" အဲ့မမ ဖေ့ကိုကြိုက် ဒယ်ဒီ "
နှုတ်ခမ်းလေးထော်လို့ ကောင်တာမှာထိုင်နေတဲ့သူ့ဖအေနဲ့ ငွေရှင်းနေတဲ့အမျိုးသမီးကိုလက်ညှိုးထိုးရင်းပြောလာတဲ့သားကြောင့် သူမော့ကြည့်လိုက်သည် ၊ အင်း ဘေးလူကြည့်ရင်တောင် တော်တော်သိသာနေပြီ ၊
ကလေးဆန်တာလို့ဘဲဆိုဆို သူတစ်ကယ်နိုင့်အနားလူတွေဝိုင်းနေမှာကိုသဘောမကျပါ ၊ သူကနိုင်နဲ့မတူဘူး ။
သားကိုခဏထားခဲ့လို့သူကောင်တာဆီလှမ်းသွားရင်းမတ်တပ်ရပ်နေသူရဲ့ခါးကိုဆွဲကာသူ့ဘက်ကပ်လိုက်တော့ နိုင်ကရင်ခွင်ထဲအလိုအလျှောက် ။
" ငယ့်သားကသွားချင်လို့ဖင်တကြွကြွဖြစ်နေပြီလေငယ် "
အမျိုးသမီးငယ်ရှေ့မဖွယ်မရာလုပ်ပြတာမဟုတ်ပေမယ့် လုပ်ပြမှဖြစ်မယ့်ကိစ္စ ၊ မဟာထူးလွင်ကသူဦးဆောင်သူဖြစ်ကြောင်းသိပ်ပြချင်တာ ။
နိုင်ကဒါကိုရိပ်မိနေတာမို့ခပ်ဖွဖွပြုံးတော့ မဟာကမကျေနပ်တော့ ၊
သူမဟာ့ဘက်လှည့်ကာနှုတ်ခမ်းဖျားကိုဖိကပ်နမ်းပစ်လိုက်တော့မှသာလျှင်မှိုရသွားတဲ့မျက်နှာလိုပြုံးဖြီးသွားတော့သည် ။
" ခဏဘဲစောင့်လေမောင်ရဲ့ ငယ်ခဏနေပြီးပြီ "
ချက်ချင်းတွေအခေါ်အဝေါ်တွေပါပြောင်းလို့သူ့ကိုယ်သူ ငယ်ဆိုတော့ မဟာထူးလွင်ရဲ့မျက်ဝန်းညိုတွေဟာမမြင်ရလောက်အောင်ကိုပိတ်ကျသွားသည်အထိ ပြုံးနေသည် ။
အမျိုးသမီးငယ်ဟာမျက်နှာအပျက်ပျက်နှင့်ရှက်ကလဲရှက်စွာ ကမမ်းကတမ်းပြေးထွက်သွားလေ၏ ။
နိုင်ကတခုတ်တရပင်ရယ်တော့ မဟာသဘောကျစွာ ။
" သွား မင်းထိုင်နေတော့ လူရှေ့လာကလူနေတယ် "
နားနေခန်းဝင်ဖို့လှည့်သွားတဲ့နိုင့်ဖင်ကို ဖျန်းခနဲရိုက်လို့ညှစ်ချလိုက်တော့ နိုင်ကလက်ပြန်လက်ခလည်ထောင်ပြသွားလေသည် ။
အဟင်း ၊ သိပ်ချစ်ဖို့ကောင်းတဲ့အရိုင်းတုံးလေး ။
/
" ဘေဘီမပြေးရဘူး "
ပန်းခြံထဲတစ်တောက်တောက်နဲ့ပြေးနေတဲ့သားကိုသူဖမ်းပင်မမိတော့ နိုင့်ကိုလှည့်ကြည့်တော့ ဖျာခင်းပေါ်မှာစာအုပ်အပီအပြင်ဖတ်နေတာ ။ သူ့ကျသားကိုထိန်းဆိုပြီးလွှတ်ထားရက်တယ်ပေါ့ ။
နေပါစေဦးသားပင်ပန်းပြီးအိပ်သွားမှတွေ့မယ် ။
သားစိတ်ကျေနပ်သည်အထိဆော့ပေးလို့ စားချင်တဲ့မုန့်တွေပါကျွေးတော့သားကဗိုက်လဲဝဆော့ရတာလဲညောင်းလို့ပင်ပန်းပြီးအိပ်ပျော်သွားရှာသည် ။ သားကိုဖျာပေါ်ဘဲသေချာချလို့သိပ်လိုက်ပြီး နိုင့်ဘက်သွားကာစာအုပ်ကိုဆွဲလုတော့ နိုင့်ရဲ့တွန့်ချိုးထားတဲ့မျက်ခုံးနဲ့အလိုမကျတဲ့အကြည့်ကို လက်ခံရရှိလေ၏ ။ ဒါပေမယ့်လဲသူဂရုမစိုက်ပါ ။ နိုင့်ကိုရင်ခွင်ထဲဆွဲထည့်လို့ဆံနွယ်တွေဖွသပ်တော့ နိုင်ကအခဲမကျေသေးတာမို့သူ့ရင်အုပ်ကိုကုန်းကိုင်လေသည် ။
" နာရင်အော်ရမှာကိုမသိဘူးလား "
" အော် ငယ်ကမောင့်ကိုနာစေချင်တဲ့စိတ်နဲ့ကိုက်လိုက်တာလား "
သူပြောတော့မှနိုင်ကရှက်သွားစွာ ၊ မဟာထူးလွင်သိပ်စကားတတ်လာတယ် ။
" ငယ့်အမျိုးသားလေးကလဲရှက်တတ်လိုက်တာလွန်ရော "
ခေါင်းလုံးလေးအားဖိကပ်နမ်းတော့ နိုင်ကသူ့ရင်ခွင်ထဲအလုံးစုံမှီဝင်လာသည် ။
" မောင့်ရဲ့တိမ်စိုင်လေးလုပ်မလား မောင်ကကမ္ဘာကြီးလုပ်မယ်လေ "
" တိမ်စိုင်တွေကပြေးနေတတ်တာလေမောင်ရဲ့ "
" အဲ့ဒီတိမ်စိုင်တွေက ကမ္ဘာရဲ့အဝေးဆုံးထိပြေးလို့ရလို့လား "
ဟုတ်သား ၊ ဘယ်တုန်းကများကမ္ဘာကိုချန်ပြီးထွက်ပြေးသွားလို့ရခဲ့လဲ ၊ သူကကမ္ဘာကိုဘဲရစ်ဝဲပြီးလှည့်ပတ်နေခဲ့တဲ့တိမ်မျှင်တွေမို့လား ၊ အင်း ...နိုင်ကတော့ မောင့်အနားရစ်ပတ်နေမယ့် တိမ်လေးပေါ့ ။
" မောင် မင်းဒီနေ့ဘာဆေးမှားစားလာလဲ "
" ငယ့်အချစ်တွေမောင်စားလာမိတယ်ထင်တယ် ဟားဟား "
