နုံးချိနေတဲ့သူ့ခန္ဓာကိုသူလုံးဝကိုမလှုပ်ချင်တော့တာမို့ နိုးနေပေမယ့် မျက်ဝန်းတို့ဖိပိတ်ထားဆဲ ။
အနီစက်တွေအပြည့်နဲ့သူ့ခန္ဓာအပေါ်ပိုင်းကိုလဲသူလုံအောင်မဖုံးထားနိုင်တော့ ၊ လည်တိုင်ကစလို့ ရင်ညွန့်ရိုးတစ်လျှောက်မှ ကျောတစ်ပြင်လုံးအပြည့် မဟာကိုက်ခဲထားတဲ့အရာတွေ ၊ သူ့ပေါင်ခြံတွေမှာလဲရှိနေသေးတယ် ။
ခန္ဓာနှီးနှောတာကနှီးနှောတာ မနေ့ကိစ္စဒေါသထွက်တာကဒေါသထွက်တာပင် ၊ ဒီကောင့်ကိုတော့မကျေသေးဘူး ။ ချစ်ပေမယ့်အလိုမလိုက်နိုင်ပါ ဘယ့်နှယ့်ကိုယ်ကသူ့ကိုပစ်ထားမိလို့ သူ့နာမည်အပျက်ခံပြီးကိုသဝန်တိုအောင်လုပ်သတဲ့ ၊
မဟာထူးလွင်ဘယ်တုန်းက ကလေးဆန်တတ်သွားလဲမသိပေမယ့် သူဒီလိုမျိုးကိုယ့်ကိုယ်ကိုယ်နစ်နာစေတာမျိုးတွေကိုမကြိုက်ပါ ၊ သူ့ယောက်ျားသည် အမြဲဖြောင့်မှန်နေရမည် ၊ နာမည်တစ်စွန်းတစ်စကိုမှထိခိုက်ခံလို့မရ ၊ သူ့ယောက်ျားမို့လို့ကိုပိုပြီးဂုဏ်အသရေတင့်နေရမည် ။ ဒါသူ့အပေါ်ထားတဲ့နိုင့်ရဲ့အတ္တတွေထဲကတစ်ခုပေ ။
အိမ်မှာဒေါ်ကြီးမရှိတာမို့လို့ မနက်စာကိုယ်တိုင်ပြင်ဖို့လိုလေသည် ၊ အောက်စပ်မှကျဥ်စပ်ကာ နာနေတာကိုကြိုးစားအံတုလို့ သူထထိုင်လိုက်လေတော့ ၊ သိပ်မကြာခင်သူတစ်ကိုယ်လုံးမတ်နေအောင်ထိုင်နိုင်သွားပြီဖြစ်၏ ။
မောင့်ခန္ဓာကိုလှမ်းကြည့်တော့ ကြီးမားတဲ့ရင်အုပ်သားတွေအပြင် အိပ်နေရင်းတောင်ဖုဖောင်းနေတဲ့ဝမ်းဗိုက်ကြွက်သားတွေနဲ့မို့ မောင်ကသိပ်ကိုခန့်ညားသည် ။ ဒီရက်ပိုင်းမှထွက်လာဟန်တူတဲ့ စိမ်းညှို့ညှို့နှုတ်ခမ်းမွှေးတွေကြောင့် မောင်ကသူ့ကိုယ်သူပစ်ထားတာဘဲဆိုတဲ့အသိကဝင်လာတာမို့သဘောမကျ ၊ ကိုယ့်ကိုယ်ကိုယ်ပိုအပြစ်တင်မိတာဆိုပိုမှန်ပါလိမ့်မည် ၊ မောင့်လုပ်စာနဲ့တစ်သက်တာထိုင်စားလို့ရမှန်းသိနေလျက်နဲ့ သူ့မာနကြောင့်ဆိုင်ကိုသဲကြီးမဲကြီးလုပ်နေမိတာ မောင့်ကိုဂရုမစိုက်ရာရောက်နေလေပြီလား။
အင်းအဲလုပ်ကာနိုးလာတဲ့မဟာကငုတ်တုတ်ထိုင်နေတဲ့သူ့ကိုမြင်တော့ ခပ်ရေးရေးလေးပြုံးပြရှာသည် ။
" အဖျားဝင်နေပြီလား "
သူ့မျက်နှာလေးနွမ်းနေတာကိုသတိထားမိစွာကပျာကယာထလို့ သူ့နှဖူးပြင်ထက်လက်နဲ့အုပ်တင်တော့ ခပ်နွေးနွေးအငွေ့အသက်ကိုသူခံစားမိသွားပုံ ။
" ဖျားတော့မယ်ထင်တယ် နိုင် "
" အင်း ငါသိတယ် ထတော့ မင်းပြဿနာကိုသွားရှင်း "
ခပ်ဆတ်ဆတ်လေသံနဲ့ပြောတော့ မဟာထူးလွင်ကသူ့အပြစ်သူသိသွားပုံပေါ်သည် ၊
" မင်းမေ့နေတယ်ပြောရင် ငါထထိုးမှာနော်
မမေ့နဲ့ဦး မင်းယောက်ျား ဘယ်အဆင့်ထိရထားလဲဆိုတာ "
အာ ၊ ဒါသူ့ကိုခြိမ်းခြောက်တာလား ၊ သူခါးပတ်နက်ရထားတယ်ဆိုတာနဲ့မဟာ့ကိုခြိမ်းခြောက်တာပေါ့လေဒါက ။
" အင်း နေ့လည်ကျ နှစ်ယောက်လုံးကို မောင်သွားရှင်းပေးမယ် နော် "
