မဏ္ဍိုင်

Por Ciel_Zizawar

1.3M 114K 3.1K

Unicode " မောင့်ရဲ့တိမ်စိုင်လေးလုပ်မလား မောင်ကကမ္ဘာကြီးလုပ်မယ်လေ " " တိမ်စိုင်တွေကပြေးနေတတ်တာလေမောင်ရဲ့ " "... Más

အပိုင်း၁ introl
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇ ⚠
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂ ⚠
အပိုင်း ၁၃
အပိုင်း၁၄
အပိုင်း ၁၆ ⚠
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀⚠⚠ ( volume 1)
အပိုင်း ၂၀ ⚠⚠ (volume2)
အပိုင်း ၂၁
အပိုင်း ၂၂ ⚠
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
present part ( 27.5)⚠
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
၃၁
၃၂
၃၃⚠
၃၄
၃၅
၃၆
၃၇
၃၈
၃၉
ပဲလှော်
၄၀ (Warning ⚠)
၄၁
၄၂
၄၃ (Title End)
Extra 0.5 warning ⚠
Extra

အပိုင်း ၁၅

28.8K 2.6K 107
Por Ciel_Zizawar

Unicode

" ဘရဏီ နင်ဘယ်လိုရောက်လာတာလဲ "

လေဆိပ်ကနေ hotel ကိုရောက်ရောက်ချင်းဘဲဘရဏီကသူတို့ရှေ့မှာအရင်ကြိုရောက်နေလေသည် ။

မဟာကလှမ်းမေးတော့ဘရဏီကမျက်ခုံးတစ်ဖက်ပင့်လို့ဂရုမစိုက်ဘဲ နိုင့်လက်ထဲအိပ်ပျော်နေတဲ့သားကိုသာကြည့်နေ၏ ။

" ဒုက္ခပေးဖို့ဆိုရင်ငါ့ရှေ့ကထွက်သွားနော်ဘရဏီ ငါ့ဒေါသကိုလာမဆွနဲ့ "

" နင့်ကိုနင်စောက်ဘဝင်မြင့်မနေနဲ့ ပေါက်လွှတ်ပဲစားကောင် ငါ့တူကိုလာကြည့်တာ "

ပြောင်ချောချောအဖြူရောင်အောက်ခံနှင့်အပေါ်က coat အမဲထပ်ထားပြီး ဆံနွယ်တို့ကိုတော့အပေါ်သို့မြှင့်၍ထုံးဖွဲ့ထားလေသည် ။ ထို့နောက်ချိုင်းကြားတွင်သတင်းစာတစ်စောင်ကိုညှပ်ထားလေ​သည် ။ gentle style နှင့်မို့ လူတွေကလဲဝိုင်းကြည့်နေကြပြန်၏ ။

လက်ကောက်ဝတ်အထက်ပိုင်းအတွင်းဘက်မှာ အမြှီးရှည်၍ထောင်မောက်နေသောဇာမဏီပုံတက်တူးကအခန့်သားမို့ မိန်းမပေမယ့် ယောက်ျားတစ်ယောက်ရဲ့အရှိန်အဝါဟာအပြည့်ပင်ဖြစ်နေလေ၏ ။

မောင်နှမနှစ်ယောက်ကြောင့်အကြည့်တွေဟာခန်းမအလည်ကသူတို့ဆီတွင်ဖြစ်တည်နေကြသည်မို့လူကြည့်ခံရတာကြိုက်ပေမယ့်ဒီလောက်ကြီးအကြည့်ခံရတာကိုတော့နိုင်မကြိုက်ပါ ။

ကိုစိုင်းလူကတော့ဘာမှမသိသလိုဘဲအနောက်တွင်သာမတ်တပ်ရပ်နေလေသည် ။

ဒေါက်ဖိနပ်သံတဂွက်ဂွက်နှင့် ဘရဏီထူးလွင်ကနိုင်နဲ့သားရှိရာဆီလှမ်းလာတော့မဟာကမျက်မှောင်ကျုံ့၍သာကြည့်နေလိုက်တော့သည် ။ တစ်ခုတစ်ခုလုပ်ရင်တော့ အစ်မဆိုပြီးသူကညှာနေမှာမဟုတ်ဘူး ။ ဘာနေနေနိုင်နဲ့သားအန္တရာယ်ကင်းဖို့လိုသည် ။

သူမကချိုင်းကြားကသတင်းစာအလိပ်ကိုထုတ်ကာဖြန့်ချလိုက်တော့သတင်းစာခေါင်းစီးပိုင်းမှာလေဆိပ်ကသူတို့မိသားစုပုံဖြစ်လေ၏ ။

" ဒီထဲမှာအကျယ်ချဲ့ထားတာတွေလဲပါမယ် ၊
မဟုတ်တမ်းတရားတွေလဲပါနိုင်တယ် ၊ ဒါပေမယ့်ငါသိချင်တယ် အမျိုးသားကိုယ်ဝန်ဆောင်လို့ပြောခဲ့သလားလို့ "

မယုံသလိုအကြည့်နှင့်ကြည့်လာသူအားနိုင်ဘယ်လိုမှမတုံ့ပြန်ချင်ပေ ။ နိုင့်ဘဝမှာယုံကြည်မှုမရှိတဲ့လူကိုအမုန်းဆုံးဘဲ ။ ဒါတွေထိလိုက်ပြီးပါးစပ်လှုပ်ရအောင်သူသည်အားယားနေတာမဟုတ် ။ ကြီးမြတ်တဲ့မဟာလုပ်ငန်းစုကလူတစ်ယောက်ရဲ့နောက်ကြောင်းတောင်ဂဃဏနသိအောင်မလိုက်နိုင်ရင် sorry! သွင်ကြည်နိုင်ရဲ့အာရုံစိုက်မှုကိုရမှာမဟုတ်ဘူး ။

သူ့ကိုကျော်ဖြတ်သွားဖို့ပြင်နေတဲ့သွင်ကြည်နိုင့်ကိုဘရဏီကလက်မောင်းရင်းကနေဆွဲလိုက်လေသည် ။

" ကလေးကိုတော့အဒေါ်အရင်းနဲ့ပေးတွေ့သင့်တယ်မဟုတ်လား ၊ တကူးတကကြီးဒီထိရောက်အောင်လာရတာလေ နဲနဲပါးပါးတော့ အားနာပါဦး "

" အဟင်း! "

နိုင်ကဟက်ခနဲတစ်ချက်ပြုံးတော့ ဘရဏီထူးလွင်ကလက်ထဲကသားကိုဆွေ့ခနဲကောက်ပွေ့သွားလေ၏ ။

" 905F မှာညစာစားခါနီးမှလာခေါ် service နဲ့လိုအပ်တာနဲ့ကလေးအတွက်လုပ်ပေးရမှာတွေပို့ခိုင်းလိုက် ၊ ကိုယ်တိုင်လာပို့ချင်လဲရတယ်နော် မဟာ. ထူး. လွင်. "

" ဟာ ဟေ့! ဘရဏီ ၊ ငါ့သားကိုဘယ်ခေါ်သွားမလို့လဲ ဘရဏီထူးလွင်! ဟေ့! "

သားကိုခေါ်ပြီး elevator ထဲဝင်သွားတဲ့ ယောင်းမဖြစ်သူကြောင့်နိုင်ကခေါင်းတခါခါ ။ မဟာကတော့မြင်တဲ့အတိုင်းမိုးပြိုနေပါလိမ့်မယ် ။

~

" ဆောရီး ဘေဘီ ကိုယ်ကလေးသွားခေါ်နေလို့ "

" ဟင့်အင်း ရတယ်ဏီ ကိစ္စမရှိဘူး "

သူမက ကလေးကိုချီထားလျက်တံခါးကိုသေချာပိတ်ချလိုက်ပြီး ဝရန်တာမှာ မှန်တံခါးဖွင့်လို့ထိုင်နေတဲ့ကောင်မလေးကိုပြောလိုက်သည် ။
သူမကဂါဝန်အဖြူလေးကိုဝတ်ထားပြီး ဆံနွယ်တွေကိုဝဲချထားလေ၏ ။ မျက်ဝန်းလေးများဝိုင်းစက်ကာချစ်စဖွယ်ပင်ဖြစ်လေသည် ။

" အင်း ဘေဘီ ဒါကိုယ့်တူလေးလေ "

" အာ မနက်ကသတင်းထဲကကလေးလေးလားဏီ "

" အင်း ဟုတ်တယ် ဘေဘီချီကြည့်မလား "

" အာ! ဘေဘီက. "

" ရှူး! မချီဖူးရင်တော့ဘယ်ချီတတ်မလဲ အဲ့တာကြောင့်လာခဲ့ကိုယ့်နား "

