Bathrobe ကိုသာဝတ်လို့ကုတင်ဘေးတွင်ခုံယူကာခြေချိတ်ထိုင်နေပြီး သူကုတင်ပေါ်ကအိပ်ပျော်နေတဲ့ ခန္ဓာဗလာနှင့်နိုင့်စုံချည်ဆန်ချည်ကြည့်နေလိုက်သည် ။ မသိမသာဆူမို့လာတဲ့ရင်သား ၊ လုံးဝန်းနေတဲ့တင်သားတွေနဲ့ သူ့အရာလေးကိုပါအထင်းသားမြင်နေရသည်။ စောင်မှမခြုံထားပါဘဲ ။ ရှိုက်ဖိုကြီးငယ်မရှိပေမယ့် နိုင်သည်သိပ်ကိုလှပါသည် ။ ချစ်ခင်စုံမက်ဖွယ်ကောင်းတဲ့တစ်ခုတည်းသောနွံကလေးမို့လား ။
နိုင်ကအိပ်နေရင်းနှင့်လက်တို့ကအိပ်ယာတစ်ဖက်ကိုစမ်းနေပြီးတစ်စုံတစ်ခုကိုရှာဖွေနေဟန် ။
" မောင် "
" အင်း မောင်လာမယ် ငယ် "
ချက်ချင်းပင်ထရပ်လို့ကုတင်ပေါ်တက်ကာနိုင့်ကိုရင်ခွင်ထဲဆွဲသွင်းတော့ တဟင်းဟင်းနှင့်ရင်ခွင်ထဲတိုးဝင်လာ၏ ။ ခါးအားကျစ်နေအောင်ဖက်ထားသူ၏ခေါင်းလုံးလေးအားငုံ့နမ်းလိုက်ပြီး သူအိပ်စက်ဖို့ပြင်ရသည် ။ ၁၀ နာရီလောက်ထဲကထိုင်နေတာမို့အနည်းဆုံးတော့ နာရီနှစ်ချက်ပြန်လောက်ရှိလောက်ပြီ ။
~
" မယုံဘူးလား အသေးလေးက "
သူမေးတော့ အသေးလေးကနှုတ်ခမ်းလေးမသိမသာစူထော်လို့ မျက်နှာတစ်ဖက်သို့လွှဲသွားလေသည် ။
" ဦး ကိုယ့်ကိုကြည့် မျက်နှာမလွှဲနဲ့ "
ခေတ်သစ်ဦးကမကျေမချမ်းနဲ့ပြန်လို့လှည့်လာလေသည် ။
" ဒီလောက်နာမည်ထွက်နေတာလေ အကိုကအဲ့မင်းသမီးနဲ့ကြိုက်နေတယ်ဆိုပြီး "
" ဟောဗျာ ကျွန်တော်ကအဲ့လိုလူမျိုးလား ဦးရဲ့ ဟင်ဖြေပါဦး "
" အကို့ကိုယုံပေမယ့် ဦးအဲ့ဒီ့အမျိုးသမီးကိုမယုံဘူး "
သူဘာပြောရမည်ပင်မသိတော့ ၊ သူတို့ရိုက်ကွင်းမှာတစ်ခါဆုံခဲ့ဖူးတဲ့ မင်းသမီးကိုသူနဲ့တွဲနေပါတယ်လို့သတင်းထွက်လို့ဦးကစိတ်ကောက်နေတာ ။ ပေါက်ပေါက်ရှာရှာဘယ်ချောင်ချိုချောင်ကြားကနေထွက်လာတဲ့သတင်းလဲ ။ ကျွတ်စ်! အသဲယားဖို့ကောင်းသား ဘယ်လိုလူတွေဖြန့်လိုက်သလဲမသိပါ ။
" ကိုယ်ရှင်းပေးမယ် ဟုတ်ပြီလား စိတ်မဆိုးနဲ့တော့ "
" ကျွန်တော်စိတ်မဆိုးပါဘူး စိတ်မကောင်းဖြစ်သွားယုံပါ "
ကောင်ငယ်လေးအားရင်ခွင်သာဆွဲလို့ထွေးပွေ့လိုက်ပါတော့သည် ။ သူ့တွင်မယ်မယ်ရရပြောစရာစကားမရှိပါ ။
တစ်ခါတစ်လေစကားလုံးတွေနှင့်နှစ်သိမ့်တာထက် ချစ်ခြင်းမေတ္တာဖြင့်နှစ်သိမ့်တာမျိုးကပိုထိရောက်သည်လေ ။
သူ့ခါးအားတင်းနေအောင်ပြန်လည်ဖက်တွယ်လို့ရင်ဘတ်ထဲမျက်နှာအပ်လို့ဝမ်းနည်းနေသူကို ခပ်တင်းတင်းသာပွေ့ဖက်ထားမိသည် ။ စိတ်မကောင်းဖြစ်နေသူကြောင့် သူ့စိတ်သည်လဲအဆင်မပြေလှပါ ။
~
အပေါ်ပိုင်းဗလာနှင့် အောက်ကဘောင်းဘီပွအရှည်ကိုဝတ်ထားပြီး မဟာကနိုင်မနိုးခင်မနက်စာပြင်နေရသည် ။ အိမ်မှာသူနဲ့နိုင်ကလွဲလို့ဘယ်သူမှရှိတာမဟုတ် ။ နိုင့်ကိုလဲမနက်စာမလုပ်စေချင်ပါ ။
အဟမ့်! တစ်ညလုံးပင်ပန်းထားတာမဟုတ်လား ၊
အိပ်ရေးဝဝအိပ်ပါစေလေ ။
ကော်ဖီနှစ်ခွက်နှင့်ကြက်ဥပေါင်မုန့်ကြော်ရယ်