ခွန်းတုံ့ပြန်လိုက်တာနဲ့သဲသွားတဲ့မျက်နှာနုနုကိုငုံကြည့်လို့ သူတဘောတကျပင်ရယ်မိသည် ။
နိုင်ရှက်နေပြီ ။
" ဘယ်လိုလုပ်ရပါ့မလဲ ဒီလောက်ချစ်စရာကောင်းပုံကောင်းနည်းနဲ့ဆို "
" မောင့်ခံတွင်းထဲငါ့ကိုခေါက်ပြီးထည့်ငုံထားလိုက်လေ "
" ဟား ငယ်ရယ် "
အကျောမခံတဲ့နိုင့်ကြောင့်သူတစ်ကယ်ကိုပင်အူယားလာရသည် ။ ဒါပေမယ့်နိုင့်ကိုဖွဲ့ဖွဲ့နွဲ့နွဲ့ပြောတာမျိုးထက် အတ္တစကားတွေပြောတာကိုပိုနှစ်ခြိုက်ပါသည် ။
" ပြောပါဦး မောင့်အပေါ်ထားတဲ့အတ္တဆိုတာကြီးတွေ "
" အင်း.. မောင့်ကိုငါဘဲထိတွေ့ကိုင်တွယ်ချင်တာ
မောင့်မျက်ရည်တွေငါ့ကြောင့်ဘဲကျစေရမယ် ၊ သားတောင်အစိုးမရစေရဘူးမောင် ငါဘဲပျော်ရွှင်စေမယ် ၊ မောင်ငါကလောဘလဲကြီးသေးတယ် မင်းကိုငါဘဲပိုင်ချင်တာ "
" ကိစ္စမရှိဘူး ငယ့်လောဘတွေကိုလဲငါချစ်တယ် "
သူတို့တဘောတကျရယ်ဖြစ်ကြသည် ။
အခွင့်အရေးပေးခဲ့ရလို့သူမှားတယ်လို့မထင်တော့ဘဲ ကံကောင်းတယ်လို့ခံစားလာရသည် ။ တစ်ကယ်ကိုမဟာကသူနဲ့သားကိုဘဲမျက်လုံးထဲရှိနေခဲ့တာမို့လား ။
မောင့်မေးဖျားကနေဆွဲချလို့နှုတ်ခမ်းတို့ရစ်ပတ်ရှုပ်ထွေးတော့ မောင့်လျှာတွေကကျင်လည်စွာသူ့နှုတ်ခမ်းနှစ်လွှာထဲတိုးဝင်လာသည် ။ စိုအိတဲ့လျှာရဲ့အထိအတွေ့ကိုမိန်းမောခံစားရင်း နှုတ်ခမ်းပါးတို့ကိုနက်နက်နဲနဲစုပ်ယူမိသည် ။ အာခေါင်ထဲထိသူ့လျှာကိုမွှေနှောက်မိတော့ နိုင်ကအနမ်းကိုအရှိန်မြင့်ဖို့ကြိုးစား၏ ။ တဖြေးဖြေးသူ့ပေါင်ပေါ်ခွလျက်အနေအထားဖြစ်လာတဲ့နိုင့်ကြောင့်ခါးကျဥ်ကို ထိန်းကိုင်ရင်းသူမော့နမ်းမိစဲပင် ။ ကော့ပျံနေတဲ့နိုင်ကသိပ်ကိုလှနေလိမ့်မယ် ။
ပြွတ်! အမ်း!..
သူ့ရဲ့ရင်ဘတ်တွေကိုပွတ်သပ်လာတဲ့နိုင့်လက်တွေကိုဆုပ်ကိုင်လို့ တင်သားရပ်ဝန်းကိုလုံးချေပစ်လိုက်တော့ နိုင့်ရဲ့လက်တစ်ဖက်က သူ့နားဖျားကိုပွတ်သပ်လာသည် ။ ခုထိသူတို့နှုတ်ခမ်းတွေအဆက်မပြတ်သေးဘူး ၊
နောက်ဆုံးပိတ်အားပြင်းပြင်းနှင့်အောက်နှုတ်ခမ်းကို ဖိကိုက်ကာဆွဲစုပ်ပြီးလွှတ်ပေးလိုက်တာနဲ့ နိုင်ကသူ့ပုခုံးပေါ်ခေါင်းမှီချလာသည် ။
ဟောဟဲလိုက်ကာမောနေ၏တင်သားရပ်ဝန်းတွေကိုပယ်နယ်စွာညှစ်ချေတော့ နိုင်ကတားနိုင်ခြင်းမရှိ ၊
" ဒယ်ဒီ့ နိုး! "
ရုတ်တရက်အိပ်နေတဲ့သားဆီမှ မျက်ခုံးလေးတွန့်ချိုးကာထယောင်တာမို့ နိုင်ကမောနေရင်းကနေရယ်မိသည် ။ အိပ်မက်ထဲမှာတောင်သူ့ဖအေကိုဘာတွေတွန့်တိုနေမှန်းမသိ ။ ဒီကောင်လေးကဖအေတူသားပေမယ့် နိုင့်ကိုတော့တွန့်တိုသည် ။
/
" ဖေ ဖေ ထထ ဖေ ဒယ်ဒီ ဖေနှိုး ဖေနှိုး ဒယ်ဒီ "
အိပ်ပျော်နေတဲ့နိုင့်ဗိုက်ပေါ်အတင်းခွထိုင်လို့နှိုးနေတဲ့သားကြောင့် မဖွင့်ချင် ဖွင့်ချင်နှင့်နိုင်မျက်လုံးတို့ကိုလေးပင်စွာဖွင့်ရသည် ။
အမလေး ၊ မဟာသားကိုလုပ်ပေးလိုက်ပြီ ။ သားရဲ့ဆံပင်ကိုထိပ်တည့်တည့်မှာကြက်တောင်စည်းပေးထားတာ ။ ဆံပင်စည်းတယ်ဆိုတာ ဆွဲစုထားတာမို့လို့ သားရဲ့ဦးရေပြားနာမည်ဆိုးတာကြောင့် နိုင်ကကြက်တောင်စည်းပေးရတာမကြိုက် ။ မဟာ့ကိုပျော်နေပေမယ့်လဲမဟာစည်းပေးမြဲစည်းပေးစဲ ။
အခန်းထဲမျက်လုံးကစားတော့ တွေ့ပါပြီ ကော်ဖီခွက်လက်ထဲကိုင်လို့ laptop ကိုစိုက်ကြည့်နေတဲ့မဟာ ။ သူ့ကြည့်တော့လဲသားနည်းတူကြက်တောင်စည်းကြီးနဲ့ ။ ဘယ်လိုစိတ်ကူးတွေပေါက်နေကြတာပါလိမ့် ။
" မောင်သားကိုကြက်တောင်မစည်းပေးဖို့ငါခဏခဏပြောတယ် "
သူသားရဲ့ခေါင်းကိုဖြည်ဖို့လုပ်တော့သားကနောက်ကိုဖင်တိုးဆုတ်သွားသည် ။