ဟင့်အင်း ၊ သူဒီလိုပုံစံတွေမလိုချင်ဘူး ၊ နှစ်ယောက်လုံးရှင်းရအောင် မိုးနှောင်းသူရှုပ်ထားတဲ့ပြဿနာမို့လို့လား ။
" ငါ့ကိုပြော မင်းလုပ်ခဲ့တဲ့ပြဿနာအစစ်ကဘာလဲဆိုတာ "
သူခပ်တည်တည်ဘဲစိုက်ကြည့်လို့ပြောတော့ မဟာထူးလွင်ကသဘောပေါက်သွားစွာ ။
" အင်း အဲ့ဒီတစ်ယောက်ကိုငါအပြတ်ရှင်းလိုက်မယ် ငယ် "
သူမကျေနပ်သေးဘူး ၊ သူသတိပေးမှမဟာထူးလွင်သတိရတာမျိုးကိုမကြိုက်ဘူး
" မဟာ! "
မဟာ့မျက်နှာပြင်ပေါ်သူ့လက်တို့အုပ်မိုးလို့ ခပ်ဖွဖွပွတ်သပ်တော့ကြီးကောင်ကြီးမားနဲ့မဟာထူးလွင်က ကြောင်ပေါက်လေးသဖွယ်သူ့လက်တွေထဲမျက်နှာကလေးတိုးလို့လာသည် ။
" ငါမင်းကိုဘယ်တော့မှသတိမပေးချင်ဘူး နားလည်လား "
" အင်း ငယ်ကမောင့်ကိုအကောင်းဆုံးတွေဘဲဖြစ်စေချင်မှန်းမောင်နားလည်ပါတယ် "
" မင်းကငါ့ယောက်ျားမို့လို့ ၊ ငါဆိုတဲ့ကောင်ရဲ့ယောက်ျားဖြစ်နေတာမို့လို့ ဘယ်ကောင်နဲ့မှမတူအောင်နေပေး ၊ ဘယ်သူနဲ့မှမတူတဲ့ငါ့အတ္တတွေကို မင်းခံစားမိရဲ့လား "
" အတ္တလို့ဘာလို့ခေါင်းစဥ်တပ်ရက်တာလဲငယ်ရယ် ဒါမောင့်အတွက်တော့ငယ့်ချစ်ခြင်းမေတ္တာတွေပါ "
သူတစ်ချက်ပြုံးတော့ မဟာထူးလွင်ကသဘောကျစွာလိုက်ပြုံးလေသည် ။ မျက်ဝန်းညိုတွေဖိမှိတ်လို့သွားစွယ်ဖွေးဖွေးနဲ့မောင်ဟာ ပကတိပြိုင်စံရှားလူတစ်ယောက်လိုမျိုး ။
ငါ့ထိန်းမတ်မှုမဟုတ်ဘဲ ၊ ငါ့ထိန်းချုပ်မှုအောက်မှာဝပ်တွားနာခံတဲ့ကောင်မျိုး ၊ ငါ့အတွက်သူ့မာနတွေကိုချခင်းထားတဲ့ကောင်မျိုး ၊
အင်း.. ငါ့ကိုချစ်တဲ့ကောင် ။
" မင်းမလုပ်ခဲ့တဲ့ပြဿနာအတွက် မောင် မင်းဘယ်တော့မှမဖြေရှင်းရဘူး ၊ မောင့်ကိုငါကထွေးပွေ့ခံပေမယ့် ပျော့ညံ့မနေဘူးဆိုတာမင်းအသိဆုံးလေ "
" အင်းပေါ့အင်းပေါ့ မောင့်သက်လည်က မောင်ဘယ်တော့မှထပ်ရှာမတွေ့မယ့်အသန်မာဆုံးကောင်လေးလေ "
" အင်း မောင့်ဆီတိုက်ရိုက်လာတဲ့ပြဿနာတွေကို ငါဘဲကိုင်တွယ်ပါရစေ "
" ငယ့်သဘော "
" နောက်တစ်ခုရှိသေးတယ် "
သူပြောတော့မဟာထူးလွင်ကစိတ်ဝင်စားမှုအပြည့်ဖြင့်သူ့အားကြည့်နေ၏ ။
" ငါ့ဆီက attention တစ်ခုရဖို့ ငါပိုင်တဲ့မင်းသိက္ခာကိုအထိခိုက်မခံနဲ့ နားလည်လား "
ဒီတစ်ခါဒေါသသံတို့စွက်လာပြီမို့ မဟာကသတိကြီးကြီးထားစွာပင် နိုင့်ခါးတို့ကိုလှမ်းဖက်လို့ဗိုက်သားပြင်ထဲခေါင်းတိုးဝင်လိုက်သည် ။
" ငါငယ့်ဆီကသဝန်တိုတာလိုချင်လို့ သူများတွေဆို သူတို့လက်တွဲဖော် သာမန်ထက်ပိုပြီးလှနေရင်သူစိမ်းတွေကြည့်မှာဆိုးလို့ သဝန်တိုကြတယ်လေ ငယ့်ကျ.. "
" ဘာလို့လဲ ၊ ငါကငါ့ယောက်ျားခန့်ညားသပ်ရပ်နေမယ့်ပုံကို ဘာလို့တားရမှာလဲ ၊ ငါ့ယောက်ျားဆိုတာဒီလိုသန့်ပြန့်နေတဲ့ကောင်လို့ကြွားချင်တာ နားလည်လား ၊ မြင်သာမြင်မကြင်ရတဲ့ မင်းကိုငါပိုင်နေတယ်ဆိုပြီးမဏ္ဍိုင်တပ်ပြရတာက ငါ့ဘဝရဲ့ကျေနပ်မှုတစ်ခုဘဲ "
