မဏ္ဍိုင်
By Ciel_Zizawar
1.3M 114K 3.1K
Unicode " မောင့်ရဲ့တိမ်စိုင်လေးလုပ်မလား မောင်ကကမ္ဘာကြီးလုပ်မယ်လေ " " တိမ်စိုင်တွေကပြေးနေတတ်တာလေမောင်ရဲ့ " "... More
အပိုင်း၁ introl
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇ ⚠
အပိုင်း ၈
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂ ⚠
အပိုင်း ၁၃
အပိုင်း၁၄
အပိုင်း ၁၅
အပိုင်း ၁၆ ⚠
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀⚠⚠ ( volume 1)
အပိုင်း ၂၀ ⚠⚠ (volume2)
အပိုင်း ၂၁
အပိုင်း ၂၂ ⚠
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
present part ( 27.5)⚠
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
၃၁
၃၂
၃၃⚠
၃၄
၃၅
၃၆
၃၇
၃၈
၃၉
ပဲလှော်
၄၀ (Warning ⚠)
၄၁
၄၂
၄၃ (Title End)
Extra 0.5 warning ⚠
Extra
အပိုင်း ၉
28.6K 2.9K 78
By Ciel_Zizawar
" အသေးလေး လိမ္မော်ဖျော်ရည်လေး "
" ရတယ် မလိုဘူး "
ခပ်တန်းတန်းဘဲပြန်ပြောလာတဲ့ ကောင်လေးကြောင့်စိုင်းလူကအိုးတို့အမ်းတမ်း ။
ဒီကောင်လေးကဘာလဲဟ ။ ဘာမို့လို့သူ့ကိုလာချေနေရတာလဲ ။
" ဒီမှာ စေတနာနဲ့ဖျော်လာပေးတာ မတူသလိုမတန်သလိုတော့လာမလုပ်နဲ့ အားယားနေတဲ့ကောင်မဟုတ်ဘူး "
သူပြန်ပြောတော့ခေတ်သစ်ဦးကမျက်မှောင်ကျုံ့လို့ သူ့ကိုမျက်စောင်းထိုးကာကြည့်လေသည် ။
ဒီကောင်လေးတော့ ကိုင်ပေါက်ရရင်တစ်ကိုင်စာတောင်မရှိဘဲနဲ့ အချိုးကမပြေဘူး ၊ သူဌေးသားဆိုတိုင်းမာနခေါင်ခိုက်နေတော့တာဘဲ ။
အပေါ်ထပ်ကဆင်းလာလာချင်းရန်ပွဲနဲ့တိုးတော့သွင်ကြည်နိုင်ကအပြေးအလွှားနှင့် ။
သူခေတ်သစ်ဦးအကြောင်းကိုသိတယ် ။
ကိုစိုင်းလူကတော့သည်းခံမှာမဟုတ်ပေဘူး ။
ခေတ်သစ်ဦးကလူကောင်ထွားထွားသန်သန်မာမာတွေဆိုကြောက်တဲ့ကောင် ၊ ရုပ်ကသာမကြောက်တဲ့ပုံနဲ့ဖြဲတဲ့ရုပ်ပေါက်မယ် ၊ ဒါသူ့ cover ဘဲဆိုတော့လဲ နိုင်ကသိနေသည်လေ ။
" ဧည့်ခန်းထဲမှာတော့ရန်မဖြစ်ကြပါနဲ့ "
သူပြောတော့မှခေတ်သစ်ဦးကဝမ်းသာအားရနှင့်သူ့ဆီထကာလှမ်းလာ၏ ၊ ဖင်တောင်မငြိမ်ဘဲတန်းထလာတယ်ဆိုထဲကဘယ်လောက်ကြောက်နေလဲဆိုတာသိသိသာသာ ။
" ကိုစိုင်းလူ စိတ်မရှိပါနဲ့ ကျွန်တော့်သူငယ်ချင်းကဒီလိုဘဲမို့လို့ပါ "
