Chapter 28: မှန်ကန်တဲ့ ရွေးချယ်မှုကို ဘယ်လိုလုပ်ရမလဲ (၃)
ယုံဖူကလပ်က တရားဝင်စီးပွားရေးလုပ်ငန်းလုပ်တဲ့ နေရာမဟုတ်ဘူးဆိုတာ သမီးမသိဘူးလို့ မထင်နဲ့နော်. . အဲ့ဒီ့နေရာက အပျော်အပါးအတွက် နေရာကောင်းတစ်ခုပဲ။
ဟော်ရှောင်းရှောင်းက သူမ၏စကတ်ကို မကာ နီနေသည့် သူမ၏ဒူးနေရာကို လက်ညှိုးထိုးပြလိုက်ပြီး သူမ၏သဘောထားကို စကားလုံးနည်းနည်းဖြင့် ဖော်ပြလိုက်သည် " ဖိုးဖိုး နာတယ် "
ဟော်ဆွေ့ချန်းက သူမ၏စကားများကို ဘာသာပြန်နိုင်ရန် ကြိုးစားခဲ့သည်။ " မင်းကို ငါ မခေါ်သွားရင် အဘိုးကို ပြောလိုက်မှာလား "
ဟော်ရှောင်းရှောင်း အပြင်းအထန် ခေါင်းညိတ်ပြလိုက်သည်။
အဖေနှင့် သမီးသည် ငါးစက္ကန့်လောက်တိတ်ဆိတ်နေခဲ့ကြသည်။
ဟော်ဆွေ့ချန်းက သူ့ခေါင်းကို ငုံ့လိုက်ကာ ဟော်ရှောင်းရှောင်းကို ချီလိုက်ပြီး မက်ဆေ့ချ်တစ်စောင် ချန်ကာ ထထွက်သွားခဲ့သည်။ " ရှောင်းရှောင်းကို ငါနဲ့ခေါ်သွားတယ်လို့ လူအိုကြီးကို ပြောလိုက် "
--
Bentleyကားလေး၏ နောက်ထိုင်ခုံတွင် ဟော်ရှောင်းရှောင်းသည် ကလေးထိုင်ခုံတွင် ထိုင်ရင်း ကား၏ပြတင်းပေါက်ရှေ့တွင် ရှိနေသည့် အပြင်လောကကို အလွန်စိတ်ဝင်စားစွာ ကြည့်နေသည်။ သူမ၏မျက်လုံးများသည် သူမ တစ်ခါမျှ မမြင်ဖူးသည့် ထူးဆန်းသောအရာများနှင့် ပြည့်နေသည်။
တစ်နှစ်. . .
တစ်နှစ်လုံးပဲ
ယခုနှစ်တွင် သူမ မည်သည့်အသွားအလာကိုမှ မတွေ့ခဲ့ရသဖြင့် ဆူညံသောမြို့လယ်မှာ သူမနှင့် သီးခြားဖြစ်နေလေသည်။
သူမ ဘယ်လိုလုပ်စိတ်လှုပ်မရှားဘဲနေနိုင်မှာလဲ???
