Chapter 66: အဖေနှင့်သား စကားပြောကြခြင်း
" ကလေးက ဘာမှမသိပေမယ့် မင်းက လူကြီးတစ်ယောက်ပဲ " ထို့နောက် ဟော်သခင်ကြီး ဟော်ရှောင်းရှောင်းကို ကြည့်လိုက်သည်။ " ရှောင်းရှောင်း!! "
ဟော်ရှောင်းရှောင်း ပေကလပ်ပေကလပ်ဖြင့် ပိုင်ပိုင်နိုင်နိုင် ပြောလိုက်သည်။ " ဘိုးဘိုး၊ သမီး တောင်းပန်ပါတယ်... သမီး မှားသွားပါတယ်... သမီး ထပ်မလုပ်တော့ပါဘူး "
သူမ၏ အာမခံမှုကြောင့် ဟော်သခင်ကြီး၏မျက်နှာသည် အနည်းငယ် ပျော့ပျောင်းသွားခဲ့သည်။
" ဘိုးဘိုး၊ ဘိုးဘိုး ဘာလုပ်နေတာလဲ "
ဟော်သခင်ကြီးက သူမကို သုတ်ပေးရန် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ " တစ်ခြားသူတွေက ပင်လယ်စာတွေ အများကြီး ဖမ်းမိလို... ညကျရင် ဘိုးဘိုးတို့ ခြံဝင်းထဲမှာ ပေါင်းပြီး ကင်စားကြမှာ... ဒါပေမယ့် တချို့ကလေးတွေက နားမထောင်တော့ ဘိုးဘိုး ဆုံးဖြတ်လိုက်တယ်... "
ဘာဘီကျူးလား. . .
ပျော်ပွဲစားလား. . .
ဟော်ရှောင်းရှောင်းသည် လူအိုကြီးရှေ့တွင် အမူအယာတောင်မပျက်ဘဲ ဆိုးသွမ်းသကဲ့သို့ ပြုမူကာ သူ့မျက်နှာကို မွှေးမွှေးပေးလိုက်သည်။ " ဘိုးဘိုးက အကောင်းဆုံးပဲ "
ဟော်သခင်ကြီးသည် ပြောစရာစကားမဲ့သွားသော်လည်း သဘောကျနေခဲ့သည်။ " သမီးအဝတ်အစားတွေကို သွားလဲလိုက်ဦး... အအေးမမိစေနဲ့ "
" ဟုတ်ကဲ့ "
ဟော်ရှောင်းရှောင်း အဝတ်အစား လဲရန် အပေါ်ထပ်သို့ ပျော်ရွှင်စွာ တက်သွားခဲ့သည်။
သူမ ဆင်းလာချိန်တွင် မှောင်မှိင်းသည့် ဆည်းဆာချိန်ဖြစ်ပြီး နေသည် ပင်လယ်ထဲသို့ ဖြည်းဖြည်းချင်း နစ်မြုပ်နေသည်။
အန်တီကျိုးနှင့် အခြားသူများသည် ဘာဘီကျူးကင်ရန် ပြင်ဆင်နေကြသောကြောင့် ဟော်ရှောင်းရှောင်း ထိုင်မနေနိုင်ပေ။ သူမသည် သူတို့ကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေပြီး အမြဲတစေ လှည့်လည်သွားလာကာ မကြာခဏ တိုက်တွန်းနေတတ်သည်။
ဟော်ဆွေ့ချန်းနှင့် ဟော်သခင်ကြီးတို့သည် သစ်သားစားပွဲ တစ်ဖက်စီတွင် ထိုင်နေကြသည်။
ဒီနေ့ လ၏အလင်းရောင်သည် ခမ်းနားလှပြီး ခြံဝင်းကို အပြည့်အဝ အလင်းပေးနေသည်။ ရောင်စုံမီးလေးများကို စိမ်းလန်းစိုပြေသည့် သစ်ပင်များပေါ်တွင် ချိတ်ဆွဲထားသောကြောင့် ခြံဝင်းတစ်ခုလုံး လင်းထိန်နေတော့သည်။
