက်သည်။

"သန့်စင်ခန်းသွားလိုက်ဦးမယ်"

​ရေ​တွေက သူရဲ့လက်​ပေါ်ကို အလျင်အမြန်ကျဆင်းလာ​ပြီး အရိုးထဲထိ​ပင်​အေးစိမ့်သွား၏။

"မင်းလုပ်နိုင်လို့လား"

အသံကိုကြားလိုက်ရ​တော့ လု​ပေါ်ယွမ် ခေါင်းကို​မော့ပြီး မှန်ထဲက​နေတစ်ဆင့် သူ့နောက်မှာရပ်​နေသည့် နည်းပြဆီ အကြည့်ပို့လိုက်သည်။

စက္ကန့်အနည်းငယ်အကြာမှာ လု​ပေါ်ယွမ် ​ရေကိုပိတ်လိုက်ပြီး​ လက်​​သုတ်ဖို့အတွက် တစ်သျူးအချို့ကို ဆွဲထုတ်လိုက်၏။ ထို့​နောက် သူကနည်းပြ၏အကြည့်နှင့်ဆုံလိုက်ပြီး....

"ကျွန်​တော့်ကိုစင်​ပေါ်တက်ဖို့ခွင့်ပြုသ​ရွေ့ ကျွန်​တော်နိုင်​အောင်​ကစားနိုင်တယ်"

__

StarTVရှိ League of Legends အွန်လိုင်းဂိမ်း၏ တိုက်ရိုက်ထုတ်လွှင့်​နေသည့် Livestreamချန်နယ်များ။

လတ်တ​လောမှာတော့ တရားဝင်ထုတ်လွှင့်ခန်း၌ popularity pointsက သန်းရှစ်ရာ​ကျော်ရှိ​နေပြီး အခြားLOLချန်နယ်​တွေကြားထဲမှာမှ ပထမ​နေရာကို ဗိုလ်စွဲသိမ်းပိုက်ထားသည်။ အဲ့သည့်​နောက်မှာတော့ အရင်ကpro playerအ​နေဖြင့်ကစားခဲ့ကြပြီး အနားယူပြီးချိန်မှ streamer​အဖြစ်စတင်ခဲ့ကြသည့် pro playerများ၏ချန်နယ်များ ရှိသည်။

မြင်နိုင်သ​လောက်ဆိုလျှင် တိုက်ရိုက်ထုတ်လွှင့်ခန်းအားလုံးလိုလိုက "ဆယ်ကြိမ်​မြောက်အကြိုဗိုလ်လုပွဲစဥ်"၊ "စိတ်အားထက်သန်စွာဖြင့်​ရှင်းလင်းမှတ်ချက်ပြုခြင်း"၊ "TTC​နိုင်ရမည်" ထိုကဲ့သို့​သော ​ခေါင်းစဥ်များဖြင့် Livestreamလွှင့်​နေကြသည်။

[ပျင်းစရာ​နေ့ကို​ကျော်ဖြတ်ခြင်း.-Soft] ထိုတိုက်ရိုက်ထုတ်လွှင့်ခန်းတွင်​တော့ popularity points သန်း130​ကျော်ရှိ​လေသည်။

ကျန်းရုန်က အသင့်စားမုန့်ဘူးများကိုသယ်၍ ပြန်လာခြင်းဖြစ်ကာ သူပြန်လာချိန်ထိ livestreamတွင် စကား​ပြော​ကောင်းဆဲ အစီအစဥ်တင်ဆက်သူကို မြင်လိုက်ရ​သည့်အခါမှာ​တော့ သူမုန့်ဘူး​တွေကို​ဖောက်လိုက်​တော့သည်။

အပြင်မှာမိုးရွာ​နေသည်​ကြောင့် မုန့်ဘူး​တွေကိုလာပို့သည်မှာ နာရီဝက်​​လောက်နောက်ကျသွား​သည့်အတွက် သူလုံးဝကိုဗိုက်ဆာ​နေပြီဖြစ်သည်။

[အဓိပ္ပါယ်မရှိတာ....ငါတို့ကမင်းစား​နေတာကိုဒီတိုင်းထိုင်ကြည့်​နေရမယ်​ပေါ့??]

[​activeမဖြစ်တဲ့livestreamပဲ ရီပို့ထုကြ​​ဟေ့]

[ဘာ​တွေစား​နေတာလဲ]

"ပဲ​ခေါက်ဆွဲ​ကြော်" ကျန်းရုန်က မကြာ​သေးခင်ကမှ နိုးလာခဲ့တာဖြစ်ပြီး စကားကိုပျင်းပျင်းရိရိနှင့်ပြော​နေသည်။

"ငါဗိုက်မပြည့်ရင် မင်းတို့ကိုရှင်းပြဖို့အား​တွေ ဘယ်ကရမှာလဲ?"

[ဟုတ်ပါပြီ များများသာစား၊ လူ​တွေကို​နောက်ထပ်​ဝေဖန်​လေကန်ဖို့ မင်းမှာအားမကျန်တော့ရင် ဘယ့်နှယ့်လုပ်မလဲ​နော့]

[LOL​လောကထဲက နှစ်​တွေအကြာကြီးထွက်သွားမိလို့ပါ၊ ဒီstreamerကဘယ်သူလဲ​မေးချင်တယ်၊ ဘာလို့ဒီ​လောက်နာမည်ကြီးရတာလဲ? သူကအနားယူသွားတဲ့သူလား? ဒါမှမဟုတ် အရမ်း​ချောလို့လား?]

[သူက လူ​တွေကို​ဝေဖန်ရင်းနဲ့နာမည်ရလာတဲ့ LOL streamer​လေ]

[ညစ်ပတ်တဲ့ပါးစပ်နဲ့streamer]

[အသုံးမကျတဲ့streamer]

"Mod! ငါ့ကိုအသုံးမကျဘူးလို့​ပြောတဲ့တစ်​ယောက်ကို blockလိုက်.....ထားလိုက်​တော့ ငါ့ဘာသာပဲblockလိုက်မယ်"

(T/N: Mod-Livestream roomကိုထိန်းသိမ်း​​ပေးတဲ့သူပါ။ စည်းလွတ်ဝါးလွတ်မန့်ထားတာမျိုး​တွေဆို သူကအစားban​ပေးတယ်)

ကျန်းရုန်က တူကိုချလိုက်ပြီး သူ့အားအသုံးမကျဘူးဟု ​ပြောသည့်တစ်​ယောက်အတွက် စကား​ပြောလို့မရ​အောင် ban​ပေးလိုက်သည်။

ပရိတ်သတ်​တွေနှင့် နည်းနည်းပါးပါး စကား​စမြည်ပြောပြီးချိန်တွင်​တော့ ​အသင်းနှစ်သင်းက စင်​ပေါ်တွင်​နေရာယူပြီးနေ​ချေပြီ။

ဂိမ်း​ဆော့သည့်ထိုင်ခုံ​ပေါ်တွင် ကျန်းရုန်က တင်ပျဥ်​ခွေထိုင်​နေပြီး မုန့်ဘူး၏​အောက်​ခြေကို လက်တစ်ဖက်တည်းဖြင့် ကိုင်ထား၏။ ဘယ်ဘက်က​နေ​ရေလျှင် ဒုတိယ​နေရာတွင်ထိုင်​နေသူဆီ သူ့အကြည့်​တွေ​ရောက်သွားသည်နှင့် မုန့်ဝါး​နေရာတွင် အနည်းငယ်​နှေးသွား​​တော့သည်။

TTC၏ Jungler Roadက ထိုင်ခုံမှာ​နေရာယူထားပြီးဖြစ်ကာ ကွန်ပျူတာအရံပစ္စည်း​တွေကို ချိန်ညှိ​နေသည်။ သူ့ရဲ့​ရှေ့ဆံပင်ထိပ်ဖျား​​လေးတွေက အနည်းငယ်စိုစွတ်​နေသည်​ကြောင့် မကြာ​သေးမီကမှ မျက်နှာသစ်လာခဲ့ပုံ​ပေါ်၏။

ထုတ်လွှင့်မှုသည် ကစားသမားတစ်​ယောက်ချင်းစီကို စတင်အနီးကပ်ရိုက်​ပြ​နေပြီး Road၏အလှည့်​သို့ရောက်​သည့်အခါမှာ​တော့ ကင်မရာကသိသိသာသာကို အခြားသူ​တွေထက် အချိန်ကြာ​အောင်ရိုက်ပြ​နေကာ ရှင်းလင်းတင်ဆက်သူတွေကလည်း ချက်ချင်းဆိုသလို အ​ကြောင်းအရာအား Roadဆီသို့​ပြောင်းလိုက်သည်။

ရှင်းလင်းတင်ဆက်သူAက မိတ်ဆက်​ပေးလာသည်။

"​နောက်ထပ် ကင်မရာချိန်ထားတာက​တော့ TTCရဲ့ ​ ပြီး​တော့ LPLရဲ့ace junglerလို့​တောင်​ပြောလို့ရတဲ့ TTC Roadဖြစ်ပါတယ်! နတ်ဘုရားလုက ဒီ​နေ့လည်းအရမ်း​​ချော​နေတာပဲခင်ဗျာ"

ရှင်းလင်းတင်ဆက်သူ B: "အမှန်ပဲ၊ သူကစိတ်လှုပ်ရှား​နေပုံလည်း​မပေါ်ဘူး​နော်"

"TTCရဲ့အတည်ငြိမ်ဆုံး​ကျောက်​ဆောင်ကြီးလို့ ​ပြောကြသလိုပဲ ကျွန်​တော်​တောင် သူထိုင်လိုက်တာမြင်တာနဲ့ စိတ်လှုပ်ရှားသလို​မခံစားရ​တော့ဘူး"

ရှင်းလင်းတင်ဆက်သူCက ရီ​မောလျက်ဝင်​ပြောလာသည်။ ကင်မရာ၏ဦးတည်ရာ​က အခြားတစ်​ယောက်ဆီ ပြောင်းသွားသည့်​အချိန်မှာလည်း သူက ​ပြောလာပြန်သည်။

"ဒါ​ပေမယ့် mid laner Kanက​တော့ ဒီ​နေ့ အ​တော်​လေးစိတ်ဖိစီး​နေပုံပဲဗျ"

ရှင်းလင်းတင်ဆက်သူB: "နည်းနည်း​ပေါ့၊ အကျိုးအ​ကြောင်းနဲ့​ပြောရမယ်ဆို သူဒီလို​တော့ဖြစ်မ​နေသင့်ဘူး​နော်၊ သူက ကမ္ဘာ့ဖလားပွဲ​တွေမှာလည်း ​လေးကြိမ်ဝင်ပြိုင်ဖူးပြီးသားပဲမလား၊ ဂိမ်းမစခင် အ​ခြေအ​နေကိုအမြန်ထိန်းနိုင်ပြီး ​သေချာကစားနိုင်ဖို့ကို ​မျှော်လင့်ပါတယ်ဗျာ"

ကျန်းရုန် barrageကိုတစ်ချက်လှမ်းကြည့်ပြီး ​အ​ဖြေပြန်မ​ဖြေခင် ​ခေါက်ဆွဲကိုအရင်မြိုချလိုက်၏။

(T/N: Barrage-Livestream room's cmt box)

"ဘယ်သူနိုင်မယ်ထင်လဲ? မသိဘူး...အသင်းရဲ့အ​ခြေအ​နေ​ပေါ်မူတည်တယ်။ TTCသာနိုင်ရင် စာအိတ်နီပို့မှာလား? ငါကTTCရဲ့brand ambassadorမှမဟုတ်တာ၊ ဘာကိစ္စသူတို့ကိုစာအိတ်နီ ပို့​ပေးရမှာလဲ? Kanနဲ့ငါနဲ့ဘယ်သူပိုသန်မာလဲ? ​သေချာ​ပေါက်ငါ​​ပေါ့။"

သူ့ရဲ့အချိန်အကြာကြီးပရိတ်သတ်ဖြစ်ခဲ့တဲ့သူ​တွေက​တော့ ဆက်တိုက်ဆိုသလို "6666"​တွေ ပို့လာကြသည်။ သူတို့အတွက်က​တော့ Softရဲ့ဒီလိုပုံစံကို အကျွမ်းဝင်​နေပြီးသား။

(T/N: 666-amazing)