" ငယ်ရာ မင်းကိုမောင်လိုက်မမှီတော့ဘူး "
" မှီတဲ့နေရာကနေလိုက်ခဲ့မောင်ရဲ့ ငါဘဲတွဲခေါ်ပါရစေလားဟင် "
သူအသဲယားစွာထထိုင်လို့နားထင်ဖျားကိုခပ်ဖွဖွလှမ်းလို့ဖိကပ်နမ်းတော့ နိုင်ကသူ့အားတွန်းထုတ်သည် ။
" ပြဿနာရှင်းပြီးမှငါ့အသားကိုလာထိ "
သူ့စကားလုံးတွေကပြတ်သားစွာ ၊ နွေးထွေးညံ့သက်ခဲ့တဲ့အစောပိုင်းပုံရိပ်တွေက အဝေးကိုလွင့်ပါးသွားဟန်တူသည် ၊
နိုင်သူ့ကိုဒီလိုဆက်ဆံလို့နောင်တမရ ၊
သူရှင်းဖို့မကြိုးစားဘဲလျစ်လျူရှူခဲ့တဲ့ပြဿနာအတွက်လဲ လုံးဝနောင်တမရပါ ၊ နိုင့်ရဲ့သူများမတူတဲ့သူ့အပေါ်ကချစ်ခြင်းမေတ္တာကို သူမှားနေတဲ့အချိန်ထောက်ပြတဲ့အခါသိပ်ကိုလှသည်လို့ခံစားရသည်လေ ။
အင်း... ဒီလိုမျိုးအတွေးမတူတဲ့ကောင်လေးကြောင့် တစ်နေ့ထက်တစ်နေ့သူ့မှာပိုရူးရမူးရ ချစ်မြတ်နိုးရခြင်းဖြစ်သည် ။
/
" ကျွန်တော့်ရဲ့ဖြေရှင်းမှုတွေကြန့်ကြာခဲ့ရင်တောင်းပန်ပါတယ် ကြာလာရင်မိန်းကလေးရဲ့သိက္ခာတွေပိုပြီးထိခိုက်နစ်နာမှာဆိုးလို့ ဖြေရှင်းလိုက်တာပါ ၊ နောက်ပြီးကျွန်တော့်အမျိုးသားရှိပါတယ် ၊ ဒါကသိတဲ့လူလဲရှိသလို မသိရင်လဲမသိဘူးပေါ့ အဲ့ဒီအတွက်ဒါကိုရှိကြောင်းပြောပါရစေ ၊ ကျွန်တော့်အိမ်ထောင်ရေးနဲ့ပတ်သပ်တဲ့မေးခွန်းတွေကိုတော့ ရှင်းလင်းပွဲရဲ့လိုရင်းနဲ့မဆိုင်လို့မဖြေတော့ပါဘူး ၊ ကျေးဇူးပါ "
Suit ကိုအကျအနပြန်လို့သူ ခန်းမထက်ကနေဆင်းလာလိုက်သည် ၊ ဒီနေ့ကျမှပုဆိုးနဲ့ရှပ်လက်ရှည်အဖြူနဲ့ဖြစ်နေတဲ့ကိုစိုင်းလူကြောင့်အနည်းငယ်တော့အံ့သြမိသား ၊
" ကျွန်တော်ကားမောင်းသွားလိုက်မယ်ကိုစိုင်းလူ လိုက်မပို့နဲ့တော့ ဒီနေ့ကစပြီးခွင့်ယူမယ်မဟုတ်လား "
" ဟုတ်ကဲ့ ခဏနေရင်သွားတော့မှာ ဆရာ "
သူထပ်ပြီးမေးမနေတော့ဘဲ ခေါင်းတစ်ချက်ငြိမ့်ပြကာ သူ့ကားပေါ်သာတက်လာလိုက်တော့သည် ၊ နိုင်ကမာမီတို့ဆီရှိနေမလား ၊
သူမာမီ့ဆီရောက်တော့ သားကသူ့ကိုမြင်တာနဲ့အပြေးလေးထွက်လာရှာသည် ။
" ဒယ် ဒီ့! "
သူ့လည်တိုင်ကြားခေါင်းတိုးဝင်လာရင်းချွဲနေတဲ့သားကို တင်းနေအောင်ဖက်လို့ ကျောပြင်လေးပွတ်ပေးတော့ သားကငြိမ်ငြိမ်ကလေးနေရှာသည် ။
" ဖေရော ဒယ်ဒီ ဖေ့ "
သူ့မျက်နှာကိုလက်ဖဝါးသေးသေးလေးတွေနဲ့အုပ်ကိုင်လို့မေးတော့ မဟာထူးလွင်ကရယ်မိသည် ။
" ဘေဘီရဲ့ဖေဖေကဒီကိုမလာသေးဘူးလား "
" ဟင့်အင်း ဖေရှိဝူး ဒယ်ဒီ ဖေရှိဝူး "
လက်လေးတွေကိုခါပြလို့နှုတ်ခမ်းလေးမဲ့မျက်ခုံးလေးတွန့်ချိုးထားပုံက လုံးဝကိုသူ့မိတ္တူပေါက်စလေးလိုမျိုး ၊ နိုင်ပြောနေကျစကားကမှန်သည် သားကသူနဲ့သိပ်တူတာ ။
ကြည့်ရတာနိုင်ကနေမကောင်းဖြစ်နေလျက်နဲ့လွန်းနှောင်းဆီသွားပုံရသည် ၊ ဆိုးဆိုးရွားရွားကြီးတော့ဘာမှဖြစ်မလာပါစေနဲ့ ၊ ပြောရတာမဟုတ် သူ့မှာထပ်ခါထပ်ခါစိတ်ပူလို့ဘုရားတရတဲ့အကြိမ်တွေကမနည်း ။