ဟော်ဆွေ့ချန်းက သူမဘေးနားတွင် ထိုင်နေပြီး သူ့၏အနည်းငယ်ကျဉ်းမြောင်းသည့် မျက်လုံးများဖြင့် သူမကို ကြည့်လိုက်သည်။ " မင်းက ငါထင်ထားတာထက် ပိုပြီးထက်မြက်တယ်...ငါပြောတာကို မင်း နားလည်သင့်တယ်နော် "
ဟော်ရှောင်းရှောင်း သူ့ကို လှည့်ကြည့်လိုက်သည်။
" ငါတို့ သွားမယ့်နေရာကို ရောက်ရင် တိတ်တိတ်နေ... မင်းရဲ့ဂိမ်းကိုပဲ ကစားနေ...မဆူညံနဲ့၊ မငိုနဲ့၊ ငါ ပြောတာကို ကြားလား "
ဟော်ရှောင်းရှောင်း ခဏလောက် စဉ်းစားလိုက်သည်။ ဖေဖေက ငါနဲ့ပတ်သက်ပြီး နည်းနည်းသံသယဝင်နေပုံရတာပဲ။ ထို့ပြင် ဒီနေ့ ဆောင်ရွက်မှုသည်လည်း တကယ်တော့ နည်းနည်းများလွန်းသည်။
သူမ စိတ်ဆင်းရဲနေချိန်တွင် ဟော်ဆွေ့ချန်းကိုစိတ်ရှုပ်ထွေးစွာဖြင့် ကြည့်ကာ ဘာမှမပြောခဲ့ပေ။
ဟော်ဆွေ့ချန်းက ထပ်ခါတလဲလဲ ပြောနေခဲ့သည် " မငိုနဲ့၊ မဆူညံနဲ့၊ ပြီးတော့ နာခံဖို့... ရှင်းပြီလား "
ဟော်ရှောင်းရှောင်း မျက်တောင်အနည်းငယ်ခတ်လိုက်သည်။ ဘေးကင်းရာတွင် ရှိနေရန် သူမ ဟော်ဆွေ့ချန်းအား မည်သည့်အရာမှ မတုန့်ပြန်ဘဲ သူမခေါင်းကို ပြတင်းပေါက်ဘက်သို့ လှည့်လိုက်တော့သည်။
ဟော်ဆွေ့ချန်း၏မျက်လုံးများသည် သံသယများဖြင့် တောက်ပနေသည်။ သို့သော်လည်း ထိုအရာအား သူ အများကြီး မတွေးမိခင်တွင် သူတို့ ယုံဖူကလပ်သို့ ရောက်သွားခဲ့သည်။
ယုံဖူကလပ်သည် လွန်ခဲ့သောရာစုအစပိုင်းကတည်ဆောက်ခဲ့သည့် ဥရောပပုံစံအဆောက်အဦးဖြစ်သည်။ ၎င်းသည် နိုင်ငံတစ်နိုင်ငံ၏ကောင်စစ်ဝန်ရုံး ဖြစ်ခဲ့သည်မှာ ကျိန်းသေသော်လည်း နောက်ပိုင်းတွင် အပန်းဖြေကလပ်တစ်ခုအဖြစ်သို့ ပြောင်းလဲခဲ့သည်။
ကလပ်၏ဝင်ပေါက်ရှိ စားပွဲထိုးများသည် ရှေ့သို့ အလျင်အမြန် တံခါးဆီသို့ လမ်းလျှောက်သွားကြပြီး တံခါးကို ဖွင့်လိုက်သည်။ ဟော်ဆွေ့ချန်းက ဆင်းလာခဲ့သော်လည်း အခြားဘက်သို့ သွားကာ ကလေးထိုင်ခုံမှ ဟော်ရှောင်းရှောင်းအား ခေါ်လိုက်သည်။ ထို့နောက် စားပွဲထိုး၏အံ့သြနေသည့်မျက်လုံးများအောက်တွင် ကလပ်ထဲသို့ ဝင်သွားခဲ့သည်။
ဒါသည် ကလပ်တစ်ခုဖြစ်သော်လည်း အလင်းအမှောင်တို့နှင့်အတူ ကခုန်နေကြသူများ မရှိပေ။ ထို့အစား ကလပ်ကို ကြော့ရှင်းစွာ အလှဆင်ထားခဲ့သည်။ ကလပ်သို့ ဝင်ရောက်ရန်အတွက် သေချာသည့် အရည်အချင်းအချို့လိုအပ်ကာ ဤအရပ်သို့ လူတိုင်း မဝင်ရောက်နိုင်ပေ။
ထို့ကြောင့် လာကြသည့် သူများသည် လူဆိုးဂိုဏ်းများမှ မဟုတ်ကြပေ။
ဟော်ရှောင်းရှောင်းသည် ဟော်ဆွေ့ချန်း၏ပခုံးပေါ်တွင် လဲလျောင်းကာ လမ်းတစ်လျှောက်ကြော့ရှင်းစွာ အလှဆင်ထားသည့် အရာမျိုးစုံကို ခံစားနေပြီး စားပွဲထိုးများ၏အံ့သြနေသည့် မျက်လုံးများကိုတော့ လုံးဝ လျစ်လျူရှုထားလိုက်သည်။
ဒီနေရာသို့ လူအများစု လာကြသော်လည်း ကလေးတစ်ယောက်အား ခေါ်လာသည်မှာ
ရှားပါးပေသည်။