ဟော်ဆွေ့ချန်းသည် ဤအေးချမ်းသည့် အခိုက်အတန့်ကို ပျော်ရွှင်နေသောကြောင့် ဝိုင်ပုလင်းကို ဖွင့်ကာ သူ့ဖခင်အတွက် ဖန်ခွက်တစ်ခွက်ထဲ ထည့်ပေးခဲ့သည်။
ဟော်သခင်ကြီးသည် သူ ထိုင်ချလိုက်ချိန်တွင် သူ့ခါးကို ထိန်းလိုက်သော်လည်း သူ့မျက်ခုံးများသည် ရှုမဲ့နေကာ သိသိသာသာကို သက်တောင့်သက်သာဖြစ်မနေပေ။
ဟော်ဆွေ့ချန်း ထိုအရာကို သတိပြုမိပြီး မေးလိုက်သည်။ " အခုတလော အဖေ့ခါးက သိပ်မကောင်းဘူး ထင်တယ်... အဖေ့ကို ဆေးစစ်ပေးဖို့ ဆေးရုံကို အတူလိုက်ခဲ့ပေးမယ် "
ဟော်သခင်ကြီးက သူ့ခါးကို တင်းတင်းဆုပ်ကိုင်ပြီး အေးဆေးသည့် လေသံဖြင့် ပြောလိုက်သည်။ " စိုးရိမ်စရာမရှိဘူး... ဒါက မင်း ကလေးအရွယ်လောက်တည်းက ရခဲ့ဖူးတဲ့ ပြဿနာဟောင်းတစ်ခုပဲ "
" ကျွန်တော် ငယ်ငယ်ကလား "
" ကလေးဘဝတုန်းက မင်းက ရှောင်းရှောင်းထက်တောင် ပိုဆိုးသေးတယ်... ပြီးတော့ ဒီနေ့လိုပဲ မင်း ရေကူးသင်ရတယ်... ရေကူးကန်ထဲကို မင်းဘာသာမင်း ခုန်ချလာခဲ့တာ... မင်းကို လှမ်းဖမ်းလိုက်တုန်းက ခါးကို ဒဏ်ဖြစ်သွားပြီး အခုချိန်ထိ မသက်သာလာတော့တာပဲ ... မင်းအမေက ဒါကြောင့် မင်းကို နှစ်ခါတောင် ရိုက်ခဲ့တယ်...ပြီးတော့ မင်းကလည်း မင်းအမေကို နှစ်ရက်လောက် စိတ်ကောက်သွားတယ်လေ "
ဟော်ဆွေ့ချန်း ခဏလောက် တိတ်ဆိတ်သွားခဲ့သည်။
" အမေ... ကျွန်တော့်ကို ရိုက်တာကို ကျွန်တော် မမှတ်မိဘူး „
" အဲ့အချိန်တုန်းက မင်းက ငယ်သေးတယ်... မင်းမမှတ်မိမှာ သေချာတယ် "
" ငယ်သေးတယ်လား... ဘယ်အရွယ်လဲ "
" မင်းက ရှောင်းရှောင်းထက်တော့ အများကြီး သိပ်မကြီးသေးပေမယ့် သူ့ထက်တော့ အများကြီးပိုလေးတယ် "
ဗီလာအပြင်ဘက်ရှိ လှိင်းပုတ်သံများကို ယဲ့ယဲ့ကြားရနိုင်ပြီး သမုဒ္ဒရာ၏စိုစွတ်ငန်ကျိသည့် လေထုနှင့်အတူ လေပြည်တစ်ခု တိုက်ခတ်နေသည်။
ဟော်ဆွေ့ချန်းက သူ့မျက်လုံးများကို အောက်ငုံ့ချလိုက်သည်။ " ကျွန်တော့်အမေ ဘယ်လိုပုံစံလဲဆိုတာတောင် မမှတ်မိတော့ဘူး "
" ဒါက နှစ်ပေါင်းများစွာ ကြာခဲ့ပြီလေ... "
" သူမက သေချာပေါက် နောင်တရနေခဲ့လိမ့်မယ် "
မဟုတ်ရင် သူမ အသည်းအသန် ဖျားနေချိန်မှာ သူ သူမဆီ လာလည်ဖို မျှော်လင့်ပြီး စာပို့ခဲ့မှာ မဟုတ်ဘူး။
" ဖြစ်နိုင်ပါတယ် " ဟော်သခင်ကြီးသည် သူ့နောက်က စိမ်းလန်းနေသည့် တောင်ကုန်းများကို ကြည့်လိုက်သည်။ " စီမံကိန်း ဘယ်တော့စမှာလဲ "