Softက Livestreamimg​လောကထဲသို့ လွန်ခဲ့​သည့်၂နှစ်က စတင်ဝင်​ရောက်လာကာ လအနည်းငယ်အကြာမှာပဲ အကြီးအကျယ်​အောင်မြင်လာသည်။ ​သူအောင်မြင်လာရသည့် အ​ကြောင်းရင်း​တွေကများ​ပေမယ့် အ​ရေးအကြီးဆုံးအချက်ကို​ ရွေးချယ်ရမည်ဆိုလျှင် ပထမဆုံးအချက်က သူကသန်မာပြီး သူ့ရဲ့livestreamအရည်အ​သွေးက မြင့်မားသည်။ ဒုတိယအချက်က​တော့ သူ့ရဲ့ပင်ကိုယ်စရိုက်က စိတ်ကြီးဝင်တတ်ပြီး သူမ​ပြောရဲ​သည့် အ​ကြောင်းရာဆိုသည်မှာလည်း ရှား​သော​ကြောင့်ပင်။

​​မြေကြီးလက်ခတ်မလွဲ သူရဲ့ထိုကဲ့သို့ပုံစံကို မကြိုက်သည့်သူ​တွေလည်းရှိသည်။

[ဘယ်လိုပဲဖြစ်ဖြစ် မင်းကlivestreamမှာ အာ​ချောင်ရုံပဲတတ်နိုင်တာ​မလား]

[Kanကိုတစ်ကြိမ်နှစ်ကြိမ်​လောက် solo killနိုင်တာနဲ့ ​​စောက်ရမ်း​တော်​နေပြီလို့ ထင်​နေတယ်​ပေါ့? Kanက အဖွဲ့လိုက်ကစားရတဲ့ playerမျိုး​လေ၊ က​လေး​လေးZedနဲ့ ​သောက်​ပေါSuoကိုကစားတဲ့ မင်းလိုအရူးမဟုတ်ဘူး]

(T/N: Zed,Suo-LOL's Champion
MLBBကစားဖူးတဲ့သူ​တွေအ​နေနဲ့ဆိုသိမှာပါ Mlမှာကheroလို့​ခေါ်​ပေမယ့် LolမှာကChampionဆိုပြီးသုံးပါတယ်)

"အသင်းနဲ့ကစားရတဲ့ကစားသမား​တွေ ဘာ​တွေငါမသိဘူး၊ ငါသိတဲ့ အနိုင်ရတဲ့သူဆိုတာ တစ်ဖက်လူကိုသတ်နိုင်ပြီး အိမ်ပြန်ပို့​​ပေးလိုက်နိုင်တဲ့သူပဲ" ကျန်းရုန်ကဆက်​ပြောသည်။ "အရင်တစ်​ခေါက်ကrankကစားတုန်း ငါKanကို solo killနိုင်တဲ့​ပေါင်းချုပ်ကို ဘယ်သူများလုပ်ထား​သေးလဲ? အဲ့တာကို ဒီတစ်​ယောက်ဆီပို့​ပေးလိုက်ကြပါဦး"

[....ဒီstreamerက တကယ်ကို ဒီလိုပဲစိတ်ကြီးဝင်တတ်တာလား? Kanရဲ့antiထင်တယ်]

[​ဟေး ​ဟေး အထင်မလွဲကြနဲ့၊ သူက မင်းတို့Kanကိုတင်မဟုတ်ဘူး လူတိုင်းကိုအဲ့လိုပဲ၊ ဒါ​ပေမယ့် ဒီseasonမှာ​တော့ Kanကို​အ​သေဖဲ့သလားလို့...]

[အခုအချိန်ထိ Softမ​​လှောင်​ပြောင်ဖူးတဲ့ နာမည်ကြီးကစားသမားရယ်လို့ ရှိ​သေးရဲ့လား? ငါစဥ်းစားလို့​တောင်မရဘူး]

[တစ်​ယောက်​တော့ရှိတယ်! သူတစ်ခါမှRoadကို အပြစ်မ​ပြောဖူးဘူး]

"​တော်​​တော့၊ ပြိုင်ပွဲကစ​နေပြီ" ကျန်းရုန်က barrageရဲ့အရှိန်ကိုဖြတ်ချလိုက်ပြီး ကွန်ပြူတာမျက်နှာပြင်​ပေါ်က သူ့ကိုရိုက်ကူးပြ​နေသည့် အတွင်းမျက်နှာ​လေး​ထောင့်ကွက်အား ချိန်ညှိရင်း​ပြောလာသည်။

"ဒီဗီဒီယို​လေး​ထောင့်ကွက်​က ပြိုင်ပွဲကိုပြ​နေတာကို ကွယ်​နေမယ်ထင်တယ်? ခဏ​လောက်ပိတ်ထားလိုက်မယ်"

[ငါ့ဖင်ကြီးကိုပိတ်လိုက်ပါလား! ဒီအဘွားကြီးက မင်းမျက်နှာ​လေးကိုကြည့်ဖို့လာတာ​လေ! မင်းပိတ်လိုက်ရင်​တော့ ငါကတရားဝင်ထုတ်လွှင့်​နေတဲ့​နေရာက​ သွားကြည့်မှာ]

[မပိတ်လိုက်ပါနဲ့၊ ငါအိပ်ချင်စိတ်​ပြေ​အောင် မင်း​ခေါင်း​​ပေါ်က အပြာ​ရောင်အရာ​လေး​တွေကို မှီခို​နေရလို့ပါ]

ကျန်းရုန် streaming​လောကထဲစတင်ဝင်​ရောက်လာ​တော့ သူကအ​တော်​လေးချော​မောသည့်အတွက် livestream administrator​တွေဆီက​နေ "beauty category"စာရင်းထဲမှာ ​နေရာ​ပေးခြင်းခံရသည်။

သူ့ရဲ့အသား​အရောင်က အသင့်အတင့်ရှိပြီး မျက်​တောင်​လေး​တွေက ထူထဲပြီးရှည်လျား၏၊ သူ့ရဲ့မျက်လုံး​တွေက မိန်းက​လေးတစ်​ယောက်ထက်​ပင် ​တောက်ပပြီး နှာ​ခေါင်းရဲ့ညာဘက်စွန်း​မှာ​တော့ မှဲ့​သေး​သေး​လေးတစ်လုံး ရှိ​​လေသည်။ သူ့ရဲ့စကား​ပြောပုံကို မသိချင်​ယောင်​ဆောင်ထားမည်ဆိုပါက သူကအလွန်ဆုံးရှိမှ ဆယ့်ရှစ်နှစ် ဆယ့်ခုနစ်နှစ်​လောက်ရှိသည့် ​ကောင်​လေးဖြစ်​ကြောင်းသိရလိမ့်မည်ပင်။

ကျန်းရုန်"အလှ​လေးစာရင်း"ထဲသို့ အသွင်းခံရသည့် အဓိကအ​ကြောင်းရင်းကား သူ့ရဲ့ဆံပင်​တွေကိုအပြာ​ရောင်ဆိုးလိုက်ခြင်း​ကြောင့်သာဖြစ်သည်။

ထိုပင်လယ်ပြာ​​ရောင်ဆံပင်​တွေက သူ့ရဲ့အသားအရည်ကို နဂိုထက်​တောင် ဖြူဥသွားစေပြီး နား​ပေါ်မှာmicတပ်ထားသည့် idolတစ်​ယောက်အ​နေနှင့်debut​တော့မလိုပင် ခံစားရ​စေသည်။

သို့​သော်လည်း ထို"အလှ​လေးစာရင်း"ထဲတွင် ကျန်းရုန်ကြာကြာမ​နေလိုက်ရ​​ပါချေ။ အ​​ကြောင်းရင်းကား သူက​တော်​တော်များများအား ​ပြစ်ပြစ်နှစ်နှစ်​ဝေဖန်လိုက်ခြင်းကြောင့် သူ့အ​ပေါ်တွင် မ​ကျေနပ်ချက်များ စုပုံလာ​​​သောကြောင့်ဖြစ်သည်။ လူထုဆီက အကြိမ်အ​မြောက်အမြား မ​ကျေနပ်​ကြောင်းပြလာ​ခြင်းခံရသည့်အခါ administratorတို့ကလည်း လိမ်လိမ်မာမာ အလိုက်တသိနှင့် သူ့အား "LOL category" ထဲတွင် ပြန်ထားလိုက်​ကြ​တော့သည်။

​အားလုံးထဲမှာမှ အလှ​လေးစာရင်းထဲက ညီ​လေး ညီမ​လေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာသည်းခံနိုင်စွမ်းက အ​တော်​လေးအားနည်းသည်လေ။

ကျန်းရုန်က လူ​တွေရဲ့အမြင်ကို​မေး​နေတာ မဟုတ်သည့်အတွက် သူစကား​ပြောပြီးတာနှင့် တစ်ပြိုင်နက် videoကိုပိတ်လိုက်​တော့သည်။

ကင်မရာကိုဖွင့်ထားလျှင် သူစားရတာ သက်​တောင့်သက်သာမဖြစ်​ချေ။

သူကbarrageဆီမှ ကန့်ကွက်လာတာ​တွေကို လစ်လျူရှုလိုက်ပြီး ဗီဒီယိုအတွင်းမျက်နှာကို ဖယ်ပစ်လိုက်ကာ ပြိုင်ပွဲကြည့်ရာတွင် အာရုံစိုက်ထားလိုက်သည်။

ပြိုင်ပွဲက BO5ပုံစံကိုအသုံးပြုပြီး ဂိမ်းငါးပွဲ​ဆော့ရမည်ဖြစ်ကာ သုံးကြိမ်နိုင်ရမည်။ ဒါက player၏ကြံ့ခိုင်မှုကို စစ်​ဆေးရုံသာမကပဲ သူတို့၏ ဇွဲ၊လုံ့လနှင့် သည်းခံနိုင်စွမ်းကို စစ်​ဆေးသည်နှင့်ပိုတူသည်။ သို့​သော် စင်​ပေါ်မှာထိုင်​နေတဲ့သူတိုင်းက ဒီလိုဆရာကျသည့်မြင်ကွင်းမျိုးနှင့် စိမ်းသက်မ​နေတာ​ကြောင့် လူတိုင်းက အလွန်တည်ငြိမ်​သောအ​နေအထားတွင်ရှိ​နေသည်။

ပထမပွဲမှာ​တော့ TTCက ရန်သူအသင်း၏Top laneဆီက​နေ ပစ်မှတ်ထားခံရ​ပေမယ့် ပြိုင်ဘက်အသင်းရဲ့junglerကို နှစ်ကြိမ်တိုင်တိုင် ​အောင်မြင်စွာ countergankလိုက်နိုင်ပြီး ၃၅မိနစ်​အကြာမှာပဲ ပြိုင်ပွဲကိုအသာ​လေးအနိုင်ရလိုက်သည်။

(T/N: countergank-တစ်ဖက်အသင်းကိုရုတ်တရက်ဝင်​ရောက်တိုက်ခိုက်​ပေမယ့် ကိုယ့်အသင်းသာအသတ်ခံလိုက်ရခြင်း)

ဒုတိယပြိုင်ပွဲမှာ​တော့ ဂိမ်းအစပိုင်းတွင် TTC၏Bot laneက အင်အား​ကောင်း​နေပြီး ရန်သူ့​အောက်လမ်းရှိ baseကို ပထမဆုံးအကြိမ် ဖျက်ဆီးလိုက်သည်။ သို့​သော်လည်း တစ်ဖက်အသင်း၏ တိတ်တဆိတ်တိုက်ခိုက်မှု​ကြောင့် Kanက နှစ်ကြိမ်ဆက်တိုက်​သေသွားပြီး တစ်ဖက်အသင်းကို အခွင့်အ​ရေး​ပေးမိသွား​တာကြောင့် မထင်မှတ်စွာနှင့် ၄၅မိနစ်အကြာတွင် TTCရှုံးသွား​လေသည်။

ပြိုင်ပွဲရလဒ်က​ 1:1ဖြစ်​နေ၏။

barrageထဲမှာ​တော့ ​ဒေါသ​တွေပေါက်ကွဲ​နေကြပြီး လူတိုင်းက Kanရဲ့အသုံးမကျတဲ့ကစားပုံကို ​လှောင်​ပြောင်​နေကြကာ လူအနည်းစုက​တော့ ကျန်းရုန် ဘာလို့Kanကိုထပ်မဆဲ​တော့တာလဲ ဟု​မေး​နေကြသည်။

"ဆဲရလွန်းလို့​မောသွားပြီ" ကျန်းရုန်က ပြီးခဲ့သည့်ဂိမ်း၏stats​တွေကိုကြည့်ကာ ​ပြောလိုက်ခြင်းဖြစ်သည်။
"မိနစ်​လေးဆယ်မှာ damageက 8300၊ သူတကယ်ကို 8300ပဲ​ပေးခဲ့တာ၊ ငါ mid lane​​နေရာမှာ​နေပြီး Rift Scuttlerကိုကိုင်ရင်​တောင်မှ သူ့ရဲ့ damageထက် အများကြီးပို​ရအောင်လုပ်နိုင်​သေးတယ်"

[မင်းသိတာက livestreamခန်းထဲထိုင်ပြီး သူများကို​ဝေဖန်ဖို့ပဲ​လေ အဲ့​လောက်​တော်​နေရင် မင်းသွားလုပ်လိုက်ပါလား!]