/
မာမီတို့ကိုနှုတ်ဆက်ပြီး သားနဲ့ကြီးမေကိုခေါ်လို့သာအိမ်ပြန်လာခဲ့သည် ။ မာမီကညကကိစ္စကိုဘဲထပ်တလဲလဲမေးချင်နေတာသူမနေချင်တော့လို့ပြေးလာတာလဲပါပါ၏ ။
အိမ်ရောက်တော့ဧည့်ခန်းမှာ နိုင်ကဆိုဖာနောက်မှီပေါ်မှီနွဲ့လို့ခေါင်းကိုလှန်ချထားသည် ။ နိုင်ဖျားပြီထင်တယ် ။
" ကြီးမေ သားကိုခေါ်သွားပြီအသီးတစ်ခုခုကျွေးပေးပါဦး တစ်အောင့်ကြာရင်ရေချိုးပေးပါ "
" အင့်! ဒယ်ဒီ "
သူ့လည်တိုင်ကိုကျစ်နေအောင်ဖက်ပြီးရှုံ့မဲ့နေတဲ့သားကြောင့်
" အိ့! အိ့! "
" အာ ကြီးမေသားကိုအသီးနောက်မှကျွေးတော့ အိမ်သာပို့ပေးပါဦး "
သားကိုကြီးမေလက်ထဲလွှဲထည့်ပေးတော့ သားကကြီးမေရဲ့လည်တိုင်ကိုကျစ်နေအောင်ဖက်ပြီးပါသွားသည် ၊ ဖင်ကိုကျစ်နေအောင်လိမ်ဖယ်ထားတာဘဲ ။
နိုင်ကသူတို့ရောက်နေတာသိပေမယ့် မျက်လုံးဖွင့်ကြည့်မလာ ၊ တစ်ကယ်ဖျားပြီထင်ပါတယ် ။
" သားကိုဒီနေ့ငါနဲ့ဝေးရာမှာထား "
နွမ်းလျတဲ့အသံနှင့်ပြောလာတဲ့နိုင့်ဆီအသာလှမ်းလို့ဒကောက်ကွေးကနေဖြေးညှင်းစွာကောက်ပွေ့တော့ နိုင်ကသူ့လည်တိုင်ကိုလက်တို့ခိုတွဲရင်း ရင်အုပ်ကျယ်ဆီမျက်နှာအုပ်ထားလေသည် ။
" မောင်ပြောနေတဲ့ကြားကငယ်အပြင်သွားတယ် "
" အင်းဟင်း မောင်ငါ့ကိုဆူတာလား "
" မဆူရက်ပါဘူး မောင့်အသက်ကို "
" ဆူလို့လဲမရပါဘူး ၊ ဖျားနေပေမယ့်လက်ကျန်အားနဲ့ငါ့ကိုဆူရင်ချမှာ "
" သိပါတယ် သိပါတယ် ကိုယ့်အမျိုးသားလေးအကြောင်းကိုယ်သိပါတယ် "
" အဟင်း! မောင့်ကိုချစ်လိုက်တာ "
သူပြောတော့မဟာထူးလွင်ကဟက်ဟက်ပက်ပက်ပင် သဘောတကျနှင့်ရယ်လေ၏ ။
" ကိုယ်ကလဲနိုင့်ကိုချစ်ပါ့ဗျာ "
ကုတင်ပေါ်အသာအယာချပေးတော့ နိုင်ကမဟာ့ဂုတ်တွေကိုမလွှတ်ပေး ၊ ဒါကိုမဟာထူးလွင်ကပင်အလိုက်သတိနှင့် ဘေးတွင်ဝင်လှဲလို့နိုင့်ကိုယ်လုံးကိုရင်ခွင်ထဲထည့်သိပ်ရသည် ။ ဒီအချိန်ဆေးတိုက်လို့လဲမောင်သွင်ကြည်နိုင်တို့က ပါးစပ်ပင်ဟမည်မဟုတ်ပါချေ ။
" မောင့်ရင်ခွင်ကြီးကအမြဲနွေးနေတော့တာဘဲ "
" ကြိုက်လား "
ခေါင်းလုံးလေးအားဖိကပ်နမ်းတော့ နိုင်ကသူ့မေးဖျားကိုပြန်လှမ်းနမ်းပြီးရင်ခွင်ထဲပိုတိုးဝင်လာသည် ။
" အရမ်းကြိုက်လွန်းလို့ ငါ့ဆီကအဖျားတွေ မောင့်ဆီပို့ပေးမယ် ယူနော် "
" ဟားး ဟားး လက်ခံဖို့အသင့်ပါခင်ဗျာ "
ငါမောင့်ကိုချစ်တယ် ၊ ဒါငါ့ဘဝတစ်သက်တာနဲ့သက်သေပြသွားရမယ့် စကားတစ်ခွန်း ၊
ထပ်ပြီး မောင်ဆိုတာကတော့ငါ့အပိုင် ၊
မောင်ပြောတဲ့ချစ်ခြင်းမေတ္တာပါဆိုတဲ့ ငါ့အတ္တတွေထဲနစ်မွန်းနေမယ့်ကောင် ။ ငါ့ခြေဖျားမှာဆိုပေမယ့် ဘယ်ကောင်မှထိဖို့မထိုက်တန်တဲ့ကောင် ၊ အင်း... ငါ့ရဲ့မောင် ။
#Ciel
3052021
မဏ္ဍိုင်ထူးလွင်ကဖအေတူသား!
