Chapter 126: မထင်မှတ်သော တွေ့ဆုံမှု (၃)
" စားရမယ်၊ စားရမယ်! နောက်ဆုံးအတုံးလည်း ပျောက်သွားပြီ " အတိတ်မှသင်ခန်းစာယူ၍ ဟော်ရှောင်းရှောင်းသည် သူမပါးစပ်ကို စက္ကူပုဝါလေးဖြင့် သုတ်လိုက်ပြီး စားပွဲထိုးမလေးအား ပြောလိုက်သည်။ " မမ၊ ဒီပန်းကန်အလွတ်ကို ဖယ်လိုက်ပြီး နောက်ထပ်ကြက်ကြော်တစ်ပွဲ ယူလာပေးပါနော် "
(စက္ကူပုဝါ=တစ်ရှူးအကြီးမျိုး)
" ကောင်းပါပြီ "
ယီချန်းက သူ့ပန်းကန်လုံးထဲက ကြက်ကြော်ကို ယူလိုက်ပြီး ဟော်ရှောင်းရှောင်း၏ပန်းကန်လုံးထဲ ထည့်လိုက်သည်။ " ငါ ကြက်ကြော်ကို မထိထားဘူး၊ ဒီမှာစား "
" ယီချန်း၊ နင်က အရမ်းကောင်းတာပဲ "
ဟော်ရှောင်းရှောင်း ကြက်ကြော်ကို အရသာတွေ့နေစဉ် ဟော်ဆွေ့ချန်းက သူတို့သီးသန့်ခန်း အပြင်ဘက်လသာဆောင်တွင် ဖုန်းချလိုက်သည်။
" မစ္စတာဟော်... " နူးညံ့သိမ်မွေ့ပြီး မရေမရာဖြစ်နေသော အသံတစ်ခုက သူ့နောက်မှ ထွက်ပေါ်လာသည်။
ဟော်ဆွေ့ချန်း အသံနောက်ကို လိုက်ကြည့်လိုက်တော့ သူ့နောက် မလှမ်းမကမ်းမှာ တုန်လှုပ်နေသော မျက်လုံးများနှင့် ရပ်နေသည့် ကျိဝမ်ရှင်းကို တွေ့လိုက်ရသည်။
" ရှင် ကျွန်မကို မှတ်မိလား "
ဟော်ဆွေ့ချန်းက သူမကို စူးစူးစိုက်စိုက်ကြည့်နေသည်။ သူ " ကျိဝမ်ရှင်း? " ဟု မပြောမီ အချိန်အတော်ကြာသွားခဲ့၏။
" ကျွန်မပါ၊ ကျွန်မ... သိပ်မကြာခင်က ပြန်လာတာ။ ရှင့်ကို ဒီမှာ တွေ့မယ်လို့ မထင်ထားဘူး "
" အဲ့တော့? "
ကျိဝမ်ရှင်း၏မျက်လုံးများက မျှော်လင့်နေသည်။ " ကျွန်မမှာ မေးခွန်းတစ်ခုပဲ ရှိတာပါ၊ အဲ့ကလေးမလေးက... "
သူ့အရှေ့က လူသည် အရေးမပါသော ဖြတ်သွားဖြတ်လာတစ်ယောက်ကဲ့သို့သာ သဘောထားနေပုံရပြီး ဟော်ဆွေ့ချန်း၏အမူအယာမှာ ဂရုစိုက်မနေပေ။ " ငါ့သမီး "
ကျိဝမ်ရှင်း အားတက်သွားသော်လည်း ဟော်ဆွေ့ချန်း၏ဂရုမစိုက်သော အမူအရာကြောင့် သူမ၏အံ့သြမှုသည် တဖြည်းဖြည်း မှေးမှိန်သွားသည်။ " သူမ ဒီနှစ်တွေမှာ ဘယ်လိုနေလဲ "