"အဲ့​လောက်​တော်​နေရင် မင်းသွားလုပ်လိုက်ပါလား"- ထိုကဲ့သို့စကား​မျိုးတွေကို တစ်​နေ့မှာအကြိမ်တစ်​ထောင်​လောက် ကျန်းရုန်မြင်​နေရသည်။

သူ့အ​နေနဲ့ ပြန်တုံ့ပြန်ဖို့ကို ပျင်းလွန်း​နေတာ​ကြောင့် ဂိမ်း​ဆော့သည့်ထိုင်ခုံ​ပေါ်ကိုမှီချလိုက်ပြီး တတိယမြောက်ပြိုင်ပွဲကိုသာ ​သေချာကြည့်​နေလိုက်သည်။

အကယ်၍ တစ်​စုံတစ်​ယောက်က ပထမနှစ်ပွဲမှာKanရဲ့အ​ခြေအ​နေက သိပ်မဆိုးဘူးလို့​ပြောမယ်ဆိုရင်​တောင် ဒီတစ်​ခေါက်ပွဲမှာ​တော့ စစချင်းငါးမိနစ်မှာတင် သူက အကျိုးမရှိ ပထမဆုံး​အ​သေခံသွားသည်။ တကယ်ကိုအသုံးမကျလိုက်တဲ့သူပင်!။

သို့​သော်လည်း ကံ​ကောင်း​ထောက်မစွာနှင့် အရင်ပွဲ​တွေလိုပင် Roadက ပြိုင်ပွဲကိုဆက်ထိန်းသွားနိုင်သည်။ mid-late gameတွင် သူက Camilleရဲ့gankနိုင်သည့်အားသာချက်ကို အသုံးပြု၍ တစ်ဖက်အသင်းကို အကြိမ်​ရေများများသတ်လိုက်နိုင်ပြီး TTC top lanerနှင့်ပူး​ပေါင်းကာ အခက်အခဲ​ပေါင်းများစွာကြားထဲမှ အနိုင်ရဖို့ ပြင်းပြင်းထန်ထန် အားစိုက်ထုတ်လိုက်ရ​လေသည်။

​လေးကြိမ်​မြောက်ပွဲက​တော့ ထိုအ​ခေါက်ထက်ပင် ပိုကြာ​လေ၏။

ဂိမ်းအစပိုင်းတွင် Kanက​ကောင်း​ကောင်းမွန်မွန်ကစား​နေပြီး လမ်းထိန်းရာတွင်လည်း ပြသနာမရှိ​ချေ။ သို့​သော်လည်း mid-late game​ရောက်၍ အဖွဲ့လိုက်စု​ပေါင်းတိုက်​သောအခါမှ သူကအသင်း​ဖော်​တွေကိုထားခဲ့ပြီး ​သွေးတစ်ဝက်နှင့်နှစ်ကြိမ်မျှ ထွက်​ပြေး​လေသည်။

Kan၏ထွက်​ပြေးခြင်းက မကျွမ်းကျင်တဲ့ကစားသမား​တွေအဖို့ အသင်းကိုဒုက္ခမ​ရောက်​စေဘူးလို့ ခံစားရ​​စေနိုင်​သော်ငြား ကျန်းရုန်က​တော့​သေချာသိသည်။ ထိုအသင်းလိုက်စု​ပေါင်းတိုက်​သော၂ကြိမ်တွင် အကယ်၍ Kanသာ​နောက်က​နေ damageလုံလုံ​လောက်​လောက်​ပေးနိုင်ပါက တစ်ဖက်အသင်းကနှစ်​ယောက်​ ဒါမှမဟုတ် သုံး​ယောက်​လောက်​ကိုတောင် အ​သေသတ်နိုင်​လောက်၏။

ကျွမ်းကျင်ကစားသမား​တွေကို မဆိုထားနှင့်၊ ပလက်တီနမ်အဆင့်ကစားသမားတစ်​ယောက် ထိုကဲ့သို့အသင်းလိုက်တိုက်ခိုက်ရာတွင် ဝင်ကစားလျှင်​တောင်မှ သူ့အသင်း​ဖော်ကိုဒုက္ခ​ရောက်​စေပြီး ထွက်​ပြေးသည့်နည်းလမ်းကို ရွေးချယ်မည်မဟုတ်​ပေ။

၅၂မိနစ်အကြာတွင် TTCက​ လေးပွဲ​မြောက်ကို ရှုံးသွားပြီး ပြိုင်ပွဲရလဒ်က 2:2ဖြစ်သွားသည်။ ဒါက နှစ်ဖွဲ့လုံးအတွက် အနိုင်အရှုံးဆုံးဖြတ်​ပေးမည့် သ​ရေမှတ်ဖြစ်၏။

​လေးပွဲ​မြောက်ဂိမ်းပြီးဆုံးသွားသည့်အချိန်၌ Roadက  သူ့​ဘေးတွင်ထိုင်​နေသည့်Kanကို အကြည့်တစ်ချက်​တောင်မ​စွန့်ကြဲပဲ မတ်တပ်ထရပ်ကာ backstageသို့ တည့်တည့်ဆင်းသွားခဲ့သည်။

[Streamerက ဘာလို့ဘာမှထပ်မ​ပြော​တော့တာလဲ?]

[ငါက စာနာတတ်တဲ့သူပါ၊ဒါ​ပေမယ့် Kanဆိုတဲ့​ကောင်ကို Roadအစိတ်စိတ်အမွှာမွှာဖြစ်​အောင် ရိုက်နှက်​နေတာကို ငါဝင်ကူညီ​ပေးချင်​နေပြီ]

[ဒီstreamer ဂိမ်းနှစ်ပွဲလုံးမှာKanကို လုံးဝမဆဲဘူး​နော်!]

ရှိရှိသမျှကင်မရာ​တွေအားလုံးဟာ Kanကိုအနီးကပ်ရိုက်ပြ​နေသည့်တစ်​လျှောက်လုံး ကျန်းရုန်ကတိတ်ဆိတ်​နေခဲ့သည်။

Kanက အရပ်ရှည်ရှည်၊ခပ်ထွားထွားနှင့် ခန္တာကိုယ်အနည်းငယ်ပြည့်သည့် လူရည်သန့်ဖြစ်ကာ ​ပေါ့ပျက်ပျက်နိုင်သည့်ပုံ​ပေါ်သည်။ ထိုအချိန်မှာ​တော့ သူက​ခေါင်းကိုငုံ့ထားကာ အလွန်အမင်းကိုစိတ်မ​ကောင်းဖြစ်​နေဟန် မျက်နှာထားနှင့်ဖြစ်၏။

ကျန်းရုန်က ရုတ်တရပ်ကြီး ထ​ပြောသည်။

"မင်းတို့အားလုံး ခန့်မှန်းကြည့်၊ သူအခုဘာ​တွေး​နေ​လောက်လဲ?"

[​သေချာ​ပေါက်ဝမ်းနည်း​နေမှာ​ပေါ့၊ ဒီနှစ်ဆို သူကအသက်24​နှစ်​​​​တောင်ကျော်​နေပြီ အသက်ကြီးလာပြီ​လေ၊ သူ့ရဲ့APM​ရော စိတ်ဓါတ်​ရောက ငယ်တဲ့သူ​တွေနဲ့ ဘယ်လိုမှမယှဥ်နိုင်​တော့ဘူး....]

(T/N: APM-တစ်မိနစ်မှာလှုပ်ရှားနိုင်တဲ့လက်အမြန်နှုန်း)

[Kanငယ်ငယ်တုန်းကလည်း မ​တော်ပါဘူး အို​ကေ? သူကအဖွဲ့ထဲမှာဆို အသုံးမဝင်ဆုံးတစ်​ယောက်​လေ]

[Hater​တွေ စကား​ကိုဆင်ဆင်ခြင်ခြင်​ပြောကြစမ်းပါ! အရင်တုန်းက သူလည်းအဖွဲ့နိုင်​အောင် အများကြီးကူညီဖူးပါတယ်]

Barrageထဲတွင် ဆူညံစွာ အပြန်အလှန်ရန်ဖြစ်​နေကြပြီး ကျန်းရုန်စကားတစ်ခွန်း​ပြောလိုက်ချိန်မှသာ ငြိမ်သက်သွားကြ​တော့သည်။

"ငါ့အထင်​​တော့ သူ.....'နောက်ဆုံးနှစ်ပွဲမှာ ငါအ​တော်​လေးသရုပ်​ဆောင်​ကောင်းတာပဲ၊ ​​လုပ်ပွဲဖန်တီးသူ​တွေဆီက​နေ ​နောက်ကျရင် ပိုက်ဆံပို​တောင်းရမယ်' လို့ တွေး​နေ​လောက်တယ်"

သူ့စကားအဆုံးမှာ​တော့ ပရိသတ်​တွေ​ရော သူ့ကိုမကြိုက်သည့်သူ​တွေပါ အားလုံးလန့်ဖြန့်ကုန်ကြပြီး barrageထဲတွင် "?????"​တွေနှင့် ပြည့်ကျပ်ကုန်​တော့သည်။

ကျန်းရုန်၏ စကား​နောက်ကအဓိပ္ပါယ်က​တော့ ရှင်းရှင်း​လေးသာဖြစ်သည်။ သူကလျှို့ဝှက်စွာနဲ့ Kanကိုလုပ်ပွဲဖန်တီးသူများနှင့်ပူ​ပေါင်းကာ ရှိုးပြ​နေသည်ဟု ​လှောင်​ပြောင်လိုက်ခြင်းပင်။

ပုံမှန်အားဖြင့် LOLပြိုင်ပွဲ​တွေက အခုအ​ခြေအ​နေအထိ တိုးတက်လာတာ​ကြောင့် ​လောင်းကစားသမား​တွေလက်ထဲက ​ရှောင်ရန်ဆိုသည်မှာ ဘယ်လိုမှမဖြစ်နိုင်​ပေ။ အဖွဲ့အများအပြားကို လုပ်ပွဲဖန်တီးကြသည်ဟု ​သံသယဝင်ခဲ့ကြဖူးသော်လည်း ပရိသတ်​တွေကြား အတင်းတုပ်ခြင်းသာဖြစ်ပြီး မည်သူမှ ဤသို့လူကြားထဲတွင် ထုတ်မ​ပြောဖူးကြ​ချေ။

ထို့​ကြောင့် ကျန်းရုန်​ပြောပြီးပြီးချင်းမှာပဲ သူ့ရဲ့ကွန်ပြူတာမျက်နှာပြင်ထက်မှာ သူ့အားတိုက်ခိုက်​နေ​သည့်commentများဖြင့် ပြည့်နှက်သွား​လေသည်။

[မင်း ပုံမှန်လို ကစားသမားတစ်​ယောက်ကို မ​ကောင်း​ပြောရင်​တောင် ဟာသအ​နေနဲ့ယူဆလို့ရ​သေးတယ်၊ အခုက​တော့ မင်းက တစ်ဖက်လူရဲ့သိက္ခါကိုပါ ​စော်ကား​နေတာကွ ဒါက​တော်​တော်လွန်သွားပြီ]

[ငါမင်းကိုရီပို့ထုလိုက်ပြီ၊ ဒီstreamerက​သောက်ရမ်းရွံစရာ​ကောင်းတယ်]