" နိုး ဖေ ၊ နိုး ၊ လှ ၊ ဘေဘီ လှ "
သူ့ရင်ဘတ်ကြီးသူပုတ်ပြလို့သူ့ကိုယ်သူလှတယ်ဆိုပြီးပြောနေတဲ့သားကြောင့်သူအူယားစွာချိုင်းကနေဆွဲပွေ့လို့ တရွှတ်ရွှတ်နမ်းတော့သားကတခတ်ခတ်ကိုပင်ရယ်လို့လူးလိမ့်နေသည် ။
ငါ့သားကအချောလေး ၊
" ဒီနေ့သားကမာမီတို့နဲ့အိပ်မယ့်ည ငယ် "
သားကတစ်ပါတ်ကိုတစ်ရက်သူ့ဘွားအေတို့နဲ့သွားအိပ်သည်မို့ သူတို့သွားပို့ရသည် ။ ညတင်အိပ်တာမဟုတ်ဘဲ ဘိုးအေဘွားအေကမြေးဦးကိုအလိုလိုက်တော့ မနက်ထဲကသွားသောင်းကျန်းချင်တာဖြစ်သည် ။ ဒါကိုနိုင်သိပြီးသား ၊ ဟိုမှာဆို သားကိုသိပ်အလိုလိုက်တာ ပြောတော့လဲပြောရုံဘဲရှိသည် အလိုလိုက်မြဲလိုက်ဆဲ ။
မပို့ချင်လို့လဲမရ ၊ မြေးလေးတစ်ယောက်ထဲရှိတာမို့ သူတို့ဘက်ကကြည့်ရင်လဲ အလိုလိုက်တာဟာမမှားပါလေ ။
" ဒယ်ဒီလာခေါ်ပြီလား သူတို့ဒီနေ့ဘုရားလဲသွားကြဦးမှာဆို "
" ဒယ်ဒီ့ကားကလာနေပြီငယ် သားကိုပြင်ပေးလိုက်တော့ "
မဟာ့စကားကိုအာရုံစိုက်နားထောင်နေတုန်း သားကသူ့တီရှပ်အင်္ကျီထဲခေါင်းလျှိုဝင်သွားတာမို့ နိုင်ကကြောင်တောင်တောင် ၊ ဒီဘက်လှည့်ပြောနေတဲ့မဟာကတော့ ပြူးပြူးပျာပျာနဲ့ကမမ်းကတမ်းပြေးထလာလေသည် ။ သူပြေးထလာတဲ့အချိန်မှသားကနိုင့်နို့ကိုလှမ်းဟပ်မိပြီးဖြစ်သည် ။
" မဏ္ဍိုင်ထူးလွင်!! ငါ့ယောက်ျားနို့ကိုအခုလွှတ်ပြီးထွက်ခဲ့ "
နိုင်ကသားရဲ့ကျောပြင်ကိုထိန်းကိုင်ပြီး အူလှိမ့်အောင်ရယ်ပါတော့သည် ။
ဘယ့်နှယ့် ၊ ၃ နှစ်ဘဲရှိနေပြီကို နို့ကိုခုမှသတိရလို့လာဟပ်တာ ။
တပြွတ်ပြွတ်နဲ့သူ့နို့ကိုပယ်ပယ်နယ်နယ်ကိုစုပ်နေရှာတဲ့သားကြောင့် မဟာ့မျက်နှာကြီးကမဲသဲလို့ ။
ကလေးတုန်းကတော့ကလေးမို့လို့နို့စို့တာမပြောလိုပါ ။ ခုအရွယ်ရောက်ကာမှသူပိုင်တဲ့နို့တွေကိုလာထိတာတော့မဟုတ်သေးဘူး ။
" ဘေဘီ လာ ဒယ်ဒီနဲ့အသီးသွားစားမယ် "
ခါးကနေဆွဲလို့ခေါ်တော့ ကော့ထိုးပြီးရုန်းရှာသည် ။ သူဟပ်ထားတဲ့နိုင့်နို့တွေကိုတော့မလွှတ်ပေး ။
" မဏ္ဍိုင်ထူးလွင်!! ငါ့ရတနာတွေကိုမင်းအခုမလွှတ်ဘူးလား "
သားကဖအေတူသား အကြောကြီးတယ် ၊
ဒေါသထွက်လာသူက နိုင့်အင်္ကျီကိုလည်ပင်းထိရောက်အောင်မြှောက်ပြီး သားကိုဆွဲခေါ်တော့ သားကလဲဒေါသတကြီးသူ့ဖအေမျက်နှာကိုဖတ်ခနဲနေအောင်ရိုက်ချလိုက်သည် ။ နိုင့်ခမျာရယ်နေရတာမဆုံးတော့ ။ သားအဖနှစ်ယောက်နဲ့တော့ သူရိုးကိုမရိုးရပေ ။
" အောက်မှာ ဘိုးဘိုးကြီးလာပြီ မခေါ်ဘဲနေလိမ့်မယ် "
ဒီတော့ကာမှသူ့ဖအေပါးကိုတဖြတ်ဖြတ်ပြန်နမ်းလို့ရှိသမျှသွားလေးကျိုးတို့ကျဲတဲနဲ့ပြုံးပြရှာသည် ။ သားကိုသူပြင်ပေးမနေတော့ဘဲထည့်ပေးလိုက်တော့သည် ။ ဒါမျိုးကျကောက်နေအောင်ပါသွားတာဘဲ တစ်ချက်မငြင်း ။
အပေါ်ထပ်အခန်းဆီကျန်ခဲ့တဲ့နိုင့်ဆီသွားလို့ သူကုတင်ပေါ်ကနိုင့်ကိုတွန်းလှဲလိုက်တော့နိုင်က သူ့အောက်မှာပက်လက် ။
" မင်းတို့သားအဖကတစ်ပုံစံထဲ "
သူပြောတာကိုဂရုမစိုက်ဘဲ ရှပ်အင်္ကျီကိုလည်တိုင်ထိရောက်အောင်လှန်တင်လိုက်ပြီး နိုင့်ခမျာတွန်းဖယ်ချိန်ပင်မရ သူ့ရဲ့ပန်းဖျော့ရောင်ထိပ်သီးကိုမဟာကဆွဲငုံသွားပြီဖြစ်သည် ။
" အာ! ဟင့်! ဘာလုပ်တာလဲ "
သားနဲ့တောင်ပြိုင်ပြီးသဝန်တိုနေတာကမလွန်လွန်းဘူးလား မဟာထူးလွင် ၊
" အာ့! ခွေးကောင် မကိုက်နဲ့ "
သူ့လက်တွေကိုဖိချုပ်လို့လုပ်ချင်တိုင်းတွေလုပ်နေတဲ့ မဟာ့ကြောင့်သူ့ခမျာမလူးသာမလွန့်သာ ။
ပြွတ်
" ဒါမောင့်အပိုင် "