သူမခေါ်တော့ ထိုကလေးမဟာပုံ့ပုံ့ကလေးထိုင်နေရာမှာထကာ သူ့ဆီလှမ်းလာလေ၏ ။

မရဲတရဲနဲ့လက်လှမ်းတော့ ဘရဏီက ကလေးကိုသေချာနေရာတကျသင်းရနံ့လက်ထဲထည့်ပေးလေသည် ။

မဏ္ဍိုင်ထူးလွင်အငြိမ်မနေ သူ့လက်ဖောင်းလေးများနှင့်သင်းရနံ့၏ပါးကလေးကိုပုတ်တော့ သင်းရနံ့က ကလေးနဲ့အပြိုင်မျက်လုံးလေးပြူးလို့ ။

" ဟား ဟား ဘေဘီရယ် ဘယ်လိုလုပ်ရုပ်လေးက "

" ဟာကွာ ဏီ ဘေဘီမချီတတ်ဘူးလို့ပြောသားဘဲကို "

ဆူပုတ်နေတဲ့ကလေးမဆီကနေကလေးကိုပြန်ချီလို့သူကုတင်ပေါ်ထိုင်ချလိုက်တော့ ကလေးမကသူ့လေးနားလာထိုင်လို့ပေါင်ပေါ်ကိုလက်တင်လာလေသည် ။

" ဏီ! "

" အင်း ဘေဘီ မင်းရဲ့ဏီနားထောင်နေတယ် "

" ဘေဘီတို့ကိုသဘောတူမှာလားဟင် "

" ဘေဘီ့မိဘတွေကိုကိုယ်နားဝင်အောင်ပြောမယ် ကိုယ့်ကိုယ်ယုံတယ်မဟုတ်လား ဘေဘီက "

" အင်း "

ရင်ခွင်ထဲလက်တစ်ဖက်နဲ့ပွေ့ထည့်လို့
နားထင်နားကိုအနမ်းခြွေတော့ သဘောကျစွာမေးဖျားကိုပြန်လည်မော့နမ်းလေသည် ။

ဘေဘီ ကိုယ်မင်းကိုဘဲရည်ရွယ်ထားတယ် ။

~

" နောက်ကနေပွတ်သီးပွတ်သပ်နဲ့ ဘယ်လိုဖြစ်နေတာလဲ မဟာထူးလွင် "

" ဖြစ်နိုင်ရင်မောင်မင်းအနားမှာကော်နဲ့ကပ်ပြီးပူးနေချင်တာ "

" တော်တော်ရွနေလား "

" အင်းဟုတ်တယ် အရမ်းရွနေတယ် မင်းယောက်ျားသိပ်ရွနေတယ် "

" ဘာ​ယောက်ျားလဲ သေမယ် "

" အဟက် ငယ်ကွာ "

အသဲတယားနဲ့ခါးကျဥ်ကနေသိမ်းကျုံးကာဖက်တော့ လက်တွေကဝမ်းဗိုက်ထဲလျှိုသွင်းမိပြီး ရှပ်အင်္ကျီဟာလန်တက်စွာ ။

" ဟာ မဟာထူးလွင် မင်း သေတော့မယ် "

" အဟင်း ပြွတ်! ချစ်တယ် ငယ်ရယ် မောင်မင်းကိုသိပ်ချစ်တယ် "

ဂုတ်စပ်ကိုဖိနမ်းလာတဲ့နှုတ်ခမ်းထွေးထွေးဟာနူးညံ့ချင်းတွေပျော်ဝင်စွာ ။

သူခိုးကာပြုံးမိလိုက်ပါသည် ။ သူ့အထင် မဟာထူးလွင်ကိုသူစိတ်ကောက်ပြေတော့မည်ထင်သည် ။

သားကိုလာပို့ပေးသွားတဲ့ဘရဏီနဲ့ကောင်မလေးတစ်ယောက်ကိုကြည့်လို့မဟာကအထူးတဆန်း။
နိုင့်အထင်တော့သူတို့နှစ်ယောက်ဘာဘာညာညာဖြစ်ရမည် ။ ကြည့်ရတာသူ့ကိစ္စခေါင်းခံလို့အပျော်ခရီးထွက်လာတာဘဲဖြစ်မည် ။

ပြုံးစေ့စေ့နဲ့နိုင့်ကြောင့်မဟာကဘေးနားသို့ကပ်လာပြန်၏ ။

" ဖယ်စမ်းပါ မင်းတော့ထိုးခံရတော့မှာကွ "

" အင်း ပြီးကျဖယ်မယ် ခဏ "

အတင်းသားကိုချီထားတဲ့နိုင့်ကိုပုခုံးဆွဲလှည့်လို့နှုတ်ခမ်းတို့စုပ်ယူလေတော့၏ ။ သူ့ခမျာသားကိုချီထားမို့ရုန်းမရပြုမရပေ ။ ဒီကောင်တော့ အခွင့်အရေးဆိုရသမျှယူတတ်နေတော့တာဘဲ ။ ကျစ်!

~

ညစာဆင်းစားတော့ သူတို့ကိုလူတွေကကွက်ကြည့်ကွက်ကြည့် ။ ရှုံ့ချတယ်လဲမဟုတ်ထောက်ခံတယ်လဲမဟုတ်ပေမယ့် လူဆိုတာ ဒီလိုမျိုးဆိုလိုက်ကြည့်တတ်တာကိုကထုံးစံလေ ။

အစားကောင်းကောင်းမစားရ​တာတော့မဟာပင်ဖြစ်သည် ။ သားကိုတစ်ဖက်ပေါင်ပေါ်ပွေ့တင်ထားရပြီး တစ်ဖက်ထဲနဲ့ဇွန်းခရင်းသုံးနေရတာမို့အဆင်မပြေပါ ။ နိုင်ကတော့စားစရာရှိတာသာငုံ့စားနေတော့၏ ။

" ငယ် မောင့်ကို အသားနဲနဲခွံ့ "

သူ့အားမျက်ခုံးပင့်ကြည့်လာတဲ့နိုင့်ကိုမျက်နှာငယ်လေးလုပ်ပြရှာတော့ နိုင်ကသဘောထားကြီးစွာ သေချာဖဲ့ရွဲ့လို့သူ့ပါးစပ်နားလာတေ့ပေးလေသည် ။ မဟာကသဘောတကျပင်လှမ်းယူစားလိုက်၏ ။ ဒီလောက်စေတနာကောင်းနေပုံထောက်ရင် တော်တော်ကြီးကိုနိုင်ဟာသူ့အပေါ်ပြန်ပြီးနွေးထွေးလာတယ်ဆိုရပါမည် ။

~

အိမ်ကကုတင်နီးနီးလောက် ကျယ်ပြန့်တယ်တဲ့ကုတင်ပေါ်မှာ သားကိုတစ်ဖက်စွန်မှာထားလို့သိပ်ထားလေသည် ။ နိုင်ကတော့ဘာမှမသိတော့ ၊ သူ့ထောင့်သူသာကပ်လို့အိပ်နေတာဖြစ်ပြီး မဟာကသားကိုရွှေ့လိုက်တာပင်ဖြစ်၏ ။ လူလည်ကောင် ။

ခါးသိမ်မှလက်လျှိုဝင်ကာသူကနိုင့်ကိုဖက်တွယ်လိုက်ပြီးလည်တိုင်တွေကြား နှာခေါင်းချွန်ချွန်လေးနှင့်ပွတ်ဆွဲလေ၏ ။

" အင်း! ဟင်း! မဟာ အိပ်​တော့ "

" မောင် အိပ်မပျော်ဘူး ငယ် "

" ငါတော့ အိပ်ပျော်တယ် "

ပါးပြင်ကိုထိရောက်လာတဲ့နှာခေါင်းချွန်ကြောင့် နိုင်ကစိတ်ရှုပ်စွာနှဖူးကနေလက်ဖဝါးနှင့်တွန်းကာမျက်လုံးတို့ဖွင့်ကြည့်လိုက်တော့သည် ။
ရီဝေနေတဲ့အညိုရောင်မျက်ဝန်းတို့ဟာစိတ်ကိုအမြဲတမ်းဆွဲချနေခဲ့သယောင် ။

သူကမဟာ့ပါးပြင်ပေါ်သို့လက်ဖဝါးဖြင့်အုပ်ကာကိုင်လိုက်၏ ။ ဒါကိုမဟာကကြောင်ပေါက်လေးသဖွယ်လက်ဖဝါးတွေကြားတိုးဝှေ့လာလေသည် ။

" အဟင်း! အိပ်မပျော်ဘူးလား "

" အင်း မောင်မင်းကိုဖက်ထားဖို့လိုလို့ "

" ဝိုင်နဲနဲလောက်သောက်ကျမလား "