[ဒီလိုစကားမျိုးကို ဘာသက်​သေမှမရှိပဲ ​ပြောရဲ​သေးတယ်​ပေါ့....ကောင်းပြီ​လေ]

ကျန်းရုန်က barrageထဲကလူ​တွေနဲ့ ရန်ဖက်ဖြစ်ဖို့စဥ်းစားမ​နေဘူး။ ​​အ​စောပိုင်းကဂိမ်း​လေးပွဲကြည့်ခြင်းက သူ့​ခေါင်းကိုပါ နာကျင်​စေတာ​ကြောင့် ​ရေခဲ​​သေတ္တာထဲက ​ကော်ဖီ​အေးတစ်ခွက်ထယူဖို့ ဆုံးဖြတ်လိုက်၏။

သူပြန်လာသည့်အချိန်တွင် အသင်းနှစ်သင်းလုံးက ငါးပွဲ​​မြောက်အတွက် ပါဝင်မည့်သူများကို ​ကြေငြာပြီး​နေ​ချေပြီ။

TTCဘက်မှာ အစားထိုးနှစ်​ယောက်ရှိ​နေသည်။ တစ်​ယောက်က အခြအ​နေမ​ကောင်းသည့် Kanအတွက် အစားထိုးmid lanerဖြစ်ပြီး အခြားတစ်​ယောက်က​တော့ အဖွဲ့၏ကျောရိုးဖြစ်သည့် Road၏အစားထိုးjunglerဖြစ်​​လေသည်။

___

Hello! သိတဲ့သူ​တွေလည်းသိမှာဆို​ပေမယ့် မသိတဲ့သူ​တွေအတွက်ပါ။ အသင်းတစ်သင်းမှာ Role 5ခုရှိပါတယ်။ Jungler, Mid-laner, Top laner, ADC, Supportပါ။ အိုင်တို့လုရှိန်းက Junglerဖြစ်ပြီး​တော့ ရုန်ရုန်က​တော့ Mid-lanerပါ​နော်♡

ပထမဆုံးစtransဖူးတာဆို​တော့ ဖတ်ရအဆင်မ​ပြေဖြစ်​နေမှာသိပါတယ်။ တစ်ဖြည်းဖြည်းကြိုးစားသွားမှာပါ jiayou!!!

[Zawgyi]

TTC°Road

ႏိုဝင္ဘာလ ၂ရက္​ေန႔၊ ည​​ေန၅နာရီ၌ ရွန္ဟိုင္းတြင္ မိုးမ်ားတစ္ဖြဲဖြဲ႐ြာ​ေနသည္။

ရွန္႔ဟိုင္မိုးလုံ​ေလလုံအားကစားစင္တာ အျပင္ဘက္​ေနရာမွာ​ေတာ့ bannerမ်ားႏွင့္ esportsအသင္း​ေတြရဲ႕ logoမ်ားပါေသာ LEDဘုတ္မ်ားကို ကိုင္​ထား​သည့္လူ​ေတြႏွင့္ ျပည့္က်ပ္​​ေနသည္။ လတ္တ​ေလာ၌ လူအုပ္ႀကီးက စင္တာထဲသို႔ဝင္ရန္ တန္းစီ​ေနလ်က္ရွိၿပီး လူတိုင္းရဲ႕မ်က္ႏွာ​ေပၚတြင္ စိတ္လႈပ္ရွားမႈမ်ား၊ေမွ်ာ္လင့္ခ်က္​မ်ားႏွင့္ ျပည့္လွ်ံ​ေနသည္။ ႐ြာ​ေန​ေသာမိုးကား ထိုသူတို႔အ​ေပၚ အနည္းငယ္မွ် သက္​ေရာက္ပုံမ​ေပၚ​ေခ်။

ယ​​​ေန႔ ဤ​ေနရာ၌ League of Legends အြန္လိုင္းဂိမ္း၏ ဆယ္ႀကိမ္​ေျမာက္ကမာၻ႔ခ်န္ပီယံ​ အႀကိဳဗိုလ္လုပြဲစဥ္ကို က်င္းပ​ေနျခင္းျဖစ္၏။ ၿပိဳင္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္မည့္အသင္းႏွစ္သင္းကေတာ့ ​ေတာင္ကိုရီးယားLCK divisionကHTအသင္းႏွင့္ တ႐ုတ္LPL divisionကTTCအသင္းတို႔ ျဖစ္ၾက​ေလသည္။

(T/N: LOLမွာပဲႏိုင္ငံအလိုက္Divisionကြဲပါတယ္ Chinaအတြက္က​ေတာ့ LPLပါ)

ယေန႔ႏိုင္သြားသည့္အသင္းက ​ေနာက္အပတ္တြင္က်င္းပမည့္ ကမာၻ႔ခ်န္ပီယံပြဲတြင္ ဝင္​ေရာက္ယွဥ္ၿပိဳင္ႏိုင္မည္ပင္။

အိမ္ရွင္အသင္းက TTCျဖစ္တာႏွင့္အညီ အားသာခ်က္က​ေတာ့ အနီးပတ္ဝန္းက်င္ကို တစ္ခ်က္​ေဝ့ၾကည့္လိုက္႐ုံႏွင့္ပင္ ပရိတ္သတ္အားလုံးနီးပါး ကိုင္​ေဆာင္ထားသည့္ပစၥည္း​ေတြက TTCအသင္းlogo​ေတြႏွင့္ျပည့္​ေန​ေၾကာင္း ျမင္ႏိုင္​ေလသည္။

ထိုအခ်ိန္၌ ကိုယ္​​ေပၚတြင္ အျဖဴ​ေရာင္သရဖူတံဆိပ္ႏွင့္ အနက္​ေရာင္ဖိတ္ဖိတ္​ေတာက္​ေန​ေသာ ဘတ္စ္ကားတစ္စီးသည္ အားကစားကြင္း၏ညာဘက္ျခမ္းတြင္ ထိုးရပ္သြားသည္။ ထိုကားကိုျမင္လိုက္သည္ႏွင့္ လုံၿခဳံ​ေရး​ဝန္ထမ္းေတြမွာ အလ်င္အျမန္ထရပ္လိုက္ၾကၿပီး ဘတ္စ္ကားတံခါးနားကို သူတို႔ထက္ပင္အရင္သြားကာ အ​ေႏွာင့္အယွက္​ေပးခ်င္သည့္ ပရိတ္သတ္​ေတြႏွင့္ မီဒီယာ​ေတြရန္က​ေန ကာကြယ္​ေပး​ေနရသည္။

ဘတ္စ္ကား၏တံခါးက ျဖည္းျဖည္းခ်င္းပြင့္လာၿပီး အဲ့သည့္​ေနာက္မွာ​ေတာ့ ပရိတ္သတ္​ေတြ၏​ေအာ္သံ​ေတြၾကားတြင္ TTCအဖြဲ႕ဝင္​ေတြက ​အၿပဳံးကိုယ္စီႏွင့္ လက္​​ေတြေဝွ႔ယမ္းျပရင္း တစ္​ေယာက္ခ်င္းစီဆင္းလာ​ေနၾကသည္။

​ေနာက္ဆုံးအဖြဲ႕ဝင္ ကား​ေပၚမွဆင္းလာသည့္အခါမွာ​ေတာ့ ​ေအာ္သံ​ေတြက ပိုမိုက်ယ္​ေလာင္လာၿပီး ပရိတ္သတ္​ေတြက သူတို႔ရဲ႕LEDဘုတ္​ေတြကို အရင္ကထက္ ပင္ စိတ္အားထက္သန္စြာ ​ေဝွ႔ယမ္းျပလာၾကသည္။

လူမ်ား​ေနသည့္အတြက္ မ​ေတာ္တဆျဖစ္ရပ္မ်ား မျဖစ္ပြား​ေစရန္ ကာကြယ္ဖို႔ခက္ခဲ​ေလသည္။ ထိုအခိုက္ TTCဟု​ေရးထား​သည့္ ဆိုင္းဘုတ္​ေလးက ​​ေျမျပင္​ေပၚသို႔ ႐ုတ္တရက္ျပဳတ္က်သြားၿပီး​ ေကာင္မ​ေလးတစ္​ေယာက္၏​ေအာ္သံႏွင့္အတူ လုံၿခဳံေရးမ်ားက သူမအား ​ေအာ္ဟစ္တားဆီးသံမ်ား တစ္ဆက္တည္းထြက္​ေပၚလာ​ေလသည္။

​ေကာင္မ​ေလးက စိုးရိမ္တႀကီးႏွင့္​ေျပာရွာသည္။

"​ေတာင္းပန္ပါတယ္ ၊ ​ေတာင္းပန္ပါတယ္
ကြၽန္မကိုတစ္​ေယာက္က တြန္းလိုက္လို႔ပါ၊ တကယ္​ေတာင္းပန္ပါတယ္၊ ​ေက်းဇူးျပဳၿပီး အဲ့ဒီLEDဘုတ္​ေလးကို ​ျပန္ေကာက္​ေပးႏိုင္မလား"

လုံၿခဳံ​ေရးအ​ေစာင့္ကဆို၏။

"ခဏ​ေနရင္ျပန္​ေကာက္​ေပးမယ္၊ ​ေလာ​ေလာဆယ္ ေနာက္ကိုနည္းနည္းဆုတ္ဦး"

လုံၿခဳံ​ေရးအ​ေစာင့္​ ေျပာၿပီးသည့္​ေနာက္မွာပဲ တစ္စုံတစ္​ေယာက္က ထိုဘုတ္ျပား​ေလးကို ကုန္းေကာက္ကာ ​ေကာင္မ​ေလးဆီ ကမ္းေပးလိုက္​သည္။

ျပန္​ေကာက္​ေပးလိုက္သည့္ ထိုလူက အျဖဴႏွင့္အမည္း​ေရာစပ္ထားသည့္ယူနီ​ေဖာင္းကို ဝတ္ထားၿပီး သူ၏ဆံပင္​ေတြက အနည္းငယ္ရႈပ္ပြ​ေနကာ အနီးကပ္ၾကည့္မည္ဆိုပါက တစ္ခုခုကိုမွီအိပ္ထားသည့္အတြက္ ​ေပၚလာသည့္အစင္း​ေၾကာင္း​ေလး​ေတြကိုပါ သူ၏ေသးသြယ္ၿပီးက်ဥ္း​ေျမာင္းသည့္ မ်က္ဝန္း​​ေထာင့္စြန္း​ေဘးတြင္ ျမင္ႏိုင္သည္။ ထိုမ်က္ဝန္း၏​ေအာက္ဘက္တြင္​ေတာ့ ​ေျဖာင့္တန္းၿပီးျမင့္မားသည့္ႏွာတံႏွင့္ အနည္းငယ္ ခပ္ဟဟပြင့္​ဟေန​ေသာ ႏႈတ္ခမ္းပါးတစ္စုံရွိ​ေလသည္။

​ေကာင္မ​ေလးက ထိုသူကိုင္ထားသည့္ LEDဘုတ္ျပားဆီသို႔အၾကည့္မ​ေရာက္ႏိုင္​ခင္ ထိုသူကို စကၠန္႔အနည္းငယ္​ေလာက္ မွိန္း​ေမာစြာၾကည့္​ေနမိသည္။

ထိုသူရဲ႕လက္​ေခ်ာင္း​ေတြက ရွည္ၿပီးသြယ္လ်ကာ လက္မႏွင့္လက္ညႇိဳးၾကားတြင္ မထင္မရွားမွဲ႔​ေလးတစ္လုံးရွိ​​​​ေလသည္။

သူမက ​ေယာင္​ေယာင္မွားမွားနဲ႔ ဆိုင္းဘုတ္ကိုလက္ခံလိုက္ၿပီး....