ခပ်ပြင်းပြင်းတစ်ချက်ဆွဲစုပ်ပြီးပြောလာတဲ့စကားကြောင့် နိုင်ကမျက်နှာရှုံ့မဲ့သွားသည် ။
" ဘယ်သူမှမပိုင်ဘူး ငါ့ကိုယ်မှာရှိတဲ့ပစ္စည်း ငါ့အပိုင် "
သူပြောတော့မဟာကမျက်နှာကြီးမဲကျလို့
နိုင့်ကိုဆုံးမမှရတော့မည် ။
ဒီလိုမျိုး ၊ အရိုးရှင်းဖွဲ့နွဲ့ရရင်ချစ်ခြင်းမေတ္တာ အားနွဲ့တာအားသာတာနဲ့လဲမဆိုင်ပါဘူး ၊ သွင်ကြည်နိုင်ဟာသန်မာပေမယ့် မဟာ့ရှေ့မှာသီးသန့်အားနည်းပြတာမျိုးရှိမယ် ၊ သူသည်အဖက်ဖက်မှာ ပြည့်ပြည့်ဝဝသန်မာတဲ့လူမျိုး ၊ ချစ်လို့ထွေးပွေ့ခံတာဘဲရှိပါတယ် ဘယ်သူကများကိုယ်ချစ်တဲ့သူကိုနာအောင်လုပ်ရက်မလဲပေါ့ ၊ မောင့်အပေါ်လွှမ်းမိုးခွင့်ရတယ်ဆိုတိုင်းသူထင်တိုင်းမကျဲပါဘူး ၊ မောင့်ကိုသူထိန်းချုပ်ထားပေမယ့် မောင်က သူ့အတွက်ဆိုတာကလွဲရင်ကျန်တာမောင့်ဆုံးဖြတ်ချက်ဘဲမဟုတ်လား ။
/
နိုင့်ကိုရင်ခွင်ထဲထည့်လို့ထုံးစံအတိုင်းဝရန်တာမှာသူတို့ထိုင်နေကြသည် ။
" ဘယ်အထိဆက်ချစ်မလဲမောင် "
" သံသရာဆုံးတဲ့အထိပေါ့ ငယ်ရယ် "
" ငါတို့ပုခုံးစွန်းတွေထပ်ဝင်တိုက်ဖြစ်ဦးမှာလား "
" ငယ့်ဝင်တိုက်ချင်စိတ်မရှိရင်တောင် မောင်ဝင်တိုက်ဖြစ်အောင်ကြိုးစားမယ် "
သူပြောတော့ နိုင်ကပြုံးတယ် ။
ကျေနပ်တဲ့အပြုံး ၊ ဂုဏ်ယူတဲ့အပြုံး ။ သဘောတကျဘဲလေ ။ မောင်ကသူ့ကိုဘယ်အခြေအနေမှာမဆိုဆွဲထားမှာသေချာနေပြီ ။
" ဒီည ကြယ်တွေလှတယ် "
" အင်း.. ငယ့်နီးနီးပါဘဲ "
" ဟားဟား မဟာထူးလွင် မင်းသိပ်တတ်တယ် "
အကျယ်တလောင်ရယ်မောနေသူရဲ့နားထင်စပ်ကို သူခပ်ဖွဖွဖိနမ်းလိုက်ပြီးဟက်ခနဲရယ်လိုက်သည် ။ ငယ်ကသူစကားတတ်တာဘဲမြင်တာ လေတိုးသံတိုင်းမှာ သူ့ကိုချစ်ကြောင်းပြောနေကြတာကိုမကြားဘူး ။
တိုးဖွဖွရယ်သံလား မက်မက်မောမောရယ်သံလား
ဘယ်လိုအသံနေနေ ငယ့်ရဲ့အလုံးစုံဟာ
ဂစ်တာကြိုးဖျားထက်ကလှိမ့်ဆင်းလာတဲ့သံစဥ်ချိုတွေလေ ။
" မင်းကငါ့အပိုင် "
" အင်း ငယ့်အပိုင် သံသရာအဆုံးထိမောင့်ကိုအပိုင်သိမ်းသွား "
တမော့တမောနဲ့နှုတ်ခမ်းဖျားကိုလှမ်းဟပ်နမ်းမိသည် ၊ ငါ့အပိုင် ငါ့အပိုင် ငါ့အပိုင် ၊ တဘောတကျရေရွတ်မိတယ် ။ သံသရာဟာဘယ်နှပါတ်လည်လည် မဟာထူးလွင်ဟာ သွင်ကြည်နိုင်အတွက်ဘဲဖြစ်ရမယ် ။ အတ္တတွေနဲ့ချုပ်နှောင်ထားပေမယ့် သူတို့ကြားမှာ ချစ်ခြင်းမေတ္တာတစ်ကယ်စစ်ကြပါတယ် ။
ခက်ခဲခဲ့ကြတဲ့ဆက်ဆံရေးတွေပေမယ့်
ယောက်ျားလားမိန်းမလား
အို... ရှုပ်ရှက်ခက်လို့
ချစ်ကြတာဘဲ ဘာထူးဆန်းသလဲ ။
Ciel
3052021
( ယောက်ျားလားမိန်းမလား
အိုရှုပ်ရှက်ခက်လို့
ချစ်ကြတာဘဲ ဘာထူးဆန်းသလဲ ။ )
ဤစာပိုဒ်၏မူရင်းအပြည့်အစုံကိုတစ်ခြားနေရာတွင်မျက်မှန်းတန်းကာ တွေ့ခဲ့ဖူးသည်ဟုထင်ပါသည် ။
ဤကားဖွင့်ဟဝန်ခံချက် ။
မဏ္ဍိုင်ထူးလွင်ကဖအေတူသား !
End
Extraမသေချာတာမို့ကြိုတင်နှုတ်ဆက်လိုက်ပါပြီ ။
သွင်ကြည်နိုင်ကိိုချစ်တဲ့ မဟာထူးလွင်ကိုချစ်တဲ့ မဏ္ဍိုင်ထူးလွင်ကိုလုမယ့် စာဖတ်သူများ အစမှအဆုံးထိလိုက်ပါပေးခဲ့သည့် သူများအား ကျေးဇူးအထူးတင်ရှိပါသည် ။
မပြည့်ဝမှုများစွာအတွက် အားနာစိတ်မကောင်းစွာဖြင့် တောင်းပန်အပ်ပါသည် ။
မိမိ၏ တစ်ခုတည်းသောပိုင်ဆိုင်မှုဖြစ်သည့် ဇာတ်ကောင်များ ၊ မတိကျသောဇာတ်ဝင်ခန်းများနှင့် အဖိုးထိုက်သည့် ဇာတ်သုံးစကားများအား တစ်ခြားဇာတ်အိမ်တွင်အခွင့်မရှိထုတ်နုတ်သုံးစွဲထားပါကာ အားမနာစတမ်းလာရောက်အသိပေးပေးပါ ။
ဤကားစကားချပ် ။
အကယ်၍မိမိမှပြန်လည်တူညီခဲ့သည်ရှိသော်လဲ အားမနာစတမ်းဝေဖန်ထောက်ပြပေးပါ ။