" နောက်လ ၅ရက်နေ့ "
" နေ့ကောင်းတစ်နေ့ပဲ "
ဟော်ဆွေ့ချန်း ဘာမျှမပြောခဲ့ပေ။
ဟော်သခင်ကြီး သက်ပြင်းချလိုက်တော့သည်။ " နောက်ကျရင် ဒီလိုတိတ်ဆိတ်တော့မှာ မဟုတ်ဘူး "
" အဖေ. . . ကျွန်တော် တောင်းပန်ပါတယ်... "
" ရပါတယ်. . . ဒီနေရာက ဆယ်နှစ်ကျော်လောက် အလွတ်ကြီးဖြစ်နေခဲ့တာ... အခုက ဖွံ့ဖြိုးရမယ့် အချိန်ပဲ... ငါ အရင်က မင်းကို သဘောမတူခဲ့ဘဲ အဖေတစ်ယောက်အနေနဲ့ မင်းကို လမ်းဆုံးထိ တွန်းပို့ခဲ့တယ်... အခု မင်း အဆင်သင့်ဖြစ်ပြီဆိုတော့ ကောင်းကောင်းလုပ်ပြီး ငါ့ကို စိတ်မပျက်စေနဲ့ "
" မစိုးရိမ်ပါနဲ့၊ ကုမ္ပဏီကို ကျွန်တော့်ဆီမှာ ထားခဲ့ရင် ကျွန်တော် အဖေ့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး "
လွန်ခဲ့သောတစ်နှစ်က ဟော်သခင်ကြီးက သူ၏ကျန်ရှိနေသည့် အစုရှယ်ယာများကို ဟော်ဆွေ့ချန်းအား လွှပြောင်းပေးရန် စိုးရိမ်နေခဲ့သော်လည်း အခုချိန်တွင် သူ လုံးဝ စိတ်သက်သာရာရသွားခဲ့သည်။
သူက သူ့ခွက်ကို မကာ ဟော်ဆွေ့ချန်း၏ခွက်နှင့် တိုက်လိုက်သည်။ " အခု ကုမ္ပဏီက မင်းလက်ထဲမှာဆိုတော့ ငါ အေးဆေးဖြစ်သွားပြီ "
သူ ဝိုင်တစ်ငုံ သောက်လိုက်ချိန်တွင် ပင်လယ်စာအကင်များ၏ရနံ့သည် လေနှင့်ပါလာခဲ့သည်။
ဟော်ဆွေ့ချန်းက သူ့ခွက်ကို ချပြီး မေးလိုက်သည်။ " အဖေနဲ့ အမေ ဘယ်ချိန်က ကွာရှင်းခဲ့တာလဲ "
သူ မပြောမီ ဟော်သခင်ကြီး၏လက်သည် အနည်းငယ် တောင့်သွားခဲ့သည်။ " သူမ ထွက်မသွားခင် ငါ့ကို ကွာရှင်းဖို ပြောခဲ့ပေမယ့် ကုမ္ပဏီက ဒေဝါလီခံရတော့မလိုဖြစ်တော့ သူမကို ဝင်မပါစေချင်တာကြောင့် သူမကို ရိုးရိုးရှင်းရှင်းပဲ ကွာရှင်းပေးလိုက်တယ် "
" ဒါဆို အဖေ ကျွန်တော့်ကို ဘာလို့လုံးဝမပြောပြတာလဲ "
" မင်းက ငယ်သေးတယ်လေ... မင်းနဲ့ပြောတာက ဘာအသုံးဝင်မှာလဲ "
" ကျွန်တော် အရွယ်ရောက်တဲ့ အချိန်မှာတောင် ကျွန်တော့်ကို ပြောပြတာ မတွေ့ရဘူးလေ "
" မင်း လုံလုံလောက်လောက် အရွယ်ရောက်တဲ့အချိန်မှာ မင်းနဲ့ပြောတော့လည်း ဘာအသုံးဝင်မှာလဲ "
" အဖေ ကျွန်တော့်ကို ပြောရင်... "
