နိုင်ကသားကိုတရိပ်ရိပ်ကြည့်လို့နေတယ် ။
မျက်နှာလေးနွမ်းကာအားနာစိတ်တွေနဲ့ဖြစ်သည် ။ တစ်ဆက်ထဲမှာဘဲသူ့မျက်စောင်းက စားပွဲဘေးမှာလက်ပိုက်ထိုင်နေတဲ့မဟာထူးလွင်ဆီသို့ဒိုင်းခနဲ ။
သူသာခေါ်မလာဘူးဆိုရင်သားဖျားစရာအကြောင်းအရင်းမှမရှိဘဲကို ။
ကျစ်!
ကျစ်တစ်ချက်သပ်လို့သူဆံပင်တွေကိုထိုးဖွကာ ခါယမ်းပစ်လိုက်သည် ။ သားနေမကောင်းဖြစ်နေတယ်ဆိုတဲ့အသိကသူ့ရင်ကိုတမြေ့မြေ့နဲ့လှိုက်စားလေသည် ။
ဒါဒုတိယအကြိမ်မြောက်ဖျားတာဖြစ်တယ် ။
ပထမအကြိမ်တုန်းကဆိုသားစိတ်ကြောင့်သူ့မှာဘာလုပ်လို့ဘာကိုင်ရမယ်ကိုမသိဘူး ။ ကိုဇေယျာကိုခေါ်လို့အကူအညီတောင်းတော့မှသူအဆင်ပြေခဲ့ရတာ ။ သားနဲ့ပတ်သပ်ရင်သူ့စိတ်ကအဲ့ဒီလိုကိုနုသည် ။
" ငယ် သားကိုရေဝတ်ထပ်တိုက်တော့မလား "
နာရီကြည့်တော့သုံးနာရီ တစ်ညလုံးသူတို့နှစ်ယောက်မအိပ်ဘဲသူကတော့သားအနားကပ်နေတာဖြစ်ပြီးမဟာကတော့သူ့အပြစ်သူသိလို့ ချောင်လေးမှာ ။
သူခပ်စွေစွေစောင်းကြည့်တော့ သူဘာမှားသွားလဲဆိုတဲ့ပုံစံနဲ့ပြန်ကာကြည့်လို့ ။
" မင်းကစိတ်ချလို့မရတဲ့ကောင်ဘဲ ၊ တစ်ကယ်ဆိုမင်းကိုယုံကြည်ပြီးငါအပြင်မထွက်ခဲ့ရင်ကောင်းသား "
သူ့ကိုမယုံကြည်ဘူးဆိုသည့်ပုံစံမျိုးပြောလာတဲ့နိုင့်ကိုကြည့်လို့မဟာ့ဒေါသကထောင်းခနဲ ။
နိုင်ကဘာကြောင့်များသူနဲ့ပတ်သပ်ရင်အယုံအကြည်နဲရတာလဲ ။ အပြည့်အဝယုံပါလို့မပြောချင်ပေမယ့် သူ့မှာနိုင်နဲ့ပတ်သပ်ရင်စေတနာအမှားတွေဘဲရှိပါသည် ။
" ငယ် မောင့်ကိုအသုံးမကျတဲ့ကောင်လိုမပြောစမ်းနဲ့ "
" မင်းဘယ်နားမှာအသုံးကျခဲ့လဲ ဟမ်! ၊
သားအတွက်တောင်မင်းကအားကိုးပြုလို့မရဘူးမဟုတ်လား ၊ ငါပြောတာတွေဘယ်နားမှားနေလို့လဲ စောက်သုံးမကျတဲ့ကောင် စိတ်ဓာတ်ကိုကဖောက်ပြန်ဖို့ဘဲအာရုံရှိတဲ့ကောင် "
" နိုင်မင်းစကားတွေလွန်မလာနဲ့!! "
" မင်းစောက်သံကိုလျှော့လိုက်မဟာထူးလွင် ငါ့သားနိုးသွားရင်မင်းအသေဘဲ "
" နေစမ်းပါဦး ငါကမင်းသားလောက်တောင်အရေးမပါတော့ဘူးလား နိုင် "
မျက်ထောင့်နီနှင့်စိုက်ကြည့်နေသည့်နိုင်ကဒေါသတွေပေါက်ကွဲထွက်တော့မယောင် ။
သူ့အနေနဲ့ခုလောလောဆယ်မဟာထူးလွင်ကိုသိပ်ရိုက်နှက်ချင်တာဘဲသိတယ် ၊ သူ့သားကိုဖျားစေတဲ့အမှုနဲ့ ။
" အရေးပါရအောင် ကိုယ့်နေရာကိုယ်သိလေ "
တောက်ခ်!
သူ့စကားလုံးတွေဟာရင်ဘတ်ထဲကိုတိုက်ရိုက်ထိုးနှက်နိုင်သည် ။ ဒီလူသားအဲ့ဒီလောက်ထိပြောင်းလဲလွယ်လား ။ နောက်ဆုံးမှာသူကဘဲအမှားမဟုတ်လား ။ သူဘာတတ်နိုင်မှာလဲ သူ့အနေနဲ့နိုင့်ကိုလက်မလွှတ်နိုင်တဲ့စိတ်နဲ့ဘဲကိုယ့်ကိုယ်ကိုယ်အမုန်းခံနေရတာဖြစ်သည် ။
" မောင်တောင်းပန်တယ်ကွာ ဟုတ်ပြီလား "
သူပြောနေပေမယ့်နိုင်ကဂရုမစိုက်တော့ သားကိုကြည့်ကာ တအိအိနဲ့ငိုနေသည် ။ တစ်ကယ်ပါဘဲ ၊ သားနေမကောင်းဖြစ်ရုံလောက်ကို နိုင်ကဒီလောက်စိတ်ပျော့နေစရာလိုလား ။
ပုခုံးလေးတုန်တက်လို့ငိုနေတဲ့နိုင့်အနားသွားကာ ရင်ခွင်ထဲဆွဲသွင်းကာဝမ်းဗိုက်ကိုမျက်နှာအပ်စေတော့ သူ့ကိုထုရိုက်ကာထွက်ကျလာတဲ့အပြစ်ဆိုသံတွေကဗလုံးဗထွေးရယ် ။ နောက်ဆုံးတော့မဟာကဘဲလျှော့လိုက်ရတာဖြစ်သည် ။
" အီးဟီး မင်းကြောင့် ငါ့သားကမင်းကြောင့် "
" ဟုတ်ပါတယ်ကွာ ဟုတ်ပါတယ် မောင့်ကြောင့်ပါ မငိုပါနဲ့တော့ မောင်ရင်တွေနာလို့ပါ "
ရင်ဘတ်ကိုတဖုန်းဖုန်းထုရိုက်လို့ကလေးလိုငိုနေတဲ့သူကြောင့် မဟာစိတ်မကောင်းတော့ ။ ဘယ်လောက်ဘဲသန်မာခက်ထန်နေပါစေ တစ်ခါတစ်လေကျငယ်ကသူ့အပေါ်မှီခိုတတ်တဲ့ပုံစံလေးရှိသေးသည် ။
ခေါင်းလေးကိုပွတ်သပ်ပေးတော့ တအိအိနဲ့လူကြီးလေးကအသံတိတ်လေးရှိုက်လို့ ။
ဒုက္ခပါဘဲခေါင်းတွေတော့ကိုက်ကုန်တော့မှာ ။