ထမင်းကြော်တစ်ပွဲရယ် ။ နိုင်စားလောက်ပါသည် ။
ကြက်ဥတစ်လုံးဖောက်လို့ထမင်းကြော်ထဲထည့်လိုက်ပြီး မွှေလိုက်စဥ်မှာပင် ခပ်သင်းသင်းရနံ့ကိုသူရလေသည် ။
နိုင့်ရဲ့မျက်နှာသစ်ဆပ်ပြာနံ့ ။
သူလှမ်းငဲ့ကြည့်တော့ စားပွဲကိုမှီကာလက်ပိုက်ကြည့်နေတဲ့သူ့ရဲ့အလှလေး ။ အဟား! သူ့ရဲ့တီရှပ်ကိုယူဝတ်ထားပြီးအောက်မှာဘောင်းဘီကောပါရဲ့လားမသိ ။
" မနက်စာစားရအောင် "
ထမင်းကြော်ကိုနှံ့စပ်အောင်နယ်လို့ ပန်းကန်ထဲထည့်လိုက်ပြီး စားပွဲပေါ်ကိုယူလာလိုက်သည် ။
နိုင်ကတော့သူ့ဘေးနားရောက်လာသည့် မဟာ့ခါးကိုလှမ်းဖက်လိုက်၏ ။
" စောစောစီးစီးပျောက်သွားလို့ ငါကအလုပ်သွားပြီတောင်မှတ်တာ "
" အဟင်း! ငယ့်ကိုထားခဲ့ပြီးမောင်ဘယ်သွားရမှာတုန်း "
မျက်နှာချင်းဆိုင်သို့လှည့်ကာဖက်တော့ နိုင်ကသူ့ရင်ခွင်ထဲဝင်တိုးလို့ကြောင်ပေါက်ကလေးလို ။
" သားကိုသွားခေါ်ရဦးမယ် "
" ခဏလွှတ်ထားလိုက် ညနေကျမှသွားမယ် "
" ဒါဆိုခဏနေငါ့ကိုတီတီဆင့်ဆီလိုက်ပို့ "
" ဘာလုပ်ဖို့လဲ "
ပွယောင်းယောင်းဆံနွယ်တွေထဲလက်ထိုးဖွရင်းမေးတော့ နိုင်ကမဟာ့မေးဖျားကိုပွက်ခနဲ လှမ်းလို့နမ်းရင်းဖြေလေသည် ။
" သွားလည်ချင်လို့ပေါ့ "
" အင်းအင်း မနက်စာစားရအောင် မောင်ဗိုက်ဆာပြီ "
" ဟုတ် "
" ဟာကွာ ဘယ်လိုကြီးတွေပြောနေတာတုန်း "
" ဒီလိုဘဲပြောတတ်တယ် "
ရင်ခွင်ထဲမှရုန်းလို့ဖင်ကလေးနောက်ပစ်ပြီး လူကြီးပေါက်စဟာ ခုံမှာဝင်ထိုင်လေတော့သည် ။ ကျန်ခဲ့သူသာအသဲတယားယားနှင့်ကျိတ်မနိုင်ခဲမရမဟုတ်လား ။ စောစောစီးစီး ဒုက္ခပါဘဲ ။
တစ်ပွဲထဲသာတွေ့တဲ့ထမင်းကြော်ပန်းကန်ကြောင့် နိုင်ကမျက်မှောင်ကျုံ့လို့ ။ ဒါကိုမဟာထူးလွင်ကနားလည်စွာ ။
" မောင်မစားဘူး "
" အင်းအင်း "
ဇွန်းခရင်းခေါက်သံကလွဲလို့အခန်းငယ်သည် တစ်ဖန်ပြန်လို့တိတ်ဆိတ်သွားလေသည် ။
~
တစ်ရွေ့ရွေ့ကုန်ဆုံးခဲ့တဲ့အချိန်တစ်လဆိုပေမယ့်
ရဲတင်းလွန်းတဲ့နိုင့်ကြောင့် မဟာထူးလွင်ဟာမနက်ခင်းတွေအလုပ်နောက်ကျရစမြဲပါ ။ ဒီနေ့လဲအစည်းအဝေးရှိရဲ့သားနဲ့ ညကအချိန်လွန်သွားတာမို့ပြာပြာယာယာနှင့်ထွက်လာရသည် ။
နိုင်ကစေတနာကောင်းတာဟုတ်ပါပြီ ၊
သူကကျစေတနာကောင်းလို့ပေးတိုင်းယူမိပြီး မျက်တွင်းကဟောက်ပက်ကလေးရယ် ။
နိုင်ကဘာစိတ်ကူးပေါက်သလဲတော့သူမသိ ။
နှစ်ရက်တစ်ခါလောက်ကို
မောင်ငါ့ကိုဒီညလိုချင်လားလာမေးတာနဲ့ မဟာထူးလွင်မှာ နွားပြာပြီးအောက်မေးပြုတ်သလိုရုပ်ကြီးနှင့် ကုတင်ပေါ်ပါသွားရစမြဲ ။ ဘယ်တုန်းကမှလဲမငြင်းနိုင်ခဲ့ပါ ။
အခုသူအစည်းအဝေးခန်းအတွင်းထုံးစံအတိုင်းမျက်တွင်းပက်လက်ကလေးနှင့်ထိုင်နေရသည် ။ ရုံးကလူတွေကတော့သူဌေးအလုပ်ကြိုးစားပါသည် ။ ဟုတ်ပါတယ်ကြိုးစားပါတယ် ၊ ကြိုးစားတာမှတစ်ဖက်ကမ်းကိုခတ်နေပြီ ။