" မင်းက အဲ့လိုနာခံမှု မရှိခဲ့ဘူး... ရှောင်းရှောင်းကို ကြည့်လိုက် " ဟော်သခင်ကြီးသည် ဘာဘီကျုး(အကင်)အနားတွင် ဆော့ကစားနေသည့် ဟော်ရှောင်းရှောင်းကို တစ်ချက်ကြည့်လိုက်သည်။ " အဖေတူသမီးပဲ "
ဟော်ဆွေ့ချန်းလည်း ထိုနေရာသို့ တစ်ချက်ကြည့်ပြီး ပြုံးလိုက်သည်။
" ဟုတ်တယ် အဖေတူသားပဲ "
ဟော်သခင်ကြီးက သူ့အား စိန်းစိန်းဝါးဝါးစိုက်ကြည့်ရင်း ရယ်ရင်း ဆူလိုက်သည်။ " အရမ်းရိုင်းတယ် "
ဘာဘီကျူး ကင်နေသည့် ဘေးတွင် ဟော်ရှောင်းရှောင်းသည် နောက်ဆုံးတော့ ကြွပ်ရွနေသည့် ကြက်ခြေထောက်ကင်ကို ရသည်နှင့် မြန်မြန် ပြေးသွားခဲ့သည်။
" ဘိုးဘိုး. . . ကြက်ခြေထောက် စားပါဦး "
ဟော်သခင်ကြီးက ပြုံးပြီး လက်ခံလိုက်သည်။ " ဘိုးဘိုးကို ပေးရင် ဖေဖေကကော "
ဟော်ရှောင်းရှောင်းသည် စားပွဲပေါ်ရှိ လိမ္မော်သီးများကို ကြည့်လိုက်ပြီး ခြေဖျားထောက်ကာ လိမ္မော်သီးတစ်လုံးကို ယူလိုက်သည်။သူမ၏လက်ချောင်းဖြူဖြူလေးများသည် လိမ္မော်သီးကို ဖြည်းဖြည်းချင်း ခွာလိုက်ကာ အမွှာများပေါ်ရှိ အမျှင်များကို သူမ ဖယ်လိုက်ပြီး ဟော်ဆွေ့ချန်း၏ပါးစပ်ထဲသို ထည့်လိုက်သည်။
ဟော်ဆွေ့ချန်း တစ်ကိုက် ကိုက်လိုက်ပြီး လတ်ဆတ်သည့် ပင်လယ်လေပြေလေညှင်းတွင် လိမ္မော်သီး၏ချိုမြိန်မှုကို အရသာခံနေလိုက်သည်။
_______________________________________________________________________
Zawgyi
Chapter 66: အေဖႏွင့္သား စကားေျပာၾကျခင္း
" ကေလးက ဘာမွမသိေပမယ့္ မင္းက လူႀကီးတစ္ေယာက္ပဲ " ထိုေနာက္ ေဟာ္သခင္ႀကီး ေဟာ္ေရွာင္းေရွာင္းကို ၾကည့္လိုက္သည္။ " ေရွာင္းေရွာင္း!! "
ေဟာ္ေရွာင္းေရွာင္း ေပကလပ္ေပကလပ္ျဖင့္ ပိုင္ပိုင္ႏိုင္ႏိုင္ ေျပာလိုက္သည္။ " ဘိုးဘိုး၊ သမီး ေတာင္းပန္ပါတယ္... သမီး မွားသြားပါတယ္... သမီး ထပ္မလုပ္ေတာ့ပါဘူး "
သူမ၏ အာမခံမႈေၾကာင့္ ေဟာ္သခင္ႀကီး၏မ်က္ႏွာသည္ အနည္းငယ္ ေပ်ာ့ေျပာင္းသြားခဲ့သည္။
" ဘိုးဘိုး၊ ဘိုးဘိုး ဘာလုပ္ေနတာလဲ "
ေဟာ္သခင္ႀကီးက သူမကို သုတ္ေပးရန္ ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္သည္။ " တစ္ျခားသူေတြက ပင္လယ္စာေတြ အမ်ားႀကီး ဖမ္းမိလို... ညက်ရင္ ဘိုးဘိုးတို ၿခံဝင္းထဲမွာ ေပါင္းၿပီး ကင္စားၾကမွာ... ဒါေပမယ့္ တခ်ိဳကေလးေတြက နားမေထာင္ေတာ့ ဘိုးဘိုး ဆုံးျဖတ္လိုက္တယ္... "
ဘာဘီက်ဴးလား. . .