မနက်ခြောက်နာရီမှသားကအဖျားကျသွားတာမို့ နိုင်ကတော့ကုတင်ပေါ်မှာခွေခွေလေးအိပ်နေသည် ။ မဟာကတော့ လန်းနေတဲ့သားကိုပွေ့ချီလို့ နိုင်မနိုးခင်အခန်းထဲလျှောက်နေလိုက်သည် ။ အဆိုးလေး တစ်ညလုံးဖအေနှစ်ယောက်ကိုဒုက္ခပေးနေတာသူမဟုတ်တဲ့အတိုင်းလက်လေးကားယားကားယားနဲ့ ။
ငါဖင်ကလေးကိုကြီးခပ်ဆတ်ဆတ်ရိုက်ချင်တယ်နော ။
သားကိုသူ့ဗိုက်ပေါ်မှောက်လို့အခန်းဝရန်တာကပက်လက်ကုလားထိုင်မှာထိုင်ရင်း ကျောပြင်လေးကိုပွတ်သပ်ပေးမိသည် ။ အချိန်က ၈နာရီ သူဒီနေ့အလုပ်မသွားဖြစ်တော့ဘူး ။ စိုင်းလူကိုဖုန်းမဆက်မိပေမယ့် အဲ့ဒီလူကတော့တစ်လွဲအတွေးနဲ့ခွင့်ယူမှာကိုသိလောက်ပါသည် ။
~
နိုင်နိုးလာတော့ ၁၀ နာရီကျော်နေပြီ ၊ အခန်းထဲမှာသားနဲ့မဟာ့ကိုမတွေ့ရ ။
လန်ပျံနေတဲ့သူ့ဆံပင်တွေကိုသပ်ချလို့အခန်းကိုဝေ့ဝဲကြည့်တော့ ဝရန်တာဘက်ခြမ်းက ကုလားထိုင်ပေါ်မှာ မဟာ့လက်ထွက်ကျနေလေသည် ။ ကုတင်ပေါ်ကအသာအယာဆင်းလို့ သူဝရန်တာဘက်ထွက်ခဲ့လိုက်သည် ။
အံမယ်သားကသူ့ဗိုက်ပေါ်မှောက်ယက်လေးအိပ်လို့ ။ မဟာကလဲအိပ်ပျော်နေတာဖြစ်တယ် ။ မျက်တွင်းဟောက်ပက်နဲ့မဟာက ညိုကွင်းနေတာကလွဲလို့ ဥပဓိပျောက်မသွားပေ ။ အဲ့ဒီလောက်ထိကိုဆွဲဆောင်မှုရှိနေတာဖြစ်၏ ။
သားကတော့ ဖင်တုံလေးကမို့မောက်နေပြီး နှုတ်ခမ်းလေးဟနေတာမို့လို့ချစ်စရာပင်ဖြစ်သည် ။ ကပျာကယာဖုန်းကိုပြေးယူလို့ သူဓာတ်ပုံလေးရိုက်ယူကာသိမ်းထားလိုက်သည် ။
ထို့နောက်သူသားကိုနှဖူးထက်စမ်းတော့ကိုယ်ငွေ့မရှိတော့၊ အဆိုးလေးကပျောက်သွားပြီပေါ့လေ ။ ခပ်ဖွဖွပွေ့ချီကာကုတင်ဆီခေါ်လာလို့ သေချာအကျအနပြန်သိပ်ရသည် ။ ညကတအီအီနဲ့သားကသေချာမအိပ်ရဘူးမို့လား ။
စောင်အပိုင်းလေးတစ်ထည်ကိုတော့ မဟာ့ကိုယ်ပေါ်သာသွားလွှမ်းပေးလိုက်၏ ။ အိပ်ပျော်နေတဲ့သူကိုနှိုးပြီးဟိုသွားအိပ်ဒီသွားအိပ်လုပ်ရအောင်လဲသူအဲ့လောက်ထိမယုတ်ညံ့ပေ ။
ပြောရရင် သူ့အထိမဟာထူးလွင်နဲ့ပတ်သပ်လို့မလွတ်မြောက်သေးတာဖြစ်၏ ။
~
ကြီးမေနဲ့နေ့လည်စာကူချက်ပေးပြီး သူအကုန်ပြီးစီးနေတာမို့ ဧည့်ခန်းမှာဖျော်ရည်ထိုင်သောက်နေတာဖြစ်သည် ။ စိတ်မချဘူးစိတ်မချဘူးနဲ့ သားကိုထားခဲ့ပြန်တာကိုသတိရတော့ဟက်ခနဲတစ်ချက်ရယ်မိတယ် ။ အဲ့ဒီလိုပါဆိုနေသူ့စိတ်က ။
" ငယ် သားငိုနေပြီ "
သားကိုပွေ့ချီလို့လှေကားကနေဆင်းလာတဲ့မဟာ့ဆီကိုအကြည့်ပို့ရင်း သူမတ်တပ်ထရပ်ကာလှမ်းသွားလိုက်သည် ။
ညကသူ့ကိုဖက်ငိုထားတာဆိုတော့စိတ်ကအိုးတို့အမ်းတမ်းနှင့် ။ ဘယ်လိုမျက်နှာပူနေမှန်းကိုမသိ ။
ဆိုဖာပေါ်ပြန်ထိုင်လို့ ဖင်လေးပုတ်ပေးတော့ ဖအေမှန်းသိတဲ့အကောင်ပေါက်ကတိခနဲတိတ်သွားပြီး နှုတ်ခမ်းလေးဟကာပြူးပြူးပြဲပြဲနဲ့ ။
ဒီကလေးတော့ ငါအားကြီးအသဲယားတယ်ရော် ။
~
" ဆရာ အန်ကယ်ကမလာဘူးပြောလိုက်ပါတယ် "
သားကိုဘေးမှာလက်တွန်းလှည်းလေးထဲထည့်ထားရင်း မဟာနဲ့နိုင်ကတော့ကြမ်းပြင်မှာ ငုတ်တုတ်ထိုင်လို့ မုန့်တွေကိုအစီအရီလှီးဖြတ်နေတာဖြစ်သည် ။
နိုင်ကလှီးလက်စလက်ထဲကအချိုးမညီတော့တဲ့ကျောက်ကျောတုံးကိုပါးစပ်ထဲကောက်ထိုးလိုက်ပြီးသားကိုတစ်ချက်လှမ်းကြည့်ရသည် ။
မျက်ဝန်းညိုလေးကမှေးလို့နို့ဘူးလေးကိုင်ကာအိပ်ပျော်တော့မည့်ပုံဖြစ်နေသည် ။
နေပါစေဦး ၊ အိပ်ပျော်သွားမှာဘဲသေချာရွှေ့တော့မယ် ။
" အင်း ထားလိုက် ၊ ဝတ္တရားအရဘဲဖိတ်ခိုင်းတာပါ "
ဒါကတော့နိုင်သိပေမယ့်ဝင်မပြောတော့ပါ ။
မနက်ဖြန်သားရဲ့ ရက်တစ်ရာပြည့်မွေးနေ့လေးမို့လို့ မဟာကသူ့ဖအေကိုသွားဖိတ်ခိုင်းတာ ဒါကိုဟိုကမလာနိုင်ဘူးဆိုတော့ မဟာကလဲသိပ်ဂရုစိုက်ပြီးခံစားနေပုံမပေါ် ။
ခုဆိုသားကိုသူတို့နာမည်တောင်ပေးပြီးပြီ ။
အစကတော့ နေ့နာမ်နဲ့သွားမလို့ဘဲ ။ ဒါပေမယ့်လဲသိကြတဲ့အတိုင်း တဇွတ်ထိုးတဇောက်ကန်းတွေမို့ သူတို့အချင်းချင်းသာတိုင်ပင်ပြီးပေးလိုက်ကြရတယ် ။
အဲ့ဒီ့တုန်းကဆို သားကိုအလယ်မှာချလို့သူတို့နာမည်လုရသေးသည် ။