နိုင်ကမေးလာတော့ မဟာကမျက်ဝန်းတို့တောက်ပစွာလဲ့လို့နေလေသည် ။

" အင်း မောင်နဲ့အတူတူသောက်ပေး "

" သွားယူ ဝရန်တာကဆိုဖာပေါ်မှာစောင့်နေမယ် သားကိုအလည်ခေါင်ပြန်ရွှေ့ခဲ့ ဟိုဘက်ကနေလိမ်ကျသွားမယ် "

သူပြောတော့မဟာကတဟားဟားရယ်သည် ။
ဟုတ်တယ်လေသားပြုတ်ကျရင် ရင်ကျိုးရမှာကသူတို့မို့လား ။

နိုင်ကဝရန်တာမှန်တံခါးလှပ်လို့ အပြင်ထွက်လိုက်ပြီးအရံသင့်ရှိနေတဲ့ဆိုဖာတစ်ခုပေါ်မှာဝင်ထိုင်လိုက်လေသည် ။ ခဏနေတော့မဟာကပါဝင်လာလေ၏ ။ လက်ထဲမှာ​ပြင်သစ်ခွက်နှစ်လုံးနှင့် ပိတ်ဖြူပတ်ထားသည့်ဝိုင်တစ်လုံးကိုဆွဲလာလေသည် ။ စားပွဲအဝိုင်းသေးလေးပေါ်သို့ သို့ဖြေးညှင်းစွာတင်ပြီးသူကခွက်ကလေးအတွင်းသို့ငှဲ့ကာနိုင့်ဆီလှမ်းလေ၏ ။

" တစ်ကယ်တော့ ညရှူ့ခင်းတွေကိုဝိုင်ထက်ဘီယာသောက်ရင်းကြည့်ချင်တာ "

" ဟင့်အင်း မောင်ခွင့်မပြုဘူး "

မဟာပြောလာတော့နိုင်ကရယ်လေသည် ။ သူသိပါတယ် ၊ မဟာခွင့်ပြုမှာမဟုတ်မှန်းသူသိပါသည် ။ ဒါ့ကြောင့်လဲဝိုင်လောက်ဘဲပြောခဲ့တာ ။ တစ်ကယ်တော့နိုင်တို့ကဘီယာတစ်ဘူးတောင်မတိုးဘူး ။ ပြောရရင် နိုင်ကမဟာထူးလွင်နဲ့တောင်ပြိုင်သောက်ပေးနိုင်တဲ့လူမျိုးမဟုတ်ပါလား ။

လက်ထဲကဝိုင်ခွက်ကိုယမ်းလို့သူမော့နေတုန်းမဟာကခွက်ကိုင်ကာသူ့ဘေးကိုဝင်လာလေသည် ။ ထို့နောက်သူ့လက်များက နိုင့်ပုခုံးပေါ်ရောက်လာပြီး နိုင့်အားရင်ခွင်ထဲဆွဲသွင်းတော့၏ ။ နိုင်ကလဲမဟာ့ရင်ဘတ်ပေါ်လျှောချ၍မှီလိုက်ပြီးမဟာ့ရင်ခုန်သံကိုနားထောင်မိသည် ။

" ဒါအခွင့်အရေးယူတာလား "

" အင်း ရမလားလို့ လုပ်ကြည့်တာ "

" အဟွန်း! အခွင့်ရေးသမား "

" အင်းဟုတ်တယ် ငယ်နဲ့ပတ်သပ်ရင်ပေါ့ "

တိတ်ဆိတ်စွာငြိမ်သက်သွားကြတဲ့နှစ်ကိုယ်ကြားမှာပြောစရာမရှိတော့သလို ။ နိုင်ဟာရင်ခုန်သံကိုသာနားထောင်နေခဲ့ပြီး မဟာကတော့ကိုယ်သင်းနံ့နှင့်ဝိုင်နံ့ရော၍ရှူရှိူက်နေခဲ့သည် ။

" ငါ့ကိုပြောစရာလေးများမရှိဘူးလား "

" အင်း.. ငယ် ရှိတယ် နားထောင်မလား "

" လုပ်စမ်းပါဦး "

" ကိုယ်တို့အစကပြန်သိကျွမ်းကြမလားငယ်
ငယ်ကစာအုပ်လေးကိုင်ပြီးလမ်းပြန်လျှောက်လာခဲ့ မောင်ကမင်းကိုညင်ညင်သာသာလေးဝင်တိုက်မယ် ဒီတစ်ခါအနာဂတ်ကိုပါမောင်ပြင်ထားလိုက်မယ် "

" ထပ်ပြီးတော့တိုက်ဖို့တန်ရဲ့လား "

" မောင့်အတွက်ဘယ်နှခါဝင်တိုက်ရဝင်တိုက်ရငယ်နဲ့ဆုံတွေ့ရတာဘဝရဲ့ချီးမွမ်းလက်ဆောင်ဘဲ "

" ငါတော့ခဏခဏဝင်မတိုက်ချင်တော့ဘူး
ဝင်တိုက်ပြီးနောက်တစ်နေ့ သူ့အိမ်မှာပိတ်ထားတဲ့ကောင်နဲ့မသိကျွမ်းချင်ပါဘူး ငါနစ်နာတယ် "

" မောင်မှမနစ်နာဘဲ "

သူပြောတော့နိုင်ဟာရင်ခွင်တွင်းမှမော့ကာမျက်စောင်းတစ်ချက်ပစ်လွှတ်လေသည် ။

" တော်​တော်တရားကျဖို့ကောင်း "

" မောင်မင်းကိုစာအုပ်လေးတစ်အုပ်ဖြစ်စေချင်တယ် ကိုယ်တစ်ယောက်ထဲပိုင်ပြီး ကိုယ်တစ်ယောက်ထဲထိုင်ဖတ်လို့ရမယ့်စာအုပ်လေး "

" ဟင်! ငါသာစာအုပ်ဖြစ်လို့ မင်းကထိုင်မဖတ်ဘဲတက်လုပ်နေရင်ဘယ်လိုလုပ်မလဲ "

" ပေါက်ပေါက်ရှာရှာငယ်ရယ် "

" တစ်ကယ်တော့လေ ငယ်ငယ်ထဲကငါ့ကိုgay လို့ဝိုင်းဟားကြတာ ၊ ဗိုက်တွေခဏခဏအောင့်လို့ ဆေးခန်းသွားပြတဲ့အချိန်တုန်းက ဆေးရုံကိုလွှဲပြီး ultrasound ရိုက်ခိုင်းတော့ သားအိမ်ပါမှန်းစစ်ဆေးချက်ထွက်တဲ့အချိန် ဆေးရုံမှာဖောင်ယူဖို့ကျောင်းကပြန်တဲ့နေ့ အဲ့ဒီမှာမင်းနဲ့ငါဝင်တိုက်မိတာဘဲ ဘယ်သူသိမှာလဲ ငါ့ကိုနောက်နေ့ချက်ချင်းလက်ကအတင်းဆွဲပြီးမင်းအိမ်ကိုခေါ်ပြီးပိတ်ထားမယ်လို့ "

" အဟား ဘာလဲငယ်ကြောက်သွားတာလား "

" ဟင့်အင်း မကြောက်ပါဘူး မင်းလဲယောက်ျား ငါလဲ​ယောက်ျားဘဲဟာ ငါ့ခွန်အားမှမသေးဘဲ ပြန်ချမှာပေါ့ ။ နောက်တော့လဲကောင်ဆိုးလေးကိုသနားပြီး မင်းသားလေးဟာချစ်ကျွမ်းဝင်မိတယ်ပေါ့ နောက်ပြီးငါကသားအိမ်ဆိုတာဘာမှန်းမသိဘူးလေ အဲ့မှာအယုံသွင်းခံရပြီးပထမဦးဆုံးအကြိမ်ကိုပေးလိုက်ရ သွေးထွက်လွန်ပြီး ဆေးရုံဆေးခန်းရောက် နောက်မေမေတို့သိပြီးမင်းကိုရွေးခဲ့ရတာ ငါဘယ်လောက်ခက်ခဲခဲ့လဲသိရဲ့လား "

" sorry မောင်တောင်းပန်ပါတယ် "

" ဟင့်အင်းမတောင်းပန်နဲ့ ၊ ငါခက်ခဲခဲ့တယ် ဒါကိုမင်းမမြင်ဘူးဆိုတောင် ငါ့ကိုနားလည်ခဲ့သင့်တာ ဒါပေမယ့် မင်းကငါ့နောက်ကွယ်မှာ အင့်! ငါ့နောက်ကွယ်မှာ "

" ရှူး! တော်ပြီ ငယ်မူးနေပြီ "