ဟော်ဆွေ့ချန်းသည် စပ်စုနေသူများ၏ ကြည့်ရှုခြင်းကို ခံနေရသည်။ သူသည် စားပွဲထိုး၏ လမ်းညွှန်မှုဖြင့် ဟော်ရှောင်းရှောင်းနှင့်အတူ သီးသန့်အခန်းတစ်ခန်းသို့ ရောက်လာခဲ့သည်။
တံခါးပွင့်သွားသည်နှင့် ဆေးလိပ်မီးခိုးအနံ့က ဟော်ရှောင်းရှောင်း၏ နှာခေါင်းထဲသို့ လာရောက်ရိုက်ခတ်လေသည်။ သူမသည် သူမ၏မျက်နှာလေးကို ဟော်ဆွေ့ချန်း၏ ရှပ်အင်္ကျီတွင်မြှုပ်လိုက်ကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ လတ်ဆတ်မွှေးပျံ့သော အနံ့ကိုသာ အနံ့ခံနေလိုက်သည်။
ဟော်ဆွေ့ချန်း၏ မျက်ခုံးများသည် တင်းကျပ်စွာကျုံ့လိုက်ပြီး တံခါးဝတွင် ရပ်နေသည်။ စက္ကန့်အနည်းငယ် ကြာပြီးသည့်နောက်တွင်တော့ သူသည်ပြန်လှည့်ထွက်လိုက်ကာ အခန်းထဲမှကစားသမား အနည်းငယ်အား " စီးကရက်တွေကိုလွှင့်ပစ်လိုက်ပြီး အခန်းတွေကိုလဲလိုက် "ဟုပြောလိုက်သည်။
အခန်းထဲမှ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်တို့သည် သူ့ဆီကြည့်လာပြီး စီးကရက်များကို လျင်မြန်စွာလွှင့်ပစ်လိုက်ကြသည်။ သူတို့၏အခန်းကိုလည်း အခြားတစ်ခုသို့ ပြောင်းရွှေ့ခဲ့သည်။
ဝတ်စုံပြည့်ဖြင့် လူကြီးလေးယောက်သည် မျက်လုံးရှစ်လုံးဖြင့် ဆိုဖာပေါ်တွင်ထိုင်နေသော ကလေးငယ်လေးကို ဝိုင်းကြည့်နေမိသည်။
"... ငါတို့ဒီက အားလုံးကလူကြီးတွေချည်းပဲမဟုတ်ဘူးလား. . . ကလေးကိုခေါ်လာတာကတော့ နည်းနည်းမကောင်းဘူးမလား "
" ဒါမင်းရဲ့ နာမည်ကြီးနေတဲ့သမီးလေးလား "
ဟော်ဆွေ့ချန်းကတော့ နေမြဲအတိုင်း အေးအေးဆေးဆေးသာ ဆက်နေနေလေသည်။
ငယ်ရွယ်သော အမျိုးသားတစ်ဦးသည် ဟော်ရှောင်းရှောင်း၏ မျက်နှာလေးကိုဖျစ်ညှစ်လိုက်ပြီး " သမီးလေး နာမည်ကဘာတဲ့လဲ "
ဟော်ရှောင်းရှောင်းသည် ယခုသူမရှေ့တွင်ရှိနေသော သူများအားသိလေသည်။ ထို့ကြောင့် သူမပြန်ဖြေပေးလိုက်သည်။သူမသည် " ဟော်. . . ရှောင်းရှောင်း "
" အသက်ကရော ဘယ်လောက်ရှိပြီလဲ? "
ဟော်ရှောင်းရှောင်းက လက်ချောင်းသေးသေးလေးတစ်ချောင်းကို မြှောက်ပြလိုက်သည်။
ထိုသူသည် ပြုံးလိုက်လေသည်။ " တစ်နှစ်ပဲရှိသေးတယ်. . . သမီးကဦးကို တကယ်နားလည်တာပဲ. . . ကလေးက တော်တော်လေးဥာဏ်ကောင်းတာပဲနော် "
ကမ္ဘာပေါ်တွင် ရှိရှိသမျှသော လူကြီးများအားလုံးသည် အတူတူပင်ဖြစ်ကြသည်။ သူတို့သည် အမြဲတမ်းလိုလို ကလေးများအား လှောင်ပြောင်ရသည်ကို နှစ်သက်ကြလေသည်။
" သမီးမွေးပြီးပြီးချင်း သမီးရဲ့ဖေကြီးက သမီးကိုထားခဲ့တာမလား. . . သမီးကို သမီးရဲ့အဘိုးကပဲ ဒီလောက်ကြာအောင် ပြုစုစောင့်ရှောက်ထားတာလေ ဟုတ်တယ်ဟုတ်. . . အဲ့ဒါကြောင့် သမီးကိုဘယ်သူ့ကို ပိုချစ်လဲ - ဖေဖေလား ဘိုးဘိုးလား? "
" ..." ထပ်ပြီး ဒါပဲလား! သူမအဖေနဲ့သွေးလာခွဲရင်တော့ ရလဒ်ကောင်းကောင်းရစရာအကြောင်း မရှိဘူးနော်. . .