ထူးဧကရာဇ်လွင်တွေဘာတွေလုပ်နေလို့နိုင်ကသူ့နာမည်မပါတာကြောင့်ရန်ဖြစ်ကြရာကနေ သားနာမည်က မဏ္ဍိုင်ထူးလွင်ဖြစ်ခဲ့တယ် ။
ဒါတောင်နိုင်ကသိပ်ကျေနပ်တာမဟုတ်ဘူး ။
နိုင်နဲ့ဍိုင်နဲ့တူမှတူမနေဘဲလို့ပြဿနာရှာချင်နေသေးတာ ။ တစ်ကယ်လဲမတူပေဘူးမဟုတ်လား ။
ခုတော့ နိုင်ကကျောက်ကျောထိုင်လှီးနေတာဖြစ်ပြီး မဟာကတော့ ပူတင်းဘူးခွံသေးသေးထဲ ပူတင်းကျိုပြီးသားအရည်တွေထိုင်ထည့်နေတာဖြစ်သည် ။ ကြီးမေကတော့ ဘာတွေအလုပ်ရှုပ်နေလဲမသိ အနောက်ဘက်ခြံထဲကထွက်ကိုမလာသေးပါဘူး ။
နိုင့်မိဘတွေကတော့ဖိတ်ဖို့ရာဝေးလို့သွားတောင်မတွေ့ဖြစ်ကြသေးပါဘူး ။ ပြောရရင်နိုင်ကအချိန်ဆွဲနေတာပင်ဖြစ်သည် ။ မဟာကတော့ဖြစ်နိုင်ရင်သွားတွေ့စေချင်သည် ။ မိဘရှိရဲ့သားနဲ့ငယ့်ကိုသူ့လိုမဖြစ်စေချင်ပါ ။ ပြောရရင်အန်တီနဲ့အန်ကယ်ကတော့ သားကိုမြင်တာနဲ့ချစ်မှာဘဲ ။ ငယ်ကိုကမပြတ်မသားနဲ့ဖြစ်နေတာဖြစ်တယ် ။
အားလုံးအပြီးသတ်ပြီးတော့ သူနဲ့နိုင်ကလက်ဆေးသွားကြသည်မို့ နိုင့်နောက်ကပြီတီတီနဲ့လိုက်သွားတဲ့မဟာ့ကိုတွေ့ရမည်ဖြစ်သည် ။
ဘေစင်ပိုက်ခေါင်းအောက်လက်ထားလိုက်တဲ့နိုင့်ကိုမဟာကအနောက်နေလက်လျှိုဝင်တော့နိုင်ဟာခါးလေးကော့လို့ ။
" မဟာထူးလွင် "
" ဟင်! ငယ် "
" မင်းဘာလုပ်တာလဲ "
" လက်ဆေးနေတာလေ "
ပြောပြောဆိုဆိုဖြင့် သူ့လည်တိုင်ကိုနှုတ်ခမ်းတွေနဲ့ပွတ်ဆွဲလိုက်တာမို့ နိုင့်ကိုယ်လေးကတွန့်ခနဲ ။
" ငါ့ကိုပွတ်သီးပွတ်သပ်လာမလုပ်နဲ့နော် ဖယ်အခု "
" ဟင့်အင်း လက်ပြောင်အောင်ဆေးဦးမယ် "
အဲ့ဒီနောက်ရေတွေစိုနေတဲ့မဟာ့ရဲ့လက်တွေကနိုင့်ရဲ့တီရှပ်ဗိုက်သားတွေထဲဝင်ရောက်ပွတ်သပ်လာတော့ အေးစက်သွားလေသည် ။
နားသီးဖျားလေးကိုသွားနှင့်ခပ်ကျိတ်ကျိတ်ဖိဆွဲလေတော့ နိုင်ကမျက်နှာကြီးရှုံ့မဲ့ကာမသာမယာနှင့် ။
" မင်း! အင့်! ဖယ်စမ်း ကြီးမေဝင်လာရင်မြင်လိမ့်မယ် "
အနောက်နေထပ်လို့ သူ့တင်ပါးတွေကိုပွတ်သပ်နေတဲ့တစ်စုံတစ်ခုကိုသူခံစားမိသည် ။
သူတို့နှစ်ယောက်လုံးမှာအိမ်မှာနေရင်းအတွင်းခံမဝတ်တတ်တဲ့အကျင့်ရှိတာမို့လို့ ချည်သားဘောင်းဘီနှင့် ပွယောင်းယောင်းဘောင်းဘီနှစ်လွှာကြားအထိအတွေ့ကနီးစပ်လွန်းသည် ။
" ငါလိမ်ချိုးပစ်မှာနော် "
သူစလို့ကြောင်ပေါက်လေးလိုမာန်တဖီဖီလုပ်နေတဲ့လူကြီးပေါက်စကြောင့်မဟာကဟက်ခနဲတစ်ချက်ရယ်ကာရေခြောက်ခါနီးလက်နဲ့ဘဲ နိုင့်မေးဖျားမှဆွဲကာလှည့်စေလိုက်တော့ မျက်စောင်းကဒိုင်းခနဲ ။
" အဟွန်း! မရုန်းဘဲနဲ့ဘာလို့အော်ဟစ်နေတာလဲ ငယ်ရဲ့ "
သူပြောတော့မျက်နှာတစ်ခုလုံးနီရဲ၍ရှက်သွေးဖြာလေသည် ။
" ဘာတွေပြောနေတာလဲ "
သွင်ကြည်နိုင်ကသူ့ကိုရူးစေချင်နေတဲ့သဘောမှာရှိလေ၏ ။
အဲ့ဒီ့နောက်နီမြန်းနေတဲ့ခပ်ဖူးဖူးနှုတ်ခမ်းတစ်ချက်ဆွဲငုံလေတော့ ငြိမ်သက်နေလေသည် ။
တစ်ကယ်ကိုမရုန်းရက်ဘူးဘဲ ။
သောက်လေသောက်လေငတ်မပြေတဲ့အရာတွေမှန်းသိနေတာမို့လို့ မက်မက်မောမောမဖြစ်ခင် စုပ်ယူရုံနဲ့တင် လွှတ်ပေးလိုက်ရလေသည် ။
ဒီလိုစေတနာကောင်းကောင်းနဲ့ငြိမ်သက်နေပုံမျိုးနဲ့ဆိုမောင့်အတွက်ပြီးနိုင်မှာမဟုတ်တော့ဘူးငယ် ။
လုံးဝန်းနေတဲ့ဖင်ကိုတစ်ချက်မှရိုက်ချလိုက်တော့ တင်သားအိအိတွေကတုန်နေတယ်လို့ခံစားရလေသည် ။
" အာ့! မဟာထူးလွင်!! မင်း ငါ့ကိုရိုက်တယ် "
ငယ့်တင်သားတွေကအိစက်နေတာကိုး ။
~
သူသားကိုပုခုံးပေါ်ခေါင်းတင်ထားစေပြီး ပွေ့ချီလို့ဟိုသွားဒီသွားပင် ။ ဒီနေ့မှာပိုဆူညံနေတာမို့လို့ အလုပ်ကလဲရှုပ်ပါသည် ။
ကိုစိုင်းလူကပုဆိုးတိုတိုလုံးဝတ်လို့ ဟင်းရည်ချိုင့်ဆွဲပြီး တစ်ဝိုင်းပြီးတစ်ဝိုင်းကျော်ခွလို့ လူနိုင်အောင်ကူညီပေးတာနဲ့ဘဲနဲနဲတော့သက်သာပါသည် ။
မဟာ့အလုပ်ကလူတွေနဲ့ company တစ်ချို့ပိုင်ရှင်တွေရယ် နိုင့်အသိအနည်းငယ်လောက်ရယ်နဲ့ပွဲကမြိုင်ဆိုင်နေသည် ။