" ဟင့်အင်း အရူးရဲ့ငါမူးစရာလား ငါအခုမှအရှိန်ကောင်းတုန်း ငါပြောဦးမှာ "

" အင်း ပြော​​ပါ မောင်နားထောင်မယ် "

" မင်းက မင်းကငါ့ကိုသစ္စာဖောက်တယ် ၊ ငါထွက်ပြေးခဲ့တယ်ဆိုတာလမ်းခွဲလိုက်မှာကြောက်လို့ ၊ နေ့နေ့ညညငါသိပ်ပင်ပန်းတယ် အင့်! သားကိုလွယ်ထားရတဲ့အချိန်ဟာစိတ်အပင်ပန်းဆုံးဘဲ ၊ ငါလေ မင်းကိုသိပ်မုန်းချင်တယ် မဟာထူးလွင် ၊ မင်းရင်ခွင်ထဲဝင်ခိုချင်ခဲ့တဲ့ငါ့စိတ်ကိုမချိုးနှိမ်နိုင်လို့ ခေါင်းတွေကိုက်အောင်ငိုမိတဲ့ညတွေဟာပြဿဒါးဘဲ ။ ဒါတွေမင်းမသိဘူး ၊ မင်းအဲ့ဒီမိန်းမနဲ့ပျော်နေမှာဆိုတဲ့အသိကငါ့နှလုံးသားကိုအချွန်နဲ့ထိုးသလိုဘဲ ။ ဘာအစားအသောက်မှကောင်းကောင်းမစားနိုင်ရင်ငါ့စိတ်ကမင်းကိုသတိရပြီ ၊ အဲ့ဒီလော​က်ထိငါဆိုတာအကျင့်ပျက်ခဲ့တာဘဲ မင်းကတော့ အင့်! မင်းကတော့ ပျော်နေနိုင်ခဲ့တယ် "

" မောင်မှားပါတယ် ၊ မောင်မှားပါတယ် ငယ်ရယ် မောင့်ကိုခွင့်မလွှတ်နဲ့ "

" အင့်! ခွင့်မလွှတ်ဘူး အီးဟီး! လူဆိုးကောင်!
မင်းငါ့ကိုငိုအောင်လုပ်တဲ့ကောင် အဟင့်! စားပြီးနားမလည်တဲ့ကောင် ငါနဲ့ငါ့သားကိုပစ်ထားတဲ့ကောင် "

ဘုန်း! ဘုန်း! ဘုန်း!

တဘုန်းဘုန်းထုရိုက်လို့ ငိုယိုနေတဲ့ကလေးဖ​အေကိုအလိုကျရိုက်နှက်စေပြီးဖက်ထားတော့သူ့လက်မောင်းကိုအကွင်းလိုက်ပေါက်အောင်ကိုက်ခဲလေသည် ။

" စိတ်ပြေပြီလား "

သူမေးတော့ ရင်ခွင်ထဲကလူကြီးလေးဟာခေါင်းလေးငြိမ့်လို့ ထို့နောက်သူ့ပေါင်ပေါ်ခွလို့ထိုင်လာလေသည် ။

" မင်း! "

" အင်း မောင်ကဘာဖြစ်လဲ "

တင်ပါးကနေထိန်းကာကိုင်ပေးတော့ နိုင့်ရဲ့လက်တွေကပုခုံးပေါ်သို့တင်ကာထားလေသည် ။ ထို့နောက်သူ၏ပါးပြင်ပေါ်သို့လက်ဖဝါးဖြင့်ပွတ်သပ်လာလေ၏ ။

" ထပ်မထားခဲ့တဲ့ ငါ့ကို ၊ ငါခံနိုင်ရည်မရှိဘူး "

" အင်း မောင်သိပါပြီ မောင်တစ်ကယ်သိပြီမို့လို့ငယ်စိတ်မပူနဲ့ နောက်ပြီးအစကနေအဆုံးမောင်မင်းကိုဘဲချစ်ခဲ့တာ "

" ငါမင်းကို​စောင့်ကြည့်ဦးမှာ "

" ဟုတ်ပြီ ငယ့်သဘော ၊ မောင်က​တော့ချစ်တယ် "

" အင့်! ငါကောဘဲခွေးကောင်ရဲ့! "

နိုင်ကမဟာ့မေးဖျားမှဆွဲယူကိုင်လေတော့မဟာကသဘောတကျပင်ပြုံးပြုံးကြီးမော့ပေးလေ၏ ။

" မောင် ငါနမ်းချင်တယ် "

" မောင်ကငယ့်အပိုင်ဘဲ ကြိုက်သလိုလုပ်လို့ရတယ် မြင်းစီးချင်လဲရတယ် "

" အင့်! မစနဲ့ "

ဘုန်း!

" အား ဟုတ်ပါပြီ အမလေးငယ်ရယ် "

ဘယ်အချိန်မဆို ငါမင်းဆီမှာဘဲကျရှုံးရတာမောင် ၊ အဲ့ဒီလိုမျိုးဖြစ်တည်မှုလေ ၊ ဘုရားကချီးမြှောက်ခဲ့တယ်မင်းထံမှာဘဲကျရှုံးတဲ့ခွန်အားတွေရှိဖို့ ။ ငါဟာမင်းရှေ့မှာမှပျော့ညံ့ခဲ့ရတယ် ၊ အဲ့တာမင်းကိုချစ်လို့ ။

နှုတ်ခမ်းနှစ်စုံထပ်တူကျတော့အပျော်ဆုံးကမဟာပေါ့ ။ လျှာတွေနဲ့ယှက်တင်ထွေးပွေ့တော့ နှုတ်ခမ်းနှစ်လွှာကြားပြိုဆင်းခဲ့တာအကြိမ်ကြိမ်အခါ ။ ရူးလောက်စေတဲ့တုန့်ပြန့်မှုတွေကြား ထိန်းမရလောက်အောင်သောင်းကျန်းချင်ခဲ့တယ် ။

ဒီလိုနဲ့ညတာဟာရှည်ခဲ့တယ် ၊ လေဟာပြင်ထဲလွင့်မျောခဲ့တဲ့ မြင်းရိုင်းကလေးဟာထိန်းကျောင်းမယ့်သူမရှိခဲ့ ။

Ciel
952021
မဏ္ဍိုင်ထူးလွင်ကဖအေတူသား!

အိုင် warning ထည့်မလို့ပါဘဲ သို့သော် ဖတ်ရတာပေါ့ကုန်မှာဆိုးလို့ ၊ ဒီညစာစရေးတာနောက်ကျသွားတယ် ၊ တောင်းပန်ပါတယ်ကွယ် ၊ အိုင့်အစားစျေးဗန်းတွေလဲရွက်ပေးကြပါဦးလို့ စာဖတ်သူ အသိတွေကိုလက်တို့ကြပါဦး ♥ good night ကွယ် ။ မျှော်နေတဲ့သူတွေကိုအကုန်ချစ်တယ် ။

စကားမစပ် Characters အသစ်တွေထပ်တိုးပါတယ် ။ သို့သော် couple ဆိုပေမယ့် အကျယ့်တဝင့်ဖော်ပြဖြစ်မယ်မထင်ပါဘူး ။ side lead couple တွေများရင် လိုရင်းတွေပျောက်မှာဆိုးလို့ ။

Zawgyi

" ဘရဏီ နင္ဘယ္လိုေရာက္လာတာလဲ "

ေလဆိပ္ကေန hotel ကိုေရာက္ေရာက္ခ်င္းဘဲဘရဏီကသူတို႔ေရွ႕မွာအရင္ႀကိဳေရာက္ေနေလသည္ ။

မဟာကလွမ္းေမးေတာ့ဘရဏီကမ်က္ခုံးတစ္ဖက္ပင့္လို႔ဂ႐ုမစိုက္ဘဲ နိုင့္လက္ထဲအိပ္ေပ်ာ္ေနတဲ့သားကိုသာၾကည့္ေန၏ ။

" ဒုကၡေပးဖို႔ဆိုရင္ငါ့ေရွ႕ကထြက္သြားေနာ္ဘရဏီ ငါ့ေဒါသကိုလာမဆြနဲ႕ "

" နင့္ကိုနင္ေစာက္ဘဝင္ျမင့္မေနနဲ႕ ေပါက္လႊတ္ပဲစားေကာင္ ငါ့တူကိုလာၾကည့္တာ "

ေျပာင္ေခ်ာေခ်ာအျဖဴေရာင္ေအာက္ခံႏွင့္အေပၚက coat အမဲထပ္ထားၿပီး ဆံႏြယ္တို႔ကိုေတာ့အေပၚသို႔ျမႇင့္၍ထုံးဖြဲ႕ထားေလသည္ ။ ထို႔ေနာက္ခ်ိဳင္းၾကားတြင္သတင္းစာတစ္ေစာင္ကိုညွပ္ထားေလ​သည္ ။ gentle style ႏွင့္မို႔ လူေတြကလဲဝိုင္းၾကည့္ေနၾကျပန္၏ ။