သူမသည် သူမငယ်ရွယ်စဉ်ကတည်းက ဤကဲ့သို့သော မေးခွန်းမျိုးကို အကြိမ်ပေါင်းမည်မျှ မေးခံခဲ့ရမှန်း မှတ်တောင်မမှတ်မိတော့ချေ။ သို့သော် သူမကိုစနောက်သောသူများသည် သူမစကားမပြောနိုင်သောကြောင့် အမြဲတမ်းပျက်ရယ်ပြုနေလေ့ရှိသည်။
အခုနောက်ဆုံးတော့ သူမလည်း စကားပြောတတ်ရန် သင်ယူနေစဉ် တစ်စုံတစ်ယောက်က ထိုမေးခွန်းကိုပင် ထပ်မေးလာပြန်သည်။ ဟုတ်ပြီလေ. . . ငါ့ရဲ့တန်ပြန်တိုက်စစ်အတွက် အချိန်ကောင်းပဲ!
ဟော်ရှောင်းရှောင်းသည် တစ်ခါပြောလျှင် စကားလုံးတစ်လုံးနှုန်းဖြင့် ကြိုးစားရုန်းကန်ရင်း ထိုသူကိုပြောလိုက်သည်။ " ဦးဦး. . .ဦးဦးချစ်တာ. . . ကရော. . . ဖေဖေလား. . . ဘိုးဘိုးလား? . . ."
[T/N: Hi. . . အိုင်တို့က ပုံမှန်ဆို ဗီလိန်ဖေဖေကိုတစ်ပတ်ကို သုံးပိုင်းတစ်ဆက်တည်း Update ပေးတာပါနော်။ မသိသေးတဲ့သူတွေလည်းရှိမှာစိုးလို့ပါ။ အခုကစပြီး ဗီလိန်ဖေဖေကို တစ်ပတ်ကို ငါးပိုင်း Update ပေးဖို့စဥ်းစားထားခဲ့ကြပါတယ်။ အခုအပတ်ကစပြီး တစ်ပတ်ကို ငါးပိုင်းပါ။ အပတ်တိုင်းကို ဒီတစ်ခေါက်လိုမျိုး ငါးပိုင်းတစ်ဆက်တည်း Update ပေးရမလား??? သုံးပိုင်းတစ်ခါ နှစ်ပိုင်းတစ်ခါ နှစ်ခေါက် Update ပေးရမလား??? ယူတို့သဘောပါနော်. . . 😊😊]
_____________________________________________________
Zawgyi
Chapter 28: မွန္ကန္တဲ့ ေရြးခ်ယ္မႈကို ဘယ္လိုလုပ္ရမလဲ (၃)
ယုံဖူကလပ္က တရားဝင္စီးပြားေရးလုပ္ငန္းလုပ္တဲ့ ေနရာမဟုတ္ဘူးဆိုတာ သမီးမသိဘူးလို႔ မထင္နဲ႔ေနာ္. . အဲ့ဒီ့ေနရာက အေပ်ာ္အပါးအတြက္ ေနရာေကာင္းတစ္ခုပဲ။
ေဟာ္ေရွာင္းေရွာင္းက သူမ၏စကတ္ကို မကာ နီေနသည့္ သူမ၏ဒူးေနရာကို လက္ညႇိုးထိုးျပလိုက္ၿပီး သူမ၏သေဘာထားကို စကားလုံးနည္းနည္းျဖင့္ ေဖာ္ျပလိုက္သည္ " ဖိုးဖိုး နာတယ္ "
ေဟာ္ေဆြ႕ခ်န္းက သူမ၏စကားမ်ားကို ဘာသာျပန္နိုင္ရန္ ႀကိဳးစားခဲ့သည္။ " မင္းကို ငါ မေခၚသြားရင္ အဘိုးကို ေျပာလိုက္မွာလား "
