မဏ္ဍိုင်
By Ciel_Zizawar
1.3M 114K 3.1K
Unicode " မောင့်ရဲ့တိမ်စိုင်လေးလုပ်မလား မောင်ကကမ္ဘာကြီးလုပ်မယ်လေ " " တိမ်စိုင်တွေကပြေးနေတတ်တာလေမောင်ရဲ့ " "... More
အပိုင်း၁ introl
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇ ⚠
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂ ⚠
အပိုင်း ၁၃
အပိုင်း၁၄
အပိုင်း ၁၅
အပိုင်း ၁၆ ⚠
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀⚠⚠ ( volume 1)
အပိုင်း ၂၀ ⚠⚠ (volume2)
အပိုင်း ၂၁
အပိုင်း ၂၂ ⚠
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
present part ( 27.5)⚠
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
၃၂
၃၃⚠
၃၄
၃၅
၃၆
၃၇
၃၈
၃၉
ပဲလှော်
၄၀ (Warning ⚠)
၄၁
၄၂
၄၃ (Title End)
Extra 0.5 warning ⚠
Extra
၃၁
19.3K 2K 77
By Ciel_Zizawar
" ရပ်နေအဲ့တိုင်း မလှုပ်နဲ့ "
အခန်းထောင့်နံရံနားမှာလက်လေးပိုက်လို့ နှုတ်ခမ်းလေးမဲ့ကာမျက်ရည်တွေအိဝိုင်းပြီး ငိုမဲ့မဲ့နဲ့ငြိမ်နေတဲ့ မဏ္ဍိုင့်ကိုကြည့်ပြီး သူအသဲတယားယား ၊ လုံးပြီးနောက်ထွက်နေတဲ့ဖင်ကိုသာခပ်ဆတ်ဆတ်လေးဆော်ချင်သည် ။
ဆော့စရာရှားလို့ company စာရင်းစာရွက်တွေနဲ့ဆော့ရတယ်လို့ ၊ သူ့ဒယ်ဒီသိရင်တော့မျက်နှာကြီးဖြီးပြီးကျေနပ်နေမယ်ဆိုပေမယ့် နိုင်ကတော့မရဘူး ၊ လူဆိုတာနဲ့စည်းနှင့်ကမ်းနှင့် လူ့ကျင့်ဝတ်နဲ့ရှိရမည် ။ ငယ်စဥ်ထဲနားဝင်အောင်ပြောမှရမည် ၊ ကလေးဆိုတာတုတ်ကိုင်တိုင်းကြောက်တာမဟုတ် ၊ တုတ်ကိုသာကြောက်ကောင်းကြောက်နိုင်သည် ၊ လူကိုတော့ကြောက်မည်မဟုတ် ။ နိုင်ကသားကိုတုတ်ကိုင်ပြီးဆုံးမမယ့်ဖခင်မဟုတ် ၊ အပြောနဲ့ဘဲသိမ်းသွင်းမည် ၊ ဒီ့အတွက်မဏ္ဍိုင်ထူးလွင်မှာသွင်ကြည်နိုင်ရဲ့သားမို့လို့ အင်း.. သူ့သားမို့လို့ပိုပြီးသိတတ်ရမယ် နားလည်ရမယ် ၊ ဒါသူ့အတ္တဘဲဖြစ်သည် ။
စာအုပ်တွေတစ်ခုချင်းကောက်လို့ မောင့်အလုပ်စားပွဲပေါ်ထပ်တင်ကာ ကုတင်ပေါ်သူထိုင်ချလိုက်ပြီးမဏ္ဍိုင်ထူးလွင်ကိုကြည့်နေလိုက်သည် ။
" ဖေ့ဆီလာ "