လက္ေကာက္ဝတ္အထက္ပိုင္းအတြင္းဘက္မွာ အျမႇီးရွည္၍ေထာင္ေမာက္ေနေသာဇာမဏီပုံတက္တူးကအခန့္သားမို႔ မိန္းမေပမယ့္ ေယာက္်ားတစ္ေယာက္ရဲ႕အရွိန္အဝါဟာအျပည့္ပင္ျဖစ္ေနေလ၏ ။

ေမာင္ႏွမႏွစ္ေယာက္ေၾကာင့္အၾကည့္ေတြဟာခန္းမအလည္ကသူတို႔ဆီတြင္ျဖစ္တည္ေနၾကသည္မို႔လူၾကည့္ခံရတာႀကိဳက္ေပမယ့္ဒီေလာက္ႀကီးအၾကည့္ခံရတာကိုေတာ့နိုင္မႀကိဳက္ပါ ။

ကိုစိုင္းလူကေတာ့ဘာမွမသိသလိုဘဲအေနာက္တြင္သာမတ္တပ္ရပ္ေနေလသည္ ။

ေဒါက္ဖိနပ္သံတဂြက္ဂြက္ႏွင့္ ဘရဏီထူးလြင္ကနိုင္နဲ႕သားရွိရာဆီလွမ္းလာေတာ့မဟာကမ်က္ေမွာင္က်ဳံ႕၍သာၾကည့္ေနလိုက္ေတာ့သည္ ။ တစ္ခုတစ္ခုလုပ္ရင္ေတာ့ အစ္မဆိုၿပီးသူကညွာေနမွာမဟုတ္ဘူး ။ ဘာေနေနနိုင္နဲ႕သားအႏၱရာယ္ကင္းဖို႔လိုသည္ ။

သူမကခ်ိဳင္းၾကားကသတင္းစာအလိပ္ကိုထုတ္ကာျဖန့္ခ်လိဳက္ေတာ့သတင္းစာေခါင္းစီးပိုင္းမွာေလဆိပ္ကသူတို႔မိသားစုပုံျဖစ္ေလ၏ ။

" ဒီထဲမွာအက်ယ္ခ်ဲ့ထားတာေတြလဲပါမယ္ ၊
မဟုတ္တမ္းတရားေတြလဲပါနိုင္တယ္ ၊ ဒါေပမယ့္ငါသိခ်င္တယ္ အမ်ိဳးသားကိုယ္ဝန္ေဆာင္လို႔ေျပာခဲ့သလားလို႔ "

မယုံသလိုအၾကည့္ႏွင့္ၾကည့္လာသူအားနိုင္ဘယ္လိုမွမတုံ႕ျပန္ခ်င္ေပ ။ နိုင့္ဘဝမွာယုံၾကည္မႈမရွိတဲ့လူကိုအမုန္းဆုံးဘဲ ။ ဒါေတြထိလိုက္ၿပီးပါးစပ္လႈပ္ရေအာင္သူသည္အားယားေနတာမဟုတ္ ။ ႀကီးျမတ္တဲ့မဟာလုပ္ငန္းစုကလူတစ္ေယာက္ရဲ႕ေနာက္ေၾကာင္းေတာင္ဂဃဏနသိေအာင္မလိုက္နိုင္ရင္ sorry! သြင္ၾကည္နိုင္ရဲ႕အာ႐ုံစိုက္မႈကိုရမွာမဟုတ္ဘူး ။

သူ႕ကိုေက်ာ္ျဖတ္သြားဖို႔ျပင္ေနတဲ့သြင္ၾကည္နိုင့္ကိုဘရဏီကလက္ေမာင္းရင္းကေနဆြဲလိုက္ေလသည္ ။

" ကေလးကိုေတာ့အေဒၚအရင္းနဲ႕ေပးေတြ႕သင့္တယ္မဟုတ္လား ၊ တကူးတကႀကီးဒီထိေရာက္ေအာင္လာရတာေလ နဲနဲပါးပါးေတာ့ အားနာပါဦး "

" အဟင္း! "

နိုင္ကဟက္ခနဲတစ္ခ်က္ၿပဳံးေတာ့ ဘရဏီထူးလြင္ကလက္ထဲကသားကိုေဆြ႕ခနဲေကာက္ေပြ႕သြားေလ၏ ။

" 905F မွာညစာစားခါနီးမွလာေခၚ service နဲ႕လိုအပ္တာနဲ႕ကေလးအတြက္လုပ္ေပးရမွာေတြပို႔ခိုင္းလိုက္ ၊ ကိုယ္တိုင္လာပို႔ခ်င္လဲရတယ္ေနာ္ မဟာ. ထူး. လြင္. "

" ဟာ ေဟ့! ဘရဏီ ၊ ငါ့သားကိုဘယ္ေခၚသြားမလို႔လဲ ဘရဏီထူးလြင္! ေဟ့! "

သားကိုေခၚၿပီး elevator ထဲဝင္သြားတဲ့ ေယာင္းမျဖစ္သူေၾကာင့္နိုင္ကေခါင္းတခါခါ ။ မဟာကေတာ့ျမင္တဲ့အတိုင္းမိုးၿပိဳေနပါလိမ့္မယ္ ။

~

" ေဆာရီး ေဘဘီ ကိုယ္ကေလးသြားေခၚေနလို႔ "

" ဟင့္အင္း ရတယ္ဏီ ကိစၥမရွိဘူး "

သူမက ကေလးကိုခ်ီထားလ်က္တံခါးကိုေသခ်ာပိတ္ခ်လိဳက္ၿပီး ဝရန္တာမွာ မွန္တံခါးဖြင့္လို႔ထိုင္ေနတဲ့ေကာင္မေလးကိုေျပာလိုက္သည္ ။
သူမကဂါဝန္အျဖဴေလးကိုဝတ္ထားၿပီး ဆံႏြယ္ေတြကိုဝဲခ်ထားေလ၏ ။ မ်က္ဝန္းေလးမ်ားဝိုင္းစက္ကာခ်စ္စဖြယ္ပင္ျဖစ္ေလသည္ ။

" အင္း ေဘဘီ ဒါကိုယ့္တူေလးေလ "

" အာ မနက္ကသတင္းထဲကကေလးေလးလားဏီ "

" အင္း ဟုတ္တယ္ ေဘဘီခ်ီၾကည့္မလား "

" အာ! ေဘဘီက. "

" ရႉး! မခ်ီဖူးရင္ေတာ့ဘယ္ခ်ီတတ္မလဲ အဲ့တာေၾကာင့္လာခဲ့ကိုယ့္နား "

သူမေခၚေတာ့ ထိုကေလးမဟာပုံ႕ပုံ႕ကေလးထိုင္ေနရာမွာထကာ သူ႕ဆီလွမ္းလာေလ၏ ။

မရဲတရဲနဲ႕လက္လွမ္းေတာ့ ဘရဏီက ကေလးကိုေသခ်ာေနရာတက်သင္းရနံ႕လက္ထဲထည့္ေပးေလသည္ ။

မ႑ိုင္ထူးလြင္အၿငိမ္မေန သူ႕လက္ေဖာင္းေလးမ်ားႏွင့္သင္းရနံ႕၏ပါးကေလးကိုပုတ္ေတာ့ သင္းရနံ႕က ကေလးနဲ႕အၿပိဳင္မ်က္လုံးေလးျပဴးလို႔ ။

" ဟား ဟား ေဘဘီရယ္ ဘယ္လိုလုပ္႐ုပ္ေလးက "

" ဟာကြာ ဏီ ေဘဘီမခ်ီတတ္ဘူးလို႔ေျပာသားဘဲကို "

ဆူပုတ္ေနတဲ့ကေလးမဆီကေနကေလးကိုျပန္ခ်ီလို႔သူကုတင္ေပၚထိုင္ခ်လိဳက္ေတာ့ ကေလးမကသူ႕ေလးနားလာထိုင္လို႔ေပါင္ေပၚကိုလက္တင္လာေလသည္ ။

" ဏီ! "

" အင္း ေဘဘီ မင္းရဲ႕ဏီနားေထာင္ေနတယ္ "

" ေဘဘီတို႔ကိုသေဘာတူမွာလားဟင္ "

" ေဘဘီ့မိဘေတြကိုကိုယ္နားဝင္ေအာင္ေျပာမယ္ ကိုယ့္ကိုယ္ယုံတယ္မဟုတ္လား ေဘဘီက "

" အင္း "