" ရပါတယ် ကျွန်တော်ကသဘောထားပြည့်ဝပြီးသားပါ "
" အောင်မာ ဘယ်ကောင်ကများသဘောထားမပြည့်ဝဘဲနေလို့တုန်း "
သူရောက်လာမှထစွာတဲ့ခေတ်သစ်ဦးကြောင့်သွင်ကြည်နိုင်ကခေါင်းနပန်းတွေကိုကြီးလို့ ။ ဒုက္ခပါဘဲခေတ်သစ်ဦးရယ် ။
" အဲ့တာတော့ကိုယ်အကြောင်းကိုယ်ပိုသိတာပေါ့ "
" ခင်ဗျား! "
ကိုစိုင်းလူကတော့ ထထွက်သွားချေပြီ ။
ဒီခေတ်သစ်ဦးဆိုတဲ့အကောင်ကတော့ အားကိုးရှိမှမိုက်ရဲတယ် ၊
" ပြန်ရောက်တာနဲ့ရန်ပွဲဘဲနော် မောင်ခေတ်သစ်ဦးတို့ကတော့ "
" မင်း ငါ့အကြောင်းသိရက်သားနဲ့ "
ဟုတ်သည် ၊ မှန်သည် ။ ခေတ်သစ်ဦးကသန်သန်မာမာယောက်ျားတွေကိုကြောက်သည် ။ အလကားနေရင်းတော့ဘယ်သူကမှရွံမုန်းကြောက်မနေပါ ။ ဒါလဲသူ့ကိစ္စနဲ့သူလေ ။
အဲ့ဒီ့နေ့ကခေတ်သစ်ဦးဟာသူ့အားကိုးနဲ့ကိုစိုင်းလူကိုတစ်စောင်းစောင်း ၊ ကိုစိုင်းလူကလဲအစတော့ ဒေါသထွက်သလိုနဲ့နောက်ကျခေတ်သစ်ဦးကိုမကြိုက်မှန်းသိလေပိုစလေပင် ။ တစ်ကယ်ဘဲ သူတို့နှစ်ယောက်ကိုလဲထိန်းလို့မနိုင်ပါ ။
နေ့လည်စာကတော့ ဆိုင်ကနေကိုစိုင်းလူကိုသွားဝယ်ခိုင်းပြီးဖြေရှင်းလိုက်ကြသည် ။ ညစာကျက်ချိန်မှာတော့ ဧည့်ခန်းထဲလူစုံနေ၏ ။
နိုင်ကသားကိုပွေ့ချီထားပြီး မဟာကတော့လှေကားကနေအထုတ်လေးတစ်ထုတ်ကိုင်လို့ဆင်းလာ၏ ၊ ကိုစိုင်းလူနဲ့ခေတ်သစ်ဦးကတော့ ကြောင်နဲ့ကြွက်ဘဲ ။
အရှေ့မှာတော့ မနက်ကဝိုင်းကူလုပ်ပေးတဲ့မဟာ့ရဲ့ bodyguard တွေ ။
" ဒီညတော့ အိမ်ပြန်လို့ရပြီ ၊ ကြိုက်တဲ့နေရာမှာသွားကဲလို့ရတယ် မနက်သာအချိန်မနောက်ကျစေနဲ့ "
လက်ထဲကငွေအုပ်ကို bonus ဝေလို့မဟာကပြောတော့ သူတို့ကခေါင်းတစ်ငြိမ့်ငြိမ့် ။ တစ်ချို့ကတော့ bar တို့ဘာတို့ပေါ့ ၊ မိသားစုရှိတဲ့လူကတော့အိမ်ပြန်ပါလိမ့်မည် ။
နှစ်ဖွဲ့ရှိတာမို့ညစောင့်တစ်ဖွဲ့ကိုပေးမလွှတ်ဘဲနောက်နေ့မှအစားထိုးလဲရပေမယ့် တစ်ညီတစ်ညွတ်ထဲသာပေးလိုက်ချင်သည် ။ ဘယ်သူ့ကိုမှစိတ်မကျေနပ်တာမရှိစေချင်ပါ ။
ထမင်းစားစားပွဲမှာတော့ ကိုစိုင်းလူနဲ့ခေတ်သစ်ဦးတို့ကမျက်နှာချင်းဆိုင်ဖြစ်ပြီး နိုင့်မျက်နှာချင်းဆိုင်မှာတော့ဘယ်သူမှမရှိ ။ နိုင့်ရဲ့မျက်စောင်းထိုးထိပ်တည့်တည့်မှာတော့ မဟာက သားကိုနိုင်နဲ့ကြား သူ့လက်တွန်းလှည်းလေးထဲထားလို့ထိုင်လေသည် ။