" ကောင်းတယ် "
ကျိဝမ်ရှင်း သူမနှုတ်ခမ်းကို ကိုက်လိုက်သည်။ " ကျွန်မမောင်ရဲ့ကိစ္စက ရှင့်ကို ဒုက္ခဖြစ်စေခဲ့တယ်. . . ရှင့်ကို ထပ်မနှောက်ယှက်တော့ဖို့ သူ့ကို ပြောထားပါတယ် "
" မင်းက မင်းမောင်ထက် ပိုပြီးစဉ်းစားတတ်တာပဲ "
" ကျွန်မ... ကျွန်မ တွန်းအားပေးခံရတာပါ။ မစ္စတာဟော်၊ ဒါပေမယ့် ကျွန်မ လုပ်— "
" မစ္စကျိ၊ ဒီအကြိမ်မှာ မင်းရဲ့လက်ရှိလုပ်နိုင်စွမ်းနဲ့ဆို မင်း တောင်းဆိုမှုတွေ မလုပ်တာ အကောင်းဆုံးဖြစ်မယ်လို့ ငါ ထင်တယ်"
" ကျွန်မ သိပါတယ်၊ ဒါပေမယ့် ကျွန်မမှာ သူမ ရှိသေး— "
" ရှောင်းရှောင်းက သူမရဲ့အမေအကြောင်း ငါ့ကို တစ်ခါမှမမေးဖူးဘူး။ တစ်နေ့ကျ သူမ မေးလာခဲ့ရင်တော့ ပြောပြမှာပါ။ ဒါပေမယ့် အဲဒီအချိန်ထိ မင်းအကြောင်းကို ဘယ်သူ့ဆီကမှ မသိစေချင်ဘူး "
ဟော်ဆွေ့ချန်းသည် သူမ၏စကားများကို ကြားဖြတ်ရန် တွန့်ဆုတ်မနေပေ။ သူ့ရှေ့က အမျိုးသမီးအတွက် သူမှာ စာနာစိတ် သိပ်မရှိ။ သူသည် အခက်အခဲကို နားလည်ရန် အခြားသူများ၏ရှုထောင့်မှ တွေးတောခဲသည်။ လွန်ခဲ့သောသုံးနှစ် ဟိုတယ်တစ်ခုက ထိုတစ်ညသာ မရှိခဲ့ပါက သူတို့သည် လုံးဝကို ဆုံမိကြမည် မဟုတ်ပေ။
ကျိဝမ်ရှင်းက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့လိုက်၏။ " ကျွန်မ နားလည်ပါတယ်. . ရှင့်ကို စိတ်အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ် မစ္စတာဟော် "
ဟော်ဆွေ့ချန်းသည် ခက်ထန်သောမျက်နှာဖြင့် သူမဘေးမှ ဖြတ်သွားသည်။
သုံးနှစ်ကြာပြီးနောက်မှာတောင် ကျိဝမ်ရှင်းတစ်ယောက် သူ့ကို ပြန်တွေ့ရမယ်လို့ ဘယ်တုန်းကမှမတွေးခဲ့မိပေ။
လွန်ခဲ့သောသုံးနှစ်က ထိုကံကြမ္မာငင်သောညနှင့် လွန်ခဲ့သောနှစ်နှစ်က ကြေကွဲဖွယ်ထွက်ခွာမှုအကြောင်း၊ ဒီနေ့အထိအကြောင်းကို ပြန်တွေးရင်း သူမ အမှားလုပ်မိသည်လား အမှားမလုပ်မိသည်လား သူမ မသိတော့ပေ။
ဟော်ဆွေ့ချန်း သီးသန့်အခန်းသို့ ပြန်လာ၍ တံခါးဝသို့ ရောက်ချိန်တွင် အန်တီကျိုး စကားပြောနေသည်ကို သူ ကြားလိုက်ရသည်။