Hotel တက်မကျွေးချင်ဘူးဆိုတဲ့နိုင့်ကြောင့်မဟာ့မှာပင်ပင်ပန်းပန်းကိုလုပ်နေတာဖြစ်သည် ။
မဟုတ်ရင်သူလိုငွေထားစရာနေရာမကျန်တဲ့သူဌေးက အိမ်ပွဲလုပ်ပါ့မလဲ ။ အင်း ချစ်တော့လဲလိုက်လျောပေါ့ ။
နောက်ပြီးပုံမှန်ဆိုအမဲဝတ်စုံsuit အပြည့်နဲ့မဟာ့ကိုယ်ရံတော်တွေကတော့ဒီနေ့မှာ ကြက်သွေးရောင်ပုဆိုးဆင်တူတွေနဲ့ waiter လိုက်လုပ်နေရလေသည်။
နဲနဲတော့ရီချင်ပေမယ့် ဒီလိုမှမဟုတ်ရင် သူတို့လက်မလည်တော့ဘူးဖြစ်မည် ။
တစ်မနက်လုံးနိုင်က ကလေးချီလို့ပြေးလွှားရသလို မဟာကလဲအငြိမ်မနေရ ။ နိုင်ခိုင်းတာလဲလုပ်ရသလို သူ့ဟာသူလဲရှုပ်နေလေသည် ။
နိုင့်သူငယ်ချင်းကလဲဂျပန်ကနေပြန်ရောက်ပြီလို့မနက်အစောကြီးဖုန်းဆက်တာမို့ ခဏနေလာဖို့ခေါ်ထားသေးသည် ။
အစကတော့သားအတွက်မွေးနေ့လက်ဆောင်တွေကိုပစ္စည်းတွေမှတ်ဘာတွေမှတ်နဲ့ ဆိုပေမယ့် ခုတော့ဒီလောက်များတဲ့ပစ္စည်းလဲမမှတ်နိုင်တော့ပေ ။
ခေတ်သစ်ဦးတို့ရောက်လာမှဘဲလက်ဆောင်ပုံးအတွက် လှေကားအောက်ကအခန်းထဲလူနေရာမဆံ့လို့ရွှေ့ခိုင်းရလေတော့တယ် ။
ဒီလောက်ကျယ်တဲ့အိမ်တောင်နေရာကမဆံ့ရလို့နိုင်ကမဟာ့ကိုပွစိပွစိကလုပ်လိုက်သေးသည် ။
နိုင်ကမိန်းမကြီးကျနေကောဘဲ ။
လူတွေကတော့အရပ်အမောင်းသိပ်မကွာတဲ့နိုင်နဲ့မဟာ့ကိုချီးတမွမ်းမွမ်း မကြားရအောင်လဲကဲ့တရဲ့ရဲ့ပေါ့ ။
ပွဲထိလာစားပြီးစောက်တင်းချတာမကောင်းဘူးဆိုပေမယ့်နိုင်တို့ကဂရုမစိုက် ။ သူတို့ကပ်ဖားယက်ဖားလုပ်ရမယ့် သူဌေးကိုယ်တိုင်ကသူ့ကိုလိုချင်လွန်းလို့ခယခဲ့တာမဟုတ်လား ။ သူကလဲပြဿနာမရှင်းပေးနိုင်ရင်ကွာမှာမို့အများကြီးပြောချင်မနေတော့ဘူး ။
ဒီလိုနဲ့နေ့တစ်ပြန်ကျော်မှာတော့ ပွဲကပြီးပါတော့တယ် ။ မဟာနဲ့ကိုစိုင်းလူရယ်နိုင့်သူငယ်ချင်းခေတ်သစ်ဦးရယ်ကတော့ပန်းကန်ခွက်ယောက်တွေသိမ်းပြီးနိုင်ကတော့သားကိုသွားသိပ်ပါလိမ့်မယ် ။
သူ့နို့အုံကိုလက်သေးသေးနဲ့ကိုင်ထားပြီးတစ်ပြွတ်ပြွတ်စို့နေတဲ့သားရဲ့ ခပ်ရှည်ရှည်ဆံပင်လေးတွေကိုသပ်သင်ပေးတော့ ချွေးတွေမှစီးလို့ ။
နို့မချွတ်ဘဲအဝတ်တွေချွတ်ပေးတော့ မျက်လုံးပြူးလေးနှင့်လုပ်သမျှငြိမ်ခံသည် ။
သားအဝတ်တွေကပူပူအိုက်အိုက်ကြီးဖြစ်နေမှာမို့
အသားအေးအေးလေးရွေးဝတ်ပေးလိုက်သည် ။
အပူဒဏ်ကြောင့်သားကိုသနားစွာသူပါးကိုဖိနမ်းလိုက်တော့အင့်ခနဲ ။ တစ်ကယ်ပါဘဲမဏ္ဍိုင်ထူးလွင်ဟာ အရမ်းတွေကိုမချစ် ချစ်အောင်လုပ်ပြနေတော့တာဘဲ ။
အိပ်ပျော်သွားတဲ့သားကိုနေရာတကျချလို့ ခြင်ထောင်လေးအုပ်ပေးလိုက်သည် ။
တစ်ယောက်ထဲထားခဲ့ရင်သားလန့်မှာဆိုးလို့မဟာ့ကိုသွားခေါ်ဖို့ပြင်ရ၏ ။
ဒီနေ့တော့ သူ့မှာခေတ်သစ်ဦးကိုလဲညစာချက်ကျွေးရဦးမှာမို့ပိုပင်ပန်းဦးမည် ။
တံခါးကိုဖွင့်လို့ဝင်လာတဲ့မဟာ့ကြောင့် အံကိုက် ။
အဝတ်အစားတွေချွတ်နေတာကြောင့်မသိချင်ယောင်ဆောင်ပေးတော့ တီရှပ်ကိုချွတ်ချလိုက်တဲ့နောက်မှာ အဖုအထစ်တွေနဲ့နောက်ကျောကိုလဲမြင်နေရသည် ။
ပေါ့ပေါ့ပါးပါးဝတ်စုံကိုထုတ်ဝတ်လိုက်ပြီးသူကကုတင်ပေါ်ကနိုင်ရှိရာဆီလှမ်းလာသည် ။
" မောင်ပင်ပန်းတယ် "
သူ့ကိုပွေ့ဖက်လို့ခေါင်းကိုငုံ့နမ်းလာတော့ ပွတ်သီးပွတ်သပ်တွေမနေတတ်တဲ့နိုင်ကတွန်းကာဖယ်ကာ ။
" ပင်ပန်းရင်သားဟိုဖက်ခြမ်းမှာသွားအိပ် ငါ့ကိုပွတ်သီးပွတ်သပ်လာမလုပ်နဲ့ "
လည်တိုင်ကိုအတင်းခေါင်းတိုးဝှေ့လာတော့ နိုင်တစ်ကယ်ကိုယားကျိကျိနဲ့အဆင်မပြေတော့ပေ ။
" ဖယ်စမ်းပါလို့ အ့! မဟာထူးလွင် ငါ့လည်ပင်းကိုမကိုက်နဲ့ "
အသည်းအသန်ရုန်းပစ်တော့မှမလွှတ်ချင်လွှတ်ချင်နဲ့လွှတ်ပေးသည် ။ ဒါတောင်အလစ်မှာနှုတ်ခမ်းကိုဖိနမ်းလိုက်သေးသည် ။
တော်တော်အကျင့်မကောင်းတဲ့ကောင် ။
Ciel
352021
မဏ္ဍိုင်ထူးလွင်ကဖအေတူသား !