" တိုးချဲ့တာကကိစ္စမရှိပါဘူး ဘယ်ဘက်ကရတဲ့အမြတ်ကြေးကို ဘယ်လိုပြန်သုံးမလဲပါတစ်ချက်ပြန်ပြောပါ သေချာရင်ဒီလကုန်မှာ ကိုယ်တိုင်သွားစစ်မယ် မြေကွက်ကသေချာလား စိုင်းလူ "
" သေချာပါတယ် ဆရာ "
" အင်း လိုအပ်တဲ့ဆောက်လုပ်ရေးသွင်းကုန်တွေကို ဘရဏီနဲ့ချိတ်ခိုင်းလိုက်ပါ "
တစ်ဖက်တွင်တော့ နိုင်ကသားကိုခေါ်လာကာရုံးထဲဝင်လာပြီဖြစ်သည် ။ သူ့ပုံစံကထုံးစံအတိုင်းပြောစရာမလိုအောင်လန်ပျံနေတာဘဲ ။
သားကလဲသူ့ဖအေလက်ထဲမှာမှီနွဲ့ပြီးခပ်တည်တည်ဘဲပါလာသည် ။ တအားကိုဖအေတွေရဲ့ဂိုက်ကိုသိပ်ဖမ်းတတ်တယ် ၊ အလည်ကလေး ။
" ဒယ်ဒီ့ကိုတွေ့ရင်ဘာပြောရမယ် "
" ရွမ်းရို့ "
" သေချာပြောလေ "
" ထူးရွမ်းရို့ ဒယ်ဒီ့ဆီမာ နေမာ "
တစ်ကယ်တော့သူ့ခေါင်းတွေသိပ်မကြည်၊ အချိန်ပြည့်ခေါင်းထဲကိုယ်ဝန်ဘဲရှိတာမို့ တစ်ခုခုဆို ကိုယ်ဝန်လားဆိုတဲ့စိတ်နဲ့ ဆေးစစ်ချင်တာလဲပါသည် ။ သားကိုတော့ သူ့ဖအေဆီပစ်ထားခဲ့ရမှာဘဲ ။ မတတ်နိုင်လေ ခေါ်သွားကာမှသိသွားမှာပေါ့ ။
Elevator တံခါးပွင့်တာနဲ့သူဝင်လာလိုက်သည် ။
တံခါးမပိတ်ခင်မှာဘဲဝင်လာတဲ့လက်ကြောင့် သူဘယ်သူလဲကြည့်မိ၏ ။
ဖြူဖြူသေးသေးနဲ့ချစ်စရာလေးဘဲ ။
သူခဏခဏဒီကိုလာပါတယ် ဒီကောင်လေးကိုမမြင်ဖူးပါဘူး ၊ နှာတံလေးကလုံးလို့နှုတ်ခမ်းကလေးကခပ်ဖူးဖူး အဝါရောင်ဝမ်းဆက်နဲ့ဘဲပေါက်လေး ပေါင်တံလေးကလဲသွယ်လို့နေသည် ။
ကောင်လေးကသူ့အားလှည့်ကြည့်ကာပြုံးပြလာတာမို့လို့ သူကအလိုက်သင့်ပင်ပြန်ပြုံးပြလိုက်မိသည် ။ သွက်သွက်လက်လက်တော့ရှိသားဘဲ ။
Elevator ကထွက်တော့လဲကောင်ငယ်လေးဟာနောက်ကနေပါလာပြန်သည် ။ ဘယ်ကိုလဲတော့သူမမေးတော့ ။
မောင့်ရုံးခန်းဆီဦးတည်သွားတော့ အတွင်းရေးမှူးကအစမရှိ ။ အစည်းအဝေးလား ။
သို့နှင့်ဘဲခြေလှမ်းတို့ကိုအစည်းအဝေးခန်းဆီရွေ့ရသည် ။ တံခါးကိုခေါက်တော့ကိုစိုင်းလူကလာဖွင့်ပေးလေသည် ။
" ဝင်ခဲ့ပါအကိုလေး "
" နေပါစေ နေရာတကာကြီးကျ "
" ဝင်ခဲ့ ငယ် "
ဟိန်းထွက်လာတဲ့မောင့်အသံကြောင့်ကိုစိုင်းလူကိုပြုံးပြလိုက်ပြီးသူဝင်ခဲ့လိုက်တော့သည် ။ သနားစရာသူ့အမျိုးသား ၊ ထိပ်ဆုံးခုံမှာမျက်တွင်းဟောက်ပက်ကလေးနဲ့ ၊ အားလုံးရဲ့အကြည့်ကတော့သူ့ဆီတွင်ဝဲပျံနေသည် ။
မဟာ့ဆီလှမ်းသွားလို့ သားကိုပေါင်ပေါ်ချပေးလိုက်တော့ သူ့သားကိုတစ်ချက်နမ်းရှာသည် ။
မဲနက်နေတဲ့မျက်တွင်းသားကိုပွတ်သပ်ကိုင်တွယ်ပေးတော့ မဟာကပြုံးသည် ။
" ငါ့ကြောင့်ငါ့ယောက်ျားပင်ပန်းနေပြီ "
" အဟင်း ခဏစောင့်ဦး မောင်ခဏနေပြီးမယ် "
" မစောင့်တော့ဘူး ငါသွားစရာရှိတယ် သားကမင်းဆီလိုက်ပို့ဆိုလို့ "
" ထူးကဒယ်ဒီ့ကို အားကြီးရွမ်း "
လည်တိုင်ကိုထဖက်လို့အီနေတဲ့သားကြောင့်ကျောပြင်ကိုပွတ်သပ်ပေးရသည် ။