ႏုံးခ်ိေနတဲ့သူ႕ခႏၶာကိုသူလုံးဝကိုမလႈပ္ခ်င္ေတာ့တာမို႔ နိုးေနေပမယ့္ မ်က္ဝန္းတို႔ဖိပိတ္ထားဆဲ ။
အနီစက္ေတြအျပည့္နဲ႕သူ႕ခႏၶာအေပၚပိုင္းကိုလဲသူလုံေအာင္မဖုံးထားနိုင္ေတာ့ ၊ လည္တိုင္ကစလို႔ ရင္ၫြန့္ရိုးတစ္ေလွ်ာက္မွ ေက်ာတစ္ျပင္လုံးအျပည့္ မဟာကိုက္ခဲထားတဲ့အရာေတြ ၊ သူ႕ေပါင္ၿခံေတြမွာလဲရွိေနေသးတယ္ ။
ခႏၶာႏွီးႏွောတာကႏွီးႏွောတာ မေန႕ကိစၥေဒါသထြက္တာကေဒါသထြက္တာပင္ ၊ ဒီေကာင့္ကိုေတာ့မေက်ေသးဘူး ။ ခ်စ္ေပမယ့္အလိုမလိုက္နိုင္ပါ ဘယ့္ႏွယ့္ကိုယ္ကသူ႕ကိုပစ္ထားမိလို႔ သူ႕နာမည္အပ်က္ခံၿပီးကိုသဝန္တိုေအာင္လုပ္သတဲ့ ၊
မဟာထူးလြင္ဘယ္တုန္းက ကေလးဆန္တတ္သြားလဲမသိေပမယ့္ သူဒီလိုမ်ိဳးကိုယ့္ကိုယ္ကိုယ္နစ္နာေစတာမ်ိဳးေတြကိုမႀကိဳက္ပါ ၊ သူ႕ေယာက္်ားသည္ အၿမဲေျဖာင့္မွန္ေနရမည္ ၊ နာမည္တစ္စြန္းတစ္စကိုမွထိခိုက္ခံလို႔မရ ၊ သူ႕ေယာက္်ားမို႔လို႔ကိုပိုၿပီးဂုဏ္အသေရတင့္ေနရမည္ ။ ဒါသူ႕အေပၚထားတဲ့နိုင့္ရဲ႕အတၱေတြထဲကတစ္ခုေပ ။
အိမ္မွာေဒၚႀကီးမရွိတာမို႔လို႔ မနက္စာကိုယ္တိုင္ျပင္ဖို႔လိုေလသည္ ၊ ေအာက္စပ္မွက်ဥ္စပ္ကာ နာေနတာကိုႀကိဳးစားအံတုလို႔ သူထထိုင္လိုက္ေလေတာ့ ၊ သိပ္မၾကာခင္သူတစ္ကိုယ္လုံးမတ္ေနေအာင္ထိုင္နိုင္သြားၿပီျဖစ္၏ ။
ေမာင့္ခႏၶာကိုလွမ္းၾကည့္ေတာ့ ႀကီးမားတဲ့ရင္အုပ္သားေတြအျပင္ အိပ္ေနရင္းေတာင္ဖုေဖာင္းေနတဲ့ဝမ္းဗိုက္ႂကြက္သားေတြနဲ႕မို႔ ေမာင္ကသိပ္ကိုခန့္ညားသည္ ။ ဒီရက္ပိုင္းမွထြက္လာဟန္တူတဲ့ စိမ္းညွို႔ညွို႔ႏႈတ္ခမ္းေမႊးေတြေၾကာင့္ ေမာင္ကသူ႕ကိုယ္သူပစ္ထားတာဘဲဆိုတဲ့အသိကဝင္လာတာမို႔သေဘာမက် ၊ ကိုယ့္ကိုယ္ကိုယ္ပိုအျပစ္တင္မိတာဆိုပိုမွန္ပါလိမ့္မည္ ၊ ေမာင့္လုပ္စာနဲ႕တစ္သက္တာထိုင္စားလို႔ရမွန္းသိေနလ်က္နဲ႕ သူ႕မာနေၾကာင့္ဆိုင္ကိုသဲႀကီးမဲႀကီးလုပ္ေနမိတာ ေမာင့္ကိုဂ႐ုမစိုက္ရာေရာက္ေနေလၿပီလား။
အင္းအဲလုပ္ကာနိုးလာတဲ့မဟာကငုတ္တုတ္ထိုင္ေနတဲ့သူ႕ကိုျမင္ေတာ့ ခပ္ေရးေရးေလးၿပဳံးျပရွာသည္ ။
" အဖ်ားဝင္ေနၿပီလား "
သူ႕မ်က္ႏွာေလးႏြမ္းေနတာကိုသတိထားမိစြာကပ်ာကယာထလို႔ သူ႕ႏွဖူးျပင္ထက္လက္နဲ႕အုပ္တင္ေတာ့ ခပ္ႏြေးႏြေးအေငြ႕အသက္ကိုသူခံစားမိသြားပုံ ။
" ဖ်ားေတာ့မယ္ထင္တယ္ နိုင္ "
" အင္း ငါသိတယ္ ထေတာ့ မင္းျပႆနာကိုသြားရွင္း "
ခပ္ဆတ္ဆတ္ေလသံနဲ႕ေျပာေတာ့ မဟာထူးလြင္ကသူ႕အျပစ္သူသိသြားပုံေပၚသည္ ၊
" မင္းေမ့ေနတယ္ေျပာရင္ ငါထထိုးမွာေနာ္
မေမ့နဲ႕ဦး မင္းေယာက္်ား ဘယ္အဆင့္ထိရထားလဲဆိုတာ "
အာ ၊ ဒါသူ႕ကိုၿခိမ္းေျခာက္တာလား ၊ သူခါးပတ္နက္ရထားတယ္ဆိုတာနဲ႕မဟာ့ကိုၿခိမ္းေျခာက္တာေပါ့ေလဒါက ။
" အင္း ေန႕လည္က် ႏွစ္ေယာက္လုံးကို ေမာင္သြားရွင္းေပးမယ္ ေနာ္ "