သူလှမ်းခေါ်တော့သားကဖင်လေးနောက်ပစ်လို့ နှုတ်ခမ်းလေးမသိမသာထော်နေပြီး မှုန်ကုပ်ကုပ်နဲ့ လုံးနေအောင်ပြေးချလာသည် ။
ပေါင်ပေါ်ဆွဲတင်ပေးလိုက်တော့ ဝမ်းနည်းသွားတဲ့သားက သူ့ဝမ်းဗိုက်မှာမျက်နှာအပ်လို့ ကျစ်နေအောင်ဖက်ပြီး ရှိုက်သံကလေးထွက်လာ၏ ၊ ဟော ငိုတော့မယ်လို့အချက်ပြတာဒါ ။
မကြာပါဘူး တဟီးဟီးနဲ့မောင်မဏ္ဍိုင်ထူးလွင်တို့ငိုပွဲဆင်နွှဲပါတော့တယ် ၊
" ဖေ ဆိုး အီးဟီး! ဖေ ဆိုး "
အိမ်ပေါ်ထပ်ကိုတဒုန်းဒုန်းပြေးတက်လာတဲ့အသံကြားတာကြောင့် လှေကားရင်းကနေသားငိုသံကိုမဟာကြားတာဖြစ်မည် ။ အလုပ်ကပြန်လာတာကိုဝုန်းဒိုင်းကြဲပြီးတက်လာပြန်ပြီ ။ ထုံးစံအတိုင်းသူ့သားဘာကြောင့်ငိုသလဲသူလဲမသိတာမဟုတ်ဘဲနဲ့ ။ မဟာထူးလွင်တို့သိပ်ကဲကဲပို ။
ချောက်ခနဲတံခါးဖွင့်သံနဲ့အတူ ၊
စိုးရိမ်မျက်ဝန်းတွေနဲ့ လက်ဆွဲအိတ်ကိုကုတင်ပေါ်ပစ်တင်ပြီး သူ့ရင်ခွင်ထဲကသားကိုဆွဲခေါ်သည် ။
" ဒယ်ဒီ့! အီးဟီး ဖေ ဆိုး "
သူ့ဆီဆတ်ခနဲလှည့်လာတဲ့မဟာ့ကြောင့် နိုင်ကစေ့စေ့ပြန်ကြည့်တော့ မဟာထူးလွင်မျက်နှာကချက်ချင်းအချိုသပ်လို့ ။
" ငယ်ရယ် သားကိုငိုအောင်ဘာတွေလုပ်လိုက်တာလဲ "
" အော် ငိုအောင်ဘာတွေလုပ်လိုက်တာလဲ၊ လင်ပါသားမို့လို့ငါကမင်းနောက်ကွယ်မှာဆိတ်ဆွဲနေရမှာလား "
ဟောဗျာ ။ သူပြောတာကိုလဲအထအနကိုကောက်နေတော့​တာဘဲ ။
" ဖေ့! ရိုက် ဒယ်ဒီ ရိုက် "
နိုင့်ကိုလက်ညှိုးလေးထိုးလို့သူ့ဖအေလည်တိုင်ကြားကမထွက်ဘဲတိုင်နေတဲ့မှိုလုံးကြောင့်အသဲကယားလှပြီ ။
" ဟုတ်ပြီမောင်ဆုံးမမယ် မောင့်ကိုပြော သားဘာလုပ်တာလဲ "
" မြင်တဲ့အတိုင်းဘဲ "
အလုပ်စားပွဲကိုလက်ညှိုးထိုးတော့ မဟာကနားလည်သဘောပေါက်စွာ ။ ချီထားတဲ့သားကိုနိုင့်ဘေးနားပြန်ချထားလိုက်သည် ။
" ဖေနဲ့ခဏနေဦး ဒယ်ဒီဖေ့ကိုရိုက်ဖို့တုတ်သွားယူလိုက်ဦးမယ် "
ခေါင်းလုံးလေးကိုဆတ်ခနဲငြိမ့်ပြလို့ မျက်ရည်လေးတွေအိုင်နေတဲ့မျက်နှာလေးဟာအသဲယားစရာ ။ နိုင့်ပါးကိုလှမ်းနမ်းလို့ သူတစ်ခြားအခန်းထဲထွက်လာလိုက်သည် ။ သူတို့သားအဖရှင်းဖို့လိုတာမို့မဟာရှောင်ပေးတာ ၊ သူဧည့်သည်ခန်းမှာဘဲရေချိုးလိုက်ပါမည် ။
" ဖေက ဘာတွေဆိုးလို့လဲ ပြောပါဦး "
" ဆူဆူ "