ေပ်ာ္ပြဲစားလား. . .
ေဟာ္ေရွာင္းေရွာင္းသည္ လူအိုႀကီးေရွ႕တြင္ အမူအယာေတာင္မပ်က္ဘဲ ဆိုးသြမ္းသကဲ့သို ျပဳမူကာ သူ႔မ်က္ႏွာကို ေမႊးေမႊးေပးလိုက္သည္။ " ဘိုးဘိုးက အေကာင္းဆုံးပဲ "
ေဟာ္သခင္ႀကီးသည္ ေျပာစရာစကားမဲ့သြားေသာ္လည္း သေဘာက်ေနခဲ့သည္။ " သမီးအဝတ္အစားေတြကို သြားလဲလိုက္ဦး... အေအးမမိေစနဲ႔ "
" ဟုတ္ကဲ့ "
ေဟာ္ေရွာင္းေရွာင္း အဝတ္အစား လဲရန္ အေပၚထပ္သို ေပ်ာ္႐ႊင္စြာ တက္သြားခဲ့သည္။
သူမ ဆင္းလာခ်ိန္တြင္ ေမွာင္မွိင္းသည့္ ဆည္းဆာခ်ိန္ျဖစ္ၿပီး ေနသည္ ပင္လယ္ထဲသို ျဖည္းျဖည္းခ်င္း နစ္ျမဳပ္ေနသည္။
အန္တီက်ိဳးႏွင့္ အျခားသူမ်ားသည္ ဘာဘီက်ဴးကင္ရန္ ျပင္ဆင္ေနၾကေသာေၾကာင့္ ေဟာ္ေရွာင္းေရွာင္း ထိုင္မေနႏိုင္ေပ။ သူမသည္ သူတိုကို စိတ္အားထက္သန္စြာ ေစာင့္ၾကည့္ေနၿပီး အၿမဲတေစ လွည့္လည္သြားလာကာ မၾကာခဏ တိုက္တြန္းေနတတ္သည္။
ေဟာ္ေဆြ႕ခ်န္းႏွင့္ ေဟာ္သခင္ႀကီးတိုသည္ သစ္သားစားပြဲ တစ္ဖက္စီတြင္ ထိုင္ေနၾကသည္။
ဒီေန႔ လ၏အလင္းေရာင္သည္ ခမ္းနားလွၿပီး ၿခံဝင္းကို အျပည့္အဝ အလင္းေပးေနသည္။ ေရာင္စုံမီးေလးမ်ားကို စိမ္းလန္းစိုေျပသည့္ သစ္ပင္မ်ားေပၚတြင္ ခ်ိတ္ဆြဲထားေသာေၾကာင့္ ၿခံဝင္းတစ္ခုလုံး လင္းထိန္ေနေတာ့သည္။
ေဟာ္ေဆြ႕ခ်န္းသည္ ဤေအးခ်မ္းသည့္ အခိုက္အတန္႔ကို ေပ်ာ္႐ႊင္ေနေသာေၾကာင့္ ဝိုင္ပုလင္းကို ဖြင့္ကာ သူ႔ဖခင္အတြက္ ဖန္ခြက္တစ္ခြက္ထဲ ထည့္ေပးခဲ့သည္။
ေဟာ္သခင္ႀကီးသည္ သူ ထိုင္ခ်လိုက္ခ်ိန္တြင္ သူ႔ခါးကို ထိန္းလိုက္ေသာ္လည္း သူ႔မ်က္ခုံးမ်ားသည္ ရႈမဲ့ေနကာ သိသိသာသာကို သက္ေတာင့္သက္သာျဖစ္မေနေပ။
ေဟာ္ေဆြ႕ခ်န္း ထိုအရာကို သတိျပဳမိၿပီး ေမးလိုက္သည္။ " အခုတေလာ အေဖ့ခါးက သိပ္မေကာင္းဘူး ထင္တယ္... အေဖ့ကို ေဆးစစ္ေပးဖို ေဆး႐ုံကို အတူလိုက္ခဲ့ေပးမယ္ "