ေဟာ္ေရွာင္းေရွာင္း အျပင္းအထန္ ေခါင္းညိတ္ျပလိုက္သည္။
အေဖႏွင့္ သမီးသည္ ငါးစကၠန႔္ေလာက္တိတ္ဆိတ္ေနခဲ့ၾကသည္။
ေဟာ္ေဆြ႕ခ်န္းက သူ႔ေခါင္းကို ငုံ႔လိုက္ကာ ေဟာ္ေရွာင္းေရွာင္းကို ခ်ီလိုက္ၿပီး မက္ေဆ့ခ်္တစ္ေစာင္ ခ်န္ကာ ထထြက္သြားခဲ့သည္။ " ေရွာင္းေရွာင္းကို ငါနဲ႔ေခၚသြားတယ္လို႔ လူအိုႀကီးကို ေျပာလိုက္ "
--
Bentleyကားေလး၏ ေနာက္ထိုင္ခုံတြင္ ေဟာ္ေရွာင္းေရွာင္းသည္ ကေလးထိုင္ခုံတြင္ ထိုင္ရင္း ကား၏ျပတင္းေပါက္ေရွ႕တြင္ ရွိေနသည့္ အျပင္ေလာကကို အလြန္စိတ္ဝင္စားစြာ ၾကည့္ေနသည္။ သူမ၏မ်က္လုံးမ်ားသည္ သူမ တစ္ခါမၽွ မျမင္ဖူးသည့္ ထူးဆန္းေသာအရာမ်ားႏွင့္ ျပည့္ေနသည္။
တစ္ႏွစ္. . .
တစ္ႏွစ္လုံးပဲ
ယခုႏွစ္တြင္ သူမ မည္သည့္အသြားအလာကိုမွ မေတြ႕ခဲ့ရသျဖင့္ ဆူညံေသာၿမိဳ႕လယ္မွာ သူမႏွင့္ သီးျခားျဖစ္ေနေလသည္။
သူမ ဘယ္လိုလုပ္စိတ္လႈပ္မရွားဘဲေနနိုင္မွာလဲ???
ေဟာ္ေဆြ႕ခ်န္းက သူမေဘးနားတြင္ ထိုင္ေနၿပီး သူ႔၏အနည္းငယ္က်ဥ္းေျမာင္းသည့္ မ်က္လုံးမ်ားျဖင့္ သူမကို ၾကည့္လိုက္သည္။ " မင္းက ငါထင္ထားတာထက္ ပိုၿပီးထက္ျမက္တယ္...ငါေျပာတာကို မင္း နားလည္သင့္တယ္ေနာ္ "
ေဟာ္ေရွာင္းေရွာင္း သူ႔ကို လွည့္ၾကည့္လိုက္သည္။
" ငါတို႔ သြားမယ့္ေနရာကို ေရာက္ရင္ တိတ္တိတ္ေန... မင္းရဲ့ဂိမ္းကိုပဲ ကစားေန...မဆူညံနဲ႔၊ မငိုနဲ႔၊ ငါ ေျပာတာကို ၾကားလား "
ေဟာ္ေရွာင္းေရွာင္း ခဏေလာက္ စဥ္းစားလိုက္သည္။ ေဖေဖက ငါနဲ႔ပတ္သက္ၿပီး နည္းနည္းသံသယဝင္ေနပုံရတာပဲ။ ထို႔ျပင္ ဒီေန႔ ေဆာင္ရြက္မႈသည္လည္း တကယ္ေတာ့ နည္းနည္းမ်ားလြန္းသည္။
သူမ စိတ္ဆင္းရဲေနခ်ိန္တြင္ ေဟာ္ေဆြ႕ခ်န္းကိုစိတ္ရႈပ္ေထြးစြာျဖင့္ ၾကည့္ကာ ဘာမွမေျပာခဲ့ေပ။
ေဟာ္ေဆြ႕ခ်န္းက ထပ္ခါတလဲလဲ ေျပာေနခဲ့သည္ " မငိုနဲ႔၊ မဆူညံနဲ႔၊ ၿပီးေတာ့ နာခံဖို႔... ရွင္းၿပီလား "