နှုတ်ခမ်းလေးထော်လို့ သူ့ကိုဆူတာကိုမကြိုက်ဟန်ပြောတော့နိုင်ကဟက်ခနဲတစ်ချက်ရယ်လိုက်လေသည် ။
" သားကမှားလို့ဖေကဆူတာလေ ၊ ဒါဖေဆိုးတာလား "
သူပြောတော့ သားကနှုတ်ခမ်းလေးမဲ့လို့၊ လက်တော့လက်ခံတယ် သူမှားတယ်လို့ပြောတာကိုတော့မကျေနပ်ဘူးဆိုတဲ့ပုံစံ ။
ပေါင်ပေါ်ဆွဲတင်လို့ကျောပြင်ကိုပွတ်သပ်ပေးတော့ဝမ်းဗိုက်ကိုထုံးစံအတိုင်းကပ်ထားလေသည် ။
" သားရဲ့ကျောင်းလွယ်အိတ်ကိုသားယူဆော့လို့ရလား "
" နိုး ဖေ "
သားကဖြေတော့သူကတဘောတကျ ။
အမြဲတမ်းတက်ကြွနေရမယ် ။
" ဘာလို့လဲ ဖေကဘာလို့မဆော့ခိုင်းတာလဲ "
" ပျက်ဖေ ဟိုး ပျက် "
လွန်ခဲ့တဲ့မူကြိုစစပို့ချင်းတုန်းက လွယ်အိတ်တစ်လုံးကိုလက်တွေ့ပေးဆော့ထားတာ တော်တော်ကို ပျက်သွားတာမှပြင်နိုင်ရန်ကိုမရှိ ။ တစ်ခါတစ်လေဆုံးမတာထက်လက်တွေ့လုပ်ခိုင်းတာက ပိုပြီးသင့်လျှော်သည် ။ အဲ့တုန်းကလွယ်အိတ်လေးကသူတအားကြိုက်လို့အိပ်ရင်တောင်ဖက်အိပ်တာ ပျက်သွားတဲ့နေ့ကဆို ထမင်းတောင်မစား ငိုလိုက်တာမှသဲလို့ ။
သူ့ဒယ်ဒီခမျာချော့လိုက်ရတာ နိုင်ကတော့ပစ်ထားလိုက်တာပင် ငိုပါစေ ၊
ကိုယ်လက်မလွှတ်နိုင်အောင်ကြိုက်မှန်းသိရက်နဲ့ပေါ့ပျက်ပျက်လုပ်လို့ဆုံးရှုံးရတာမျိုးတွေ အမှတ်ရှိအောင်ငိုပါစေ ။
" ခုကော ဒယ်ဒီကြိုက်တဲ့ဟာတွေလေ သားလွယ်အိတ်လို ပျက်သွားရင်ဒယ်ဒီငိုမှာပေါ့ သားတုန်းကဘယ်လိုခံစားရလဲ "
" ထူးဝမ်းနည်း ဖေ အင့်! များရီး ဒယ်ဒီ ငို "
ရှိုက်သံကထွက်လာပြန်ပြီ ၊ သူ့ဖအေကြိုက်တယ်ပြောလိုက်တော့ဝမ်းနည်းပြီးငိုဦးမယ် ။ သူ့ကိုယ်သူတောင်ထူးတဲ့ ။ သူ့ဒယ်ဒီကိုလဲငိုမှာကြောက်သေးသည် ။
" ဒယ်ဒီ့ပစ္စည်းကိုနောက်ဆော့ဦးမလား "
" နိုး ဖေ နိုး "
ခေါင်းလေးကိုယမ်းနေအောင်ခါပြပြီးသူ့ကိုကျစ်နေအောင်ဖက်ထားတဲ့သားကိုဆွဲခွာလို့ ညစ်ပေနေတဲ့မျက်နှာလေးကိုနုနုယွယွသုတ်ပေးရသည် ။
ရဲခတ်နေတဲ့နှုတ်ခမ်းဖူးလေးကိုဖိက​ပ်နမ်းတော့ သားကလဲသူ့မျက်နှာကိုလက်ဖဝါးလေးနဲ့အုပ်ကိုင်လို့ တဖျတ်ဖျတ်ပင်နမ်းတော့၏ ။
" သားအဖတွေပြေလည်သွားပြီလား "
တဘတ်ပိုင်းကိုခါးမှာပတ်ထားပြီး တဘတ်တစ်ထည်နဲ့ခေါင်းသုတ်လို့အပေါ်ပိုင်းဗလာနဲ့ အခန်းထဲဝင်လာတဲ့မဟာ့ကိုမြင်​တော့ မှိုလုံးက နိုင့်နှုတ်ခမ်းကိုဖိနမ်းသည် ။ နောက်တော့သူ့ပေါ်ကနေပြေးဆင်းလို့ သူ့ဒယ်ဒီခြေသလုံးကိုကုပ်ဖက်၏ ။