ေဟာ္သခင္ႀကီးက သူ႔ခါးကို တင္းတင္းဆုပ္ကိုင္ၿပီး ေအးေဆးသည့္ ေလသံျဖင့္ ေျပာလိုက္သည္။ " စိုးရိမ္စရာမရွိဘူး... ဒါက မင္း ကေလးအ႐ြယ္ေလာက္တည္းက ရခဲ့ဖူးတဲ့ ျပႆနာေဟာင္းတစ္ခုပဲ "
" ကြၽန္ေတာ္ ငယ္ငယ္ကလား "
" ကေလးဘဝတုန္းက မင္းက ေရွာင္းေရွာင္းထက္ေတာင္ ပိုဆိုးေသးတယ္... ၿပီးေတာ့ ဒီေန႔လိုပဲ မင္း ေရကူးသင္ရတယ္... ေရကူးကန္ထဲကို မင္းဘာသာမင္း ခုန္ခ်လာခဲ့တာ... မင္းကို လွမ္းဖမ္းလိုက္တုန္းက ခါးကို ဒဏ္ျဖစ္သြားၿပီး အခုခ်ိန္ထိ မသက္သာလာေတာ့တာပဲ ... မင္းအေမက ဒါေၾကာင့္ မင္းကို ႏွစ္ခါေတာင္ ႐ိုက္ခဲ့တယ္...ၿပီးေတာ့ မင္းကလည္း မင္းအေမကို ႏွစ္ရက္ေလာက္ စိတ္ေကာက္သြားတယ္ေလ "
ေဟာ္ေဆြ႕ခ်န္း ခဏေလာက္ တိတ္ဆိတ္သြားခဲ့သည္။
" အေမ... ကြၽန္ေတာ့္ကို ႐ိုက္တာကို ကြၽန္ေတာ္ မမွတ္မိဘူး „
" အဲ့အခ်ိန္တုန္းက မင္းက ငယ္ေသးတယ္... မင္းမမွတ္မိမွာ ေသခ်ာတယ္ "
" ငယ္ေသးတယ္လား... ဘယ္အ႐ြယ္လဲ "
" မင္းက ေရွာင္းေရွာင္းထက္ေတာ့ အမ်ားႀကီး သိပ္မႀကီးေသးေပမယ့္ သူ႔ထက္ေတာ့ အမ်ားႀကီးပိုေလးတယ္ "
ဗီလာအျပင္ဘက္ရွိ လွိင္းပုတ္သံမ်ားကို ယဲ့ယဲ့ၾကားရႏိုင္ၿပီး သမုဒၵရာ၏စိုစြတ္ငန္က်ိသည့္ ေလထုႏွင့္အတူ ေလျပည္တစ္ခု တိုက္ခတ္ေနသည္။
ေဟာ္ေဆြ႕ခ်န္းက သူ႔မ်က္လုံးမ်ားကို ေအာက္ငုံခ်လိုက္သည္။ " ကြၽန္ေတာ့္အေမ ဘယ္လိုပုံစံလဲဆိုတာေတာင္ မမွတ္မိေတာ့ဘူး "
" ဒါက ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ၿပီေလ... "
" သူမက ေသခ်ာေပါက္ ေနာင္တရေနခဲ့လိမ့္မယ္ "
မဟုတ္ရင္ သူမ အသည္းအသန္ ဖ်ားေနခ်ိန္မွာ သူ သူမဆီ လာလည္ဖို ေမွ်ာ္လင့္ၿပီး စာပိုခဲ့မွာ မဟုတ္ဘူး။