လာပါဦးမယ် ကိုစိုင်းလူနဲ့မောင်ခေတ်သစ်ဦးတို့နောင်ဂျိန်ချပွဲ ၊ ဒီနေ့ဘဲသိ ၊ ဒီနေ့ဘဲသတ်ဆိုတာမျိုးဖြစ်ပါလိမ့်မယ် ။
/
ခေတ်သစ်ဦးကတော့ ဒီမှာမအိပ်၊ သူအဖေအိမ်မှာသွားအိပ်ပါလိမ့်မယ် ၊ အလုပ်ကိုတော့ပင်ပန်းလို့ခွင့်ယူပြီးပြန်လာတာလို့ပြောနေပေမယ့် ၊ ပြန်လာတာတစ်လကြာပြီးဖြစ်ပြီး အူမချေးခါးမကျန်သိနေတဲ့သွင်ကြည်နိုင့်အဖို့ ဒီတစ်ခါခေတ်သစ်ဦးပြန်မသွားတော့ဘူးဆိုတာခံစားမိနေသည် ။ တယ်လီပသီတွေများလားတော့မသိပေ ။
" ငယ် မောင်အရေးကြီးအစည်းအဝေးလေးရှိလို့ ဒီနေ့နောက်ကျမယ် "
ဒီတစ်လအတွင်းမဟာကသူ့ကိုအကုန်တင်ပြနေသည် ။ သူစိတ်မဝင်စားလဲ message တစ်တောင်တောင်နဲ့သူလုပ်တာမှန်သမျှသံတော်ဦးတင်လို့သာဖြစ်သည် ။
Message တစ်စောင်သူ့ဖုန်းထဲဝင်လာတော့ နိုင်ကသိပ်ဂရုမစိုက်၊ ph screen ကိုပြန်ပိတ်လိုက်ပြီး ပြင်စရာရှိတာပြင်နေလိုက်သည် ၊ သားနဲ့သူshopping ထွက်မယ် ။
မဟာထူးလွင်! မင်းပိုင်ဆိုင်သမျှငါနဲ့ငါ့သားက ဖြုန်းပစ်မှာ ။
မှန်ထဲကိုသူ့ပုံရိပ်ကိုကြည့်လို့သူသဘောတကျနှင့် ဟက်ခနဲတစ်ချက်ရယ်လိုက်သည် ၊ လွန်ခဲ့တဲ့လက gucci brand page ကနေ ဝယ်ထားတဲ့ တီရှပ်နီညိုလေး နဲ့ short pant အသားရောင် ။
သူသားကိုတစ်ချက်ရှိုးတော့ သူ့ကိုမျက်လုံးဝိုင်းလေးတွေနဲ့ကြည့်နေပြီး ဝတ်ထားတာက လိမ္မော်ရောင်ဝမ်းစက်လေးမို့ သားကလိမ္မော်သီးထုတ်လေးလိုအသဲယားစရာ ။
သားကိုကောက်ပွေ့လို့ သူပါးတွဲကြီးကိုတစ်ချက်မွှေးကြူပစ်လိုက်သည် ။
" မှိုလုံး ဖေဖေတို့ မင်းဒယ်ဒီ့ပိုက်ဆံတွေသွားဖြုန်းကြမယ် "
ထို့နောက်သားကိုရှေ့လွယ်အိတ်လေးနဲ့ဘဲချီလို့ အိတ်ဆွဲကာကော့တော့ကော့တော့နှင့်သားအဖနှစ်ယောက်အပီချဲဖို့ထွက်ခဲ့ပါတော့တယ် ။
သြော်! နေကာမျက်မှန်ကလဲမပါမဖြစ် ။
~
စင်တာထဲမှာဘဲ လျှောက်တန်းတွေကိုတစ်တန်းဝင်တစ်တန်းထွက်နဲ့သူတို့သားအဖရှိုးပြနေလေသည် ။
Single father လေးဆိုပြီး မျက်နှာလိုမျက်နှာရနဲ့ပြုံးပြတာတွေကလေးကိုမြှူတာတွေကတစ်ပုံကြီး ။
အမလေးသားကလဲ ခေါင်းလေးကလဲနိုင် မြင်ကလဲမြင်တော့ မိန်းကလေးလှလှလေးတွေဆို ဖအေ့လက်မောင်းကကျော်လို့ တခတ်ခတ်နဲ့ပင် ရှိတဲ့သွားဖုံးလေးဖြီးလို့ရယ်ပြသေးတတ်သည် ။ ဖအေနဲ့တူတဲ့နှာဘူးကောင် ၊