ရင္ခြင္ထဲလက္တစ္ဖက္နဲ႕ေပြ႕ထည့္လို႔
နားထင္နားကိုအနမ္းေႁခြေတာ့ သေဘာက်စြာေမးဖ်ားကိုျပန္လည္ေမာ့နမ္းေလသည္ ။

ေဘဘီ ကိုယ္မင္းကိုဘဲရည္႐ြယ္ထားတယ္ ။

~

" ေနာက္ကေနပြတ္သီးပြတ္သပ္နဲ႕ ဘယ္လိုျဖစ္ေနတာလဲ မဟာထူးလြင္ "

" ျဖစ္နိုင္ရင္ေမာင္မင္းအနားမွာေကာ္နဲ႕ကပ္ၿပီးပူးေနခ်င္တာ "

" ေတာ္ေတာ္႐ြေနလား "

" အင္းဟုတ္တယ္ အရမ္း႐ြေနတယ္ မင္းေယာက္်ားသိပ္႐ြေနတယ္ "

" ဘာ​ေယာက္်ားလဲ ေသမယ္ "

" အဟက္ ငယ္ကြာ "

အသဲတယားနဲ႕ခါးက်ဥ္ကေနသိမ္းက်ဳံးကာဖက္ေတာ့ လက္ေတြကဝမ္းဗိုက္ထဲလွ်ိုသြင္းမိၿပီး ရွပ္အကၤ်ီဟာလန္တက္စြာ ။

" ဟာ မဟာထူးလြင္ မင္း ေသေတာ့မယ္ "

" အဟင္း ႁပြတ္! ခ်စ္တယ္ ငယ္ရယ္ ေမာင္မင္းကိုသိပ္ခ်စ္တယ္ "

ဂုတ္စပ္ကိုဖိနမ္းလာတဲ့ႏႈတ္ခမ္းေထြးေထြးဟာႏူးညံ့ခ်င္းေတြေပ်ာ္ဝင္စြာ ။

သူခိုးကာၿပဳံးမိလိုက္ပါသည္ ။ သူ႕အထင္ မဟာထူးလြင္ကိုသူစိတ္ေကာက္ေျပေတာ့မည္ထင္သည္ ။

သားကိုလာပို႔ေပးသြားတဲ့ဘရဏီနဲ႕ေကာင္မေလးတစ္ေယာက္ကိုၾကည့္လို႔မဟာကအထူးတဆန္း။
နိုင့္အထင္ေတာ့သူတို႔ႏွစ္ေယာက္ဘာဘာညာညာျဖစ္ရမည္ ။ ၾကည့္ရတာသူ႕ကိစၥေခါင္းခံလို႔အေပ်ာ္ခရီးထြက္လာတာဘဲျဖစ္မည္ ။

ၿပဳံးေစ့ေစ့နဲ႕နိုင့္ေၾကာင့္မဟာကေဘးနားသို႔ကပ္လာျပန္၏ ။

" ဖယ္စမ္းပါ မင္းေတာ့ထိုးခံရေတာ့မွာကြ "

" အင္း ၿပီးက်ဖယ္မယ္ ခဏ "

အတင္းသားကိုခ်ီထားတဲ့နိုင့္ကိုပုခုံးဆြဲလွည့္လို႔ႏႈတ္ခမ္းတို႔စုပ္ယူေလေတာ့၏ ။ သူ႕ခမ်ာသားကိုခ်ီထားမို႔႐ုန္းမရျပဳမရေပ ။ ဒီေကာင္ေတာ့ အခြင့္အေရးဆိုရသမွ်ယူတတ္ေနေတာ့တာဘဲ ။ က်စ္!

~

ညစာဆင္းစားေတာ့ သူတို႔ကိုလူေတြကကြက္ၾကည့္ကြက္ၾကည့္ ။ ရႈံ႕ခ်တယ္လဲမဟုတ္ေထာက္ခံတယ္လဲမဟုတ္ေပမယ့္ လူဆိုတာ ဒီလိုမ်ိဳးဆိုလိုက္ၾကည့္တတ္တာကိုကထုံးစံေလ ။

အစားေကာင္းေကာင္းမစားရ​တာေတာ့မဟာပင္ျဖစ္သည္ ။ သားကိုတစ္ဖက္ေပါင္ေပၚေပြ႕တင္ထားရၿပီး တစ္ဖက္ထဲနဲ႕ဇြန္းခရင္းသုံးေနရတာမို႔အဆင္မေျပပါ ။ နိုင္ကေတာ့စားစရာရွိတာသာငုံ႕စားေနေတာ့၏ ။

" ငယ္ ေမာင့္ကို အသားနဲနဲခြံ႕ "

သူ႕အားမ်က္ခုံးပင့္ၾကည့္လာတဲ့နိုင့္ကိုမ်က္ႏွာငယ္ေလးလုပ္ျပရွာေတာ့ နိုင္ကသေဘာထားႀကီးစြာ ေသခ်ာဖဲ့႐ြဲ႕လို႔သူ႕ပါးစပ္နားလာေတ့ေပးေလသည္ ။ မဟာကသေဘာတက်ပင္လွမ္းယူစားလိုက္၏ ။ ဒီေလာက္ေစတနာေကာင္းေနပုံေထာက္ရင္ ေတာ္ေတာ္ႀကီးကိုနိုင္ဟာသူ႕အေပၚျပန္ၿပီးႏြေးေထြးလာတယ္ဆိုရပါမည္ ။

~

အိမ္ကကုတင္နီးနီးေလာက္ က်ယ္ျပန့္တယ္တဲ့ကုတင္ေပၚမွာ သားကိုတစ္ဖက္စြန္မွာထားလို႔သိပ္ထားေလသည္ ။ နိုင္ကေတာ့ဘာမွမသိေတာ့ ၊ သူ႕ေထာင့္သူသာကပ္လို႔အိပ္ေနတာျဖစ္ၿပီး မဟာကသားကိုေ႐ႊ႕လိုက္တာပင္ျဖစ္၏ ။ လူလည္ေကာင္ ။

ခါးသိမ္မွလက္လွ်ိုဝင္ကာသူကနိုင့္ကိုဖက္တြယ္လိုက္ၿပီးလည္တိုင္ေတြၾကား ႏွာေခါင္းခြၽန္ခြၽန္ေလးႏွင့္ပြတ္ဆြဲေလ၏ ။

" အင္း! ဟင္း! မဟာ အိပ္​ေတာ့ "

" ေမာင္ အိပ္မေပ်ာ္ဘူး ငယ္ "

" ငါေတာ့ အိပ္ေပ်ာ္တယ္ "

ပါးျပင္ကိုထိေရာက္လာတဲ့ႏွာေခါင္းခြၽန္ေၾကာင့္ နိုင္ကစိတ္ရႈပ္စြာႏွဖူးကေနလက္ဖဝါးႏွင့္တြန္းကာမ်က္လုံးတို႔ဖြင့္ၾကည့္လိုက္ေတာ့သည္ ။
ရီေဝေနတဲ့အညိုေရာင္မ်က္ဝန္းတို႔ဟာစိတ္ကိုအၿမဲတမ္းဆြဲခ်ေနခဲ့သေယာင္ ။

သူကမဟာ့ပါးျပင္ေပၚသို႔လက္ဖဝါးျဖင့္အုပ္ကာကိုင္လိုက္၏ ။ ဒါကိုမဟာကေၾကာင္ေပါက္ေလးသဖြယ္လက္ဖဝါးေတြၾကားတိုးေဝွ႕လာေလသည္ ။

" အဟင္း! အိပ္မေပ်ာ္ဘူးလား "

" အင္း ေမာင္မင္းကိုဖက္ထားဖို႔လိုလို႔ "

" ဝိုင္နဲနဲေလာက္ေသာက္က်မလား "

နိုင္ကေမးလာေတာ့ မဟာကမ်က္ဝန္းတို႔ေတာက္ပစြာလဲ့လို႔ေနေလသည္ ။

" အင္း ေမာင္နဲ႕အတူတူေသာက္ေပး "

" သြားယူ ဝရန္တာကဆိုဖာေပၚမွာေစာင့္ေနမယ္ သားကိုအလည္ေခါင္ျပန္ေ႐ႊ႕ခဲ့ ဟိုဘက္ကေနလိမ္က်သြားမယ္ "

သူေျပာေတာ့မဟာကတဟားဟားရယ္သည္ ။
ဟုတ္တယ္ေလသားျပဳတ္က်ရင္ ရင္က်ိဳးရမွာကသူတို႔မို႔လား ။