ဟင့္အင္း ၊ သူဒီလိုပုံစံေတြမလိုခ်င္ဘူး ၊ ႏွစ္ေယာက္လုံးရွင္းရေအာင္ မိုးႏွောင္းသူရႈပ္ထားတဲ့ျပႆနာမို႔လို႔လား ။
" ငါ့ကိုေျပာ မင္းလုပ္ခဲ့တဲ့ျပႆနာအစစ္ကဘာလဲဆိုတာ "
သူခပ္တည္တည္ဘဲစိုက္ၾကည့္လို႔ေျပာေတာ့ မဟာထူးလြင္ကသေဘာေပါက္သြားစြာ ။
" အင္း အဲ့ဒီတစ္ေယာက္ကိုငါအျပတ္ရွင္းလိုက္မယ္ ငယ္ "
သူမေက်နပ္ေသးဘူး ၊ သူသတိေပးမွမဟာထူးလြင္သတိရတာမ်ိဳးကိုမႀကိဳက္ဘူး
" မဟာ! "
မဟာ့မ်က္ႏွာျပင္ေပၚသူ႕လက္တို႔အုပ္မိုးလို႔ ခပ္ဖြဖြပြတ္သပ္ေတာ့ႀကီးေကာင္ႀကီးမားနဲ႕မဟာထူးလြင္က ေၾကာင္ေပါက္ေလးသဖြယ္သူ႕လက္ေတြထဲမ်က္ႏွာကေလးတိုးလို႔လာသည္ ။
" ငါမင္းကိုဘယ္ေတာ့မွသတိမေပးခ်င္ဘူး နားလည္လား "
" အင္း ငယ္ကေမာင့္ကိုအေကာင္းဆုံးေတြဘဲျဖစ္ေစခ်င္မွန္းေမာင္နားလည္ပါတယ္ "
" မင္းကငါ့ေယာက္်ားမို႔လို႔ ၊ ငါဆိုတဲ့ေကာင္ရဲ႕ေယာက္်ားျဖစ္ေနတာမို႔လို႔ ဘယ္ေကာင္နဲ႕မွမတူေအာင္ေနေပး ၊ ဘယ္သူနဲ႕မွမတူတဲ့ငါ့အတၱေတြကို မင္းခံစားမိရဲ႕လား "
" အတၱလို႔ဘာလို႔ေခါင္းစဥ္တပ္ရက္တာလဲငယ္ရယ္ ဒါေမာင့္အတြက္ေတာ့ငယ့္ခ်စ္ျခင္းေမတၱာေတြပါ "
သူတစ္ခ်က္ၿပဳံးေတာ့ မဟာထူးလြင္ကသေဘာက်စြာလိုက္ၿပဳံးေလသည္ ။ မ်က္ဝန္းညိုေတြဖိမွိတ္လို႔သြားစြယ္ေဖြးေဖြးနဲ႕ေမာင္ဟာ ပကတိၿပိဳင္စံရွားလူတစ္ေယာက္လိုမ်ိဳး ။
ငါ့ထိန္းမတ္မႈမဟုတ္ဘဲ ၊ ငါ့ထိန္းခ်ဳပ္မႈေအာက္မွာဝပ္တြားနာခံတဲ့ေကာင္မ်ိဳး ၊ ငါ့အတြက္သူ႕မာနေတြကိုခ်ခင္းထားတဲ့ေကာင္မ်ိဳး ၊
အင္း.. ငါ့ကိုခ်စ္တဲ့ေကာင္ ။
" မင္းမလုပ္ခဲ့တဲ့ျပႆနာအတြက္ ေမာင္ မင္းဘယ္ေတာ့မွမေျဖရွင္းရဘူး ၊ ေမာင့္ကိုငါကေထြးေပြ႕ခံေပမယ့္ ေပ်ာ့ညံ့မေနဘူးဆိုတာမင္းအသိဆုံးေလ "
" အင္းေပါ့အင္းေပါ့ ေမာင့္သက္လည္က ေမာင္ဘယ္ေတာ့မွထပ္ရွာမေတြ႕မယ့္အသန္မာဆုံးေကာင္ေလးေလ "
" အင္း ေမာင့္ဆီတိုက္ရိုက္လာတဲ့ျပႆနာေတြကို ငါဘဲကိုင္တြယ္ပါရေစ "
" ငယ့္သေဘာ "
" ေနာက္တစ္ခုရွိေသးတယ္ "
သူေျပာေတာ့မဟာထူးလြင္ကစိတ္ဝင္စားမႈအျပည့္ျဖင့္သူ႕အားၾကည့္ေန၏ ။
" ငါ့ဆီက attention တစ္ခုရဖို႔ ငါပိုင္တဲ့မင္းသိကၡာကိုအထိခိုက္မခံနဲ႕ နားလည္လား "
ဒီတစ္ခါေဒါသသံတို႔စြက္လာၿပီမို႔ မဟာကသတိႀကီးႀကီးထားစြာပင္ နိုင့္ခါးတို႔ကိုလွမ္းဖက္လို႔ဗိုက္သားျပင္ထဲေခါင္းတိုးဝင္လိုက္သည္ ။
" ငါငယ့္ဆီကသဝန္တိုတာလိုခ်င္လို႔ သူမ်ားေတြဆို သူတို႔လက္တြဲေဖာ္ သာမန္ထက္ပိုၿပီးလွေနရင္သူစိမ္းေတြၾကည့္မွာဆိုးလို႔ သဝန္တိုၾကတယ္ေလ ငယ့္က်.. "
" ဘာလို႔လဲ ၊ ငါကငါ့ေယာက္်ားခန့္ညားသပ္ရပ္ေနမယ့္ပုံကို ဘာလို႔တားရမွာလဲ ၊ ငါ့ေယာက္်ားဆိုတာဒီလိုသန့္ျပန့္ေနတဲ့ေကာင္လို႔ႂကြားခ်င္တာ နားလည္လား ၊ ျမင္သာျမင္မၾကင္ရတဲ့ မင္းကိုငါပိုင္ေနတယ္ဆိုၿပီးမ႑ိုင္တပ္ျပရတာက ငါ့ဘဝရဲ႕ေက်နပ္မႈတစ္ခုဘဲ "