" ဒယ်ဒီချီမယ်ဘေဘီ လာ အဟား "
ဆွေ့ခနဲကောက်ချီတော့ သားကမဟာ့နှုတ်ခမ်းကိုဖိနမ်းပြန်၏ ။
" ပေါင်းကစ် ဒယ်ဒီ ပေါင်းကစ် အဟစ် အဟစ် "
အဟား ဒီလူတတ်လေးကတော့ဗျာ ။
သူ့အဖေနှုတ်ခမ်းကိုနမ်းပြီးသူ့ကိုပြန်နမ်းတယ်
ပေါင်းပေးတဲ့ kiss ပါပေါ့ ။
" လူလည်လေး ဒယ်ဒီ့သားအလည်လေး ရွှတ် "
" အဟစ်ဟစ် ဒယ်ဒီ ဟား ထူး ယား အားဟား ဖေ မော "
တဖျတ်ဖျတ်နဲ့သူ့ဖအေနမ်းတော့ ကော့ထိုးနေပြီးတခတ်ခတ်နဲ့ ၊ သားအဖနှစ်ယောက်တည့်နေသည် ။
" တော်ပြီ သားမောမယ် မှန်တင်ခုံကိုသွား "
နိုင်ပြောလိုက်တော့ သားကိုစနေတာကိုရပ်ပြီးအောက်ချပေးလျှင် သားက အပြင်ကိုလုံးနေအောင်ထွက်သွား၏ ။
" ဘယ်လဲ မှိုလုံး "
" ဖွား ဖေ ဖွား "
နောက်လေးလှည့်လို့ နှုတ်ခမ်းလေးထော်ပြီးဖွားလို့ပြောပြီးပြန်ပြေးသွား၏ ။ ဖွားကကြီး​မေနဲ့မေမေနဲ့နှစ်ယောက်ရှိတော့ နှစ်ယောက်လုံးရှိနေတော့ဘယ်ဖွားပြောမှန်းမသိပေမယ့် ခုတော့ကြီးမေကိုပြောမှန်းသိသည် ။
သားကိုလွှတ်ပေးလိုက်လို့ မဟာထိုင်နေတဲ့မှန်တင်ခုံနားကိုမတ်တပ်ရပ်တော့ မဟာကနောက်ကိုလှည့်လာကာသူ့ခါးကျဥ်ကိုသိမ်းကျုံးကာဖက်၏ ။
" ပင်ပန်းနေလား "
" မပင်ပန်းပေမယ့် လွမ်းနေရတာခံရခက်တယ်ငယ်ရဲ့ "
မှန်ဘေးမှာချိတ်ထားတဲ့ Dryer ကိုယူလို့ ခပ်အေးအေးလေလော​က်သာဖွင့်လိုက်ပြီး မဟာ့ဆံနွယ်တွေကိုဖွလိုက်သည် ။
" မောင် "
သူခေါ်တော့ဝမ်းဗိုက်မှာအပ်ထားတဲ့ခေါင်းကိုအနည်းငယ်ညိတ်ပြရှာသည် ။ သဘောကပြောဆိုတဲ့သဘော ။
" ငါ့ကိုအလုပ်ခန့်မလား "
" ဟင် ငယ်က "
သူမေးတော့နိုင်က​ခေါင်းငြိမ့်ပြသည် ။ ဟုတ်တယ် မောင့်အလုပ်တွေသူဝိုင်းကူမယ် ။
" အာ မဖြစ်ပါဘူး ငယ်မလုပ်ရဘူး ပင်ပန်းတယ် "
" မင်းပြောတော့မပင်ပန်းဘူးဆို အခုပင်ပန်းတယ်လား မင်းဘယ်တော့မှငါနဲ့မျှဝေခံစားမှာလဲ "
သူပေါက်ကွဲစွာပြောတော့ မဟာကမျက်မှောင်ကျုံ့လို့ ။
" ရှူး ငယ် စိတ်လျှော့ အဲ့တာခဏချ မောင့်ပေါ်ထိုင်ဦး "
လက်ထဲက dryer ကိုဆွဲယူလို့ပိတ်လိုက်ပြီး စားပွဲပေါ်တင်လိုက်ကာ နိုင့်ကိုတော့သူ့ပေါင်ပေါ်ဆွဲချလိုက်သည် ။