" ရှောင်းရှောင်း၊ ဟော်သခင်လေး သိသွားရင် သမီးကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူးနော် "
ဟော်ဆွေ့ချန်း မျက်ခုံးပင့်ကာ ဟော်ရှောင်းရှောင်းကို ကြည့်လိုက်သည်။ " ငါ မသိတာက ဘာလဲ "
" ဘာမှမဟုတ်ဘူး၊ သမီး ရေခဲမုန့် စားချင်တာ၊ ဒါပေမယ့် အန်တီက သမီးကို မစားခိုင်းဘူး "
" အဲ့လိုလား?? " ဟော်ဆွေ့ချန်း စားပွဲတွင် ထိုင်လိုက်ပြီး အန်တီကျိုးကို ကြည့်လိုက်သည်။
ဟော်ရှောင်းရှောင်းသည် သူ့လက်များကို စားပွဲအောက်တွင် ဖိကပ်ထားပြီး အန်တီကျိုးအား အသနားခံသော မျက်လုံးများနှင့် စိုက်ကြည့်နေသည်။
အန်တီကျိုးက အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။ " ဟုတ်တယ်၊ ရှောင်းရှောင်းက ရေခဲမုန့်စားဖို့ မရမက တောင်းဆိုနေတာ "
" မနက်က တစ်ခု စားထားတယ်လေ. . . ဗိုက်နာမှာ မကြောက်ဘူးလား "
ဟော်ရှောင်းရှောင်း တိုးတိုးရေရွတ်လိုက်သည်။ " မစားဘူး၊ မစားဘူး "
သူတို့က သူ့ကို စောင့်နေသကဲ့သို့ ထိရုံသာ ထိထားသည့် စားပွဲပေါ်မှ အစားအစာများကို ဟော်ဆွေ့ချန်း ကြည့်လိုက်သည်။
" ဘာလို့မစားသေးတာလဲ "
" ဖေဖေ့ကို စောင့်နေတာ "
ဟော်ဆွေ့ချန်း မထိထားသော ကြက်ကြော်ပန်းကန်ကို ထပ်ကြည့်လိုက်ပြီး ဒီကောင်မလေး အရမ်းလိမ္မာနေသည်ကို မယုံနိုင်ပေ။ " သမီးက ကြက်ကြော်ကိုတောင် မစားဘူးလား "
ဟော်ရှောင်းရှောင်း၏မျက်နှာသည် နီတောင် မနီဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။ " ဖေဖေ့ကို စောင့်နေတာ "
ဟော်ဆွေ့ချန်း အန်တီကျိုးကို ကြည့်လိုက်တော့ အန်တီကျိုးက အားနည်းစွာ ပြုံးပြသည်။
သူ ယီချန်းကို ထပ်ကြည့်လိုက်တော့ ယီချန်းကလည်း သူ့ခေါင်းလေးကို အမြန်ငုံ့လိုက်၏။
ဟော်ဆွေ့ချန်း မျက်တောင်တစ်ချက်မခတ်ဘဲ သူမကို ကြက်ကြော်တစ်တုံး ပေးလိုက်သည်။ " စားလေ "
" ကျေးဇူးတင်ပါတယ် ဖေဖေ "