" ငယ္ရာ မင္းကိုေမာင္လိုက္မမွီေတာ့ဘူး "
" မွီတဲ့ေနရာကေနလိုက္ခဲ့ေမာင္ရဲ႕ ငါဘဲတြဲေခၚပါရေစလားဟင္ "
သူအသဲယားစြာထထိုင္လို႔နားထင္ဖ်ားကိုခပ္ဖြဖြလွမ္းလို႔ဖိကပ္နမ္းေတာ့ နိုင္ကသူ႕အားတြန္းထုတ္သည္ ။
" ျပႆနာရွင္းၿပီးမွငါ့အသားကိုလာထိ "
သူ႕စကားလုံးေတြကျပတ္သားစြာ ၊ ႏြေးေထြးညံ့သက္ခဲ့တဲ့အေစာပိုင္းပုံရိပ္ေတြက အေဝးကိုလြင့္ပါးသြားဟန္တူသည္ ၊
နိုင္သူ႕ကိုဒီလိုဆက္ဆံလို႔ေနာင္တမရ ၊
သူရွင္းဖို႔မႀကိဳးစားဘဲလ်စ္လ်ဴရႉခဲ့တဲ့ျပႆနာအတြက္လဲ လုံးဝေနာင္တမရပါ ၊ နိုင့္ရဲ႕သူမ်ားမတူတဲ့သူ႕အေပၚကခ်စ္ျခင္းေမတၱာကို သူမွားေနတဲ့အခ်ိန္ေထာက္ျပတဲ့အခါသိပ္ကိုလွသည္လို႔ခံစားရသည္ေလ ။
အင္း... ဒီလိုမ်ိဳးအေတြးမတူတဲ့ေကာင္ေလးေၾကာင့္ တစ္ေန႕ထက္တစ္ေန႕သူ႕မွာပို႐ူးရမူးရ ခ်စ္ျမတ္နိုးရျခင္းျဖစ္သည္ ။
/
" ကြၽန္ေတာ့္ရဲ႕ေျဖရွင္းမႈေတြၾကန့္ၾကာခဲ့ရင္ေတာင္းပန္ပါတယ္ ၾကာလာရင္မိန္းကေလးရဲ႕သိကၡာေတြပိုၿပီးထိခိုက္နစ္နာမွာဆိုးလို႔ ေျဖရွင္းလိုက္တာပါ ၊ ေနာက္ၿပီးကြၽန္ေတာ့္အမ်ိဳးသားရွိပါတယ္ ၊ ဒါကသိတဲ့လူလဲရွိသလို မသိရင္လဲမသိဘူးေပါ့ အဲ့ဒီအတြက္ဒါကိုရွိေၾကာင္းေျပာပါရေစ ၊ ကြၽန္ေတာ့္အိမ္ေထာင္ေရးနဲ႕ပတ္သပ္တဲ့ေမးခြန္းေတြကိုေတာ့ ရွင္းလင္းပြဲရဲ႕လိုရင္းနဲ႕မဆိုင္လို႔မေျဖေတာ့ပါဘူး ၊ ေက်းဇူးပါ "
Suit ကိုအက်အနျပန္လို႔သူ ခန္းမထက္ကေနဆင္းလာလိုက္သည္ ၊ ဒီေန႕က်မွပုဆိုးနဲ႕ရွပ္လက္ရွည္အျဖဴနဲ႕ျဖစ္ေနတဲ့ကိုစိုင္းလူေၾကာင့္အနည္းငယ္ေတာ့အံ့ၾသမိသား ၊
" ကြၽန္ေတာ္ကားေမာင္းသြားလိုက္မယ္ကိုစိုင္းလူ လိုက္မပို႔နဲ႕ေတာ့ ဒီေန႕ကစၿပီးခြင့္ယူမယ္မဟုတ္လား "
" ဟုတ္ကဲ့ ခဏေနရင္သြားေတာ့မွာ ဆရာ "
သူထပ္ၿပီးေမးမေနေတာ့ဘဲ ေခါင္းတစ္ခ်က္ၿငိမ့္ျပကာ သူ႕ကားေပၚသာတက္လာလိုက္ေတာ့သည္ ၊ နိုင္ကမာမီတို႔ဆီရွိေနမလား ၊
သူမာမီ့ဆီေရာက္ေတာ့ သားကသူ႕ကိုျမင္တာနဲ႕အေျပးေလးထြက္လာရွာသည္ ။
" ဒယ္ ဒီ့! "
သူ႕လည္တိုင္ၾကားေခါင္းတိုးဝင္လာရင္းခြၽဲေနတဲ့သားကို တင္းေနေအာင္ဖက္လို႔ ေက်ာျပင္ေလးပြတ္ေပးေတာ့ သားကၿငိမ္ၿငိမ္ကေလးေနရွာသည္ ။
" ေဖေရာ ဒယ္ဒီ ေဖ့ "
သူ႕မ်က္ႏွာကိုလက္ဖဝါးေသးေသးေလးေတြနဲ႕အုပ္ကိုင္လို႔ေမးေတာ့ မဟာထူးလြင္ကရယ္မိသည္ ။
" ေဘဘီရဲ႕ေဖေဖကဒီကိုမလာေသးဘူးလား "
" ဟင့္အင္း ေဖရွိဝူး ဒယ္ဒီ ေဖရွိဝူး "
လက္ေလးေတြကိုခါျပလို႔ႏႈတ္ခမ္းေလးမဲ့မ်က္ခုံးေလးတြန့္ခ်ိဳးထားပုံက လုံးဝကိုသူ႕မိတၱဴေပါက္စေလးလိုမ်ိဳး ၊ နိုင္ေျပာေနက်စကားကမွန္သည္ သားကသူနဲ႕သိပ္တူတာ ။
ၾကည့္ရတာနိုင္ကေနမေကာင္းျဖစ္ေနလ်က္နဲ႕လြန္းႏွောင္းဆီသြားပုံရသည္ ၊ ဆိုးဆိုး႐ြား႐ြားႀကီးေတာ့ဘာမွျဖစ္မလာပါေစနဲ႕ ၊ ေျပာရတာမဟုတ္ သူ႕မွာထပ္ခါထပ္ခါစိတ္ပူလို႔ဘုရားတရတဲ့အႀကိမ္ေတြကမနည္း ။