" အဟော ဟုတ်ပါပြီ ဒယ်ဒီနဲ့အစည်းအဝေးထိုင်မယ်နော် "
" ရက်ချ် ဒယ်ဒီ ရက်ချ် "
" ညစာအပြင်မှာစားကြရအောင် "
ပြောပြီးတာနဲ့လှည့်ထွက်သွားတဲ့နိုင့်ကြောင့် သူဘာမှပြောမနေတော့ဘဲ နိုင်အခန်းပြင်ထိရောက်အောင်စောင့်နေလိုက်သည် ။ နိုင်ထွက်သွားသည်နှင့် အစည်းအဝေးပြန်စရ၏ ။
သားကတော့သူ့ပေါင်ပေါ်ကနေ ဒူးလေးထောင်လို့အကုန်လုံးကိုလိုက်ကြည့်နေသည် ။
အတတ်ကလေးဟာမဟာတစ်ခွန်းဟတာနဲ့နောက်ကနေလက်ညှိုးလေးထောင်လို့ အမိန့်ပေးသလိုလေးလိုက်လုပ်ပြန်သည် ။ မှိုလုံးကိုချစ်လွန်းလို့ရူးမှာဘဲဗျာ ။
~
ကတုန်ကယင်နဲ့ခံစားချက်ကအရင်အတိုင်းဘဲ ။
သူကုတင်ပေါ်မှာငုတ်တုတ်ထိုင်လို့စောင့်နေမိသည် ။ ခဏနေတော့ဆရာဝန်ကအညိုရောင်စာရွက်အိတ်ကိုကိုင်ကာဝင်လာလေသည် ။
သူ့မှာစိတ်လှုပ်ရှားစွာမတ်တပ်ထရပ်မိတော့ ဒေါက်တာကသူ့အားပြုံးကာကြည့်သည် ။ ရှက်မနေနိုင်တော့ဘူး သူသိချင်နေပြီမို့
" ဂုဏ်ယူပါတယ် "
တစ်ခွန်းထဲ ဒါပေမယ့် သူ့ရင်ထဲလှုပ်ခတ်စွာ
အားရပါးရပြုံးရယ်လို့ သူရယ်ချမိလေတော့သည် ။ ဒီကြားထဲမောင့်ကိုဘယ်လောက်မြှူစွယ်ခဲ့ရလဲ ၊ အလုပ်တွေများတဲ့မောင့်ကိုတောင်ဝန်ပိစေခဲ့တဲ့အထိ ။ ရှေ့လထဲမောင့်မွေးနေ့လေ ။
သိပ်မလိုတော့ဘူးမို့ လျှို့ဝှက်ချက်ကိုထိန်းသိမ်းထားရဦးမည် ။ မဟာထူးလွင်သိရင်ဘယ်လောက်အူမြူးနေလိုက်ဦးမလဲ ။
ဒါမှမဟုတ်သူ့ကိုဆူမှာလား၊
နေပါစေ ဘယ်လိုရလဒ်ဖြစ်ဖြစ်သူကျေနပ်တယ်အပြစ်ပေးမှာဆိုလဲလက်ခံလိုက်ရုံပင် ။ သူ့အတွက်ဘာမှမလိုတော့ဘူးမို့လား ။
ညနေခင်းမှာသူမောင့်ကိုဆိုင်လိပ်စာmessage လှမ်းပို့ရသည် ။ ဒီနေ့ညစာကိုအပြင်မှာစားကြမှာ ။
သူတို့သားအဖထက်အရင်ကြိုရောက်ကာ အခန်းယူလို့စောင့်နေလိုက်သည် ။ သိပ်မကြာပါဘူး မဟာထူးလွင်လဲသားကိုချီရင်းရောက်လာတယ် ။
" ဖေ ဖေ ထော် ထူးကိုထော် "
အတင်းကိုဖအေမြင်တာနဲ့လက်လှမ်းနေတာမို့ သူသားကိုသွားခေါ်ရပြန်သည် ။ မဟာကတော့ ကုတ်ကိုချွတ်ကာတစ်ဖက်မျက်နှာချင်းဆိုင်မှာမထိုင်ဘဲ သူ့နားမှာလာထိုင်၏ ။ မဟာထူးလွင်က ပူးပူးကပ်ကပ်တွေသိပ်ကြိုက်တာ ။
ချိုင့်ဝင်နေတဲ့မျက်တွင်းနေရာကိုထပ်မံပွတ်သပ်မိတော့ မဟာကသူ့လက်ပေါ်သို့အုပ်မိုးလာ၏ ။
" မနက်ဖြန်တစ်ရက်နားလိုက် ငါခွင့်ယူပေးမယ် "
သူပြောတာကိုမငြင်းဆန်ဘဲခေါင်းသာငြိမ့်ပြလာတာမို့ နိုင်ကကျေနပ်ခြင်းကြီးစွာ ။
စိတ်မကောင်းတော့မဖြစ်ပါဘူး ၊ မဟာထူးလွင်ကသူ့ကြောင့်အိပ်ရေးပျက်တာ ဒါဖြစ်သင့်ပါတယ် ၊ ဘာကြောင့်ဆိုသူ့ကြောင့်မို့လို့ပေါ့ ။
ပြောဖူးတယ်မဟုတ်လား ထိခိုက်နာကျင်စေမှုကမစ သာယာမှုတွေအဆုံးသူ့ကြောင့်သာဖြစ်စေချင်သည်လို့ ။ အင်း အဲ့ဒီလိုအတ္တတွေနဲ့ချုပ်နှောင်ထားပါသည် ။
Ciel
1162021
မဏ္ဍိုင်ထူးလွင်ကဖအေတူသား !