" အဲ့မမ ေဖ့ကိုႀကိဳက္ ဒယ္ဒီ "
ႏႈတ္ခမ္းေလးေထာ္လို႔ ေကာင္တာမွာထိုင္ေနတဲ့သူ႕ဖေအနဲ႕ ေငြရွင္းေနတဲ့အမ်ိဳးသမီးကိုလက္ညွိုးထိုးရင္းေျပာလာတဲ့သားေၾကာင့္ သူေမာ့ၾကည့္လိုက္သည္ ၊ အင္း ေဘးလူၾကည့္ရင္ေတာင္ ေတာ္ေတာ္သိသာေနၿပီ ၊
ကေလးဆန္တာလို႔ဘဲဆိုဆို သူတစ္ကယ္နိုင့္အနားလူေတြဝိုင္းေနမွာကိုသေဘာမက်ပါ ၊ သူကနိုင္နဲ႕မတူဘူး ။
သားကိုခဏထားခဲ့လို႔သူေကာင္တာဆီလွမ္းသြားရင္းမတ္တပ္ရပ္ေနသူရဲ႕ခါးကိုဆြဲကာသူ႕ဘက္ကပ္လိုက္ေတာ့ နိုင္ကရင္ခြင္ထဲအလိုအေလွ်ာက္ ။
" ငယ့္သားကသြားခ်င္လို႔ဖင္တႂကြႂကြျဖစ္ေနၿပီေလငယ္ "
အမ်ိဳးသမီးငယ္ေရွ႕မဖြယ္မရာလုပ္ျပတာမဟုတ္ေပမယ့္ လုပ္ျပမွျဖစ္မယ့္ကိစၥ ၊ မဟာထူးလြင္ကသူဦးေဆာင္သူျဖစ္ေၾကာင္းသိပ္ျပခ်င္တာ ။
နိုင္ကဒါကိုရိပ္မိေနတာမို႔ခပ္ဖြဖြၿပဳံးေတာ့ မဟာကမေက်နပ္ေတာ့ ၊
သူမဟာ့ဘက္လွည့္ကာႏႈတ္ခမ္းဖ်ားကိုဖိကပ္နမ္းပစ္လိုက္ေတာ့မွသာလွ်င္မွိုရသြားတဲ့မ်က္ႏွာလိုၿပဳံးၿဖီးသြားေတာ့သည္ ။
" ခဏဘဲေစာင့္ေလေမာင္ရဲ႕ ငယ္ခဏေနၿပီးၿပီ "
ခ်က္ခ်င္းေတြအေခၚအေဝၚေတြပါေျပာင္းလို႔သူ႕ကိုယ္သူ ငယ္ဆိုေတာ့ မဟာထူးလြင္ရဲ႕မ်က္ဝန္းညိုေတြဟာမျမင္ရေလာက္ေအာင္ကိုပိတ္က်သြားသည္အထိ ၿပဳံးေနသည္ ။
အမ်ိဳးသမီးငယ္ဟာမ်က္ႏွာအပ်က္ပ်က္ႏွင့္ရွက္ကလဲရွက္စြာ ကမမ္းကတမ္းေျပးထြက္သြားေလ၏ ။
နိုင္ကတခုတ္တရပင္ရယ္ေတာ့ မဟာသေဘာက်စြာ ။
" သြား မင္းထိုင္ေနေတာ့ လူေရွ႕လာကလူေနတယ္ "
နားေနခန္းဝင္ဖို႔လွည့္သြားတဲ့နိုင့္ဖင္ကို ဖ်န္းခနဲရိုက္လို႔ညွစ္ခ်လိဳက္ေတာ့ နိုင္ကလက္ျပန္လက္ခလည္ေထာင္ျပသြားေလသည္ ။
အဟင္း ၊ သိပ္ခ်စ္ဖို႔ေကာင္းတဲ့အရိုင္းတုံးေလး ။
/
" ေဘဘီမေျပးရဘူး "
ပန္းၿခံထဲတစ္ေတာက္ေတာက္နဲ႕ေျပးေနတဲ့သားကိုသူဖမ္းပင္မမိေတာ့ နိုင့္ကိုလွည့္ၾကည့္ေတာ့ ဖ်ာခင္းေပၚမွာစာအုပ္အပီအျပင္ဖတ္ေနတာ ။ သူ႕က်သားကိုထိန္းဆိုၿပီးလႊတ္ထားရက္တယ္ေပါ့ ။
ေနပါေစဦးသားပင္ပန္းၿပီးအိပ္သြားမွေတြ႕မယ္ ။
သားစိတ္ေက်နပ္သည္အထိေဆာ့ေပးလို႔ စားခ်င္တဲ့မုန့္ေတြပါေကြၽးေတာ့သားကဗိုက္လဲဝေဆာ့ရတာလဲေညာင္းလို႔ပင္ပန္းၿပီးအိပ္ေပ်ာ္သြားရွာသည္ ။ သားကိုဖ်ာေပၚဘဲေသခ်ာခ်လိဳ႕သိပ္လိုက္ၿပီး နိုင့္ဘက္သြားကာစာအုပ္ကိုဆြဲလုေတာ့ နိုင့္ရဲ႕တြန႔္ခ်ိဳးထားတဲ့မ်က္ခုံးနဲ႕အလိုမက်တဲ့အၾကည့္ကို လက္ခံရရွိေလ၏ ။ ဒါေပမယ့္လဲသူဂ႐ုမစိုက္ပါ ။ နိုင့္ကိုရင္ခြင္ထဲဆြဲထည့္လို႔ဆံႏြယ္ေတြဖြသပ္ေတာ့ နိုင္ကအခဲမေက်ေသးတာမို႔သူ႕ရင္အုပ္ကိုကုန္းကိုင္ေလသည္ ။
" နာရင္ေအာ္ရမွာကိုမသိဘူးလား "
" ေအာ္ ငယ္ကေမာင့္ကိုနာေစခ်င္တဲ့စိတ္နဲ႕ကိုက္လိုက္တာလား "
သူေျပာေတာ့မွနိုင္ကရွက္သြားစြာ ၊ မဟာထူးလြင္သိပ္စကားတတ္လာတယ္ ။
" ငယ့္အမ်ိဳးသားေလးကလဲရွက္တတ္လိုက္တာလြန္ေရာ "
ေခါင္းလုံးေလးအားဖိကပ္နမ္းေတာ့ နိုင္ကသူ႕ရင္ခြင္ထဲအလုံးစုံမွီဝင္လာသည္ ။
" ေမာင့္ရဲ႕တိမ္စိုင္ေလးလုပ္မလား ေမာင္ကကမၻာႀကီးလုပ္မယ္ေလ "
" တိမ္စိုင္ေတြကေျပးေနတတ္တာေလေမာင္ရဲ႕ "
" အဲ့ဒီတိမ္စိုင္ေတြက ကမၻာရဲ႕အေဝးဆုံးထိေျပးလို႔ရလို႔လား "
ဟုတ္သား ၊ ဘယ္တုန္းကမ်ားကမၻာကိုခ်န္ၿပီးထြက္ေျပးသြားလို႔ရခဲ့လဲ ၊ သူကကမၻာကိုဘဲရစ္ဝဲၿပီးလွည့္ပတ္ေနခဲ့တဲ့တိမ္မွ်င္ေတြမို႔လား ၊ အင္း ...နိုင္ကေတာ့ ေမာင့္အနားရစ္ပတ္ေနမယ့္ တိမ္ေလးေပါ့ ။
" ေမာင္ မင္းဒီေန႕ဘာေဆးမွားစားလာလဲ "
" ငယ့္အခ်စ္ေတြေမာင္စားလာမိတယ္ထင္တယ္ ဟားဟား "