" ျဖစ္ႏိုင္ပါတယ္ " ေဟာ္သခင္ႀကီးသည္ သူ႔ေနာက္က စိမ္းလန္းေနသည့္ ေတာင္ကုန္းမ်ားကို ၾကည့္လိုက္သည္။ " စီမံကိန္း ဘယ္ေတာ့စမွာလဲ "
" ေနာက္လ ၅ရက္ေန႔ "
" ေန႔ေကာင္းတစ္ေန႔ပဲ "
ေဟာ္ေဆြ႕ခ်န္း ဘာမွ်မေျပာခဲ့ေပ။
ေဟာ္သခင္ႀကီး သက္ျပင္းခ်လိုက္ေတာ့သည္။ " ေနာက္က်ရင္ ဒီလိုတိတ္ဆိတ္ေတာ့မွာ မဟုတ္ဘူး "
" အေဖ. . . ကြၽန္ေတာ္ ေတာင္းပန္ပါတယ္... "
" ရပါတယ္. . . ဒီေနရာက ဆယ္ႏွစ္ေက်ာ္ေလာက္ အလြတ္ႀကီးျဖစ္ေနခဲ့တာ... အခုက ဖြံၿဖိဳးရမယ့္ အခ်ိန္ပဲ... ငါ အရင္က မင္းကို သေဘာမတူခဲ့ဘဲ အေဖတစ္ေယာက္အေနနဲ႔ မင္းကို လမ္းဆုံးထိ တြန္းပိုခဲ့တယ္... အခု မင္း အဆင္သင့္ျဖစ္ၿပီဆိုေတာ့ ေကာင္းေကာင္းလုပ္ၿပီး ငါ့ကို စိတ္မပ်က္ေစနဲ႔ "
" မစိုးရိမ္ပါနဲ႔၊ ကုမၸဏီကို ကြၽန္ေတာ့္ဆီမွာ ထားခဲ့ရင္ ကြၽန္ေတာ္ အေဖ့ကို စိတ္ပ်က္ေစမွာ မဟုတ္ပါဘူး "
လြန္ခဲ့ေသာတစ္ႏွစ္က ေဟာ္သခင္ႀကီးက သူ၏က်န္ရွိေနသည့္ အစုရွယ္ယာမ်ားကို ေဟာ္ေဆြ႕ခ်န္းအား လႊေျပာင္းေပးရန္ စိုးရိမ္ေနခဲ့ေသာ္လည္း အခုခ်ိန္တြင္ သူ လုံးဝ စိတ္သက္သာရာရသြားခဲ့သည္။
သူက သူ႔ခြက္ကို မကာ ေဟာ္ေဆြ႕ခ်န္း၏ခြက္ႏွင့္ တိုက္လိုက္သည္။ " အခု ကုမၸဏီက မင္းလက္ထဲမွာဆိုေတာ့ ငါ ေအးေဆးျဖစ္သြားၿပီ "
သူ ဝိုင္တစ္ငုံ ေသာက္လိုက္ခ်ိန္တြင္ ပင္လယ္စာအကင္မ်ား၏ရနံ႔သည္ ေလႏွင့္ပါလာခဲ့သည္။
ေဟာ္ေဆြ႕ခ်န္းက သူ႔ခြက္ကို ခ်ၿပီး ေမးလိုက္သည္။ " အေဖနဲ႔ အေမ ဘယ္ခ်ိန္က ကြာရွင္းခဲ့တာလဲ "
သူ မေျပာမီ ေဟာ္သခင္ႀကီး၏လက္သည္ အနည္းငယ္ ေတာင့္သြားခဲ့သည္။ " သူမ ထြက္မသြားခင္ ငါ့ကို ကြာရွင္းဖို ေျပာခဲ့ေပမယ့္ ကုမၸဏီက ေဒဝါလီခံရေတာ့မလိုျဖစ္ေတာ့ သူမကို ဝင္မပါေစခ်င္တာေၾကာင့္ သူမကို ႐ိုး႐ိုးရွင္းရွင္းပဲ ကြာရွင္းေပးလိုက္တယ္ "