" မောင်မင်းနဲ့မမျှဝေချင်ဘဲနေမလားငယ်ရဲ့ ဟင်! "
သူပြောတော့ နိုင်ကပြန်မပြော မဟာ့ကိုသာစေ့စေ့စိုက်ကြည့်နေသည် ။ မကျေနပ်တဲ့အကြည့်တွေမှန်းသိသာ၏ ။
" ​​မောင်မင်းနဲ့မျှဝေချင်တယ်ဆိုတာ မောင့်ပျော်ရွှင်မှုတွေကိုဘဲ "
" ဒါပေမယ့်! "
" ရှူး မောင်ပြောတာဆုံးအောင်နားထောင်
ကောင်းကောင်းဆိုးဆိုးမျှဝေရမယ်လို့ငယ်ပြောမှာကိုမောင်သိတယ် "
သူပြောလိုက်တော့ နိုင်ကသူ့ပေါင်ပေါ်မှာခပ်ငြိမ်ငြိမ်နှင့်သူ့လည်တိုင်ကိုခိုတွဲထားသည် ။
" မောင့်အတ္တကငယ့်ကိုအကောင်းဆုံးတွေဘဲပေးချင်တာလေ ၊ မောင်မပျော်ရတဲ့ကိစ္စတွေအသိပေးပြီး မောင်ချစ်ရတဲ့ငယ့်ကိုမမွန်းကြပ်စေချင်ဘူး မောင့်အတ္တပါငယ် မောင်နားလည်ရက်နဲ့လုပ်နေတဲ့အတ္တတွေပါ "
ဆိုလိုတာဟာနိုင်ဟာမျှဝေခံစားနိုင်တဲ့လူပင်ဖြစ်လင့်ကစား ၊ မဟာထူးလွင်ကတော့ဆိုးခြင်းကိုလက်မခံစေလိုဘူးဆိုသလို မျှဝေမှာလဲမဟုတ်ကြောင်းကို ပြောတာပင်ဖြစ်သ​ည် ။
" မင်းစိတ်ကိုနားလည်ရခက်လိုက်တာ "
" နားလည်ဖို့မကြိုးစားနဲ့ ငယ်နားလည်သလိုသာနေ မောင်ဟာမင်းအတွက်ဆိုတာသိရင်ရပြီ "
အဟက် ။
မဟာထူးလွင်ကသိပ်စကားတတ်တယ် ။
ဒီနှစ်ရောက်မယ့် မောင့်မွေးနေ့အတွက်ငါ့မှာ လက်ဆောင်ရှိတယ်မောင် ၊ မင်းဘယ်လိုဖြစ်မလဲငါသိချင်တယ် ။
မင်းရဲ့အူတိုပုတ်ပြီး မဲမှောင်နေမယ့်မျက်နှာကိုငါမြင်ယောင်ကြည့်တိုင်း တအားရီချင်လာတာမို့အဲ့ဒီအခါဘယ်လောက်ရီရမလဲငါသိချင်တယ် ။
" မောင့်ကိုနမ်းပါဦး မောင့်အားဆေးရဲ့ "
နှုတ်ခမ်းလေးထော်ပြတဲ့မဟာ့ကို နိုင်သူ့နှုတ်ခမ်းတို့ဖိကပ်လိုက်တော့ ခါးကျဥ်မှပိုပိုသာသာ တိုးကပ်စေလို့ စုပ်ယူနမ်းရှိုက်မိသည် ။ နှုတ်ခမ်းချင်းပွတ်တိုက်သံတို့ကြား နိုင်ကိုယ်တိုင်ကလဲမဟာ့မျက်နှာပေါ်လက်ဖဝါးနှင့်အုပ်မိုးတင်ထားပြီးအရှိန်နှင့်နမ်းရှိုက်နေကြတာဖြစ်သည် ။
ပြွတ်စ်! အမ်း
အောက်နှုတ်ခမ်းအားဖိကျိတ်တော့နှုတ်ခမ်းတို့ကအလိုက်သင့်ပွင့်အ,ကာ အလိုက်သင့်ပင်မဟာကလျှာဖျားတို့တိုးဝင်၍ မက်မောစွာယှက်တင်မိသည် ။ ခံတွင်းထဲရှိနေတဲ့ မဟာ့လျှာဖျားကိုနိုင်ကဆွဲယူထားတာမို့ အနမ်းတို့ကကြမ်းရှစွာနက်ရှိုင်းသည်ထက်ပိုနက်ရှိုင်း၍နေသည် ။