"​ေက်းဇူးတင္ပါတယ္​"

ထိုလူက ​အသိအမွတ္ျပဳဟန္ ေခါင္းတစ္ခ်က္ညိမ့္ျပၿပီး​ေနာက္ ၿပိဳင္ပြဲရွိရာ​ေနရာဆီသို႔ ဆက္​ေလွ်ာက္သြား​​ေတာ့သည္။

​ေကာင္မ​ေလးက ထို​ေယာက်ာ္း၏​ေက်ာျပင္က်ယ္ႀကီး လုံးလုံးလ်ားလ်ား​ ေပ်ာက္ကြယ္သြားၿပီးခ်ိန္မွသာ အသိျပန္ဝင္လာ၏။

သူမက လက္ထဲမွာရွိတဲ့ဘုတ္ျပား​ေလးကို တင္း​ေန​ေအာင္ဖက္ထားၿပီး ​သူမ၏​ေဘး​ပတ္လည္ကိုလွည့္လိုက္ကာ သူမသူငယ္ခ်င္း၏အက်ႌကိုဆြဲကိုင္လိုက္သည္။ ထို႔​ေနာက္ စိတ္လႈပ္ရွားစြာျဖင့္ ​​ေအာ္​ေျပာလိုက္၏။

"အဲ့တာRoadပဲ! နတ္ဘုရားလု! နတ္ဘုရားလုက ငါ့ကို​ေခါင္းၿငိမ့္ျပသြားတယ္! ငါ့ရဲ႕ဆိုင္းဘုတ္​ေလးကို​ေတာင္ ထိသြား​ေသးတယ္ အားးး!"

Backstageရွိနား​ေနခန္းထဲ၌ TTCရွိလူတိုင္းလိုလိုသည္ ပုံမွန္ထက္ပင္ပိုၿပီး စိတ္​ေအးလက္​ေအးျဖစ္​ေနၾကသည္။

TTC၏supportျဖစ္သည့္ ​ေရွာင္ပိုင္က ထိုင္ခုံတစ္ခုံမွာထိုင္​ေနၿပီး အခ်ိန္အၾကာႀကီးရႈပ္ပြ​ေနခဲ့တဲ့ သူရဲ႕ဆံပင္ပုံစံကိုၾကည့္ရန္ မွန္ကိုထုတ္လိုက္ၿပီး​ေနာက္​ ေျပာလာသည္။

"အဲ့ေကာင္မ​ေလးရဲ႕အသံ​ေအာင္ခ်က္ကေတာ့ တ႐ုတ္ေဘာလုံးအသင္း ခ်န္ပီယံဆုမရခဲ့တာ ​ေသခ်ာ​ေပါက္ သူ႔ရဲ႕အား​ေပးမႈမရလို႔​ေနမယ္"

အဖြဲ႕၏မန္​ေနဂ်ာ တစ္ျဖစ္လည္း နည္းျပျဖစ္သူသည္ သူရဲ႕​ေခါင္းကို မွတ္စုစာအုပ္ႏွင့္ လွမ္း႐ိုက္လိုက္ကာဆူလိုက္၏။

"​ေပါက္ကရ​ေတြ​ေျပာမ​ေနနဲ႔"

နည္းျပက ​ေလာ​ေလာလတ္လတ္တြင္ ဆိုဖာ​ေပၚထိုင္ခ်လိုက္​သည့္ လု​ေပၚယြမ္(Road)ဆီသို႔ အၾကည့္​ေျပာင္းလိုက္သည္။ လု​ေပၚယြမ္က ဖုန္းကိုဘယ္ဘက္လက္ျဖင့္ကိုင္ထားၿပီး ဖုန္းမ်က္ႏွာျပင္ကို ​ပြတ္ဆြဲ​​ေန၏။ သူ႔ရဲ႕ညာဘက္လက္က​​ေတာ့ ဆိုဖာလက္တန္း​ေပၚတင္ထားၿပီး လက္​ေခ်ာင္းမ်ားကို ​ေကြးခ်ည္ဆန္႔ခ်ည္ျပဳလုပ္​​​ေနသည္။

ၿပိဳင္ပြဲမစမွီနာရီဝက္အလို၌ နည္းျပက အားလုံးအတြက္ ၿပိဳင္ပြဲအႀကိဳလမ္းၫႊန္မႈ​ေတြကို ​စတင္​ေျပာျပေနသည္။

​ေနာက္ဆုံးမွာ​ေတာ့ နည္းျပက သူတို႔အသင္း၏mid lanerကိုၾကည့္လိုက္ၿပီး သူ႔နာမည္ကို​ေခၚလိုက္သည္။

"Kan ခုဏကငါ​ေျပာတာ​ေတြအားလုံး မင္းမွတ္မိတယ္မလား"

နာမည္အ​ေခၚခံလိုက္ရ​သူက နည္းနည္းၾကာမွ ျပန္​ေျဖလာသည္။

"အာ...အင္း ​ေသခ်ာ​ေပါက္ ကြၽန္​ေတာ္မွတ္မိတာ​ေပါ့၊ အရင္တစ္​ေခါက္လို တူညီတဲ့အမွားမ်ိဳးထပ္မလုပ္​​ေတာ့ဘူး"

လု​ေပၚယြမ္က Kanကိုတစ္ခ်က္လွမ္းၾကည့္လိုက္၏။ နည္းျပ​ အားလုံးကိုေျပာၿပီးသြားသည့္အခ်ိန္မွာ​ေတာ့  လု​ေပၚယြမ္က မတ္တပ္ထရပ္ကာ ေျပာလိုက္သည္။

"သန္႔စင္ခန္းသြားလိုက္ဦးမယ္"

​ေရ​ေတြက သူရဲ႕လက္​ေပၚကို အလ်င္အျမန္က်ဆင္းလာ​ၿပီး အ႐ိုးထဲထိ​ပင္​ေအးစိမ့္သြား၏။

"မင္းလုပ္ႏိုင္လို႔လား"

အသံကိုၾကားလိုက္ရ​ေတာ့ လု​ေပၚယြမ္ ေခါင္းကို​ေမာ့ၿပီး မွန္ထဲက​ေနတစ္ဆင့္ သူ႔ေနာက္မွာရပ္​ေနသည့္ နည္းျပဆီ အၾကည့္ပို႔လိုက္သည္။

စကၠန္႔အနည္းငယ္အၾကာမွာ လု​ေပၚယြမ္ ​ေရကိုပိတ္လိုက္ၿပီး​ လက္​​သုတ္ဖို႔အတြက္ တစ္သ်ဴးအခ်ိဳ႕ကို ဆြဲထုတ္လိုက္၏။ ထို႔​ေနာက္ သူကနည္းျပ၏အၾကည့္ႏွင့္ဆုံလိုက္ၿပီး....

"ကြၽန္​ေတာ့္ကိုစင္​ေပၚတက္ဖို႔ခြင့္ျပဳသ​ေ႐ြ႕ ကြၽန္​ေတာ္ႏိုင္​ေအာင္​ကစားႏိုင္တယ္"

__

StarTVရွိ League of Legends အြန္လိုင္းဂိမ္း၏ တိုက္႐ိုက္ထုတ္လႊင့္​ေနသည့္ Livestreamခ်န္နယ္မ်ား။

လတ္တ​ေလာမွာေတာ့ တရားဝင္ထုတ္လႊင့္ခန္း၌ popularity pointsက သန္းရွစ္ရာ​ေက်ာ္ရွိ​ေနၿပီး အျခားLOLခ်န္နယ္​ေတြၾကားထဲမွာမွ ပထမ​ေနရာကို ဗိုလ္စြဲသိမ္းပိုက္ထားသည္။ အဲ့သည့္​ေနာက္မွာေတာ့ အရင္ကpro playerအ​ေနျဖင့္ကစားခဲ့ၾကၿပီး အနားယူၿပီးခ်ိန္မွ streamer​အျဖစ္စတင္ခဲ့ၾကသည့္ pro playerမ်ား၏ခ်န္နယ္မ်ား ရွိသည္။

ျမင္ႏိုင္သ​ေလာက္ဆိုလွ်င္ တိုက္႐ိုက္ထုတ္လႊင့္ခန္းအားလုံးလိုလိုက "ဆယ္ႀကိမ္​ေျမာက္အႀကိဳဗိုလ္လုပြဲစဥ္"၊ "စိတ္အားထက္သန္စြာျဖင့္​ရွင္းလင္းမွတ္ခ်က္ျပဳျခင္း"၊ "TTC​ႏိုင္ရမည္" ထိုကဲ့သို႔​ေသာ ​ေခါင္းစဥ္မ်ားျဖင့္ Livestreamလႊင့္​ေနၾကသည္။

[ပ်င္းစရာ​ေန႔ကို​ေက်ာ္ျဖတ္ျခင္း.-Soft] ထိုတိုက္႐ိုက္ထုတ္လႊင့္ခန္းတြင္​ေတာ့ popularity points သန္း130​ေက်ာ္ရွိ​ေလသည္။

က်န္း႐ုန္က အသင့္စားမုန္႔ဘူးမ်ားကိုသယ္၍ ျပန္လာျခင္းျဖစ္ကာ သူျပန္လာခ်ိန္ထိ livestreamတြင္ စကား​ေျပာ​ေကာင္းဆဲ အစီအစဥ္တင္ဆက္သူကို ျမင္လိုက္ရ​သည့္အခါမွာ​ေတာ့ သူမုန္႔ဘူး​ေတြကို​ေဖာက္လိုက္​ေတာ့သည္။

အျပင္မွာမိုး႐ြာ​ေနသည္​ေၾကာင့္ မုန္႔ဘူး​ေတြကိုလာပို႔သည္မွာ နာရီဝက္​​ေလာက္ေနာက္က်သြား​သည့္အတြက္ သူလုံးဝကိုဗိုက္ဆာ​ေနၿပီျဖစ္သည္။

[အဓိပၸါယ္မရွိတာ....ငါတို႔ကမင္းစား​ေနတာကိုဒီတိုင္းထိုင္ၾကည့္​ေနရမယ္​ေပါ့??]

[​activeမျဖစ္တဲ့livestreamပဲ ရီပို႔ထုၾက​​ေဟ့]

[ဘာ​ေတြစား​ေနတာလဲ]

"ပဲ​ေခါက္ဆြဲ​ေၾကာ္" က်န္း႐ုန္က မၾကာ​ေသးခင္ကမွ ႏိုးလာခဲ့တာျဖစ္ၿပီး စကားကိုပ်င္းပ်င္းရိရိႏွင့္ေျပာ​ေနသည္။

"ငါဗိုက္မျပည့္ရင္ မင္းတို႔ကိုရွင္းျပဖို႔အား​ေတြ ဘယ္ကရမွာလဲ?"

[ဟုတ္ပါၿပီ မ်ားမ်ားသာစား၊ လူ​ေတြကို​ေနာက္ထပ္​ေဝဖန္​ေလကန္ဖို႔ မင္းမွာအားမက်န္ေတာ့ရင္ ဘယ့္ႏွယ့္လုပ္မလဲ​ေနာ့]

[LOL​ေလာကထဲက ႏွစ္​ေတြအၾကာႀကီးထြက္သြားမိလို႔ပါ၊ ဒီstreamerကဘယ္သူလဲ​ေမးခ်င္တယ္၊ ဘာလို႔ဒီ​ေလာက္နာမည္ႀကီးရတာလဲ? သူကအနားယူသြားတဲ့သူလား? ဒါမွမဟုတ္ အရမ္း​ေခ်ာလို႔လား?]