မိန်းကလေးတွေရှေ့ရောက်ရင် အထာကပေးလိုက်ရမှ ။ အဟင်း ဖအေဆိုတာဟိုဖအေပေါ့ ၊ နိုင်ကတော့စာရိတ္တကောင်းတဲ့လူမျိုးပါနော် ။
" ဘယ်သူများလဲလို့ သေချာကြည့်နေတာ
လူရုပ်သူရုပ်ထွက်နေတော့ အိုင်သေချာမမှတ်မိဘူးဖြစ်သွားတယ် "
သူမက မိုးနှောင်းရဲ့ညီမလွန်းနှောင်း ။
ပြောရရင် မဟာနဲ့ယူမယ့်အထိစီစဥ်ထားတဲ့အမျိုးသမီး ။
အားတော့နာပေမယ့် ဘယ်လိုဘဲယူမယ်ပြောပြောလေ မဟာထူးလွင်ကို ခုလက်ရှိတရားဝင်ပိုင်ဆိုင်ထားတဲ့သူကသွင်ကြည်နိုင်မဟုတ်လား ။
" အော် မတွေ့ချင်ပေမယ့် တွေ့ရတာဝမ်းသာချင်ပါတယ် အမ "
နိုင်ကဝတ္တရားကျေပွန်စွာနှုတ်ဆက်တော့ သူမကလဲခပ်ထေ့ထေ့နဲ့မကျေနပ်ပြုံးပြုံးလေသည် ။
" ယူသိပ်မျက်နှာပြောင်တိုက်လွန်းတယ်နော် အိုင်မထင်ထားဘူး "
" မျက်နှာပြောင်တိုက်တယ်ဆိုတာဘယ်လိုမျိုးကိုပြောတာလဲ ကိုယ်တစ်ကယ် မသိလို့ပါ "
" သူများယောက်ျားကိုခိုးထားပြီးမှ အပြစ်ကင်းသလိုလာလုပ်ပြမနေနဲ့ ၊ ယူ့လိုရေပေါ်ဆီလူတန်းစားတွေကိုအိုင်တစ်ကယ်မုန်းတယ် "
သူမကပြောတော့ နိုင်ကတစ်ဟက်ဟက်ပင်ရယ်လေသည် ။ ဒုက္ခဘဲဒီမိန်းမတော့ ။
" အဟား ဟားဟား! ကိုယ်တိုင်မစွမ်းနိုင်လို့ မင်းကမဟာ့ရဲ့လက်မှတ်ဘေးကကွက်လပ်မှာနေရာမယူခဲ့ရတာမဟုတ်လား ၊ ပေါက်လွတ်ပဲစားတွေမပြောပါနဲ့ အမိရယ် ၊ ထားပါတော့ ဒါမျိုးတွေတယူသန်အတွေးနဲ့ကိုယ်ဖက်မပြောချင်ဘူး မိန်းမဆန်လို့လေ ၊ အဟွန်း! မဟာထူးလွင်ကို လက်ရှိတရားဝင်ပိုင်ဆိုင်ထားတာကတော့ကိုယ်နော် အမိ နားလည်အောင်ပြောပြတာပါ "
သူမဘယ်လောက်ဆွေ့ဆွေ့ခုန်နေမလဲ သွင်ကြည်နိုင်လှည့်မကြည့်လဲသိနေရသည် ။
အမျိုးသမီးကိုတောင်မညှာမတာလို့ပြောရင်လဲ သူခံရမှာဘဲ ။ သူ့စိတ်ကိုက အတင်စီးမခံနိုင်တာလေ မိန်းမလိုမိန်းမရဆိုလဲမိန်းမလိုမိန်းမရပေါ့ ၊ ဘာတွေနာစရာလိုလဲ ။
အဟွန်း! သူတို့သဲသဲမဲမဲလိုချင်နေတဲ့ကောင်တစ်ကောင်လုံးကသူ့ခြေရင်းမှာဝပ်ဆင်းနေရတာကိုများ သူတို့လိုဖုန်မှုန့်လောက်လေးကလာယှဥ်ချင်နေသေးတယ် ။
ပုဂံဘုရားမှာ ၁၈၆ ခေါက်လောက်သွားဆုတောင်းလိုက်ဦး ။
~
ကုန်တိုက်ထဲအိတ်ကြီးအိတ်ငယ်အသွယ်သွယ်နဲ့ထွက်လာတဲ့နိုင့်ကိုကားပေါ်ကဆင်းလာတဲ့ မဟာနဲ့ကတည့်တည့်တိုးလေသည် ။