Bathrobe ကိုသာဝတ္လို႔ကုတင္ေဘးတြင္ခုံယူကာေျခခ်ိတ္ထိုင္ေနၿပီး သူကုတင္ေပၚကအိပ္ေပ်ာ္ေနတဲ့ ခႏၶာဗလာႏွင့္နိုင့္စုံခ်ည္ဆန္ခ်ည္ၾကည့္ေနလိုက္သည္ ။ မသိမသာဆူမို႔လာတဲ့ရင္သား ၊ လုံးဝန္းေနတဲ့တင္သားေတြနဲ႕ သူ႕အရာေလးကိုပါအထင္းသားျမင္ေနရသည္။ ေစာင္မွမၿခဳံထားပါဘဲ ။ ရွိုက္ဖိုႀကီးငယ္မရွိေပမယ့္ နိုင္သည္သိပ္ကိုလွပါသည္ ။ ခ်စ္ခင္စုံမက္ဖြယ္ေကာင္းတဲ့တစ္ခုတည္းေသာႏြံကေလးမို႔လား ။
နိုင္ကအိပ္ေနရင္းႏွင့္လက္တို႔ကအိပ္ယာတစ္ဖက္ကိုစမ္းေနၿပီးတစ္စုံတစ္ခုကိုရွာေဖြေနဟန္ ။
" ေမာင္ "
" အင္း ေမာင္လာမယ္ ငယ္ "
ခ်က္ခ်င္းပင္ထရပ္လို႔ကုတင္ေပၚတက္ကာနိုင့္ကိုရင္ခြင္ထဲဆြဲသြင္းေတာ့ တဟင္းဟင္းႏွင့္ရင္ခြင္ထဲတိုးဝင္လာ၏ ။ ခါးအားက်စ္ေနေအာင္ဖက္ထားသူ၏ေခါင္းလုံးေလးအားငုံ႕နမ္းလိုက္ၿပီး သူအိပ္စက္ဖို႔ျပင္ရသည္ ။ ၁၀ နာရီေလာက္ထဲကထိုင္ေနတာမို႔အနည္းဆုံးေတာ့ နာရီႏွစ္ခ်က္ျပန္ေလာက္ရွိေလာက္ၿပီ ။
~
" မယုံဘူးလား အေသးေလးက "
သူေမးေတာ့ အေသးေလးကႏႈတ္ခမ္းေလးမသိမသာစူေထာ္လို႔ မ်က္ႏွာတစ္ဖက္သို႔လႊဲသြားေလသည္ ။
" ဦး ကိုယ့္ကိုၾကည့္ မ်က္ႏွာမလႊဲနဲ႕ "
ေခတ္သစ္ဦးကမေက်မခ်မ္းနဲ႕ျပန္လို႔လွည့္လာေလသည္ ။
" ဒီေလာက္နာမည္ထြက္ေနတာေလ အကိုကအဲ့မင္းသမီးနဲ႕ႀကိဳက္ေနတယ္ဆိုၿပီး "
" ေဟာဗ်ာ ကြၽန္ေတာ္ကအဲ့လိုလူမ်ိဳးလား ဦးရဲ႕ ဟင္ေျဖပါဦး "
" အကို႔ကိုယုံေပမယ့္ ဦးအဲ့ဒီ့အမ်ိဳးသမီးကိုမယုံဘူး "
သူဘာေျပာရမည္ပင္မသိေတာ့ ၊ သူတို႔ရိုက္ကြင္းမွာတစ္ခါဆုံခဲ့ဖူးတဲ့ မင္းသမီးကိုသူနဲ႕တြဲေနပါတယ္လို႔သတင္းထြက္လို႔ဦးကစိတ္ေကာက္ေနတာ ။ ေပါက္ေပါက္ရွာရွာဘယ္ေခ်ာင္ခ်ိဳေခ်ာင္ၾကားကေနထြက္လာတဲ့သတင္းလဲ ။ ကြၽတ္စ္! အသဲယားဖို႔ေကာင္းသား ဘယ္လိုလူေတြျဖန့္လိုက္သလဲမသိပါ ။
" ကိုယ္ရွင္းေပးမယ္ ဟုတ္ၿပီလား စိတ္မဆိုးနဲ႕ေတာ့ "
" ကြၽန္ေတာ္စိတ္မဆိုးပါဘူး စိတ္မေကာင္းျဖစ္သြားယုံပါ "
ေကာင္ငယ္ေလးအားရင္ခြင္သာဆြဲလို႔ေထြးေပြ႕လိုက္ပါေတာ့သည္ ။ သူ႕တြင္မယ္မယ္ရရေျပာစရာစကားမရွိပါ ။
တစ္ခါတစ္ေလစကားလုံးေတြႏွင့္ႏွစ္သိမ့္တာထက္ ခ်စ္ျခင္းေမတၱာျဖင့္ႏွစ္သိမ့္တာမ်ိဳးကပိုထိေရာက္သည္ေလ ။
သူ႕ခါးအားတင္းေနေအာင္ျပန္လည္ဖက္တြယ္လို႔ရင္ဘတ္ထဲမ်က္ႏွာအပ္လို႔ဝမ္းနည္းေနသူကို ခပ္တင္းတင္းသာေပြ႕ဖက္ထားမိသည္ ။ စိတ္မေကာင္းျဖစ္ေနသူေၾကာင့္ သူ႕စိတ္သည္လဲအဆင္မေျပလွပါ ။
~
အေပၚပိုင္းဗလာႏွင့္ ေအာက္ကေဘာင္းဘီပြအရွည္ကိုဝတ္ထားၿပီး မဟာကနိုင္မနိုးခင္မနက္စာျပင္ေနရသည္ ။ အိမ္မွာသူနဲ႕နိုင္ကလြဲလို႔ဘယ္သူမွရွိတာမဟုတ္ ။ နိုင့္ကိုလဲမနက္စာမလုပ္ေစခ်င္ပါ ။
အဟမ့္! တစ္ညလုံးပင္ပန္းထားတာမဟုတ္လား ၊
အိပ္ေရးဝဝအိပ္ပါေစေလ ။
ေကာ္ဖီႏွစ္ခြက္ႏွင့္ၾကက္ဥေပါင္မုန့္ေၾကာ္ရယ္