[သူက လူ​ေတြကို​ေဝဖန္ရင္းနဲ႔နာမည္ရလာတဲ့ LOL streamer​ေလ]

[ညစ္ပတ္တဲ့ပါးစပ္နဲ႔streamer]

[အသုံးမက်တဲ့streamer]

"Mod! ငါ့ကိုအသုံးမက်ဘူးလို႔​ေျပာတဲ့တစ္​ေယာက္ကို blockလိုက္.....ထားလိုက္​ေတာ့ ငါ့ဘာသာပဲblockလိုက္မယ္"

(T/N: Mod-Livestream roomကိုထိန္းသိမ္း​​ေပးတဲ့သူပါ။ စည္းလြတ္ဝါးလြတ္မန္႔ထားတာမ်ိဳး​ေတြဆို သူကအစားban​ေပးတယ္)

က်န္း႐ုန္က တူကိုခ်လိုက္ၿပီး သူ႔အားအသုံးမက်ဘူးဟု ​ေျပာသည့္တစ္​ေယာက္အတြက္ စကား​ေျပာလို႔မရ​ေအာင္ ban​ေပးလိုက္သည္။

ပရိတ္သတ္​ေတြႏွင့္ နည္းနည္းပါးပါး စကား​စျမည္ေျပာၿပီးခ်ိန္တြင္​ေတာ့ ​အသင္းႏွစ္သင္းက စင္​ေပၚတြင္​ေနရာယူၿပီးေန​ေခ်ၿပီ။

ဂိမ္း​ေဆာ့သည့္ထိုင္ခုံ​ေပၚတြင္ က်န္း႐ုန္က တင္ပ်ဥ္​ေခြထိုင္​ေနၿပီး မုန္႔ဘူး၏​ေအာက္​ေျခကို လက္တစ္ဖက္တည္းျဖင့္ ကိုင္ထား၏။ ဘယ္ဘက္က​ေန​ေရလွ်င္ ဒုတိယ​ေနရာတြင္ထိုင္​ေနသူဆီ သူ႔အၾကည့္​ေတြ​ေရာက္သြားသည္ႏွင့္ မုန္႔ဝါး​ေနရာတြင္ အနည္းငယ္​ေႏွးသြား​​ေတာ့သည္။

TTC၏ Jungler Roadက ထိုင္ခုံမွာ​ေနရာယူထားၿပီးျဖစ္ကာ ကြန္ပ်ဴတာအရံပစၥည္း​ေတြကို ခ်ိန္ညႇိ​ေနသည္။ သူ႔ရဲ႕​ေရွ႕ဆံပင္ထိပ္ဖ်ား​​ေလးေတြက အနည္းငယ္စိုစြတ္​ေနသည္​ေၾကာင့္ မၾကာ​ေသးမီကမွ မ်က္ႏွာသစ္လာခဲ့ပုံ​ေပၚ၏။

ထုတ္လႊင့္မႈသည္ ကစားသမားတစ္​ေယာက္ခ်င္းစီကို စတင္အနီးကပ္႐ိုက္​ျပ​ေနၿပီး Road၏အလွည့္​သို႔ေရာက္​သည့္အခါမွာ​ေတာ့ ကင္မရာကသိသိသာသာကို အျခားသူ​ေတြထက္ အခ်ိန္ၾကာ​ေအာင္႐ိုက္ျပ​ေနကာ ရွင္းလင္းတင္ဆက္သူေတြကလည္း ခ်က္ခ်င္းဆိုသလို အ​ေၾကာင္းအရာအား Roadဆီသို႔​ေျပာင္းလိုက္သည္။

ရွင္းလင္းတင္ဆက္သူAက မိတ္ဆက္​ေပးလာသည္။

"​ေနာက္ထပ္ ကင္မရာခ်ိန္ထားတာက​ေတာ့ TTCရဲ႕ ​ ၿပီး​ေတာ့ LPLရဲ႕ace junglerလို႔​ေတာင္​ေျပာလို႔ရတဲ့ TTC Roadျဖစ္ပါတယ္! နတ္ဘုရားလုက ဒီ​ေန႔လည္းအရမ္း​​ေခ်ာ​ေနတာပဲခင္ဗ်ာ"

ရွင္းလင္းတင္ဆက္သူ B: "အမွန္ပဲ၊ သူကစိတ္လႈပ္ရွား​ေနပုံလည္း​မေပၚဘူး​ေနာ္"

"TTCရဲ႕အတည္ၿငိမ္ဆုံး​ေက်ာက္​ေဆာင္ႀကီးလို႔ ​ေျပာၾကသလိုပဲ ကြၽန္​ေတာ္​ေတာင္ သူထိုင္လိုက္တာျမင္တာနဲ႔ စိတ္လႈပ္ရွားသလို​မခံစားရ​ေတာ့ဘူး"

ရွင္းလင္းတင္ဆက္သူCက ရီ​ေမာလ်က္ဝင္​ေျပာလာသည္။ ကင္မရာ၏ဦးတည္ရာ​က အျခားတစ္​ေယာက္ဆီ ေျပာင္းသြားသည့္​အခ်ိန္မွာလည္း သူက ​ေျပာလာျပန္သည္။

"ဒါ​ေပမယ့္ mid laner Kanက​ေတာ့ ဒီ​ေန႔ အ​ေတာ္​ေလးစိတ္ဖိစီး​ေနပုံပဲဗ်"

ရွင္းလင္းတင္ဆက္သူB: "နည္းနည္း​ေပါ့၊ အက်ိဳးအ​ေၾကာင္းနဲ႔​ေျပာရမယ္ဆို သူဒီလို​ေတာ့ျဖစ္မ​ေနသင့္ဘူး​ေနာ္၊ သူက ကမာၻ႔ဖလားပြဲ​ေတြမွာလည္း ​ေလးႀကိမ္ဝင္ၿပိဳင္ဖူးၿပီးသားပဲမလား၊ ဂိမ္းမစခင္ အ​ေျခအ​ေနကိုအျမန္ထိန္းႏိုင္ၿပီး ​ေသခ်ာကစားႏိုင္ဖို႔ကို ​ေမွ်ာ္လင့္ပါတယ္ဗ်ာ"

က်န္း႐ုန္ barrageကိုတစ္ခ်က္လွမ္းၾကည့္ၿပီး ​အ​ေျဖျပန္မ​ေျဖခင္ ​ေခါက္ဆြဲကိုအရင္ၿမိဳခ်လိုက္၏။

(T/N: Barrage-Livestream room's cmt box)

"ဘယ္သူႏိုင္မယ္ထင္လဲ? မသိဘူး...အသင္းရဲ႕အ​ေျခအ​ေန​ေပၚမူတည္တယ္။ TTCသာႏိုင္ရင္ စာအိတ္နီပို႔မွာလား? ငါကTTCရဲ႕brand ambassadorမွမဟုတ္တာ၊ ဘာကိစၥသူတို႔ကိုစာအိတ္နီ ပို႔​ေပးရမွာလဲ? Kanနဲ႔ငါနဲ႔ဘယ္သူပိုသန္မာလဲ? ​ေသခ်ာ​ေပါက္ငါ​​ေပါ့။"

သူ႔ရဲ႕အခ်ိန္အၾကာႀကီးပရိတ္သတ္ျဖစ္ခဲ့တဲ့သူ​ေတြက​ေတာ့ ဆက္တိုက္ဆိုသလို "6666"​ေတြ ပို႔လာၾကသည္။ သူတို႔အတြက္က​ေတာ့ Softရဲ႕ဒီလိုပုံစံကို အကြၽမ္းဝင္​ေနၿပီးသား။

(T/N: 666-amazing)

Softက Livestreamimg​ေလာကထဲသို႔ လြန္ခဲ့​သည့္၂ႏွစ္က စတင္ဝင္​ေရာက္လာကာ လအနည္းငယ္အၾကာမွာပဲ အႀကီးအက်ယ္​ေအာင္ျမင္လာသည္။ ​သူေအာင္ျမင္လာရသည့္ အ​ေၾကာင္းရင္း​ေတြကမ်ား​ေပမယ့္ အ​ေရးအႀကီးဆုံးအခ်က္ကို​ ေ႐ြးခ်ယ္ရမည္ဆိုလွ်င္ ပထမဆုံးအခ်က္က သူကသန္မာၿပီး သူ႔ရဲ႕livestreamအရည္အ​ေသြးက ျမင့္မားသည္။ ဒုတိယအခ်က္က​ေတာ့ သူ႔ရဲ႕ပင္ကိုယ္စ႐ိုက္က စိတ္ႀကီးဝင္တတ္ၿပီး သူမ​ေျပာရဲ​သည့္ အ​ေၾကာင္းရာဆိုသည္မွာလည္း ရွား​ေသာ​ေၾကာင့္ပင္။

​​ေျမႀကီးလက္ခတ္မလြဲ သူရဲ႕ထိုကဲ့သို႔ပုံစံကို မႀကိဳက္သည့္သူ​ေတြလည္းရွိသည္။

[ဘယ္လိုပဲျဖစ္ျဖစ္ မင္းကlivestreamမွာ အာ​ေခ်ာင္႐ုံပဲတတ္ႏိုင္တာ​မလား]

[Kanကိုတစ္ႀကိမ္ႏွစ္ႀကိမ္​ေလာက္ solo killႏိုင္တာနဲ႔ ​​ေစာက္ရမ္း​ေတာ္​ေနၿပီလို႔ ထင္​ေနတယ္​ေပါ့? Kanက အဖြဲ႕လိုက္ကစားရတဲ့ playerမ်ိဳး​ေလ၊ က​ေလး​ေလးZedနဲ႔ ​ေသာက္​ေပါSuoကိုကစားတဲ့ မင္းလိုအ႐ူးမဟုတ္ဘူး]

(T/N: Zed,Suo-LOL's Champion
MLBBကစားဖူးတဲ့သူ​ေတြအ​ေနနဲ႔ဆိုသိမွာပါ Mlမွာကheroလို႔​ေခၚ​ေပမယ့္ LolမွာကChampionဆိုၿပီးသုံးပါတယ္)

"အသင္းနဲ႔ကစားရတဲ့ကစားသမား​ေတြ ဘာ​ေတြငါမသိဘူး၊ ငါသိတဲ့ အႏိုင္ရတဲ့သူဆိုတာ တစ္ဖက္လူကိုသတ္ႏိုင္ၿပီး အိမ္ျပန္ပို႔​​ေပးလိုက္ႏိုင္တဲ့သူပဲ" က်န္း႐ုန္ကဆက္​ေျပာသည္။ "အရင္တစ္​ေခါက္ကrankကစားတုန္း ငါKanကို solo killႏိုင္တဲ့​ေပါင္းခ်ဳပ္ကို ဘယ္သူမ်ားလုပ္ထား​ေသးလဲ? အဲ့တာကို ဒီတစ္​ေယာက္ဆီပို႔​ေပးလိုက္ၾကပါဦး"

[....ဒီstreamerက တကယ္ကို ဒီလိုပဲစိတ္ႀကီးဝင္တတ္တာလား? Kanရဲ႕antiထင္တယ္]

[​ေဟး ​ေဟး အထင္မလြဲၾကနဲ႔၊ သူက မင္းတို႔Kanကိုတင္မဟုတ္ဘူး လူတိုင္းကိုအဲ့လိုပဲ၊ ဒါ​ေပမယ့္ ဒီseasonမွာ​ေတာ့ Kanကို​အ​ေသဖဲ့သလားလို႔...]

[အခုအခ်ိန္ထိ Softမ​​ေလွာင္​ေျပာင္ဖူးတဲ့ နာမည္ႀကီးကစားသမားရယ္လို႔ ရွိ​ေသးရဲ႕လား? ငါစဥ္းစားလို႔​ေတာင္မရဘူး]

[တစ္​ေယာက္​ေတာ့ရွိတယ္! သူတစ္ခါမွRoadကို အျပစ္မ​ေျပာဖူးဘူး]

"​ေတာ္​​ေတာ့၊ ၿပိဳင္ပြဲကစ​ေနၿပီ" က်န္း႐ုန္က barrageရဲ႕အရွိန္ကိုျဖတ္ခ်လိုက္ၿပီး ကြန္ျပဴတာမ်က္ႏွာျပင္​ေပၚက သူ႔ကို႐ိုက္ကူးျပ​ေနသည့္ အတြင္းမ်က္ႏွာ​ေလး​ေထာင့္ကြက္အား ခ်ိန္ညႇိရင္း​ေျပာလာသည္။

"ဒီဗီဒီယို​ေလး​ေထာင့္ကြက္​က ၿပိဳင္ပြဲကိုျပ​ေနတာကို ကြယ္​ေနမယ္ထင္တယ္? ခဏ​ေလာက္ပိတ္ထားလိုက္မယ္"

[ငါ့ဖင္ႀကီးကိုပိတ္လိုက္ပါလား! ဒီအဘြားႀကီးက မင္းမ်က္ႏွာ​ေလးကိုၾကည့္ဖို႔လာတာ​ေလ! မင္းပိတ္လိုက္ရင္​ေတာ့ ငါကတရားဝင္ထုတ္လႊင့္​ေနတဲ့​ေနရာက​ သြားၾကည့္မွာ]

[မပိတ္လိုက္ပါနဲ႔၊ ငါအိပ္ခ်င္စိတ္​ေျပ​ေအာင္ မင္း​ေခါင္း​​ေပၚက အျပာ​ေရာင္အရာ​ေလး​ေတြကို မွီခို​ေနရလို႔ပါ]

က်န္း႐ုန္ streaming​ေလာကထဲစတင္ဝင္​ေရာက္လာ​ေတာ့ သူကအ​ေတာ္​ေလးေခ်ာ​ေမာသည့္အတြက္ livestream administrator​ေတြဆီက​ေန "beauty category"စာရင္းထဲမွာ ​ေနရာ​ေပးျခင္းခံရသည္။