ခြန္းတုံ႕ျပန္လိုက္တာနဲ႕သဲသြားတဲ့မ်က္ႏွာႏုႏုကိုငုံၾကည့္လို႔ သူတေဘာတက်ပင္ရယ္မိသည္ ။
နိုင္ရွက္ေနၿပီ ။
" ဘယ္လိုလုပ္ရပါ့မလဲ ဒီေလာက္ခ်စ္စရာေကာင္းပုံေကာင္းနည္းနဲ႕ဆို "
" ေမာင့္ခံတြင္းထဲငါ့ကိုေခါက္ၿပီးထည့္ငုံထားလိုက္ေလ "
" ဟား ငယ္ရယ္ "
အေက်ာမခံတဲ့နိုင့္ေၾကာင့္သူတစ္ကယ္ကိုပင္အူယားလာရသည္ ။ ဒါေပမယ့္နိုင့္ကိုဖြဲ႕ဖြဲ႕ႏြဲ႕ႏြဲ႕ေျပာတာမ်ိဳးထက္ အတၱစကားေတြေျပာတာကိုပိုႏွစ္ၿခိဳက္ပါသည္ ။
" ေျပာပါဦး ေမာင့္အေပၚထားတဲ့အတၱဆိုတာႀကီးေတြ "
" အင္း.. ေမာင့္ကိုငါဘဲထိေတြ႕ကိုင္တြယ္ခ်င္တာ
ေမာင့္မ်က္ရည္ေတြငါ့ေၾကာင့္ဘဲက်ေစရမယ္ ၊ သားေတာင္အစိုးမရေစရဘူးေမာင္ ငါဘဲေပ်ာ္႐ႊင္ေစမယ္ ၊ ေမာင္ငါကေလာဘလဲႀကီးေသးတယ္ မင္းကိုငါဘဲပိုင္ခ်င္တာ "
" ကိစၥမရွိဘူး ငယ့္ေလာဘေတြကိုလဲငါခ်စ္တယ္ "
သူတို႔တေဘာတက်ရယ္ျဖစ္ၾကသည္ ။
အခြင့္အေရးေပးခဲ့ရလို႔သူမွားတယ္လို႔မထင္ေတာ့ဘဲ ကံေကာင္းတယ္လို႔ခံစားလာရသည္ ။ တစ္ကယ္ကိုမဟာကသူနဲ႕သားကိုဘဲမ်က္လုံးထဲရွိေနခဲ့တာမို႔လား ။
ေမာင့္ေမးဖ်ားကေနဆြဲခ်လိဳ႕ႏႈတ္ခမ္းတို႔ရစ္ပတ္ရႈပ္ေထြးေတာ့ ေမာင့္လွ်ာေတြကက်င္လည္စြာသူ႕ႏႈတ္ခမ္းႏွစ္လႊာထဲတိုးဝင္လာသည္ ။ စိုအိတဲ့လွ်ာရဲ႕အထိအေတြ႕ကိုမိန္းေမာခံစားရင္း ႏႈတ္ခမ္းပါးတို႔ကိုနက္နက္နဲနဲစုပ္ယူမိသည္ ။ အာေခါင္ထဲထိသူ႕လွ်ာကိုေမႊႏွောက္မိေတာ့ နိုင္ကအနမ္းကိုအရွိန္ျမင့္ဖို႔ႀကိဳးစား၏ ။ တေျဖးေျဖးသူ႕ေပါင္ေပၚခြလ်က္အေနအထားျဖစ္လာတဲ့နိုင့္ေၾကာင့္ခါးက်ဥ္ကို ထိန္းကိုင္ရင္းသူေမာ့နမ္းမိစဲပင္ ။ ေကာ့ပ်ံေနတဲ့နိုင္ကသိပ္ကိုလွေနလိမ့္မယ္ ။
ႁပြတ္! အမ္း!..
သူ႕ရဲ႕ရင္ဘတ္ေတြကိုပြတ္သပ္လာတဲ့နိုင့္လက္ေတြကိုဆုပ္ကိုင္လို႔ တင္သားရပ္ဝန္းကိုလုံးေခ်ပစ္လိုက္ေတာ့ နိုင့္ရဲ႕လက္တစ္ဖက္က သူ႕နားဖ်ားကိုပြတ္သပ္လာသည္ ။ ခုထိသူတို႔ႏႈတ္ခမ္းေတြအဆက္မျပတ္ေသးဘူး ၊
ေနာက္ဆုံးပိတ္အားျပင္းျပင္းႏွင့္ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ကာဆြဲစုပ္ၿပီးလႊတ္ေပးလိုက္တာနဲ႕ နိုင္ကသူ႕ပုခုံးေပၚေခါင္းမွီခ်လာသည္ ။
ေဟာဟဲလိုက္ကာေမာေန၏တင္သားရပ္ဝန္းေတြကိုပယ္နယ္စြာညွစ္ေခ်ေတာ့ နိုင္ကတားနိုင္ျခင္းမရွိ ၊
" ဒယ္ဒီ့ နိုး! "
႐ုတ္တရက္အိပ္ေနတဲ့သားဆီမွ မ်က္ခုံးေလးတြန့္ခ်ိဳးကာထေယာင္တာမို႔ နိုင္ကေမာေနရင္းကေနရယ္မိသည္ ။ အိပ္မက္ထဲမွာေတာင္သူ႕ဖေအကိုဘာေတြတြန့္တိုေနမွန္းမသိ ။ ဒီေကာင္ေလးကဖေအတူသားေပမယ့္ နိုင့္ကိုေတာ့တြန့္တိုသည္ ။
/
" ေဖ ေဖ ထထ ေဖ ဒယ္ဒီ ေဖႏွိုး ေဖႏွိုး ဒယ္ဒီ "
အိပ္ေပ်ာ္ေနတဲ့နိုင့္ဗိုက္ေပၚအတင္းခြထိုင္လို႔ႏွိုးေနတဲ့သားေၾကာင့္ မဖြင့္ခ်င္ ဖြင့္ခ်င္ႏွင့္နိုင္မ်က္လုံးတို႔ကိုေလးပင္စြာဖြင့္ရသည္ ။
အမေလး ၊ မဟာသားကိုလုပ္ေပးလိုက္ၿပီ ။ သားရဲ႕ဆံပင္ကိုထိပ္တည့္တည့္မွာၾကက္ေတာင္စည္းေပးထားတာ ။ ဆံပင္စည္းတယ္ဆိုတာ ဆြဲစုထားတာမို႔လို႔ သားရဲ႕ဦးေရျပားနာမည္ဆိုးတာေၾကာင့္ နိုင္ကၾကက္ေတာင္စည္းေပးရတာမႀကိဳက္ ။ မဟာ့ကိုေပ်ာ္ေနေပမယ့္လဲမဟာစည္းေပးၿမဲစည္းေပးစဲ ။
အခန္းထဲမ်က္လုံးကစားေတာ့ ေတြ႕ပါၿပီ ေကာ္ဖီခြက္လက္ထဲကိုင္လို႔ laptop ကိုစိုက္ၾကည့္ေနတဲ့မဟာ ။ သူ႕ၾကည့္ေတာ့လဲသားနည္းတူၾကက္ေတာင္စည္းႀကီးနဲ႕ ။ ဘယ္လိုစိတ္ကူးေတြေပါက္ေနၾကတာပါလိမ့္ ။
" ေမာင္သားကိုၾကက္ေတာင္မစည္းေပးဖို႔ငါခဏခဏေျပာတယ္ "
သူသားရဲ႕ေခါင္းကိုျဖည္ဖို႔လုပ္ေတာ့သားကေနာက္ကိုဖင္တိုးဆုတ္သြားသည္ ။