ထမင္းေၾကာ္တစ္ပြဲရယ္ ။ နိုင္စားေလာက္ပါသည္ ။
ၾကက္ဥတစ္လုံးေဖာက္လို႔ထမင္းေၾကာ္ထဲထည့္လိုက္ၿပီး ေမႊလိုက္စဥ္မွာပင္ ခပ္သင္းသင္းရနံ႕ကိုသူရေလသည္ ။
နိုင့္ရဲ႕မ်က္ႏွာသစ္ဆပ္ျပာနံ႕ ။
သူလွမ္းငဲ့ၾကည့္ေတာ့ စားပြဲကိုမွီကာလက္ပိုက္ၾကည့္ေနတဲ့သူ႕ရဲ႕အလွေလး ။ အဟား! သူ႕ရဲ႕တီရွပ္ကိုယူဝတ္ထားၿပီးေအာက္မွာေဘာင္းဘီေကာပါရဲ႕လားမသိ ။
" မနက္စာစားရေအာင္ "
ထမင္းေၾကာ္ကိုႏွံ႕စပ္ေအာင္နယ္လို႔ ပန္းကန္ထဲထည့္လိုက္ၿပီး စားပြဲေပၚကိုယူလာလိုက္သည္ ။
နိုင္ကေတာ့သူ႕ေဘးနားေရာက္လာသည့္ မဟာ့ခါးကိုလွမ္းဖက္လိုက္၏ ။
" ေစာေစာစီးစီးေပ်ာက္သြားလို႔ ငါကအလုပ္သြားၿပီေတာင္မွတ္တာ "
" အဟင္း! ငယ့္ကိုထားခဲ့ၿပီးေမာင္ဘယ္သြားရမွာတုန္း "
မ်က္ႏွာခ်င္းဆိုင္သို႔လွည့္ကာဖက္ေတာ့ နိုင္ကသူ႕ရင္ခြင္ထဲဝင္တိုးလို႔ေၾကာင္ေပါက္ကေလးလို ။
" သားကိုသြားေခၚရဦးမယ္ "
" ခဏလႊတ္ထားလိုက္ ညေနက်မွသြားမယ္ "
" ဒါဆိုခဏေနငါ့ကိုတီတီဆင့္ဆီလိုက္ပို႔ "
" ဘာလုပ္ဖို႔လဲ "
ပြေယာင္းေယာင္းဆံႏြယ္ေတြထဲလက္ထိုးဖြရင္းေမးေတာ့ နိုင္ကမဟာ့ေမးဖ်ားကိုပြက္ခနဲ လွမ္းလို႔နမ္းရင္းေျဖေလသည္ ။
" သြားလည္ခ်င္လို႔ေပါ့ "
" အင္းအင္း မနက္စာစားရေအာင္ ေမာင္ဗိုက္ဆာၿပီ "
" ဟုတ္ "
" ဟာကြာ ဘယ္လိုႀကီးေတြေျပာေနတာတုန္း "
" ဒီလိုဘဲေျပာတတ္တယ္ "
ရင္ခြင္ထဲမွ႐ုန္းလို႔ဖင္ကေလးေနာက္ပစ္ၿပီး လူႀကီးေပါက္စဟာ ခုံမွာဝင္ထိုင္ေလေတာ့သည္ ။ က်န္ခဲ့သူသာအသဲတယားယားႏွင့္က်ိတ္မနိုင္ခဲမရမဟုတ္လား ။ ေစာေစာစီးစီး ဒုကၡပါဘဲ ။
တစ္ပြဲထဲသာေတြ႕တဲ့ထမင္းေၾကာ္ပန္းကန္ေၾကာင့္ နိုင္ကမ်က္ေမွာင္က်ဳံ႕လို႔ ။ ဒါကိုမဟာထူးလြင္ကနားလည္စြာ ။
" ေမာင္မစားဘူး "
" အင္းအင္း "
ဇြန္းခရင္းေခါက္သံကလြဲလို႔အခန္းငယ္သည္ တစ္ဖန္ျပန္လို႔တိတ္ဆိတ္သြားေလသည္ ။
~
တစ္ေ႐ြ႕ေ႐ြ႕ကုန္ဆုံးခဲ့တဲ့အခ်ိန္တစ္လဆိုေပမယ့္
ရဲတင္းလြန္းတဲ့နိုင့္ေၾကာင့္ မဟာထူးလြင္ဟာမနက္ခင္းေတြအလုပ္ေနာက္က်ရစၿမဲပါ ။ ဒီေန႕လဲအစည္းအေဝးရွိရဲ႕သားနဲ႕ ညကအခ်ိန္လြန္သြားတာမို႔ျပာျပာယာယာႏွင့္ထြက္လာရသည္ ။
နိုင္ကေစတနာေကာင္းတာဟုတ္ပါၿပီ ၊
သူကက်ေစတနာေကာင္းလို႔ေပးတိုင္းယူမိၿပီး မ်က္တြင္းကေဟာက္ပက္ကေလးရယ္ ။
နိုင္ကဘာစိတ္ကူးေပါက္သလဲေတာ့သူမသိ ။
ႏွစ္ရက္တစ္ခါေလာက္ကို
ေမာင္ငါ့ကိုဒီညလိုခ်င္လားလာေမးတာနဲ႕ မဟာထူးလြင္မွာ ႏြားျပာၿပီးေအာက္ေမးျပဳတ္သလို႐ုပ္ႀကီးႏွင့္ ကုတင္ေပၚပါသြားရစၿမဲ ။ ဘယ္တုန္းကမွလဲမျငင္းနိုင္ခဲ့ပါ ။
အခုသူအစည္းအေဝးခန္းအတြင္းထုံးစံအတိုင္းမ်က္တြင္းပက္လက္ကေလးႏွင့္ထိုင္ေနရသည္ ။ ႐ုံးကလူေတြကေတာ့သူေဌးအလုပ္ႀကိဳးစားပါသည္ ။ ဟုတ္ပါတယ္ႀကိဳးစားပါတယ္ ၊ ႀကိဳးစားတာမွတစ္ဖက္ကမ္းကိုခတ္ေနၿပီ ။