သူ႔ရဲ႕အသား​အေရာင္က အသင့္အတင့္ရွိၿပီး မ်က္​ေတာင္​ေလး​ေတြက ထူထဲၿပီးရွည္လ်ား၏၊ သူ႔ရဲ႕မ်က္လုံး​ေတြက မိန္းက​ေလးတစ္​ေယာက္ထက္​ပင္ ​ေတာက္ပၿပီး ႏွာ​ေခါင္းရဲ႕ညာဘက္စြန္း​မွာ​ေတာ့ မွဲ႔​ေသး​ေသး​ေလးတစ္လုံး ရွိ​​ေလသည္။ သူ႔ရဲ႕စကား​ေျပာပုံကို မသိခ်င္​ေယာင္​ေဆာင္ထားမည္ဆိုပါက သူကအလြန္ဆုံးရွိမွ ဆယ့္ရွစ္ႏွစ္ ဆယ့္ခုနစ္ႏွစ္​ေလာက္ရွိသည့္ ​ေကာင္​ေလးျဖစ္​ေၾကာင္းသိရလိမ့္မည္ပင္။

က်န္း႐ုန္"အလွ​ေလးစာရင္း"ထဲသို႔ အသြင္းခံရသည့္ အဓိကအ​ေၾကာင္းရင္းကား သူ႔ရဲ႕ဆံပင္​ေတြကိုအျပာ​ေရာင္ဆိုးလိုက္ျခင္း​ေၾကာင့္သာျဖစ္သည္။

ထိုပင္လယ္ျပာ​​ေရာင္ဆံပင္​ေတြက သူ႔ရဲ႕အသားအရည္ကို နဂိုထက္​ေတာင္ ျဖဴဥသြားေစၿပီး နား​ေပၚမွာmicတပ္ထားသည့္ idolတစ္​ေယာက္အ​ေနႏွင့္debut​ေတာ့မလိုပင္ ခံစားရ​ေစသည္။

သို႔​ေသာ္လည္း ထို"အလွ​ေလးစာရင္း"ထဲတြင္ က်န္း႐ုန္ၾကာၾကာမ​ေနလိုက္ရ​​ပါေခ်။ အ​​ေၾကာင္းရင္းကား သူက​ေတာ္​ေတာ္မ်ားမ်ားအား ​ျပစ္ျပစ္ႏွစ္ႏွစ္​ေဝဖန္လိုက္ျခင္းေၾကာင့္ သူ႔အ​ေပၚတြင္ မ​ေက်နပ္ခ်က္မ်ား စုပုံလာ​​​ေသာေၾကာင့္ျဖစ္သည္။ လူထုဆီက အႀကိမ္အ​ေျမာက္အျမား မ​ေက်နပ္​ေၾကာင္းျပလာ​ျခင္းခံရသည့္အခါ administratorတို႔ကလည္း လိမ္လိမ္မာမာ အလိုက္တသိႏွင့္ သူ႔အား "LOL category" ထဲတြင္ ျပန္ထားလိုက္​ၾက​ေတာ့သည္။

​အားလုံးထဲမွာမွ အလွ​ေလးစာရင္းထဲက ညီ​ေလး ညီမ​ေလးတို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာသည္းခံႏိုင္စြမ္းက အ​ေတာ္​ေလးအားနည္းသည္ေလ။

က်န္း႐ုန္က လူ​ေတြရဲ႕အျမင္ကို​ေမး​ေနတာ မဟုတ္သည့္အတြက္ သူစကား​ေျပာၿပီးတာႏွင့္ တစ္ၿပိဳင္နက္ videoကိုပိတ္လိုက္​ေတာ့သည္။

ကင္မရာကိုဖြင့္ထားလွ်င္ သူစားရတာ သက္​ေတာင့္သက္သာမျဖစ္​ေခ်။

သူကbarrageဆီမွ ကန္႔ကြက္လာတာ​ေတြကို လစ္လ်ဴရႈလိုက္ၿပီး ဗီဒီယိုအတြင္းမ်က္ႏွာကို ဖယ္ပစ္လိုက္ကာ ၿပိဳင္ပြဲၾကည့္ရာတြင္ အာ႐ုံစိုက္ထားလိုက္သည္။

ၿပိဳင္ပြဲက BO5ပုံစံကိုအသုံးျပဳၿပီး ဂိမ္းငါးပြဲ​ေဆာ့ရမည္ျဖစ္ကာ သုံးႀကိမ္ႏိုင္ရမည္။ ဒါက player၏ႀကံ့ခိုင္မႈကို စစ္​ေဆး႐ုံသာမကပဲ သူတို႔၏ ဇြဲ၊လုံ႔လႏွင့္ သည္းခံႏိုင္စြမ္းကို စစ္​ေဆးသည္ႏွင့္ပိုတူသည္။ သို႔​ေသာ္ စင္​ေပၚမွာထိုင္​ေနတဲ့သူတိုင္းက ဒီလိုဆရာက်သည့္ျမင္ကြင္းမ်ိဳးႏွင့္ စိမ္းသက္မ​ေနတာ​ေၾကာင့္ လူတိုင္းက အလြန္တည္ၿငိမ္​ေသာအ​ေနအထားတြင္ရွိ​ေနသည္။

ပထမပြဲမွာ​ေတာ့ TTCက ရန္သူအသင္း၏Top laneဆီက​ေန ပစ္မွတ္ထားခံရ​ေပမယ့္ ၿပိဳင္ဘက္အသင္းရဲ႕junglerကို ႏွစ္ႀကိမ္တိုင္တိုင္ ​ေအာင္ျမင္စြာ countergankလိုက္ႏိုင္ၿပီး ၃၅မိနစ္​အၾကာမွာပဲ ၿပိဳင္ပြဲကိုအသာ​ေလးအႏိုင္ရလိုက္သည္။

(T/N: countergank-တစ္ဖက္အသင္းကို႐ုတ္တရက္ဝင္​ေရာက္တိုက္ခိုက္​ေပမယ့္ ကိုယ့္အသင္းသာအသတ္ခံလိုက္ရျခင္း)

ဒုတိယၿပိဳင္ပြဲမွာ​ေတာ့ ဂိမ္းအစပိုင္းတြင္ TTC၏Bot laneက အင္အား​ေကာင္း​ေနၿပီး ရန္သူ႔​ေအာက္လမ္းရွိ baseကို ပထမဆုံးအႀကိမ္ ဖ်က္ဆီးလိုက္သည္။ သို႔​ေသာ္လည္း တစ္ဖက္အသင္း၏ တိတ္တဆိတ္တိုက္ခိုက္မႈ​ေၾကာင့္ Kanက ႏွစ္ႀကိမ္ဆက္တိုက္​ေသသြားၿပီး တစ္ဖက္အသင္းကို အခြင့္အ​ေရး​ေပးမိသြား​တာေၾကာင့္ မထင္မွတ္စြာႏွင့္ ၄၅မိနစ္အၾကာတြင္ TTCရႈံးသြား​ေလသည္။

ၿပိဳင္ပြဲရလဒ္က​ 1:1ျဖစ္​ေန၏။

barrageထဲမွာ​ေတာ့ ​ေဒါသ​ေတြေပါက္ကြဲ​ေနၾကၿပီး လူတိုင္းက Kanရဲ႕အသုံးမက်တဲ့ကစားပုံကို ​ေလွာင္​ေျပာင္​ေနၾကကာ လူအနည္းစုက​ေတာ့ က်န္း႐ုန္ ဘာလို႔Kanကိုထပ္မဆဲ​ေတာ့တာလဲ ဟု​ေမး​ေနၾကသည္။

"ဆဲရလြန္းလို႔​ေမာသြားၿပီ" က်န္း႐ုန္က ၿပီးခဲ့သည့္ဂိမ္း၏stats​ေတြကိုၾကည့္ကာ ​ေျပာလိုက္ျခင္းျဖစ္သည္။
"မိနစ္​ေလးဆယ္မွာ damageက 8300၊ သူတကယ္ကို 8300ပဲ​ေပးခဲ့တာ၊ ငါ mid lane​​ေနရာမွာ​ေနၿပီး Rift Scuttlerကိုကိုင္ရင္​ေတာင္မွ သူ႔ရဲ႕ damageထက္ အမ်ားႀကီးပို​ရေအာင္လုပ္ႏိုင္​ေသးတယ္"

[မင္းသိတာက livestreamခန္းထဲထိုင္ၿပီး သူမ်ားကို​ေဝဖန္ဖို႔ပဲ​ေလ အဲ့​ေလာက္​ေတာ္​ေနရင္ မင္းသြားလုပ္လိုက္ပါလား!]

"အဲ့​ေလာက္​ေတာ္​ေနရင္ မင္းသြားလုပ္လိုက္ပါလား"- ထိုကဲ့သို႔စကား​မ်ိဳးေတြကို တစ္​ေန႔မွာအႀကိမ္တစ္​ေထာင္​ေလာက္ က်န္း႐ုန္ျမင္​ေနရသည္။

သူ႔အ​ေနနဲ႔ ျပန္တုံ႔ျပန္ဖို႔ကို ပ်င္းလြန္း​ေနတာ​ေၾကာင့္ ဂိမ္း​ေဆာ့သည့္ထိုင္ခုံ​ေပၚကိုမွီခ်လိုက္ၿပီး တတိယေျမာက္ၿပိဳင္ပြဲကိုသာ ​ေသခ်ာၾကည့္​ေနလိုက္သည္။

အကယ္၍ တစ္​စုံတစ္​ေယာက္က ပထမႏွစ္ပြဲမွာKanရဲ႕အ​ေျခအ​ေနက သိပ္မဆိုးဘူးလို႔​ေျပာမယ္ဆိုရင္​ေတာင္ ဒီတစ္​ေခါက္ပြဲမွာ​ေတာ့ စစခ်င္းငါးမိနစ္မွာတင္ သူက အက်ိဳးမရွိ ပထမဆုံး​အ​ေသခံသြားသည္။ တကယ္ကိုအသုံးမက်လိုက္တဲ့သူပင္!။

သို႔​ေသာ္လည္း ကံ​ေကာင္း​ေထာက္မစြာႏွင့္ အရင္ပြဲ​ေတြလိုပင္ Roadက ၿပိဳင္ပြဲကိုဆက္ထိန္းသြားႏိုင္သည္။ mid-late gameတြင္ သူက Camilleရဲ႕gankႏိုင္သည့္အားသာခ်က္ကို အသုံးျပဳ၍ တစ္ဖက္အသင္းကို အႀကိမ္​ေရမ်ားမ်ားသတ္လိုက္ႏိုင္ၿပီး TTC top lanerႏွင့္ပူး​ေပါင္းကာ အခက္အခဲ​ေပါင္းမ်ားစြာၾကားထဲမွ အႏိုင္ရဖို႔ ျပင္းျပင္းထန္ထန္ အားစိုက္ထုတ္လိုက္ရ​ေလသည္။

​ေလးႀကိမ္​ေျမာက္ပြဲက​ေတာ့ ထိုအ​ေခါက္ထက္ပင္ ပိုၾကာ​ေလ၏။

ဂိမ္းအစပိုင္းတြင္ Kanက​ေကာင္း​ေကာင္းမြန္မြန္ကစား​ေနၿပီး လမ္းထိန္းရာတြင္လည္း ျပသနာမရွိ​ေခ်။ သို႔​ေသာ္လည္း mid-late game​ေရာက္၍ အဖြဲ႕လိုက္စု​ေပါင္းတိုက္​ေသာအခါမွ သူကအသင္း​ေဖာ္​ေတြကိုထားခဲ့ၿပီး ​ေသြးတစ္ဝက္ႏွင့္ႏွစ္ႀကိမ္မွ် ထြက္​ေျပး​ေလသည္။

Kan၏ထြက္​ေျပးျခင္းက မကြၽမ္းက်င္တဲ့ကစားသမား​ေတြအဖို႔ အသင္းကိုဒုကၡမ​ေရာက္​ေစဘူးလို႔ ခံစားရ​​ေစႏိုင္​ေသာ္ျငား က်န္း႐ုန္က​ေတာ့​ေသခ်ာသိသည္။ ထိုအသင္းလိုက္စု​ေပါင္းတိုက္​ေသာ၂ႀကိမ္တြင္ အကယ္၍ Kanသာ​ေနာက္က​ေန damageလုံလုံ​ေလာက္​ေလာက္​ေပးႏိုင္ပါက တစ္ဖက္အသင္းကႏွစ္​ေယာက္​ ဒါမွမဟုတ္ သုံး​ေယာက္​ေလာက္​ကိုေတာင္ အ​ေသသတ္ႏိုင္​ေလာက္၏။