မဟာကမျက်မှောင်ကြီးကျုံ့လို့နိုင့်ကိုကြည့်နေသော်လဲနိုင်ကတော့ဂရုမစိုက် ။ သူဘယ်ရောက်​ရောက်မဟာထူးလွင်အမြဲနောက်ကလိုက်လာမှာသိလို့ဒီနေ့အငှားကားနဲ့ထွက်လာတာ ၊ ခုလဲမဟာကသတင်းရတာနဲ့သူ့ဆီတန်းပြေးလာတာနေမှာပေါ့ ။ ဒီလောက်ဆိုဟိုမိန်းမနဲ့ဘာတွေဖြစ်လို့ဘာတွေပြောလဲဆိုတာလဲသူသိမှာပါ ။
မဟာကနိုင်နဲ့ သားကိုမျက်မှောင်ကျုံ့ကာကြည့်နေသည် ။
စထွက်သွားပြီဆိုထဲကသူသိနေရတာ ။ တစ်ခွန်းမကျန်သူ့နားထဲအကုန်ပြန်ရောက်နေသည် ။
ဒါပေမယ့်ကိစ္စမရှိ နိုင့်ကိုလွှတ်ပေးထားနိုင်သည် ။ ကုန်တိုက်တစ်တိုက်လုံးပတ်ဖြုတ်နေဆဲဆိုတာတောင်ဂရုမစိုက်ဘဲအစည်းအဝေးခန်းထဲ အေးဆေးထိုင်နေတာဖြစ်သည် ။ ဒါပေမယ့် ဟိုအမျိုးသမီးနဲ့မျက်နှာချင်းဆိုင်နေတယ်ဆိုချိန်မှာတော့ သူအပြေးအလွှားထွက်ခဲ့တော့သည် ။
နိုင့်ကိုစိတ်ပူလို့မဟုတ် သွေးတက်သွားမယ့်ဟိုအမျိုးသမီးကိုစိတ်ပူလို့လဲမဟုတ်ပါ ၊ သူ့ယောက်ျားလက်လွန်သွားမှာဆိုးလို့ပင် ။
ဒီလောကမှာ မဟာထူးလွင်အကြောင်းသိတာသွင်ကြည်နိုင်ဘဲရှိသလို ၊ သွင်ကြည်နိုင့်အကြောင်းသိတာလဲ မဟာထူးလွင်ဘဲရှိတယ် ။
ဒေါသတွေကအစရှေ့သွားနောက်လိုက်ညီလွန်းတဲ့အတွဲတွေ ။
သူ့ကိုကျော်လို့ကားတံခါးဖွင့်ဖို့ပြင်နေတဲ့နိုင့်ကြောင့် မဟာကဘဲတံခါးကိုကပျာကယာဆွဲဖွင့်ပေးရသည် ။ ဒါတောင်နားနားကပ်ပြောသွားသေး၏ ။
" အဲ့ဒီ့အမျိုးသမီးကိုငါအနားကပ်လာတာနောက်မတွေ့ချင်ဘူး " ဟူ၍ဖြစ်သည် ။
" ငယ့်သဘော ၊ အကုန်ဖြစ်စေရမယ် "
သူပြောတော့ နိုင်ကသဘောကျသွားသလို နှုတ်ခမ်းလေးခပ်ယောင်ယောင်ပြုံးလာသည် ။
အဲ့ဒီလောက်ထိကိုမထီပြုံးလေးတွေကိုကမဟာထူးလွင်ကိုပြုစားထားတာဖြစ်သည် ။
~
တညနေလုံး သဘောတွေကျနေတဲ့ငယ့်ကြောင့် မဟာထူးလွင်ကလဲတပြုံးပြုံးနဲ့ ။ သူ့မှာတော့အရေးကြီးအစည်းအဝေးအပျက်ခံပြီးတော့ရန်ပွဲဆွဲဖို့ပြေးလာရတာ နိုင်ကတော့ပြောခဲ့ဆိုခဲ့ရတာတွေကိုအားရပြီး တခတ်ခတ်နဲ့ အူမြူးနေလေသည် ။
သုံးလာဖြုန်းလာတာကလဲမနည်းမနော ။
ဒီလူသားသူ့ကို မွဲစေချင်နေလားတော့မသိ ။
ဘာနေနေပါ သားအဖသုံးယောက်စာအတွက်ကတော့မဟာထူးလွင်တို့ရှာကျွေးလောက်ပါသည် ။ အဲ့ဒီ့လောက်ထိပြဿနာရှိမနေပါ ။ သို့သော်​ဖြုန်းတီးတာမျိုးတော့သဘောမကျ ၊ ဒါပေမယ့်လဲဖြုန်းနေတဲ့သူကတစ်ခြားမဟုတ်လေတော့ သူမပြောရက်တော့ပါ ။