________________________________________________________________________________
Zawgyi
Chapter 126: မထင္မွတ္ေသာ ေတြ့ဆံုမႈ (၃)
" စားရမယ္၊ စားရမယ္! ေနာက္ဆံုးအတံုးလည္း ေပ်ာက္သြားၿပီ " အတိတ္မွသင္ခန္းစာယူ၍ ေဟာ္ေရွာင္းေရွာင္းသည္ သူမပါးစပ္ကို စကၠူပုဝါေလးျဖင့္ သုတ္လိုက္ၿပီး စားပြဲထိုးမေလးအား ေျပာလိုက္သည္။ " မမ၊ ဒီပန္းကန္အလြတ္ကို ဖယ္လိုက္ၿပီး ေနာက္ထပ္ၾကက္ေၾကာ္တစ္ပြဲ ယူလာေပးပါေနာ္ "
(စကၠူပုဝါ=တစ္ရႉးအႀကီးမ်ိဳး)
" ေကာင္းပါၿပီ "
ယီခ်န္းက သူ႔ပန္းကန္လံုးထဲက ၾကက္ေၾကာ္ကို ယူလိုက္ၿပီး ေဟာ္ေရွာင္းေရွာင္း၏ပန္းကန္လံုးထဲ ထၫ့္လိုက္သည္။ " ငါ ၾကက္ေၾကာ္ကို မထိထားဘူး၊ ဒီမွာစား "
" ယီခ်န္း၊ နင္က အရမ္းေကာင္းတာပဲ "
ေဟာ္ေရွာင္းေရွာင္း ၾကက္ေၾကာ္ကို အရသာေတြ့ေနစဉ္ ေဟာ္ေဆြ့ခ်န္းက သူတို႔သီးသန္႔ခန္း အျပင္ဘက္လသာေဆာင္တြင္ ဖုန္းခ်လိုက္သည္။
" မစၥတာေဟာ္... " ႏူးညံ့သိမ္ေမြ့ၿပီး မေရမရာျဖစ္ေနေသာ အသံတစ္ခုက သူ႔ေနာက္မွ ထြက္ေပၚလာသည္။
ေဟာ္ေဆြ့ခ်န္း အသံေနာက္ကို လိုက္ၾကည့္လိုက္ေတာ့ သူ႔ေနာက္ မလွမ္းမကမ္းမွာ တုန္လႈပ္ေနေသာ မ်က္လံုးမ်ားႏွင့္ ရပ္ေနသည့္ က်ိဝမ္ရွင္းကို ေတြ့လိုက္ရသည္။
" ရွင္ ကြၽန္မကို မွတ္မိလား "
ေဟာ္ေဆြ့ခ်န္းက သူမကို စူးစူးစိုက္စိုက္ၾကၫ့္ေနသည္။ သူ " က်ိဝမ္ရွင္း? " ဟု မေျပာမီ အခ်ိန္အေတာ္ၾကာသြားခဲ့၏။
" ကြၽန္မပါ၊ ကြၽန္မ... သိပ္မၾကာခင္က ျပန္လာတာ။ ရွင့္ကို ဒီမွာ ေတြ့မယ္လို႔ မထင္ထားဘူး "
" အဲ့ေတာ့? "
က်ိဝမ္ရွင္း၏မ်က္လံုးမ်ားက ေမ်ွာ္လင့္ေနသည္။ " ကြၽန္မမွာ ေမးခြန္းတစ္ခုပဲ ရိွတာပါ၊ အဲ့ကေလးမေလးက... "
သူ႔အေရ႔ွက လူသည္ အေရးမပါေသာ ျဖတ္သြားျဖတ္လာတစ္ေယာက္ကဲ့သို႔သာ သေဘာထားေနပံုရၿပီး ေဟာ္ေဆြ့ခ်န္း၏အမူအယာမွာ ဂရုစိုက္မေနေပ။ " ငါ့သမီး "
က်ိဝမ္ရွင္း အားတက္သြားေသာ္လည္း ေဟာ္ေဆြ့ခ်န္း၏ဂရုမစိုက္ေသာ အမူအရာေၾကာင့္ သူမ၏အံ့ၾသမႈသည္ တျဖည္းျဖည္း ေမွးမိွန္သြားသည္။ " သူမ ဒီႏွစ္ေတြမွာ ဘယ္လိုေနလဲ "