ကြၽမ္းက်င္ကစားသမား​ေတြကို မဆိုထားႏွင့္၊ ပလက္တီနမ္အဆင့္ကစားသမားတစ္​ေယာက္ ထိုကဲ့သို႔အသင္းလိုက္တိုက္ခိုက္ရာတြင္ ဝင္ကစားလွ်င္​ေတာင္မွ သူ႔အသင္း​ေဖာ္ကိုဒုကၡ​ေရာက္​ေစၿပီး ထြက္​ေျပးသည့္နည္းလမ္းကို ေ႐ြးခ်ယ္မည္မဟုတ္​ေပ။

၅၂မိနစ္အၾကာတြင္ TTCက​ ေလးပြဲ​ေျမာက္ကို ရႈံးသြားၿပီး ၿပိဳင္ပြဲရလဒ္က 2:2ျဖစ္သြားသည္။ ဒါက ႏွစ္ဖြဲ႕လုံးအတြက္ အႏိုင္အရႈံးဆုံးျဖတ္​ေပးမည့္ သ​ေရမွတ္ျဖစ္၏။

​ေလးပြဲ​ေျမာက္ဂိမ္းၿပီးဆုံးသြားသည့္အခ်ိန္၌ Roadက  သူ႔​ေဘးတြင္ထိုင္​ေနသည့္Kanကို အၾကည့္တစ္ခ်က္​ေတာင္မ​စြန္႔ႀကဲပဲ မတ္တပ္ထရပ္ကာ backstageသို႔ တည့္တည့္ဆင္းသြားခဲ့သည္။

[Streamerက ဘာလို႔ဘာမွထပ္မ​ေျပာ​ေတာ့တာလဲ?]

[ငါက စာနာတတ္တဲ့သူပါ၊ဒါ​ေပမယ့္ Kanဆိုတဲ့​ေကာင္ကို Roadအစိတ္စိတ္အမႊာမႊာျဖစ္​ေအာင္ ႐ိုက္ႏွက္​ေနတာကို ငါဝင္ကူညီ​ေပးခ်င္​ေနၿပီ]

[ဒီstreamer ဂိမ္းႏွစ္ပြဲလုံးမွာKanကို လုံးဝမဆဲဘူး​ေနာ္!]

ရွိရွိသမွ်ကင္မရာ​ေတြအားလုံးဟာ Kanကိုအနီးကပ္႐ိုက္ျပ​ေနသည့္တစ္​ေလွ်ာက္လုံး က်န္း႐ုန္ကတိတ္ဆိတ္​ေနခဲ့သည္။

Kanက အရပ္ရွည္ရွည္၊ခပ္ထြားထြားႏွင့္ ခႏၲာကိုယ္အနည္းငယ္ျပည့္သည့္ လူရည္သန္႔ျဖစ္ကာ ​ေပါ့ပ်က္ပ်က္ႏိုင္သည့္ပုံ​ေပၚသည္။ ထိုအခ်ိန္မွာ​ေတာ့ သူက​ေခါင္းကိုငုံ႔ထားကာ အလြန္အမင္းကိုစိတ္မ​ေကာင္းျဖစ္​ေနဟန္ မ်က္ႏွာထားႏွင့္ျဖစ္၏။

က်န္း႐ုန္က ႐ုတ္တရပ္ႀကီး ထ​ေျပာသည္။

"မင္းတို႔အားလုံး ခန္႔မွန္းၾကည့္၊ သူအခုဘာ​ေတြး​ေန​ေလာက္လဲ?"

[​ေသခ်ာ​ေပါက္ဝမ္းနည္း​ေနမွာ​ေပါ့၊ ဒီႏွစ္ဆို သူကအသက္24​ႏွစ္​​​​ေတာင္ေက်ာ္​ေနၿပီ အသက္ႀကီးလာၿပီ​ေလ၊ သူ႔ရဲ႕APM​ေရာ စိတ္ဓါတ္​ေရာက ငယ္တဲ့သူ​ေတြနဲ႔ ဘယ္လိုမွမယွဥ္ႏိုင္​ေတာ့ဘူး....]

(T/N: APM-တစ္မိနစ္မွာလႈပ္ရွားႏိုင္တဲ့လက္အျမန္ႏႈန္း)

[Kanငယ္ငယ္တုန္းကလည္း မ​ေတာ္ပါဘူး အို​ေက? သူကအဖြဲ႕ထဲမွာဆို အသုံးမဝင္ဆုံးတစ္​ေယာက္​ေလ]

[Hater​ေတြ စကား​ကိုဆင္ဆင္ျခင္ျခင္​ေျပာၾကစမ္းပါ! အရင္တုန္းက သူလည္းအဖြဲ႕ႏိုင္​ေအာင္ အမ်ားႀကီးကူညီဖူးပါတယ္]

Barrageထဲတြင္ ဆူညံစြာ အျပန္အလွန္ရန္ျဖစ္​ေနၾကၿပီး က်န္း႐ုန္စကားတစ္ခြန္း​ေျပာလိုက္ခ်ိန္မွသာ ၿငိမ္သက္သြားၾက​ေတာ့သည္။

"ငါ့အထင္​​ေတာ့ သူ.....'ေနာက္ဆုံးႏွစ္ပြဲမွာ ငါအ​ေတာ္​ေလးသ႐ုပ္​ေဆာင္​ေကာင္းတာပဲ၊ ​​လုပ္ပြဲဖန္တီးသူ​ေတြဆီက​ေန ​ေနာက္က်ရင္ ပိုက္ဆံပို​ေတာင္းရမယ္' လို႔ ေတြး​ေန​ေလာက္တယ္"

သူ႔စကားအဆုံးမွာ​ေတာ့ ပရိသတ္​ေတြ​ေရာ သူ႔ကိုမႀကိဳက္သည့္သူ​ေတြပါ အားလုံးလန္႔ျဖန္႔ကုန္ၾကၿပီး barrageထဲတြင္ "?????"​ေတြႏွင့္ ျပည့္က်ပ္ကုန္​ေတာ့သည္။

က်န္း႐ုန္၏ စကား​ေနာက္ကအဓိပၸါယ္က​ေတာ့ ရွင္းရွင္း​ေလးသာျဖစ္သည္။ သူကလွ်ိဳ႕ဝွက္စြာနဲ႔ Kanကိုလုပ္ပြဲဖန္တီးသူမ်ားႏွင့္ပူ​ေပါင္းကာ ရႈိးျပ​ေနသည္ဟု ​ေလွာင္​ေျပာင္လိုက္ျခင္းပင္။

ပုံမွန္အားျဖင့္ LOLၿပိဳင္ပြဲ​ေတြက အခုအ​ေျခအ​ေနအထိ တိုးတက္လာတာ​ေၾကာင့္ ​ေလာင္းကစားသမား​ေတြလက္ထဲက ​ေရွာင္ရန္ဆိုသည္မွာ ဘယ္လိုမွမျဖစ္ႏိုင္​ေပ။ အဖြဲ႕အမ်ားအျပားကို လုပ္ပြဲဖန္တီးၾကသည္ဟု ​သံသယဝင္ခဲ့ၾကဖူးေသာ္လည္း ပရိသတ္​ေတြၾကား အတင္းတုပ္ျခင္းသာျဖစ္ၿပီး မည္သူမွ ဤသို႔လူၾကားထဲတြင္ ထုတ္မ​ေျပာဖူးၾက​ေခ်။

ထို႔​ေၾကာင့္ က်န္း႐ုန္​ေျပာၿပီးၿပီးခ်င္းမွာပဲ သူ႔ရဲ႕ကြန္ျပဴတာမ်က္ႏွာျပင္ထက္မွာ သူ႔အားတိုက္ခိုက္​ေန​သည့္commentမ်ားျဖင့္ ျပည့္ႏွက္သြား​ေလသည္။

[မင္း ပုံမွန္လို ကစားသမားတစ္​ေယာက္ကို မ​ေကာင္း​ေျပာရင္​ေတာင္ ဟာသအ​ေနနဲ႔ယူဆလို႔ရ​ေသးတယ္၊ အခုက​ေတာ့ မင္းက တစ္ဖက္လူရဲ႕သိကၡါကိုပါ ​ေစာ္ကား​ေနတာကြ ဒါက​ေတာ္​ေတာ္လြန္သြားၿပီ]

[ငါမင္းကိုရီပို႔ထုလိုက္ၿပီ၊ ဒီstreamerက​ေသာက္ရမ္း႐ြံစရာ​ေကာင္းတယ္]

[ဒီလိုစကားမ်ိဳးကို ဘာသက္​ေသမွမရွိပဲ ​ေျပာရဲ​ေသးတယ္​ေပါ့....ေကာင္းၿပီ​ေလ]

က်န္း႐ုန္က barrageထဲကလူ​ေတြနဲ႔ ရန္ဖက္ျဖစ္ဖို႔စဥ္းစားမ​ေနဘူး။ ​​အ​ေစာပိုင္းကဂိမ္း​ေလးပြဲၾကည့္ျခင္းက သူ႔​ေခါင္းကိုပါ နာက်င္​ေစတာ​ေၾကာင့္ ​ေရခဲ​​ေသတၱာထဲက ​ေကာ္ဖီ​ေအးတစ္ခြက္ထယူဖို႔ ဆုံးျဖတ္လိုက္၏။

သူျပန္လာသည့္အခ်ိန္တြင္ အသင္းႏွစ္သင္းလုံးက ငါးပြဲ​​ေျမာက္အတြက္ ပါဝင္မည့္သူမ်ားကို ​ေၾကျငာၿပီး​ေန​ေခ်ၿပီ။

TTCဘက္မွာ အစားထိုးႏွစ္​ေယာက္ရွိ​ေနသည္။ တစ္​ေယာက္က အျခအ​ေနမ​ေကာင္းသည့္ Kanအတြက္ အစားထိုးmid lanerျဖစ္ၿပီး အျခားတစ္​ေယာက္က​ေတာ့ အဖြဲ႕ရဲ႕​ေက်ာ႐ိုးျဖစ္သည့္ Road၏အစားထိုးjunglerျဖစ္​​ေလသည္။

___

Hello! သိတဲ့သူ​ေတြလည္းသိမွာဆို​ေပမယ့္ မသိတဲ့သူ​ေတြအတြက္ပါ။ အသင္းတစ္သင္းမွာ Role 5ခုရွိပါတယ္။ Jungler, Mid-laner, Top laner, ADC, Supportပါ။ အိုင္တို႔လုရွိန္းက Junglerျဖစ္ၿပီး​ေတာ့ ႐ုန္႐ုန္က​ေတာ့ Mid-lanerပါ​ေနာ္♡

ပထမဆုံးစtransဖူးတာဆို​ေတာ့ ဖတ္ရအဆင္မ​ေျပျဖစ္​ေနမွာသိပါတယ္။ တစ္ျဖည္းျဖည္းႀကိဳးစားသြားမွာပါ jiayou!!!

واصل القراءة

ستعجبك أيضاً

255K 10K 29
ကြယ်နဲ့လက ဘယ်တော့မှမခွဲသလို မင်းနဲ့တို့လည်း...
48.8K 5.7K 20
Ruan Yan အလုပ်အသစ်မှာ CEO ကို အရပ်ရှည် ချမ်းသာပြီးခန့်ညားမယ်လို့မျှော်လင့်ထားတယ်။ အရေးကြီးတာ 'Mary Sue' ဖြစ်ဖို့ပေါ့။ ဒါပေမယ့် ဇာတ်လမ်းက သူမျှော်လင့...
284K 48K 72
Original Author- Yun Guo Shi Fei ⟨⟨云过是非⟩⟩ English translater - Midori & Neko ဝူဟန္ယင္းတစ္ေယာက္ မသိရသည္မွာဘာေၾကာင့္လူအုပ္ႀကီးတစ္အုပ္သူ႔ေနာက္လိုက္လာၿပီ...
761K 63.8K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...