နိုင္ကသားကိုတရိပ္ရိပ္ၾကည့္လို႔ေနတယ္ ။
မ်က္ႏွာေလးႏြမ္းကာအားနာစိတ္ေတြနဲ႕ျဖစ္သည္ ။ တစ္ဆက္ထဲမွာဘဲသူ႕မ်က္ေစာင္းက စားပြဲေဘးမွာလက္ပိုက္ထိုင္ေနတဲ့မဟာထူးလြင္ဆီသို႔ဒိုင္းခနဲ ။
သူသာေခၚမလာဘူးဆိုရင္သားဖ်ားစရာအေၾကာင္းအရင္းမွမရွိဘဲကို ။
က်စ္!
က်စ္တစ္ခ်က္သပ္လို႔သူဆံပင္ေတြကိုထိုးဖြကာ ခါယမ္းပစ္လိုက္သည္ ။ သားေနမေကာင္းျဖစ္ေနတယ္ဆိုတဲ့အသိကသူ႕ရင္ကိုတေျမ့ေျမ့နဲ႕လွိုက္စားေလသည္ ။
ဒါဒုတိယအႀကိမ္ေျမာက္ဖ်ားတာျဖစ္တယ္ ။
ပထမအႀကိမ္တုန္းကဆိုသားစိတ္ေၾကာင့္သူ႕မွာဘာလုပ္လို႔ဘာကိုင္ရမယ္ကိုမသိဘူး ။ ကိုေဇယ်ာကိုေခၚလို႔အကူအညီေတာင္းေတာ့မွသူအဆင္ေျပခဲ့ရတာ ။ သားနဲ႕ပတ္သပ္ရင္သူ႕စိတ္ကအဲ့ဒီလိုကိုႏုသည္ ။
" ငယ္ သားကိုေရဝတ္ထပ္တိုက္ေတာ့မလား "
နာရီၾကည့္ေတာ့သုံးနာရီ တစ္ညလုံးသူတို႔ႏွစ္ေယာက္မအိပ္ဘဲသူကေတာ့သားအနားကပ္ေနတာျဖစ္ၿပီးမဟာကေတာ့သူ႕အျပစ္သူသိလို႔ ေခ်ာင္ေလးမွာ ။
သူခပ္ေစြေစြေစာင္းၾကည့္ေတာ့ သူဘာမွားသြားလဲဆိုတဲ့ပုံစံနဲ႕ျပန္ကာၾကည့္လို႔ ။
" မင္းကစိတ္ခ်လိဳ႕မရတဲ့ေကာင္ဘဲ ၊ တစ္ကယ္ဆိုမင္းကိုယုံၾကည္ၿပီးငါအျပင္မထြက္ခဲ့ရင္ေကာင္းသား "
သူ႕ကိုမယုံၾကည္ဘူးဆိုသည့္ပုံစံမ်ိဳးေျပာလာတဲ့နိုင့္ကိုၾကည့္လို႔မဟာ့ေဒါသကေထာင္းခနဲ ။
နိုင္ကဘာေၾကာင့္မ်ားသူနဲ႕ပတ္သပ္ရင္အယုံအၾကည္နဲရတာလဲ ။ အျပည့္အဝယုံပါလို႔မေျပာခ်င္ေပမယ့္ သူ႕မွာနိုင္နဲ႕ပတ္သပ္ရင္ေစတနာအမွားေတြဘဲရွိပါသည္ ။
" ငယ္ ေမာင့္ကိုအသုံးမက်တဲ့ေကာင္လိုမေျပာစမ္းနဲ႕ "
" မင္းဘယ္နားမွာအသုံးက်ခဲ့လဲ ဟမ္! ၊
သားအတြက္ေတာင္မင္းကအားကိုးျပဳလို႔မရဘူးမဟုတ္လား ၊ ငါေျပာတာေတြဘယ္နားမွားေနလို႔လဲ ေစာက္သုံးမက်တဲ့ေကာင္ စိတ္ဓာတ္ကိုကေဖာက္ျပန္ဖို႔ဘဲအာ႐ုံရွိတဲ့ေကာင္ "
" နိုင္မင္းစကားေတြလြန္မလာနဲ႕!! "
" မင္းေစာက္သံကိုေလွ်ာ့လိုက္မဟာထူးလြင္ ငါ့သားနိုးသြားရင္မင္းအေသဘဲ "
" ေနစမ္းပါဦး ငါကမင္းသားေလာက္ေတာင္အေရးမပါေတာ့ဘူးလား နိုင္ "
မ်က္ေထာင့္နီႏွင့္စိုက္ၾကည့္ေနသည့္နိုင္ကေဒါသေတြေပါက္ကြဲထြက္ေတာ့မေယာင္ ။
သူ႕အေနနဲ႕ခုေလာေလာဆယ္မဟာထူးလြင္ကိုသိပ္ရိုက္ႏွက္ခ်င္တာဘဲသိတယ္ ၊ သူ႕သားကိုဖ်ားေစတဲ့အမႈနဲ႕ ။
" အေရးပါရေအာင္ ကိုယ့္ေနရာကိုယ္သိေလ "
ေတာက္ခ္!
သူ႕စကားလုံးေတြဟာရင္ဘတ္ထဲကိုတိုက္ရိုက္ထိုးႏွက္နိုင္သည္ ။ ဒီလူသားအဲ့ဒီေလာက္ထိေျပာင္းလဲလြယ္လား ။ ေနာက္ဆုံးမွာသူကဘဲအမွားမဟုတ္လား ။ သူဘာတတ္နိုင္မွာလဲ သူ႕အေနနဲ႕နိုင့္ကိုလက္မလႊတ္နိုင္တဲ့စိတ္နဲ႕ဘဲကိုယ့္ကိုယ္ကိုယ္အမုန္းခံေနရတာျဖစ္သည္ ။
" ေမာင္ေတာင္းပန္တယ္ကြာ ဟုတ္ၿပီလား "
သူေျပာေနေပမယ့္နိုင္ကဂ႐ုမစိုက္ေတာ့ သားကိုၾကည့္ကာ တအိအိနဲ႕ငိုေနသည္ ။ တစ္ကယ္ပါဘဲ ၊ သားေနမေကာင္းျဖစ္႐ုံေလာက္ကို နိုင္ကဒီေလာက္စိတ္ေပ်ာ့ေနစရာလိုလား ။
ပုခုံးေလးတုန္တက္လို႔ငိုေနတဲ့နိုင့္အနားသြားကာ ရင္ခြင္ထဲဆြဲသြင္းကာဝမ္းဗိုက္ကိုမ်က္ႏွာအပ္ေစေတာ့ သူ႕ကိုထုရိုက္ကာထြက္က်လာတဲ့အျပစ္ဆိုသံေတြကဗလုံးဗေထြးရယ္ ။ ေနာက္ဆုံးေတာ့မဟာကဘဲေလွ်ာ့လိုက္ရတာျဖစ္သည္ ။
" အီးဟီး မင္းေၾကာင့္ ငါ့သားကမင္းေၾကာင့္ "
" ဟုတ္ပါတယ္ကြာ ဟုတ္ပါတယ္ ေမာင့္ေၾကာင့္ပါ မငိုပါနဲ႕ေတာ့ ေမာင္ရင္ေတြနာလို႔ပါ "
ရင္ဘတ္ကိုတဖုန္းဖုန္းထုရိုက္လို႔ကေလးလိုငိုေနတဲ့သူေၾကာင့္ မဟာစိတ္မေကာင္းေတာ့ ။ ဘယ္ေလာက္ဘဲသန္မာခက္ထန္ေနပါေစ တစ္ခါတစ္ေလက်ငယ္ကသူ႕အေပၚမွီခိုတတ္တဲ့ပုံစံေလးရွိေသးသည္ ။