နိုင္ကဝရန္တာမွန္တံခါးလွပ္လို႔ အျပင္ထြက္လိုက္ၿပီးအရံသင့္ရွိေနတဲ့ဆိုဖာတစ္ခုေပၚမွာဝင္ထိုင္လိုက္ေလသည္ ။ ခဏေနေတာ့မဟာကပါဝင္လာေလ၏ ။ လက္ထဲမွာ​ျပင္သစ္ခြက္ႏွစ္လုံးႏွင့္ ပိတ္ျဖဴပတ္ထားသည့္ဝိုင္တစ္လုံးကိုဆြဲလာေလသည္ ။ စားပြဲအဝိုင္းေသးေလးေပၚသို႔ သို႔ေျဖးညွင္းစြာတင္ၿပီးသူကခြက္ကေလးအတြင္းသို႔ငွဲ႕ကာနိုင့္ဆီလွမ္းေလ၏ ။

" တစ္ကယ္ေတာ့ ညရႉ႕ခင္းေတြကိုဝိုင္ထက္ဘီယာေသာက္ရင္းၾကည့္ခ်င္တာ "

" ဟင့္အင္း ေမာင္ခြင့္မျပဳဘူး "

မဟာေျပာလာေတာ့နိုင္ကရယ္ေလသည္ ။ သူသိပါတယ္ ၊ မဟာခြင့္ျပဳမွာမဟုတ္မွန္းသူသိပါသည္ ။ ဒါ့ေၾကာင့္လဲဝိုင္ေလာက္ဘဲေျပာခဲ့တာ ။ တစ္ကယ္ေတာ့နိုင္တို႔ကဘီယာတစ္ဘူးေတာင္မတိုးဘူး ။ ေျပာရရင္ နိုင္ကမဟာထူးလြင္နဲ႕ေတာင္ၿပိဳင္ေသာက္ေပးနိုင္တဲ့လူမ်ိဳးမဟုတ္ပါလား ။

လက္ထဲကဝိုင္ခြက္ကိုယမ္းလို႔သူေမာ့ေနတုန္းမဟာကခြက္ကိုင္ကာသူ႕ေဘးကိုဝင္လာေလသည္ ။ ထို႔ေနာက္သူ႕လက္မ်ားက နိုင့္ပုခုံးေပၚေရာက္လာၿပီး နိုင့္အားရင္ခြင္ထဲဆြဲသြင္းေတာ့၏ ။ နိုင္ကလဲမဟာ့ရင္ဘတ္ေပၚေလွ်ာခ်၍မွီလိုက္ၿပီးမဟာ့ရင္ခုန္သံကိုနားေထာင္မိသည္ ။

" ဒါအခြင့္အေရးယူတာလား "

" အင္း ရမလားလို႔ လုပ္ၾကည့္တာ "

" အဟြန္း! အခြင့္ေရးသမား "

" အင္းဟုတ္တယ္ ငယ္နဲ႕ပတ္သပ္ရင္ေပါ့ "

တိတ္ဆိတ္စြာၿငိမ္သက္သြားၾကတဲ့ႏွစ္ကိုယ္ၾကားမွာေျပာစရာမရွိေတာ့သလို ။ နိုင္ဟာရင္ခုန္သံကိုသာနားေထာင္ေနခဲ့ၿပီး မဟာကေတာ့ကိုယ္သင္းနံ႕ႏွင့္ဝိုင္နံ႕ေရာ၍ရႉရွိူက္ေနခဲ့သည္ ။

" ငါ့ကိုေျပာစရာေလးမ်ားမရွိဘူးလား "

" အင္း.. ငယ္ ရွိတယ္ နားေထာင္မလား "

" လုပ္စမ္းပါဦး "

" ကိုယ္တို႔အစကျပန္သိကြၽမ္းၾကမလားငယ္
ငယ္ကစာအုပ္ေလးကိုင္ၿပီးလမ္းျပန္ေလွ်ာက္လာခဲ့ ေမာင္ကမင္းကိုညင္ညင္သာသာေလးဝင္တိုက္မယ္ ဒီတစ္ခါအနာဂတ္ကိုပါေမာင္ျပင္ထားလိုက္မယ္ "

" ထပ္ၿပီးေတာ့တိုက္ဖို႔တန္ရဲ႕လား "

" ေမာင့္အတြက္ဘယ္ႏွခါဝင္တိုက္ရဝင္တိုက္ရငယ္နဲ႕ဆုံေတြ႕ရတာဘဝရဲ႕ခ်ီးမြမ္းလက္ေဆာင္ဘဲ "

" ငါေတာ့ခဏခဏဝင္မတိုက္ခ်င္ေတာ့ဘူး
ဝင္တိုက္ၿပီးေနာက္တစ္ေန႕ သူ႕အိမ္မွာပိတ္ထားတဲ့ေကာင္နဲ႕မသိကြၽမ္းခ်င္ပါဘူး ငါနစ္နာတယ္ "

" ေမာင္မွမနစ္နာဘဲ "

သူေျပာေတာ့နိုင္ဟာရင္ခြင္တြင္းမွေမာ့ကာမ်က္ေစာင္းတစ္ခ်က္ပစ္လႊတ္ေလသည္ ။

" ေတာ္​ေတာ္တရားက်ဖိဳ႕ေကာင္း "

" ေမာင္မင္းကိုစာအုပ္ေလးတစ္အုပ္ျဖစ္ေစခ်င္တယ္ ကိုယ္တစ္ေယာက္ထဲပိုင္ၿပီး ကိုယ္တစ္ေယာက္ထဲထိုင္ဖတ္လို႔ရမယ့္စာအုပ္ေလး "

" ဟင္! ငါသာစာအုပ္ျဖစ္လို႔ မင္းကထိုင္မဖတ္ဘဲတက္လုပ္ေနရင္ဘယ္လိုလုပ္မလဲ "

" ေပါက္ေပါက္ရွာရွာငယ္ရယ္ "

" တစ္ကယ္ေတာ့ေလ ငယ္ငယ္ထဲကငါ့ကိုgay လို႔ဝိုင္းဟားၾကတာ ၊ ဗိုက္ေတြခဏခဏေအာင့္လို႔ ေဆးခန္းသြားျပတဲ့အခ်ိန္တုန္းက ေဆး႐ုံကိုလႊဲၿပီး ultrasound ရိုက္ခိုင္းေတာ့ သားအိမ္ပါမွန္းစစ္ေဆးခ်က္ထြက္တဲ့အခ်ိန္ ေဆး႐ုံမွာေဖာင္ယူဖို႔ေက်ာင္းကျပန္တဲ့ေန႕ အဲ့ဒီမွာမင္းနဲ႕ငါဝင္တိုက္မိတာဘဲ ဘယ္သူသိမွာလဲ ငါ့ကိုေနာက္ေန႕ခ်က္ခ်င္းလက္ကအတင္းဆြဲၿပီးမင္းအိမ္ကိုေခၚၿပီးပိတ္ထားမယ္လို႔ "

" အဟား ဘာလဲငယ္ေၾကာက္သြားတာလား "

" ဟင့္အင္း မေၾကာက္ပါဘူး မင္းလဲေယာက္်ား ငါလဲ​ေယာက္်ားဘဲဟာ ငါ့ခြန္အားမွမေသးဘဲ ျပန္ခ်မွာေပါ့ ။ ေနာက္ေတာ့လဲေကာင္ဆိုးေလးကိုသနားၿပီး မင္းသားေလးဟာခ်စ္ကြၽမ္းဝင္မိတယ္ေပါ့ ေနာက္ၿပီးငါကသားအိမ္ဆိုတာဘာမွန္းမသိဘူးေလ အဲ့မွာအယုံသြင္းခံရၿပီးပထမဦးဆုံးအႀကိမ္ကိုေပးလိုက္ရ ေသြးထြက္လြန္ၿပီး ေဆး႐ုံေဆးခန္းေရာက္ ေနာက္ေမေမတို႔သိၿပီးမင္းကိုေ႐ြးခဲ့ရတာ ငါဘယ္ေလာက္ခက္ခဲခဲ့လဲသိရဲ႕လား "

" sorry ေမာင္ေတာင္းပန္ပါတယ္ "

" ဟင့္အင္းမေတာင္းပန္နဲ႕ ၊ ငါခက္ခဲခဲ့တယ္ ဒါကိုမင္းမျမင္ဘူးဆိုေတာင္ ငါ့ကိုနားလည္ခဲ့သင့္တာ ဒါေပမယ့္ မင္းကငါ့ေနာက္ကြယ္မွာ အင့္! ငါ့ေနာက္ကြယ္မွာ "

" ရႉး! ေတာ္ၿပီ ငယ္မူးေနၿပီ "

" ဟင့္အင္း အ႐ူးရဲ႕ငါမူးစရာလား ငါအခုမွအရွိန္ေကာင္းတုန္း ငါေျပာဦးမွာ "