" နိုး ေဖ ၊ နိုး ၊ လွ ၊ ေဘဘီ လွ "
သူ႕ရင္ဘတ္ႀကီးသူပုတ္ျပလို႔သူ႕ကိုယ္သူလွတယ္ဆိုၿပီးေျပာေနတဲ့သားေၾကာင့္သူအူယားစြာခ်ိဳင္းကေနဆြဲေပြ႕လို႔ တ႐ႊတ္႐ႊတ္နမ္းေတာ့သားကတခတ္ခတ္ကိုပင္ရယ္လို႔လူးလိမ့္ေနသည္ ။
ငါ့သားကအေခ်ာေလး ၊
" ဒီေန႕သားကမာမီတို႔နဲ႕အိပ္မယ့္ည ငယ္ "
သားကတစ္ပါတ္ကိုတစ္ရက္သူ႕ဘြားေအတို႔နဲ႕သြားအိပ္သည္မို႔ သူတို႔သြားပို႔ရသည္ ။ ညတင္အိပ္တာမဟုတ္ဘဲ ဘိုးေအဘြားေအကေျမးဦးကိုအလိုလိုက္ေတာ့ မနက္ထဲကသြားေသာင္းက်န္းခ်င္တာျဖစ္သည္ ။ ဒါကိုနိုင္သိၿပီးသား ၊ ဟိုမွာဆို သားကိုသိပ္အလိုလိုက္တာ ေျပာေတာ့လဲေျပာ႐ုံဘဲရွိသည္ အလိုလိုက္ၿမဲလိုက္ဆဲ ။
မပို႔ခ်င္လို႔လဲမရ ၊ ေျမးေလးတစ္ေယာက္ထဲရွိတာမို႔ သူတို႔ဘက္ကၾကည့္ရင္လဲ အလိုလိုက္တာဟာမမွားပါေလ ။
" ဒယ္ဒီလာေခၚၿပီလား သူတို႔ဒီေန႕ဘုရားလဲသြားၾကဦးမွာဆို "
" ဒယ္ဒီ့ကားကလာေနၿပီငယ္ သားကိုျပင္ေပးလိုက္ေတာ့ "
မဟာ့စကားကိုအာ႐ုံစိုက္နားေထာင္ေနတုန္း သားကသူ႕တီရွပ္အကၤ်ီထဲေခါင္းလွ်ိုဝင္သြားတာမို႔ နိုင္ကေၾကာင္ေတာင္ေတာင္ ၊ ဒီဘက္လွည့္ေျပာေနတဲ့မဟာကေတာ့ ျပဴးျပဴးပ်ာပ်ာနဲ႕ကမမ္းကတမ္းေျပးထလာေလသည္ ။ သူေျပးထလာတဲ့အခ်ိန္မွသားကနိုင့္နို႔ကိုလွမ္းဟပ္မိၿပီးျဖစ္သည္ ။
" မ႑ိုင္ထူးလြင္!! ငါ့ေယာက္်ားနို႔ကိုအခုလႊတ္ၿပီးထြက္ခဲ့ "
နိုင္ကသားရဲ႕ေက်ာျပင္ကိုထိန္းကိုင္ၿပီး အူလွိမ့္ေအာင္ရယ္ပါေတာ့သည္ ။
ဘယ့္ႏွယ့္ ၊ ၃ ႏွစ္ဘဲရွိေနၿပီကို နို႔ကိုခုမွသတိရလို႔လာဟပ္တာ ။
တႁပြတ္ႁပြတ္နဲ႕သူ႕နို႔ကိုပယ္ပယ္နယ္နယ္ကိုစုပ္ေနရွာတဲ့သားေၾကာင့္ မဟာ့မ်က္ႏွာႀကီးကမဲသဲလို႔ ။
ကေလးတုန္းကေတာ့ကေလးမို႔လို႔နို႔စို႔တာမေျပာလိုပါ ။ ခုအ႐ြယ္ေရာက္ကာမွသူပိုင္တဲ့နို႔ေတြကိုလာထိတာေတာ့မဟုတ္ေသးဘူး ။
" ေဘဘီ လာ ဒယ္ဒီနဲ႕အသီးသြားစားမယ္ "
ခါးကေနဆြဲလို႔ေခၚေတာ့ ေကာ့ထိုးၿပီး႐ုန္းရွာသည္ ။ သူဟပ္ထားတဲ့နိုင့္နို႔ေတြကိုေတာ့မလႊတ္ေပး ။
" မ႑ိုင္ထူးလြင္!! ငါ့ရတနာေတြကိုမင္းအခုမလႊတ္ဘူးလား "
သားကဖေအတူသား အေၾကာႀကီးတယ္ ၊
ေဒါသထြက္လာသူက နိုင့္အကၤ်ီကိုလည္ပင္းထိေရာက္ေအာင္ျမႇောက္ၿပီး သားကိုဆြဲေခၚေတာ့ သားကလဲေဒါသတႀကီးသူ႕ဖေအမ်က္ႏွာကိုဖတ္ခနဲေနေအာင္ရိုက္ခ်လိဳက္သည္ ။ နိုင့္ခမ်ာရယ္ေနရတာမဆုံးေတာ့ ။ သားအဖႏွစ္ေယာက္နဲ႕ေတာ့ သူရိုးကိုမရိုးရေပ ။
" ေအာက္မွာ ဘိုးဘိုးႀကီးလာၿပီ မေခၚဘဲေနလိမ့္မယ္ "
ဒီေတာ့ကာမွသူ႕ဖေအပါးကိုတျဖတ္ျဖတ္ျပန္နမ္းလို႔ရွိသမွ်သြားေလးက်ိဳးတို႔က်ဲတဲနဲ႕ၿပဳံးျပရွာသည္ ။ သားကိုသူျပင္ေပးမေနေတာ့ဘဲထည့္ေပးလိုက္ေတာ့သည္ ။ ဒါမ်ိဳးက်ေကာက္ေနေအာင္ပါသြားတာဘဲ တစ္ခ်က္မျငင္း ။
အေပၚထပ္အခန္းဆီက်န္ခဲ့တဲ့နိုင့္ဆီသြားလို႔ သူကုတင္ေပၚကနိုင့္ကိုတြန္းလွဲလိုက္ေတာ့နိုင္က သူ႕ေအာက္မွာပက္လက္ ။
" မင္းတို႔သားအဖကတစ္ပုံစံထဲ "
သူေျပာတာကိုဂ႐ုမစိုက္ဘဲ ရွပ္အကၤ်ီကိုလည္တိုင္ထိေရာက္ေအာင္လွန္တင္လိုက္ၿပီး နိုင့္ခမ်ာတြန္းဖယ္ခ်ိန္ပင္မရ သူ႕ရဲ႕ပန္းေဖ်ာ့ေရာင္ထိပ္သီးကိုမဟာကဆြဲငုံသြားၿပီျဖစ္သည္ ။
" အာ! ဟင့္! ဘာလုပ္တာလဲ "
သားနဲ႕ေတာင္ၿပိဳင္ၿပီးသဝန္တိုေနတာကမလြန္လြန္းဘူးလား မဟာထူးလြင္ ၊
" အာ့! ေခြးေကာင္ မကိုက္နဲ႕ "
သူ႕လက္ေတြကိုဖိခ်ဳပ္လို႔လုပ္ခ်င္တိုင္းေတြလုပ္ေနတဲ့ မဟာ့ေၾကာင့္သူ႕ခမ်ာမလူးသာမလြန့္သာ ။
ႁပြတ္
" ဒါေမာင့္အပိုင္ "