" ေကာင္းတယ္ "
က်ိဝမ္ရွင္း သူမႏႈတ္ခမ္းကို ကိုက္လိုက္သည္။ " ကြၽန္မေမာင္ရဲ့ကိစၥက ရွင့္ကို ဒုကၡျဖစ္ေစခဲ့တယ္. . . ရွင့္ကို ထပ္မေနွာက္ယွက္ေတာ့ဖို႔ သူ႔ကို ေျပာထားပါတယ္ "
" မင္းက မင္းေမာင္ထက္ ပိုၿပီးစဉ္းစားတတ္တာပဲ "
" ကြၽန္မ... ကြၽန္မ တြန္းအားေပးခံရတာပါ။ မစၥတာေဟာ္၊ ဒါေပမယ့္ ကြၽန္မ လုပ္— "
" မစၥက်ိ၊ ဒီအႀကိမ္မွာ မင္းရဲ့လက္ရိွလုပ္ႏိုင္စြမ္းနဲ႔ဆို မင္း ေတာင္းဆိုမႈေတြ မလုပ္တာ အေကာင္းဆံုးျဖစ္မယ္လို႔ ငါ ထင္တယ္"
" ကြၽန္မ သိပါတယ္၊ ဒါေပမယ့္ ကြၽန္မမွာ သူမ ရိွေသး— "
" ေရွာင္းေရွာင္းက သူမရဲ့အေမအေၾကာင္း ငါ့ကို တစ္ခါမွမေမးဖူးဘူး။ တစ္ေန့က် သူမ ေမးလာခဲ့ရင္ေတာ့ ေျပာျပမွာပါ။ ဒါေပမယ့္ အဲဒီအခ်ိန္ထိ မင္းအေၾကာင္းကို ဘယ္သူ႔ဆီကမွ မသိေစခ်င္ဘူး "
ေဟာ္ေဆြ့ခ်န္းသည္ သူမ၏စကားမ်ားကို ၾကားျဖတ္ရန္ တြန႔္ဆုတ္မေနေပ။ သူ႔ေရ႔ွက အမ်ိဳးသမီးအတြက္ သူမွာ စာနာစိတ္ သိပ္မရိွ။ သူသည္ အခက္အခဲကို နားလည္ရန္ အျခားသူမ်ား၏ရႈေထာင့္မွ ေတြးေတာခဲသည္။ လြန္ခဲ့ေသာသံုးႏွစ္ ဟိုတယ္တစ္ခုက ထိုတစ္ညသာ မရိွခဲ့ပါက သူတို႔သည္ လံုးဝကို ဆံုမိၾကမည္ မဟုတ္ေပ။
က်ိဝမ္ရွင္းက ရွက္ကိုးရွက္ကန္းျဖင့္ ေခါင္းငံု႔လိုက္၏။ " ကြၽန္မ နားလည္ပါတယ္. . ရွင့္ကို စိတ္အေနွာင့္အယွက္ေပးမိတဲ့အတြက္ ေတာင္းပန္ပါတယ္ မစၥတာေဟာ္ "
ေဟာ္ေဆြ့ခ်န္းသည္ ခက္ထန္ေသာမ်က္ႏွာျဖင့္ သူမေဘးမွ ျဖတ္သြားသည္။
သံုးႏွစ္ၾကာၿပီးေနာက္မွာေတာင္ က်ိဝမ္ရွင္းတစ္ေယာက္ သူ႔ကို ျပန္ေတြ့ရမယ္လို႔ ဘယ္တုန္းကမွမေတြးခဲ့မိေပ။
လြန္ခဲ့ေသာသံုးႏွစ္က ထိုကံၾကမၼာငင္ေသာညႏွင့္ လြန္ခဲ့ေသာႏွစ္ႏွစ္က ေၾကကြဲဖြယ္ထြက္ခြာမႈအေၾကာင္း၊ ဒီေန့အထိအေၾကာင္းကို ျပန္ေတြးရင္း သူမ အမွားလုပ္မိသည္လား အမွားမလုပ္မိသည္လား သူမ မသိေတာ့ေပ။