မဟုတ်ရင်ကွဲမယ်ကွာမယ်နဲ့စာချုပ်တစ်သန်းလောက်ထွက်လာလိမ့်မည် ။
အဝတ်တွေချိတ်နဲ့ဗီရိုထဲသေချာဖြည်ချိတ်နေတဲ့ နိုင့်ကိုနောက်ကနေသိမ်းကျုံးဖက်တော့ ထွက်လာတဲ့အသံလေးကခပ်စာစာ ။
" မဟာထူးလွင် ဖယ်စမ်း ပွတ်သီးပွတ်သပ်နဲ့ "
" ငယ်ရာ ဒီနေ့တစ်နေကုန်မောင်မင်းကိုမဖက်ရသေးဘူး "
" ငါ့မတိုင်ခင်က မင်းမိန်းမဆိုတဲ့ဟာကိုဘဲသွားဖက်လိုက် "
" ဟာ ငယ်ရာ ဘာကိုမိန်းမလဲ မောင့်မှာမိန်းမဆိုလို့မင်းဘဲရှိတာကို "
" မဟာထူးလွင်!! "
သူ့ကိုမိန်းမလို့ပြောတော့မကြိုက် ၊
သူများကျတော့အတင်းတွေကိုပေးစားနေလေသည် ။ ဒီလူကြီးပေါက်စတော့နာတော့မှာဗျား ။
" အ့! ဘယ်လိုဖြစ်နေတာလဲမဟာထူးလွင် မင်းတော်တော်လက်ယားနေလား "
သူ့တင်ပါးကိုမထိတထိလာညှစ်နေတဲ့ မဟာ့ကြောင့် နိုင်ကပွစိပွစိ ။ ဒီကောင်အမြဲတမ်းလာလာဆွ ပြီးရင်သူဘဲလက်လွှတ်ရတာ ၊ သားကအမြဲသူစခါနီးဆို တအဲ့အဲ့ထထငိုတာ ။
အဲ့လိုအချိန်မျိုးဆို သားနဲ့သူနဲ့တည့်ပြီ ။
မဟာကတော့သားကိုပါမျက်စောင်းတထိုးထိုး ။
" ဟုတ်တယ် ယားနေတယ် တိမ်စိုင်တွေကိုခွဲလိုက်ချင်လို့ မောင့်လက်တွေယားနေတယ် "
" မဟာထူးလွင်!! ခွေးကောင်!! ညစ်တီးညစ်ပတ်နဲ့ အယုတ်တမာကောင်!! "
ဂွက်"
ရလဒ်ကတော့မဟာထူးလွင်ကနိုင့်ချိတ်စာကိုစားခဲ့လိုက်ရသည်ဖြစ်သည် ။
ဘယ်သူကကိုယ့်တိမ်နှစ်မွှာကိုလာထိရင်ငြိမ်ခံမှာတဲ့လဲ ၊ ဒါရတနာလိုထုပ်ပိုးဖွက်သိမ်းရမယ့်ပစ္စည်းမဟုတ်လား ။
Ciel
552021
မဏ္ဍိုင်ထူးလွင်ကဖအေတူသား!
" ရတယ် မလိုဘူး "
" ခင်ဗျား! "
/
~
~
~
" မဟာထူးလွင်!! "
ဂွက်"
Ciel
552021
Continue Reading
You'll Also Like
18.8K 1K 25
Title - Hang the Star in the Sky [ကောင်းကင်ထက်က ကြယ်ကလေး] ★ If you be my star, I'll be your sky ★ Type - Own Creation, Chinese BL အနုပညာလောကထဲက နာမည...
1.6M 68.7K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
2.3M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
347K 8.7K 80
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."