" အင္း ေျပာ​​ပါ ေမာင္နားေထာင္မယ္ "

" မင္းက မင္းကငါ့ကိုသစၥာေဖာက္တယ္ ၊ ငါထြက္ေျပးခဲ့တယ္ဆိုတာလမ္းခြဲလိုက္မွာေၾကာက္လို႔ ၊ ေန႕ေန႕ညညငါသိပ္ပင္ပန္းတယ္ အင့္! သားကိုလြယ္ထားရတဲ့အခ်ိန္ဟာစိတ္အပင္ပန္းဆုံးဘဲ ၊ ငါေလ မင္းကိုသိပ္မုန္းခ်င္တယ္ မဟာထူးလြင္ ၊ မင္းရင္ခြင္ထဲဝင္ခိုခ်င္ခဲ့တဲ့ငါ့စိတ္ကိုမခ်ိဳးႏွိမ္နိုင္လို႔ ေခါင္းေတြကိုက္ေအာင္ငိုမိတဲ့ညေတြဟာျပႆဒါးဘဲ ။ ဒါေတြမင္းမသိဘူး ၊ မင္းအဲ့ဒီမိန္းမနဲ႕ေပ်ာ္ေနမွာဆိုတဲ့အသိကငါ့ႏွလုံးသားကိုအခြၽန္နဲ႕ထိုးသလိုဘဲ ။ ဘာအစားအေသာက္မွေကာင္းေကာင္းမစားနိုင္ရင္ငါ့စိတ္ကမင္းကိုသတိရၿပီ ၊ အဲ့ဒီေလာ​က္ထိငါဆိုတာအက်င့္ပ်က္ခဲ့တာဘဲ မင္းကေတာ့ အင့္! မင္းကေတာ့ ေပ်ာ္ေနနိုင္ခဲ့တယ္ "

" ေမာင္မွားပါတယ္ ၊ ေမာင္မွားပါတယ္ ငယ္ရယ္ ေမာင့္ကိုခြင့္မလႊတ္နဲ႕ "

" အင့္! ခြင့္မလႊတ္ဘူး အီးဟီး! လူဆိုးေကာင္!
မင္းငါ့ကိုငိုေအာင္လုပ္တဲ့ေကာင္ အဟင့္! စားၿပီးနားမလည္တဲ့ေကာင္ ငါနဲ႕ငါ့သားကိုပစ္ထားတဲ့ေကာင္ "

ဘုန္း! ဘုန္း! ဘုန္း!

တဘုန္းဘုန္းထုရိုက္လို႔ ငိုယိုေနတဲ့ကေလးဖ​ေအကိုအလိုက်ရိဳက္ႏွက္ေစၿပီးဖက္ထားေတာ့သူ႕လက္ေမာင္းကိုအကြင္းလိုက္ေပါက္ေအာင္ကိုက္ခဲေလသည္ ။

" စိတ္ေျပၿပီလား "

သူေမးေတာ့ ရင္ခြင္ထဲကလူႀကီးေလးဟာေခါင္းေလးၿငိမ့္လို႔ ထို႔ေနာက္သူ႕ေပါင္ေပၚခြလို႔ထိုင္လာေလသည္ ။

" မင္း! "

" အင္း ေမာင္ကဘာျဖစ္လဲ "

တင္ပါးကေနထိန္းကာကိုင္ေပးေတာ့ နိုင့္ရဲ႕လက္ေတြကပုခုံးေပၚသို႔တင္ကာထားေလသည္ ။ ထို႔ေနာက္သူ၏ပါးျပင္ေပၚသို႔လက္ဖဝါးျဖင့္ပြတ္သပ္လာေလ၏ ။

" ထပ္မထားခဲ့တဲ့ ငါ့ကို ၊ ငါခံနိုင္ရည္မရွိဘူး "

" အင္း ေမာင္သိပါၿပီ ေမာင္တစ္ကယ္သိၿပီမို႔လို႔ငယ္စိတ္မပူနဲ႕ ေနာက္ၿပီးအစကေနအဆုံးေမာင္မင္းကိုဘဲခ်စ္ခဲ့တာ "

" ငါမင္းကို​ေစာင့္ၾကည့္ဦးမွာ "

" ဟုတ္ၿပီ ငယ့္သေဘာ ၊ ေမာင္က​ေတာ့ခ်စ္တယ္ "

" အင့္! ငါေကာဘဲေခြးေကာင္ရဲ႕! "

နိုင္ကမဟာ့ေမးဖ်ားမွဆြဲယူကိုင္ေလေတာ့မဟာကသေဘာတက်ပင္ၿပဳံးၿပဳံးႀကီးေမာ့ေပးေလ၏ ။

" ေမာင္ ငါနမ္းခ်င္တယ္ "

" ေမာင္ကငယ့္အပိုင္ဘဲ ႀကိဳက္သလိုလုပ္လို႔ရတယ္ ျမင္းစီးခ်င္လဲရတယ္ "

" အင့္! မစနဲ႕ "

ဘုန္း!

" အား ဟုတ္ပါၿပီ အမေလးငယ္ရယ္ "

ဘယ္အခ်ိန္မဆို ငါမင္းဆီမွာဘဲက်ရႈံးရတာေမာင္ ၊ အဲ့ဒီလိုမ်ိဳးျဖစ္တည္မႈေလ ၊ ဘုရားကခ်ီးျမႇောက္ခဲ့တယ္မင္းထံမွာဘဲက်ရႈံးတဲ့ခြန္အားေတြရွိဖို႔ ။ ငါဟာမင္းေရွ႕မွာမွေပ်ာ့ညံ့ခဲ့ရတယ္ ၊ အဲ့တာမင္းကိုခ်စ္လို႔ ။

ႏႈတ္ခမ္းႏွစ္စုံထပ္တူက်ေတာ့အေပ်ာ္ဆုံးကမဟာေပါ့ ။ လွ်ာေတြနဲ႕ယွက္တင္ေထြးေပြ႕ေတာ့ ႏႈတ္ခမ္းႏွစ္လႊာၾကားၿပိဳဆင္းခဲ့တာအႀကိမ္ႀကိမ္အခါ ။ ႐ူးေလာက္ေစတဲ့တုန့္ျပန့္မႈေတြၾကား ထိန္းမရေလာက္ေအာင္ေသာင္းက်န္းခ်င္ခဲ့တယ္ ။

ဒီလိုနဲ႕ညတာဟာရွည္ခဲ့တယ္ ၊ ေလဟာျပင္ထဲလြင့္ေမ်ာခဲ့တဲ့ ျမင္းရိုင္းကေလးဟာထိန္းေက်ာင္းမယ့္သူမရွိခဲ့ ။

Ciel
952021
မ႑ိုင္ထူးလြင္ကဖေအတူသား!

အိုင္ warning ထည့္မလို႔ပါဘဲ သို႔ေသာ္ ဖတ္ရတာေပါ့ကုန္မွာဆိုးလို႔ ၊ ဒီညစာစေရးတာေနာက္က်သြားတယ္ ၊ ေတာင္းပန္ပါတယ္ကြယ္ ၊ အိုင့္အစားေစ်းဗန္းေတြလဲ႐ြက္ေပးၾကပါဦးလို႔ စာဖတ္သူ အသိေတြကိုလက္တို႔ၾကပါဦး ♥ good night ကြယ္ ။ ေမွ်ာ္ေနတဲ့သူေတြကိုအကုန္ခ်စ္တယ္ ။

စကားမစပ္ Characters အသစ္ေတြထပ္တိုးပါတယ္ ။ သို႔ေသာ္ couple ဆိုေပမယ့္ အက်ယ့္တဝင့္ေဖာ္ျပျဖစ္မယ္မထင္ပါဘူး ။ side lead couple ေတြမ်ားရင္ လိုရင္းေတြေပ်ာက္မွာဆိုးလို႔ ။

Seguir leyendo

También te gustarán

755K 57K 76
လမင်းနဲ့ပင်လယ်ဟာ ဝေးကွာနေတာလား နီးစပ်နေတာလား။ လမင်းရဲ့အေးမြတဲ့အလင်းရောင်ဟာ ပင်လယ်ကိုဆွဲဆောင်ညို့​ငင်တတ်ပါတယ်တဲ့။ ဒါကြောင့် ဒီရေလှိုင်းတွေဖြစ်ပေါ်လာတတ...
250K 26.9K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
320K 14.7K 71
ဟင်္သာ အောက်ချင်းကို ပုံပမာထား ဒေစီပန်းလေးတွေရဲ့ သစ္စာစကားက တစ်သက် တစ်ယောက် အချစ် တစ်ဘဝတည်းတဲ့လား.... ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးတစ်ခု❤️ Uni & Za...
352K 8.7K 80
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."