ေဟာ္ေဆြ့ခ်န္း သီးသန႔္အခန္းသို႔ ျပန္လာ၍ တံခါးဝသို႔ ေရာက္ခ်ိန္တြင္ အန္တီက်ိဳး စကားေျပာေနသည္ကို သူ ၾကားလိုက္ရသည္။
" ေရွာင္းေရွာင္း၊ ေဟာ္သခင္ေလး သိသြားရင္ သမီးကို လံုးဝ ခြင့္လႊတ္မွာ မဟုတ္ဘူးေနာ္ "
ေဟာ္ေဆြ့ခ်န္း မ်က္ခံုးပင့္ကာ ေဟာ္ေရွာင္းေရွာင္းကို ၾကၫ့္လိုက္သည္။ " ငါ မသိတာက ဘာလဲ "
" ဘာမွမဟုတ္ဘူး၊ သမီး ေရခဲမုန႔္ စားခ်င္တာ၊ ဒါေပမယ့္ အန္တီက သမီးကို မစားခိုင္းဘူး "
" အဲ့လိုလား?? " ေဟာ္ေဆြ့ခ်န္း စားပြဲတြင္ ထိုင္လိုက္ၿပီး အန္တီက်ိဳးကို ၾကၫ့္လိုက္သည္။
ေဟာ္ေရွာင္းေရွာင္းသည္ သူ႔လက္မ်ားကို စားပြဲေအာက္တြင္ ဖိကပ္ထားၿပီး အန္တီက်ိဳးအား အသနားခံေသာ မ်က္လံုးမ်ားႏွင့္ စိုက္ၾကၫ့္ေနသည္။
အန္တီက်ိဳးက အကူအညီမဲ့စြာ သက္ျပင္းခ်လိုက္သည္။ " ဟုတ္တယ္၊ ေရွာင္းေရွာင္းက ေရခဲမုန႔္စားဖို႔ မရမက ေတာင္းဆိုေနတာ "
" မနက္က တစ္ခု စားထားတယ္ေလ. . . ဗိုက္နာမွာ မေၾကာက္ဘူးလား "
ေဟာ္ေရွာင္းေရွာင္း တိုးတိုးေရရြတ္လိုက္သည္။ " မစားဘူး၊ မစားဘူး "
သူတို႔က သူ႔ကို ေစာင့္ေနသကဲ့သို႔ ထိရံုသာ ထိထားသည့္ စားပြဲေပၚမွ အစားအစာမ်ားကို ေဟာ္ေဆြ့ခ်န္း ၾကၫ့္လိုက္သည္။
" ဘာလို႔မစားေသးတာလဲ "
" ေဖေဖ့ကို ေစာင့္ေနတာ "
ေဟာ္ေဆြ့ခ်န္း မထိထားေသာ ၾကက္ေၾကာ္ပန္းကန္ကို ထပ္ၾကၫ့္လိုက္ၿပီး ဒီေကာင္မေလး အရမ္းလိမၼာေနသည္ကို မယံုႏိုင္ေပ။ " သမီးက ၾကက္ေၾကာ္ကိုေတာင္ မစားဘူးလား "
ေဟာ္ေရွာင္းေရွာင္း၏မ်က္ႏွာသည္ နီေတာင္ မနီဘဲ တည္တည္ၿငိမ္ၿငိမ္ျဖင့္ ျပန္ေျပာလိုက္သည္။ " ေဖေဖ့ကို ေစာင့္ေနတာ "
ေဟာ္ေဆြ့ခ်န္း အန္တီက်ိဳးကို ၾကၫ့္လိုက္ေတာ့ အန္တီက်ိဳးက အားနည္းစြာ ၿပံဳးျပသည္။
သူ ယီခ်န္းကို ထပ္ၾကၫ့္လိုက္ေတာ့ ယီခ်န္းကလည္း သူ႔ေခါင္းေလးကို အျမန္ငံု႔လိုက္၏။
ေဟာ္ေဆြ့ခ်န္း မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ သူမကို ၾကက္ေၾကာ္တစ္တံုး ေပးလိုက္သည္။ " စားေလ "
" ေက်းဇူးတင္ပါတယ္ ေဖေဖ "