" ဒါဆို အေဖ ကြၽန္ေတာ့္ကို ဘာလိုလုံးဝမေျပာျပတာလဲ "
" မင္းက ငယ္ေသးတယ္ေလ... မင္းနဲ႔ေျပာတာက ဘာအသုံးဝင္မွာလဲ "
" ကြၽန္ေတာ္ အ႐ြယ္ေရာက္တဲ့ အခ်ိန္မွာေတာင္ ကြၽန္ေတာ့္ကို ေျပာျပတာ မေတြ႕ရဘူးေလ "
" မင္း လုံလုံေလာက္ေလာက္ အ႐ြယ္ေရာက္တဲ့အခ်ိန္မွာ မင္းနဲ႔ေျပာေတာ့လည္း ဘာအသုံးဝင္မွာလဲ "
" အေဖ ကြၽန္ေတာ့္ကို ေျပာရင္... "
" မင္းက အဲ့လိုနာခံမႈ မရွိခဲ့ဘူး... ေရွာင္းေရွာင္းကို ၾကည့္လိုက္ " ေဟာ္သခင္ႀကီးသည္ ဘာဘီက်ဳး(အကင္)အနားတြင္ ေဆာ့ကစားေနသည့္ ေဟာ္ေရွာင္းေရွာင္းကို တစ္ခ်က္ၾကည့္လိုက္သည္။ " အေဖတူသမီးပဲ "
ေဟာ္ေဆြ႕ခ်န္းလည္း ထိုေနရာသို တစ္ခ်က္ၾကည့္ၿပီး ၿပဳံးလိုက္သည္။
" ဟုတ္တယ္ အေဖတူသားပဲ "
ေဟာ္သခင္ႀကီးက သူ႔အား စိန္းစိန္းဝါးဝါးစိုက္ၾကည့္ရင္း ရယ္ရင္း ဆူလိုက္သည္။ " အရမ္း႐ိုင္းတယ္ "
ဘာဘီက်ဴး ကင္ေနသည့္ ေဘးတြင္ ေဟာ္ေရွာင္းေရွာင္းသည္ ေနာက္ဆုံးေတာ့ ႂကြပ္႐ြေနသည့္ ၾကက္ေျခေထာက္ကင္ကို ရသည္ႏွင့္ ျမန္ျမန္ ေျပးသြားခဲ့သည္။
" ဘိုးဘိုး. . . ၾကက္ေျခေထာက္ စားပါဦး "
ေဟာ္သခင္ႀကီးက ၿပဳံးၿပီး လက္ခံလိုက္သည္။ " ဘိုးဘိုးကို ေပးရင္ ေဖေဖကေကာ "
ေဟာ္ေရွာင္းေရွာင္းသည္ စားပြဲေပၚရွိ လိေမၼာ္သီးမ်ားကို ၾကည့္လိုက္ၿပီး ေျခဖ်ားေထာက္ကာ လိေမၼာ္သီးတစ္လုံးကို ယူလိုက္သည္။သူမ၏လက္ေခ်ာင္းျဖဴျဖဴေလးမ်ားသည္ လိေမၼာ္သီးကို ျဖည္းျဖည္းခ်င္း ခြာလိုက္ကာ အမႊာမ်ားေပၚရွိ အမွ်င္မ်ားကို သူမ ဖယ္လိုက္ၿပီး ေဟာ္ေဆြ႕ခ်န္း၏ပါးစပ္ထဲသို ထည့္လိုက္သည္။
ေဟာ္ေဆြ႕ခ်န္း တစ္ကိုက္ ကိုက္လိုက္ၿပီး လတ္ဆတ္သည့္ ပင္လယ္ေလေျပေလညႇင္းတြင္ လိေမၼာ္သီး၏ခ်ိဳၿမိန္မႈကို အရသာခံေနလိုက္သည္။