" တိုးခ်ဲ့တာကကိစၥမရွိပါဘူး ဘယ္ဘက္ကရတဲ့အျမတ္ေၾကးကို ဘယ္လိုျပန္သုံးမလဲပါတစ္ခ်က္ျပန္ေျပာပါ ေသခ်ာရင္ဒီလကုန္မွာ ကိုယ္တိုင္သြားစစ္မယ္ ေျမကြက္ကေသခ်ာလား စိုင္းလူ "
" ေသခ်ာပါတယ္ ဆရာ "
" အင္း လိုအပ္တဲ့ေဆာက္လုပ္ေရးသြင္းကုန္ေတြကို ဘရဏီနဲ႕ခ်ိတ္ခိုင္းလိုက္ပါ "
တစ္ဖက္တြင္ေတာ့ နိုင္ကသားကိုေခၚလာကာ႐ုံးထဲဝင္လာၿပီျဖစ္သည္ ။ သူ႕ပုံစံကထုံးစံအတိုင္းေျပာစရာမလိုေအာင္လန္ပ်ံေနတာဘဲ ။
သားကလဲသူ႕ဖေအလက္ထဲမွာမွီႏြဲ႕ၿပီးခပ္တည္တည္ဘဲပါလာသည္ ။ တအားကိုဖေအေတြရဲ႕ဂိုက္ကိုသိပ္ဖမ္းတတ္တယ္ ၊ အလည္ကေလး ။
" ဒယ္ဒီ့ကိုေတြ႕ရင္ဘာေျပာရမယ္ "
" ႐ြမ္းရို႔ "
" ေသခ်ာေျပာေလ "
" ထူး႐ြမ္းရို႔ ဒယ္ဒီ့ဆီမာ ေနမာ "
တစ္ကယ္ေတာ့သူ႕ေခါင္းေတြသိပ္မၾကည္၊ အခ်ိန္ျပည့္ေခါင္းထဲကိုယ္ဝန္ဘဲရွိတာမို႔ တစ္ခုခုဆို ကိုယ္ဝန္လားဆိုတဲ့စိတ္နဲ႕ ေဆးစစ္ခ်င္တာလဲပါသည္ ။ သားကိုေတာ့ သူ႕ဖေအဆီပစ္ထားခဲ့ရမွာဘဲ ။ မတတ္နိုင္ေလ ေခၚသြားကာမွသိသြားမွာေပါ့ ။
Elevator တံခါးပြင့္တာနဲ႕သူဝင္လာလိုက္သည္ ။
တံခါးမပိတ္ခင္မွာဘဲဝင္လာတဲ့လက္ေၾကာင့္ သူဘယ္သူလဲၾကည့္မိ၏ ။
ျဖဴျဖဴေသးေသးနဲ႕ခ်စ္စရာေလးဘဲ ။
သူခဏခဏဒီကိုလာပါတယ္ ဒီေကာင္ေလးကိုမျမင္ဖူးပါဘူး ၊ ႏွာတံေလးကလုံးလို႔ႏႈတ္ခမ္းကေလးကခပ္ဖူးဖူး အဝါေရာင္ဝမ္းဆက္နဲ႕ဘဲေပါက္ေလး ေပါင္တံေလးကလဲသြယ္လို႔ေနသည္ ။
ေကာင္ေလးကသူ႕အားလွည့္ၾကည့္ကာၿပဳံးျပလာတာမို႔လို႔ သူကအလိုက္သင့္ပင္ျပန္ၿပဳံးျပလိုက္မိသည္ ။ သြက္သြက္လက္လက္ေတာ့ရွိသားဘဲ ။
Elevator ကထြက္ေတာ့လဲေကာင္ငယ္ေလးဟာေနာက္ကေနပါလာျပန္သည္ ။ ဘယ္ကိုလဲေတာ့သူမေမးေတာ့ ။
ေမာင့္႐ုံးခန္းဆီဦးတည္သြားေတာ့ အတြင္းေရးမႉးကအစမရွိ ။ အစည္းအေဝးလား ။
သို႔ႏွင့္ဘဲေျခလွမ္းတို႔ကိုအစည္းအေဝးခန္းဆီေ႐ြ႕ရသည္ ။ တံခါးကိုေခါက္ေတာ့ကိုစိုင္းလူကလာဖြင့္ေပးေလသည္ ။
" ဝင္ခဲ့ပါအကိုေလး "
" ေနပါေစ ေနရာတကာႀကီးက် "
" ဝင္ခဲ့ ငယ္ "
ဟိန္းထြက္လာတဲ့ေမာင့္အသံေၾကာင့္ကိုစိုင္းလူကိုၿပဳံးျပလိုက္ၿပီးသူဝင္ခဲ့လိုက္ေတာ့သည္ ။ သနားစရာသူ႕အမ်ိဳးသား ၊ ထိပ္ဆုံးခုံမွာမ်က္တြင္းေဟာက္ပက္ကေလးနဲ႕ ၊ အားလုံးရဲ႕အၾကည့္ကေတာ့သူ႕ဆီတြင္ဝဲပ်ံေနသည္ ။
မဟာ့ဆီလွမ္းသြားလို႔ သားကိုေပါင္ေပၚခ်ေပးလိုက္ေတာ့ သူ႕သားကိုတစ္ခ်က္နမ္းရွာသည္ ။
မဲနက္ေနတဲ့မ်က္တြင္းသားကိုပြတ္သပ္ကိုင္တြယ္ေပးေတာ့ မဟာကၿပဳံးသည္ ။
" ငါ့ေၾကာင့္ငါ့ေယာက္်ားပင္ပန္းေနၿပီ "
" အဟင္း ခဏေစာင့္ဦး ေမာင္ခဏေနၿပီးမယ္ "
" မေစာင့္ေတာ့ဘူး ငါသြားစရာရွိတယ္ သားကမင္းဆီလိုက္ပို႔ဆိုလို႔ "
" ထူးကဒယ္ဒီ့ကို အားႀကီး႐ြမ္း "
လည္တိုင္ကိုထဖက္လို႔အီေနတဲ့သားေၾကာင့္ေက်ာျပင္ကိုပြတ္သပ္ေပးရသည္ ။