ေခါင္းေလးကိုပြတ္သပ္ေပးေတာ့ တအိအိနဲ႕လူႀကီးေလးကအသံတိတ္ေလးရွိုက္လို႔ ။
ဒုကၡပါဘဲေခါင္းေတြေတာ့ကိုက္ကုန္ေတာ့မွာ ။
မနက္ေျခာက္နာရီမွသားကအဖ်ားက်သြားတာမို႔ နိုင္ကေတာ့ကုတင္ေပၚမွာေခြေခြေလးအိပ္ေနသည္ ။ မဟာကေတာ့ လန္းေနတဲ့သားကိုေပြ႕ခ်ီလို႔ နိုင္မနိုးခင္အခန္းထဲေလွ်ာက္ေနလိုက္သည္ ။ အဆိုးေလး တစ္ညလုံးဖေအႏွစ္ေယာက္ကိုဒုကၡေပးေနတာသူမဟုတ္တဲ့အတိုင္းလက္ေလးကားယားကားယားနဲ႕ ။
ငါဖင္ကေလးကိုႀကီးခပ္ဆတ္ဆတ္ရိုက္ခ်င္တယ္ေနာ ။
သားကိုသူ႕ဗိုက္ေပၚေမွာက္လို႔အခန္းဝရန္တာကပက္လက္ကုလားထိုင္မွာထိုင္ရင္း ေက်ာျပင္ေလးကိုပြတ္သပ္ေပးမိသည္ ။ အခ်ိန္က ၈နာရီ သူဒီေန႕အလုပ္မသြားျဖစ္ေတာ့ဘူး ။ စိုင္းလူကိုဖုန္းမဆက္မိေပမယ့္ အဲ့ဒီလူကေတာ့တစ္လြဲအေတြးနဲ႕ခြင့္ယူမွာကိုသိေလာက္ပါသည္ ။
~
နိုင္နိုးလာေတာ့ ၁၀ နာရီေက်ာ္ေနၿပီ ၊ အခန္းထဲမွာသားနဲ႕မဟာ့ကိုမေတြ႕ရ ။
လန္ပ်ံေနတဲ့သူ႕ဆံပင္ေတြကိုသပ္ခ်လိဳ႕အခန္းကိုေဝ့ဝဲၾကည့္ေတာ့ ဝရန္တာဘက္ျခမ္းက ကုလားထိုင္ေပၚမွာ မဟာ့လက္ထြက္က်ေနေလသည္ ။ ကုတင္ေပၚကအသာအယာဆင္းလို႔ သူဝရန္တာဘက္ထြက္ခဲ့လိုက္သည္ ။
အံမယ္သားကသူ႕ဗိုက္ေပၚေမွာက္ယက္ေလးအိပ္လို႔ ။ မဟာကလဲအိပ္ေပ်ာ္ေနတာျဖစ္တယ္ ။ မ်က္တြင္းေဟာက္ပက္နဲ႕မဟာက ညိုကြင္းေနတာကလြဲလို႔ ဥပဓိေပ်ာက္မသြားေပ ။ အဲ့ဒီေလာက္ထိကိုဆြဲေဆာင္မႈရွိေနတာျဖစ္၏ ။
သားကေတာ့ ဖင္တုံေလးကမို႔ေမာက္ေနၿပီး ႏႈတ္ခမ္းေလးဟေနတာမို႔လို႔ခ်စ္စရာပင္ျဖစ္သည္ ။ ကပ်ာကယာဖုန္းကိုေျပးယူလို႔ သူဓာတ္ပုံေလးရိုက္ယူကာသိမ္းထားလိုက္သည္ ။
ထို႔ေနာက္သူသားကိုႏွဖူးထက္စမ္းေတာ့ကိုယ္ေငြ႕မရွိေတာ့၊ အဆိုးေလးကေပ်ာက္သြားၿပီေပါ့ေလ ။ ခပ္ဖြဖြေပြ႕ခ်ီကာကုတင္ဆီေခၚလာလို႔ ေသခ်ာအက်အနျပန္သိပ္ရသည္ ။ ညကတအီအီနဲ႕သားကေသခ်ာမအိပ္ရဘူးမို႔လား ။
ေစာင္အပိုင္းေလးတစ္ထည္ကိုေတာ့ မဟာ့ကိုယ္ေပၚသာသြားလႊမ္းေပးလိုက္၏ ။ အိပ္ေပ်ာ္ေနတဲ့သူကိုႏွိုးၿပီးဟိုသြားအိပ္ဒီသြားအိပ္လုပ္ရေအာင္လဲသူအဲ့ေလာက္ထိမယုတ္ညံ့ေပ ။
ေျပာရရင္ သူ႕အထိမဟာထူးလြင္နဲ႕ပတ္သပ္လို႔မလြတ္ေျမာက္ေသးတာျဖစ္၏ ။
~
ႀကီးေမနဲ႕ေန႕လည္စာကူခ်က္ေပးၿပီး သူအကုန္ၿပီးစီးေနတာမို႔ ဧည့္ခန္းမွာေဖ်ာ္ရည္ထိုင္ေသာက္ေနတာျဖစ္သည္ ။ စိတ္မခ်ဘဴးစိတ္မခ်ဘဴးနဲ႕ သားကိုထားခဲ့ျပန္တာကိုသတိရေတာ့ဟက္ခနဲတစ္ခ်က္ရယ္မိတယ္ ။ အဲ့ဒီလိုပါဆိုေနသူ႕စိတ္က ။
" ငယ္ သားငိုေနၿပီ "
သားကိုေပြ႕ခ်ီလို႔ေလွကားကေနဆင္းလာတဲ့မဟာ့ဆီကိုအၾကည့္ပို႔ရင္း သူမတ္တပ္ထရပ္ကာလွမ္းသြားလိုက္သည္ ။
ညကသူ႕ကိုဖက္ငိုထားတာဆိုေတာ့စိတ္ကအိုးတို႔အမ္းတမ္းႏွင့္ ။ ဘယ္လိုမ်က္ႏွာပူေနမွန္းကိုမသိ ။
ဆိုဖာေပၚျပန္ထိုင္လို႔ ဖင္ေလးပုတ္ေပးေတာ့ ဖေအမွန္းသိတဲ့အေကာင္ေပါက္ကတိခနဲတိတ္သြားၿပီး ႏႈတ္ခမ္းေလးဟကာျပဴးျပဴးၿပဲၿပဲနဲ႕ ။
ဒီကေလးေတာ့ ငါအားႀကီးအသဲယားတယ္ေရာ္ ။
~
" ဆရာ အန္ကယ္ကမလာဘူးေျပာလိုက္ပါတယ္ "
သားကိုေဘးမွာလက္တြန္းလွည္းေလးထဲထည့္ထားရင္း မဟာနဲ႕နိုင္ကေတာ့ၾကမ္းျပင္မွာ ငုတ္တုတ္ထိုင္လို႔ မုန့္ေတြကိုအစီအရီလွီးျဖတ္ေနတာျဖစ္သည္ ။
နိုင္ကလွီးလက္စလက္ထဲကအခ်ိဳးမညီေတာ့တဲ့ေက်ာက္ေက်ာတုံးကိုပါးစပ္ထဲေကာက္ထိုးလိုက္ၿပီးသားကိုတစ္ခ်က္လွမ္းၾကည့္ရသည္ ။
မ်က္ဝန္းညိုေလးကေမွးလို႔နို႔ဘူးေလးကိုင္ကာအိပ္ေပ်ာ္ေတာ့မည့္ပုံျဖစ္ေနသည္ ။
ေနပါေစဦး ၊ အိပ္ေပ်ာ္သြားမွာဘဲေသခ်ာေ႐ႊ႕ေတာ့မယ္ ။