ေဟာ္ေရွာင္းေရွာင္း မ်က္ေတာင္အနည္းငယ္ခတ္လိုက္သည္။ ေဘးကင္းရာတြင္ ရွိေနရန္ သူမ ေဟာ္ေဆြ႕ခ်န္းအား မည္သည့္အရာမွ မတုန႔္ျပန္ဘဲ သူမေခါင္းကို ျပတင္းေပါက္ဘက္သို႔ လွည့္လိုက္ေတာ့သည္။
ေဟာ္ေဆြ႕ခ်န္း၏မ်က္လုံးမ်ားသည္ သံသယမ်ားျဖင့္ ေတာက္ပေနသည္။ သို႔ေသာ္လည္း ထိုအရာအား သူ အမ်ားႀကီး မေတြးမိခင္တြင္ သူတို႔ ယုံဖူကလပ္သို႔ ေရာက္သြားခဲ့သည္။
ယုံဖူကလပ္သည္ လြန္ခဲ့ေသာရာစုအစပိုင္းကတည္ေဆာက္ခဲ့သည့္ ဥေရာပပုံစံအေဆာက္အဦးျဖစ္သည္။ ၎သည္ နိုင္ငံတစ္နိုင္ငံ၏ေကာင္စစ္ဝန္႐ုံး ျဖစ္ခဲ့သည္မွာ က်ိန္းေသေသာ္လည္း ေနာက္ပိုင္းတြင္ အပန္းေျဖကလပ္တစ္ခုအျဖစ္သို႔ ေျပာင္းလဲခဲ့သည္။
ကလပ္၏ဝင္ေပါက္ရွိ စားပြဲထိုးမ်ားသည္ ေရွ႕သို႔ အလ်င္အျမန္ တံခါးဆီသို႔ လမ္းေလၽွာက္သြားၾကၿပီး တံခါးကို ဖြင့္လိုက္သည္။ ေဟာ္ေဆြ႕ခ်န္းက ဆင္းလာခဲ့ေသာ္လည္း အျခားဘက္သို႔ သြားကာ ကေလးထိုင္ခုံမွ ေဟာ္ေရွာင္းေရွာင္းအား ေခၚလိုက္သည္။ ထို႔ေနာက္ စားပြဲထိုး၏အံ့ၾသေနသည့္မ်က္လုံးမ်ားေအာက္တြင္ ကလပ္ထဲသို႔ ဝင္သြားခဲ့သည္။
ဒါသည္ ကလပ္တစ္ခုျဖစ္ေသာ္လည္း အလင္းအေမွာင္တို႔ႏွင့္အတူ ကခုန္ေနၾကသူမ်ား မရွိေပ။ ထို႔အစား ကလပ္ကို ေၾကာ့ရွင္းစြာ အလွဆင္ထားခဲ့သည္။ ကလပ္သို႔ ဝင္ေရာက္ရန္အတြက္ ေသခ်ာသည့္ အရည္အခ်င္းအခ်ိဳ႕လိုအပ္ကာ ဤအရပ္သို႔ လူတိုင္း မဝင္ေရာက္နိုင္ေပ။
ထို႔ေၾကာင့္ လာၾကသည့္ သူမ်ားသည္ လူဆိုးဂိုဏ္းမ်ားမွ မဟုတ္ၾကေပ။
ေဟာ္ေရွာင္းေရွာင္းသည္ ေဟာ္ေဆြ႕ခ်န္း၏ပခုံးေပၚတြင္ လဲေလ်ာင္းကာ လမ္းတစ္ေလၽွာက္ေၾကာ့ရွင္းစြာ အလွဆင္ထားသည့္ အရာမ်ိဳးစုံကို ခံစားေနၿပီး စားပြဲထိုးမ်ား၏အံ့ၾသေနသည့္ မ်က္လုံးမ်ားကိုေတာ့ လုံးဝ လ်စ္လ်ဴရႈထားလိုက္သည္။
ဒီေနရာသို႔ လူအမ်ားစု လာၾကေသာ္လည္း ကေလးတစ္ေယာက္အား ေခၚလာသည္မွာ
ရွားပါးေပသည္။
ေဟာ္ေဆြ႕ခ်န္းသည္ စပ္စုေနသူမ်ား၏ ၾကည့္ရႈျခင္းကို ခံေနရသည္။ သူသည္ စားပြဲထိုး၏ လမ္းညႊန္မႈျဖင့္ ေဟာ္ေရွာင္းေရွာင္းႏွင့္အတူ သီးသန႔္အခန္းတစ္ခန္းသို႔ ေရာက္လာခဲ့သည္။