" အေဟာ ဟုတ္ပါၿပီ ဒယ္ဒီနဲ႕အစည္းအေဝးထိုင္မယ္ေနာ္ "
" ရက္ခ်္ ဒယ္ဒီ ရက္ခ်္ "
" ညစာအျပင္မွာစားၾကရေအာင္ "
ေျပာၿပီးတာနဲ႕လွည့္ထြက္သြားတဲ့နိုင့္ေၾကာင့္ သူဘာမွေျပာမေနေတာ့ဘဲ နိုင္အခန္းျပင္ထိေရာက္ေအာင္ေစာင့္ေနလိုက္သည္ ။ နိုင္ထြက္သြားသည္ႏွင့္ အစည္းအေဝးျပန္စရ၏ ။
သားကေတာ့သူ႕ေပါင္ေပၚကေန ဒူးေလးေထာင္လို႔အကုန္လုံးကိုလိုက္ၾကည့္ေနသည္ ။
အတတ္ကေလးဟာမဟာတစ္ခြန္းဟတာနဲ႕ေနာက္ကေနလက္ညွိုးေလးေထာင္လို႔ အမိန့္ေပးသလိုေလးလိုက္လုပ္ျပန္သည္ ။ မွိုလုံးကိုခ်စ္လြန္းလို႔႐ူးမွာဘဲဗ်ာ ။
~
ကတုန္ကယင္နဲ႕ခံစားခ်က္ကအရင္အတိုင္းဘဲ ။
သူကုတင္ေပၚမွာငုတ္တုတ္ထိုင္လို႔ေစာင့္ေနမိသည္ ။ ခဏေနေတာ့ဆရာဝန္ကအညိုေရာင္စာ႐ြက္အိတ္ကိုကိုင္ကာဝင္လာေလသည္ ။
သူ႕မွာစိတ္လႈပ္ရွားစြာမတ္တပ္ထရပ္မိေတာ့ ေဒါက္တာကသူ႕အားၿပဳံးကာၾကည့္သည္ ။ ရွက္မေနနိုင္ေတာ့ဘူး သူသိခ်င္ေနၿပီမို႔
" ဂုဏ္ယူပါတယ္ "
တစ္ခြန္းထဲ ဒါေပမယ့္ သူ႕ရင္ထဲလႈပ္ခတ္စြာ
အားရပါးရၿပဳံးရယ္လို႔ သူရယ္ခ်မိေလေတာ့သည္ ။ ဒီၾကားထဲေမာင့္ကိုဘယ္ေလာက္ျမႇူစြယ္ခဲ့ရလဲ ၊ အလုပ္ေတြမ်ားတဲ့ေမာင့္ကိုေတာင္ဝန္ပိေစခဲ့တဲ့အထိ ။ ေရွ႕လထဲေမာင့္ေမြးေန႕ေလ ။
သိပ္မလိုေတာ့ဘူးမို႔ လွ်ို႔ဝွက္ခ်က္ကိုထိန္းသိမ္းထားရဦးမည္ ။ မဟာထူးလြင္သိရင္ဘယ္ေလာက္အူျမဴးေနလိုက္ဦးမလဲ ။
ဒါမွမဟုတ္သူ႕ကိုဆူမွာလား၊
ေနပါေစ ဘယ္လိုရလဒ္ျဖစ္ျဖစ္သူေက်နပ္တယ္အျပစ္ေပးမွာဆိုလဲလက္ခံလိုက္႐ုံပင္ ။ သူ႕အတြက္ဘာမွမလိုေတာ့ဘူးမို႔လား ။
ညေနခင္းမွာသူေမာင့္ကိုဆိုင္လိပ္စာmessage လွမ္းပို႔ရသည္ ။ ဒီေန႕ညစာကိုအျပင္မွာစားၾကမွာ ။
သူတို႔သားအဖထက္အရင္ႀကိဳေရာက္ကာ အခန္းယူလို႔ေစာင့္ေနလိုက္သည္ ။ သိပ္မၾကာပါဘူး မဟာထူးလြင္လဲသားကိုခ်ီရင္းေရာက္လာတယ္ ။
" ေဖ ေဖ ေထာ္ ထူးကိုေထာ္ "
အတင္းကိုဖေအျမင္တာနဲ႕လက္လွမ္းေနတာမို႔ သူသားကိုသြားေခၚရျပန္သည္ ။ မဟာကေတာ့ ကုတ္ကိုခြၽတ္ကာတစ္ဖက္မ်က္ႏွာခ်င္းဆိုင္မွာမထိုင္ဘဲ သူ႕နားမွာလာထိုင္၏ ။ မဟာထူးလြင္က ပူးပူးကပ္ကပ္ေတြသိပ္ႀကိဳက္တာ ။
ခ်ိဳင့္ဝင္ေနတဲ့မ်က္တြင္းေနရာကိုထပ္မံပြတ္သပ္မိေတာ့ မဟာကသူ႕လက္ေပၚသို႔အုပ္မိုးလာ၏ ။
" မနက္ျဖန္တစ္ရက္နားလိုက္ ငါခြင့္ယူေပးမယ္ "
သူေျပာတာကိုမျငင္းဆန္ဘဲေခါင္းသာၿငိမ့္ျပလာတာမို႔ နိုင္ကေက်နပ္ျခင္းႀကီးစြာ ။
စိတ္မေကာင္းေတာ့မျဖစ္ပါဘူး ၊ မဟာထူးလြင္ကသူ႕ေၾကာင့္အိပ္ေရးပ်က္တာ ဒါျဖစ္သင့္ပါတယ္ ၊ ဘာေၾကာင့္ဆိုသူ႕ေၾကာင့္မို႔လို႔ေပါ့ ။
ေျပာဖူးတယ္မဟုတ္လား ထိခိုက္နာက်င္ေစမႈကမစ သာယာမႈေတြအဆုံးသူ႕ေၾကာင့္သာျဖစ္ေစခ်င္သည္လို႔ ။ အင္း အဲ့ဒီလိုအတၱေတြနဲ႕ခ်ဳပ္ႏွောင္ထားပါသည္ ။
Ciel
1162021
မ႑ိုင္ထူးလြင္ကဖေအတူသား !