" အင္း ထားလိုက္ ၊ ဝတၱရားအရဘဲဖိတ္ခိုင္းတာပါ "
ဒါကေတာ့နိုင္သိေပမယ့္ဝင္မေျပာေတာ့ပါ ။
မနက္ျဖန္သားရဲ႕ ရက္တစ္ရာျပည့္ေမြးေန႕ေလးမို႔လို႔ မဟာကသူ႕ဖေအကိုသြားဖိတ္ခိုင္းတာ ဒါကိုဟိုကမလာနိုင္ဘူးဆိုေတာ့ မဟာကလဲသိပ္ဂ႐ုစိုက္ၿပီးခံစားေနပုံမေပၚ ။
ခုဆိုသားကိုသူတို႔နာမည္ေတာင္ေပးၿပီးၿပီ ။
အစကေတာ့ ေန႕နာမ္နဲ႕သြားမလို႔ဘဲ ။ ဒါေပမယ့္လဲသိၾကတဲ့အတိုင္း တဇြတ္ထိုးတေဇာက္ကန္းေတြမို႔ သူတို႔အခ်င္းခ်င္းသာတိုင္ပင္ၿပီးေပးလိုက္ၾကရတယ္ ။
အဲ့ဒီ့တုန္းကဆို သားကိုအလယ္မွာခ်လိဳ႕သူတို႔နာမည္လုရေသးသည္ ။
ထူးဧကရာဇ္လြင္ေတြဘာေတြလုပ္ေနလို႔နိုင္ကသူ႕နာမည္မပါတာေၾကာင့္ရန္ျဖစ္ၾကရာကေန သားနာမည္က မ႑ိုင္ထူးလြင္ျဖစ္ခဲ့တယ္ ။
ဒါေတာင္နိုင္ကသိပ္ေက်နပ္တာမဟုတ္ဘူး ။
နိုင္နဲ႕ဍိုင္နဲ႕တူမွတူမေနဘဲလို႔ျပႆနာရွာခ်င္ေနေသးတာ ။ တစ္ကယ္လဲမတူေပဘူးမဟုတ္လား ။
ခုေတာ့ နိုင္ကေက်ာက္ေက်ာထိုင္လွီးေနတာျဖစ္ၿပီး မဟာကေတာ့ ပူတင္းဘူးခြံေသးေသးထဲ ပူတင္းက်ိဳၿပီးသားအရည္ေတြထိုင္ထည့္ေနတာျဖစ္သည္ ။ ႀကီးေမကေတာ့ ဘာေတြအလုပ္ရႈပ္ေနလဲမသိ အေနာက္ဘက္ၿခံထဲကထြက္ကိုမလာေသးပါဘူး ။
နိုင့္မိဘေတြကေတာ့ဖိတ္ဖို႔ရာေဝးလို႔သြားေတာင္မေတြ႕ျဖစ္ၾကေသးပါဘူး ။ ေျပာရရင္နိုင္ကအခ်ိန္ဆြဲေနတာပင္ျဖစ္သည္ ။ မဟာကေတာ့ျဖစ္နိုင္ရင္သြားေတြ႕ေစခ်င္သည္ ။ မိဘရွိရဲ႕သားနဲ႕ငယ့္ကိုသူ႕လိုမျဖစ္ေစခ်င္ပါ ။ ေျပာရရင္အန္တီနဲ႕အန္ကယ္ကေတာ့ သားကိုျမင္တာနဲ႕ခ်စ္မွာဘဲ ။ ငယ္ကိုကမျပတ္မသားနဲ႕ျဖစ္ေနတာျဖစ္တယ္ ။
အားလုံးအၿပီးသတ္ၿပီးေတာ့ သူနဲ႕နိုင္ကလက္ေဆးသြားၾကသည္မို႔ နိုင့္ေနာက္ကၿပီတီတီနဲ႕လိုက္သြားတဲ့မဟာ့ကိုေတြ႕ရမည္ျဖစ္သည္ ။
ေဘစင္ပိုက္ေခါင္းေအာက္လက္ထားလိုက္တဲ့နိုင့္ကိုမဟာကအေနာက္ေနလက္လွ်ိုဝင္ေတာ့နိုင္ဟာခါးေလးေကာ့လို႔ ။
" မဟာထူးလြင္ "
" ဟင္! ငယ္ "
" မင္းဘာလုပ္တာလဲ "
" လက္ေဆးေနတာေလ "
ေျပာေျပာဆိုဆိုျဖင့္ သူ႕လည္တိုင္ကိုႏႈတ္ခမ္းေတြနဲ႕ပြတ္ဆြဲလိုက္တာမို႔ နိုင့္ကိုယ္ေလးကတြန့္ခနဲ ။
" ငါ့ကိုပြတ္သီးပြတ္သပ္လာမလုပ္နဲ႕ေနာ္ ဖယ္အခု "
" ဟင့္အင္း လက္ေျပာင္ေအာင္ေဆးဦးမယ္ "
အဲ့ဒီေနာက္ေရေတြစိုေနတဲ့မဟာ့ရဲ႕လက္ေတြကနိုင့္ရဲ႕တီရွပ္ဗိုက္သားေတြထဲဝင္ေရာက္ပြတ္သပ္လာေတာ့ ေအးစက္သြားေလသည္ ။
နားသီးဖ်ားေလးကိုသြားႏွင့္ခပ္က်ိတ္က်ိတ္ဖိဆြဲေလေတာ့ နိုင္ကမ်က္ႏွာႀကီးရႈံ႕မဲ့ကာမသာမယာႏွင့္ ။
" မင္း! အင့္! ဖယ္စမ္း ႀကီးေမဝင္လာရင္ျမင္လိမ့္မယ္ "
အေနာက္ေနထပ္လို႔ သူ႕တင္ပါးေတြကိုပြတ္သပ္ေနတဲ့တစ္စုံတစ္ခုကိုသူခံစားမိသည္ ။
သူတို႔ႏွစ္ေယာက္လုံးမွာအိမ္မွာေနရင္းအတြင္းခံမဝတ္တတ္တဲ့အက်င့္ရွိတာမို႔လို႔ ခ်ည္သားေဘာင္းဘီႏွင့္ ပြေယာင္းေယာင္းေဘာင္းဘီႏွစ္လႊာၾကားအထိအေတြ႕ကနီးစပ္လြန္းသည္ ။
" ငါလိမ္ခ်ိဳးပစ္မွာေနာ္ "
သူစလို႔ေၾကာင္ေပါက္ေလးလိုမာန္တဖီဖီလုပ္ေနတဲ့လူႀကီးေပါက္စေၾကာင့္မဟာကဟက္ခနဲတစ္ခ်က္ရယ္ကာေရေျခာက္ခါနီးလက္နဲ႕ဘဲ နိုင့္ေမးဖ်ားမွဆြဲကာလွည့္ေစလိုက္ေတာ့ မ်က္ေစာင္းကဒိုင္းခနဲ ။
" အဟြန္း! မ႐ုန္းဘဲနဲ႕ဘာလို႔ေအာ္ဟစ္ေနတာလဲ ငယ္ရဲ႕ "
သူေျပာေတာ့မ်က္ႏွာတစ္ခုလုံးနီရဲ၍ရွက္ေသြးျဖာေလသည္ ။
" ဘာေတြေျပာေနတာလဲ "
သြင္ၾကည္နိုင္ကသူ႕ကို႐ူးေစခ်င္ေနတဲ့သေဘာမွာရွိေလ၏ ။
အဲ့ဒီ့ေနာက္နီျမန္းေနတဲ့ခပ္ဖူးဖူးႏႈတ္ခမ္းတစ္ခ်က္ဆြဲငုံေလေတာ့ ၿငိမ္သက္ေနေလသည္ ။
တစ္ကယ္ကိုမ႐ုန္းရက္ဘူးဘဲ ။