တံခါးပြင့္သြားသည္ႏွင့္ ေဆးလိပ္မီးခိုးအနံ့က ေဟာ္ေရွာင္းေရွာင္း၏ ႏွာေခါင္းထဲသို႔ လာေရာက္ရိုက္ခတ္ေလသည္။ သူမသည္ သူမ၏မ်က္ႏွာေလးကို ေဟာ္ေဆြ႕ခ်န္း၏ ရွပ္အကၤ်ီတြင္ျမႇုပ္လိုက္ကာ သူ၏ခႏၶာကိုယ္ေပၚရွိ လတ္ဆတ္ေမႊးပ်ံ႕ေသာ အနံ့ကိုသာ အနံ့ခံေနလိုက္သည္။
ေဟာ္ေဆြ႕ခ်န္း၏ မ်က္ခုံးမ်ားသည္ တင္းက်ပ္စြာက်ဳံ႕လိုက္ၿပီး တံခါးဝတြင္ ရပ္ေနသည္။ စကၠန႔္အနည္းငယ္ ၾကာၿပီးသည့္ေနာက္တြင္ေတာ့ သူသည္ျပန္လွည့္ထြက္လိုက္ကာ အခန္းထဲမွကစားသမား အနည္းငယ္အား " စီးကရက္ေတြကိုလႊင့္ပစ္လိုက္ၿပီး အခန္းေတြကိုလဲလိုက္ "ဟုေျပာလိုက္သည္။
အခန္းထဲမွ တစ္ေယာက္၊ ႏွစ္ေယာက္၊ သုံးေယာက္တို႔သည္ သူ႔ဆီၾကည့္လာၿပီး စီးကရက္မ်ားကို လ်င္ျမန္စြာလႊင့္ပစ္လိုက္ၾကသည္။ သူတို႔၏အခန္းကိုလည္း အျခားတစ္ခုသို႔ ေျပာင္းေရႊ႕ခဲ့သည္။
ဝတ္စုံျပည့္ျဖင့္ လူႀကီးေလးေယာက္သည္ မ်က္လုံးရွစ္လုံးျဖင့္ ဆိုဖာေပၚတြင္ထိုင္ေနေသာ ကေလးငယ္ေလးကို ဝိုင္းၾကည့္ေနမိသည္။
"... ငါတို႔ဒီက အားလုံးကလူႀကီးေတြခ်ည္းပဲမဟုတ္ဘူးလား. . . ကေလးကိုေခၚလာတာကေတာ့ နည္းနည္းမေကာင္းဘူးမလား "
" ဒါမင္းရဲ့ နာမည္ႀကီးေနတဲ့သမီးေလးလား "
ေဟာ္ေဆြ႕ခ်န္းကေတာ့ ေနျမဲအတိုင္း ေအးေအးေဆးေဆးသာ ဆက္ေနေနေလသည္။
ငယ္ရြယ္ေသာ အမ်ိဳးသားတစ္ဦးသည္ ေဟာ္ေရွာင္းေရွာင္း၏ မ်က္ႏွာေလးကိုဖ်စ္ညႇစ္လိုက္ၿပီး " သမီးေလး နာမည္ကဘာတဲ့လဲ "
ေဟာ္ေရွာင္းေရွာင္းသည္ ယခုသူမေရွ႕တြင္ရွိေနေသာ သူမ်ားအားသိေလသည္။ ထို႔ေၾကာင့္ သူမျပန္ေျဖေပးလိုက္သည္။သူမသည္ " ေဟာ္. . . ေရွာင္းေရွာင္း "
" အသက္ကေရာ ဘယ္ေလာက္ရွိၿပီလဲ? "
ေဟာ္ေရွာင္းေရွာင္းက လက္ေခ်ာင္းေသးေသးေလးတစ္ေခ်ာင္းကို ေျမႇာက္ျပလိုက္သည္။
ထိုသူသည္ ျပဳံးလိုက္ေလသည္။ " တစ္ႏွစ္ပဲရွိေသးတယ္. . . သမီးကဦးကို တကယ္နားလည္တာပဲ. . . ကေလးက ေတာ္ေတာ္ေလးဥာဏ္ေကာင္းတာပဲေနာ္ "