ခပ္ျပင္းျပင္းတစ္ခ်က္ဆြဲစုပ္ၿပီးေျပာလာတဲ့စကားေၾကာင့္ နိုင္ကမ်က္ႏွာရႈံ႕မဲ့သြားသည္ ။
" ဘယ္သူမွမပိုင္ဘူး ငါ့ကိုယ္မွာရွိတဲ့ပစၥည္း ငါ့အပိုင္ "
သူေျပာေတာ့မဟာကမ်က္ႏွာႀကီးမဲက်လိဳ႕
နိုင့္ကိုဆုံးမမွရေတာ့မည္ ။
ဒီလိုမ်ိဳး ၊ အရိုးရွင္းဖြဲ႕ႏြဲ႕ရရင္ခ်စ္ျခင္းေမတၱာ အားႏြဲ႕တာအားသာတာနဲ႕လဲမဆိုင္ပါဘူး ၊ သြင္ၾကည္နိုင္ဟာသန္မာေပမယ့္ မဟာ့ေရွ႕မွာသီးသန့္အားနည္းျပတာမ်ိဳးရွိမယ္ ၊ သူသည္အဖက္ဖက္မွာ ျပည့္ျပည့္ဝဝသန္မာတဲ့လူမ်ိဳး ၊ ခ်စ္လို႔ေထြးေပြ႕ခံတာဘဲရွိပါတယ္ ဘယ္သူကမ်ားကိုယ္ခ်စ္တဲ့သူကိုနာေအာင္လုပ္ရက္မလဲေပါ့ ၊ ေမာင့္အေပၚလႊမ္းမိုးခြင့္ရတယ္ဆိုတိုင္းသူထင္တိုင္းမက်ဲပါဘူး ၊ ေမာင့္ကိုသူထိန္းခ်ဳပ္ထားေပမယ့္ ေမာင္က သူ႕အတြက္ဆိုတာကလြဲရင္က်န္တာေမာင့္ဆုံးျဖတ္ခ်က္ဘဲမဟုတ္လား ။
/
နိုင့္ကိုရင္ခြင္ထဲထည့္လို႔ထုံးစံအတိုင္းဝရန္တာမွာသူတို႔ထိုင္ေနၾကသည္ ။
" ဘယ္အထိဆက္ခ်စ္မလဲေမာင္ "
" သံသရာဆုံးတဲ့အထိေပါ့ ငယ္ရယ္ "
" ငါတို႔ပုခုံးစြန္းေတြထပ္ဝင္တိုက္ျဖစ္ဦးမွာလား "
" ငယ့္ဝင္တိုက္ခ်င္စိတ္မရွိရင္ေတာင္ ေမာင္ဝင္တိုက္ျဖစ္ေအာင္ႀကိဳးစားမယ္ "
သူေျပာေတာ့ နိုင္ကၿပဳံးတယ္ ။
ေက်နပ္တဲ့အၿပဳံး ၊ ဂုဏ္ယူတဲ့အၿပဳံး ။ သေဘာတက်ဘဲေလ ။ ေမာင္ကသူ႕ကိုဘယ္အေျခအေနမွာမဆိုဆြဲထားမွာေသခ်ာေနၿပီ ။
" ဒီည ၾကယ္ေတြလွတယ္ "
" အင္း.. ငယ့္နီးနီးပါဘဲ "
" ဟားဟား မဟာထူးလြင္ မင္းသိပ္တတ္တယ္ "
အက်ယ္တေလာင္ရယ္ေမာေနသူရဲ႕နားထင္စပ္ကို သူခပ္ဖြဖြဖိနမ္းလိုက္ၿပီးဟက္ခနဲရယ္လိုက္သည္ ။ ငယ္ကသူစကားတတ္တာဘဲျမင္တာ ေလတိုးသံတိုင္းမွာ သူ႕ကိုခ်စ္ေၾကာင္းေျပာေနၾကတာကိုမၾကားဘူး ။
တိုးဖြဖြရယ္သံလား မက္မက္ေမာေမာရယ္သံလား
ဘယ္လိုအသံေနေန ငယ့္ရဲ႕အလုံးစုံဟာ
ဂစ္တာႀကိဳးဖ်ားထက္ကလွိမ့္ဆင္းလာတဲ့သံစဥ္ခ်ိဳေတြေလ ။
" မင္းကငါ့အပိုင္ "
" အင္း ငယ့္အပိုင္ သံသရာအဆုံးထိေမာင့္ကိုအပိုင္သိမ္းသြား "
တေမာ့တေမာနဲ႕ႏႈတ္ခမ္းဖ်ားကိုလွမ္းဟပ္နမ္းမိသည္ ၊ ငါ့အပိုင္ ငါ့အပိုင္ ငါ့အပိုင္ ၊ တေဘာတက်ေရ႐ြတ္မိတယ္ ။ သံသရာဟာဘယ္ႏွပါတ္လည္လည္ မဟာထူးလြင္ဟာ သြင္ၾကည္နိုင္အတြက္ဘဲျဖစ္ရမယ္ ။ အတၱေတြနဲ႕ခ်ဳပ္ႏွောင္ထားေပမယ့္ သူတို႔ၾကားမွာ ခ်စ္ျခင္းေမတၱာတစ္ကယ္စစ္ၾကပါတယ္ ။
ခက္ခဲခဲ့ၾကတဲ့ဆက္ဆံေရးေတြေပမယ့္
ေယာက္်ားလားမိန္းမလား
အို... ရႈပ္ရွက္ခက္လို႔
ခ်စ္ၾကတာဘဲ ဘာထူးဆန္းသလဲ ။
Ciel
3052021
( ေယာက္်ားလားမိန္းမလား
အိုရႈပ္ရွက္ခက္လို႔
ခ်စ္ၾကတာဘဲ ဘာထူးဆန္းသလဲ ။ )
ဤစာပိုဒ္၏မူရင္းအျပည့္အစုံကိုတစ္ျခားေနရာတြင္မ်က္မွန္းတန္းကာ ေတြ႕ခဲ့ဖူးသည္ဟုထင္ပါသည္ ။
ဤကားဖြင့္ဟဝန္ခံခ်က္ ။
မ႑ိုင္ထူးလြင္ကဖေအတူသား !
End
Extraမေသခ်ာတာမို႔ႀကိဳတင္ႏႈတ္ဆက္လိုက္ပါၿပီ ။
သြင္ၾကည္နိုင္ကိိုခ်စ္တဲ့ မဟာထူးလြင္ကိုခ်စ္တဲ့ မ႑ိုင္ထူးလြင္ကိုလုမယ့္ စာဖတ္သူမ်ား အစမွအဆုံးထိလိုက္ပါေပးခဲ့သည့္ သူမ်ားအား ေက်းဇူးအထူးတင္ရွိပါသည္ ။
မျပည့္ဝမႈမ်ားစြာအတြက္ အားနာစိတ္မေကာင္းစြာျဖင့္ ေတာင္းပန္အပ္ပါသည္ ။
မိမိ၏ တစ္ခုတည္းေသာပိုင္ဆိုင္မႈျဖစ္သည့္ ဇာတ္ေကာင္မ်ား ၊ မတိက်ေသာဇာတ္ဝင္ခန္းမ်ားႏွင့္ အဖိုးထိုက္သည့္ ဇာတ္သုံးစကားမ်ားအား တစ္ျခားဇာတ္အိမ္တြင္အခြင့္မရွိထုတ္ႏုတ္သုံးစြဲထားပါကာ အားမနာစတမ္းလာေရာက္အသိေပးေပးပါ ။
ဤကားစကားခ်ပ္ ။
အကယ္၍မိမိမွျပန္လည္တူညီခဲ့သည္ရွိေသာ္လဲ အားမနာစတမ္းေဝဖန္ေထာက္ျပေပးပါ ။