ဒုန်း""
" ဖေ့! အင့်! နိုး! ဖေ နိုး! အီးဟီး! "
သားအော်သံကြောင့်မဟာ့ကိုဆောင့်တွန်းတော့ နိုင့်မျက်နှာဟာနီရဲလို့အသက်ကိုလုလို့ရှုရလေသည် ။ မဟာကတဟားဟားပင်ရယ်နေလေ၏ ။
အခွံခွာပြီးကာစပန်းသီးလုံးလေး​ဟာ လှိမ့်လို့ကျသွားပြီး သားကမျက်ရည်တွေနဲ့ ။ ဒီအူပုတ်ပေါက်စတော့
" မနမ်းတော့ဘူး ဖေ့ဆီလာသား သားကိုဘဲနမ်းမယ် လာ ဖေဖေ့သား "
သူ့ဆီကိုလိမ့်နေအောင်ပြေးဝင်လာပြီး လည်တိုင်မှာခိုလို့ သူ့ဖအေကိုစွေဆောင်းချိတ်ပြီးကြည့်နေများ ။ နောက်တော့သားကသူ့မျက်နှာကိုအုပ်ကိုင်လို့ တစ်မျက်နှာလုံးကိုတစ်ဖျတ်ဖျတ်ပင်နမ်းတော့သည် ။
" ဖေမွှေးလား သား "
" ရက်ချ်! ဖေ ရက်ချ်! "
" ဘာမွှေးတာလဲသားအဖနှစ်ယောက်လုံး ရေမချိုးရသေးဘဲနဲ့ဂျစ်ပတ် "
" ကိုယ့်ဟာကိုယ်ခေါင်းပြောင်အောင်သုတ်နေ ငါတို့သားအဖကြားလာမရှုပ်နဲ့ ပြောလိုက်စမ်းငါ့သား လာမရှုပ်နဲ့လို့ "
" ရှုပ်နဲ့ "
လက်ညှိုးလေးထောင်ကာ သူ့ဖအေလုပ်သလိုတစ်ရမ်းရမ်း ယမ်းလို့ပြောတော့ မဟာကအသဲယားစွာတဟားဟားပင်အော်ရယ်တော့သည် ။
ဒီမိသားစုကကြည်နူးစရာဘဲမို့လား ။
Ciel
362021
မဏ္ဍိုင်ထူးလွင်ကဖအေတူသား!
" ဖေ့ဆီလာ "
" ဖေ ဆိုး အီးဟီး! ဖေ ဆိုး "
" ဒယ်ဒီ့! အီးဟီး ဖေ ဆိုး "
" ဖေ့! ရိုက် ဒယ်ဒီ ရိုက် "
" မြင်တဲ့အတိုင်းဘဲ "
" ဆူဆူ "
" နိုး ဖေ "
" ပျက်ဖေ ဟိုး ပျက် "
" နိုး ဖေ နိုး "
" ဘယ်လဲ မှိုလုံး "
" ဖွား ဖေ ဖွား "
" ပင်ပန်းနေလား "
" မောင် "
" ငါ့ကိုအလုပ်ခန့်မလား "
" ဟင် ငယ်က "
" ဒါပေမယ့်! "
အဟက် ။
ပြွတ်စ်! အမ်း
ဒုန်း""
" ဖေမွှေးလား သား "
" ရက်ခ်ျ! ဖေ ရက်ခ်ျ! "
" ရှုပ်နဲ့ "
Ciel
362021
Continue Reading
You'll Also Like
5.7K 737 1
ပေါ့ပေါ့ပါးပါး ( one shot)
347K 8.7K 80
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
18.8K 1K 25
Title - Hang the Star in the Sky [ကောင်းကင်ထက်က ကြယ်ကလေး] ★ If you be my star, I'll be your sky ★ Type - Own Creation, Chinese BL အနုပညာလောကထဲက နာမည...
240K 26.3K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