ကမၻာေပၚတြင္ ရွိရွိသမၽွေသာ လူႀကီးမ်ားအားလုံးသည္ အတူတူပင္ျဖစ္ၾကသည္။ သူတို႔သည္ အျမဲတမ္းလိုလို ကေလးမ်ားအား ေလွာင္ေျပာင္ရသည္ကို ႏွစ္သက္ၾကေလသည္။
" သမီးေမြးၿပီးၿပီးခ်င္း သမီးရဲ့ေဖႀကီးက သမီးကိုထားခဲ့တာမလား. . . သမီးကို သမီးရဲ့အဘိုးကပဲ ဒီေလာက္ၾကာေအာင္ ျပဳစုေစာင့္ေရွာက္ထားတာေလ ဟုတ္တယ္ဟုတ္. . . အဲ့ဒါေၾကာင့္ သမီးကိုဘယ္သူ႔ကို ပိုခ်စ္လဲ - ေဖေဖလား ဘိုးဘိုးလား? "
" ..." ထပ္ၿပီး ဒါပဲလား! သူမအေဖနဲ႔ေသြးလာခြဲရင္ေတာ့ ရလဒ္ေကာင္းေကာင္းရစရာအေၾကာင္း မရွိဘူးေနာ္. . .
သူမသည္ သူမငယ္ရြယ္စဥ္ကတည္းက ဤကဲ့သို႔ေသာ ေမးခြန္းမ်ိဳးကို အႀကိမ္ေပါင္းမည္မၽွ ေမးခံခဲ့ရမွန္း မွတ္ေတာင္မမွတ္မိေတာ့ေခ်။ သို႔ေသာ္ သူမကိုစေနာက္ေသာသူမ်ားသည္ သူမစကားမေျပာနိုင္ေသာေၾကာင့္ အျမဲတမ္းပ်က္ရယ္ျပဳေနေလ့ရွိသည္။
အခုေနာက္ဆုံးေတာ့ သူမလည္း စကားေျပာတတ္ရန္ သင္ယူေနစဥ္ တစ္စုံတစ္ေယာက္က ထိုေမးခြန္းကိုပင္ ထပ္ေမးလာျပန္သည္။ ဟုတ္ၿပီေလ. . . ငါ့ရဲ့တန္ျပန္တိုက္စစ္အတြက္ အခ်ိန္ေကာင္းပဲ!
ေဟာ္ေရွာင္းေရွာင္းသည္ တစ္ခါေျပာလၽွင္ စကားလုံးတစ္လုံးႏႈန္းျဖင့္ ႀကိဳးစား႐ုန္းကန္ရင္း ထိုသူကိုေျပာလိုက္သည္။ " ဦးဦး. . .ဦးဦးခ်စ္တာ. . . ကေရာ. . . ေဖေဖလား. . . ဘိုးဘိုးလား? . . ."
[T/N: Hi. . . အိုင္တို႔က ပုံမွန္ဆို ဗီလိန္ေဖေဖကိုတစ္ပတ္ကို သုံးပိုင္းတစ္ဆက္တည္း Update ေပးတာပါေနာ္။ မသိေသးတဲ့သူေတြလည္းရွိမွာစိုးလို႔ပါ။ အခုကစၿပီး ဗီလိန္ေဖေဖကို တစ္ပတ္ကို ငါးပိုင္း Update ေပးဖို႔စဥ္းစားထားခဲ့ၾကပါတယ္။ အခုအပတ္ကစၿပီး တစ္ပတ္ကို ငါးပိုင္းပါ။ အပတ္တိုင္းကို ဒီတစ္ေခါက္လိုမ်ိဳး ငါးပိုင္းတစ္ဆက္တည္း Update ေပးရမလား??? သုံးပိုင္းတစ္ခါ ႏွစ္ပိုင္းတစ္ခါ ႏွစ္ေခါက္ Update ေပးရမလား??? ယူတို႔သေဘာပါေနာ္. . . 😊😊]