/
မာမီတို႔ကိုႏႈတ္ဆက္ၿပီး သားနဲ႕ႀကီးေမကိုေခၚလို႔သာအိမ္ျပန္လာခဲ့သည္ ။ မာမီကညကကိစၥကိုဘဲထပ္တလဲလဲေမးခ်င္ေနတာသူမေနခ်င္ေတာ့လို႔ေျပးလာတာလဲပါပါ၏ ။
အိမ္ေရာက္ေတာ့ဧည့္ခန္းမွာ နိုင္ကဆိုဖာေနာက္မွီေပၚမွီႏြဲ႕လို႔ေခါင္းကိုလွန္ခ်ထားသည္ ။ နိုင္ဖ်ားၿပီထင္တယ္ ။
" ႀကီးေမ သားကိုေခၚသြားၿပီအသီးတစ္ခုခုေကြၽးေပးပါဦး တစ္ေအာင့္ၾကာရင္ေရခ်ိဳးေပးပါ "
" အင့္! ဒယ္ဒီ "
သူ႕လည္တိုင္ကိုက်စ္ေနေအာင္ဖက္ၿပီးရႈံ႕မဲ့ေနတဲ့သားေၾကာင့္
" အိ့! အိ့! "
" အာ ႀကီးေမသားကိုအသီးေနာက္မွေကြၽးေတာ့ အိမ္သာပို႔ေပးပါဦး "
သားကိုႀကီးေမလက္ထဲလႊဲထည့္ေပးေတာ့ သားကႀကီးေမရဲ႕လည္တိုင္ကိုက်စ္ေနေအာင္ဖက္ၿပီးပါသြားသည္ ၊ ဖင္ကိုက်စ္ေနေအာင္လိမ္ဖယ္ထားတာဘဲ ။
နိုင္ကသူတို႔ေရာက္ေနတာသိေပမယ့္ မ်က္လုံးဖြင့္ၾကည့္မလာ ၊ တစ္ကယ္ဖ်ားၿပီထင္ပါတယ္ ။
" သားကိုဒီေန႕ငါနဲ႕ေဝးရာမွာထား "
ႏြမ္းလ်တဲ့အသံႏွင့္ေျပာလာတဲ့နိုင့္ဆီအသာလွမ္းလို႔ဒေကာက္ေကြးကေနေျဖးညွင္းစြာေကာက္ေပြ႕ေတာ့ နိုင္ကသူ႕လည္တိုင္ကိုလက္တို႔ခိုတြဲရင္း ရင္အုပ္က်ယ္ဆီမ်က္ႏွာအုပ္ထားေလသည္ ။
" ေမာင္ေျပာေနတဲ့ၾကားကငယ္အျပင္သြားတယ္ "
" အင္းဟင္း ေမာင္ငါ့ကိုဆူတာလား "
" မဆူရက္ပါဘူး ေမာင့္အသက္ကို "
" ဆူလို႔လဲမရပါဘူး ၊ ဖ်ားေနေပမယ့္လက္က်န္အားနဲ႕ငါ့ကိုဆူရင္ခ်မွာ "
" သိပါတယ္ သိပါတယ္ ကိုယ့္အမ်ိဳးသားေလးအေၾကာင္းကိုယ္သိပါတယ္ "
" အဟင္း! ေမာင့္ကိုခ်စ္လိုက္တာ "
သူေျပာေတာ့မဟာထူးလြင္ကဟက္ဟက္ပက္ပက္ပင္ သေဘာတက်ႏွင့္ရယ္ေလ၏ ။
" ကိုယ္ကလဲနိုင့္ကိုခ်စ္ပါ့ဗ်ာ "
ကုတင္ေပၚအသာအယာခ်ေပးေတာ့ နိုင္ကမဟာ့ဂုတ္ေတြကိုမလႊတ္ေပး ၊ ဒါကိုမဟာထူးလြင္ကပင္အလိုက္သတိႏွင့္ ေဘးတြင္ဝင္လွဲလို႔နိုင့္ကိုယ္လုံးကိုရင္ခြင္ထဲထည့္သိပ္ရသည္ ။ ဒီအခ်ိန္ေဆးတိုက္လို႔လဲေမာင္သြင္ၾကည္နိုင္တို႔က ပါးစပ္ပင္ဟမည္မဟုတ္ပါေခ် ။
" ေမာင့္ရင္ခြင္ႀကီးကအၿမဲႏြေးေနေတာ့တာဘဲ "
" ႀကိဳက္လား "
ေခါင္းလုံးေလးအားဖိကပ္နမ္းေတာ့ နိုင္ကသူ႕ေမးဖ်ားကိုျပန္လွမ္းနမ္းၿပီးရင္ခြင္ထဲပိုတိုးဝင္လာသည္ ။
" အရမ္းႀကိဳက္လြန္းလို႔ ငါ့ဆီကအဖ်ားေတြ ေမာင့္ဆီပို႔ေပးမယ္ ယူေနာ္ "
" ဟားး ဟားး လက္ခံဖို႔အသင့္ပါခင္ဗ်ာ "
ငါေမာင့္ကိုခ်စ္တယ္ ၊ ဒါငါ့ဘဝတစ္သက္တာနဲ႕သက္ေသျပသြားရမယ့္ စကားတစ္ခြန္း ၊
ထပ္ၿပီး ေမာင္ဆိုတာကေတာ့ငါ့အပိုင္ ၊
ေမာင္ေျပာတဲ့ခ်စ္ျခင္းေမတၱာပါဆိုတဲ့ ငါ့အတၱေတြထဲနစ္မြန္းေနမယ့္ေကာင္ ။ ငါ့ေျခဖ်ားမွာဆိုေပမယ့္ ဘယ္ေကာင္မွထိဖို႔မထိုက္တန္တဲ့ေကာင္ ၊ အင္း... ငါ့ရဲ႕ေမာင္ ။
#Ciel
3052021
မ႑ိုင္ထူးလြင္ကဖေအတူသား!