ေသာက္ေလေသာက္ေလငတ္မေျပတဲ့အရာေတြမွန္းသိေနတာမို႔လို႔ မက္မက္ေမာေမာမျဖစ္ခင္ စုပ္ယူ႐ုံနဲ႕တင္ လႊတ္ေပးလိုက္ရေလသည္ ။
ဒီလိုေစတနာေကာင္းေကာင္းနဲ႕ၿငိမ္သက္ေနပုံမ်ိဳးနဲ႕ဆိုေမာင့္အတြက္ၿပီးနိုင္မွာမဟုတ္ေတာ့ဘူးငယ္ ။
လုံးဝန္းေနတဲ့ဖင္ကိုတစ္ခ်က္မွရိုက္ခ်လိဳက္ေတာ့ တင္သားအိအိေတြကတုန္ေနတယ္လို႔ခံစားရေလသည္ ။
" အာ့! မဟာထူးလြင္!! မင္း ငါ့ကိုရိုက္တယ္ "
ငယ့္တင္သားေတြကအိစက္ေနတာကိုး ။
~
သူသားကိုပုခုံးေပၚေခါင္းတင္ထားေစၿပီး ေပြ႕ခ်ီလို႔ဟိုသြားဒီသြားပင္ ။ ဒီေန႕မွာပိုဆူညံေနတာမို႔လို႔ အလုပ္ကလဲရႈပ္ပါသည္ ။
ကိုစိုင္းလူကပုဆိုးတိုတိုလုံးဝတ္လို႔ ဟင္းရည္ခ်ိဳင့္ဆြဲၿပီး တစ္ဝိုင္းၿပီးတစ္ဝိုင္းေက်ာ္ခြလို႔ လူနိုင္ေအာင္ကူညီေပးတာနဲ႕ဘဲနဲနဲေတာ့သက္သာပါသည္ ။
မဟာ့အလုပ္ကလူေတြနဲ႕ company တစ္ခ်ိဳ႕ပိုင္ရွင္ေတြရယ္ နိုင့္အသိအနည္းငယ္ေလာက္ရယ္နဲ႕ပြဲကၿမိဳင္ဆိုင္ေနသည္ ။
Hotel တက္မေကြၽးခ်င္ဘူးဆိုတဲ့နိုင့္ေၾကာင့္မဟာ့မွာပင္ပင္ပန္းပန္းကိုလုပ္ေနတာျဖစ္သည္ ။
မဟုတ္ရင္သူလိုေငြထားစရာေနရာမက်န္တဲ့သူေဌးက အိမ္ပြဲလုပ္ပါ့မလဲ ။ အင္း ခ်စ္ေတာ့လဲလိုက္ေလ်ာေပါ့ ။
ေနာက္ၿပီးပုံမွန္ဆိုအမဲဝတ္စုံsuit အျပည့္နဲ႕မဟာ့ကိုယ္ရံေတာ္ေတြကေတာ့ဒီေန႕မွာ ၾကက္ေသြးေရာင္ပုဆိုးဆင္တူေတြနဲ႕ waiter လိုက္လုပ္ေနရေလသည္။
နဲနဲေတာ့ရီခ်င္ေပမယ့္ ဒီလိုမွမဟုတ္ရင္ သူတို႔လက္မလည္ေတာ့ဘူးျဖစ္မည္ ။
တစ္မနက္လုံးနိုင္က ကေလးခ်ီလို႔ေျပးလႊားရသလို မဟာကလဲအၿငိမ္မေနရ ။ နိုင္ခိုင္းတာလဲလုပ္ရသလို သူ႕ဟာသူလဲရႈပ္ေနေလသည္ ။
နိုင့္သူငယ္ခ်င္းကလဲဂ်ပန္ကေနျပန္ေရာက္ၿပီလို႔မနက္အေစာႀကီးဖုန္းဆက္တာမို႔ ခဏေနလာဖို႔ေခၚထားေသးသည္ ။
အစကေတာ့သားအတြက္ေမြးေန႕လက္ေဆာင္ေတြကိုပစၥည္းေတြမွတ္ဘာေတြမွတ္နဲ႕ ဆိုေပမယ့္ ခုေတာ့ဒီေလာက္မ်ားတဲ့ပစၥည္းလဲမမွတ္နိုင္ေတာ့ေပ ။
ေခတ္သစ္ဦးတို႔ေရာက္လာမွဘဲလက္ေဆာင္ပုံးအတြက္ ေလွကားေအာက္ကအခန္းထဲလူေနရာမဆံ့လို႔ေ႐ႊ႕ခိုင္းရေလေတာ့တယ္ ။
ဒီေလာက္က်ယ္တဲ့အိမ္ေတာင္ေနရာကမဆံ့ရလို႔နိုင္ကမဟာ့ကိုပြစိပြစိကလုပ္လိုက္ေသးသည္ ။
နိုင္ကမိန္းမႀကီးက်ေနေကာဘဲ ။
လူေတြကေတာ့အရပ္အေမာင္းသိပ္မကြာတဲ့နိုင္နဲ႕မဟာ့ကိုခ်ီးတမြမ္းမြမ္း မၾကားရေအာင္လဲကဲ့တရဲ႕ရဲ႕ေပါ့ ။
ပြဲထိလာစားၿပီးေစာက္တင္းခ်တာမေကာင္းဘူးဆိုေပမယ့္နိုင္တို႔ကဂ႐ုမစိုက္ ။ သူတို႔ကပ္ဖားယက္ဖားလုပ္ရမယ့္ သူေဌးကိုယ္တိုင္ကသူ႕ကိုလိုခ်င္လြန္းလို႔ခယခဲ့တာမဟုတ္လား ။ သူကလဲျပႆနာမရွင္းေပးနိုင္ရင္ကြာမွာမို႔အမ်ားႀကီးေျပာခ်င္မေနေတာ့ဘူး ။
ဒီလိုနဲ႕ေန႕တစ္ျပန္ေက်ာ္မွာေတာ့ ပြဲကၿပီးပါေတာ့တယ္ ။ မဟာနဲ႕ကိုစိုင္းလူရယ္နိုင့္သူငယ္ခ်င္းေခတ္သစ္ဦးရယ္ကေတာ့ပန္းကန္ခြက္ေယာက္ေတြသိမ္းၿပီးနိုင္ကေတာ့သားကိုသြားသိပ္ပါလိမ့္မယ္ ။
သူ႕နို႔အုံကိုလက္ေသးေသးနဲ႕ကိုင္ထားၿပီးတစ္ႁပြတ္ႁပြတ္စို႔ေနတဲ့သားရဲ႕ ခပ္ရွည္ရွည္ဆံပင္ေလးေတြကိုသပ္သင္ေပးေတာ့ ေခြၽးေတြမွစီးလို႔ ။
နို႔မခြၽတ္ဘဲအဝတ္ေတြခြၽတ္ေပးေတာ့ မ်က္လုံးျပဴးေလးႏွင့္လုပ္သမွ်ၿငိမ္ခံသည္ ။
သားအဝတ္ေတြကပူပူအိုက္အိုက္ႀကီးျဖစ္ေနမွာမို႔
အသားေအးေအးေလးေ႐ြးဝတ္ေပးလိုက္သည္ ။
အပူဒဏ္ေၾကာင့္သားကိုသနားစြာသူပါးကိုဖိနမ္းလိုက္ေတာ့အင့္ခနဲ ။ တစ္ကယ္ပါဘဲမ႑ိုင္ထူးလြင္ဟာ အရမ္းေတြကိုမခ်စ္ ခ်စ္ေအာင္လုပ္ျပေနေတာ့တာဘဲ ။
အိပ္ေပ်ာ္သြားတဲ့သားကိုေနရာတက်ခ်လိဳ႕ ျခင္ေထာင္ေလးအုပ္ေပးလိုက္သည္ ။
တစ္ေယာက္ထဲထားခဲ့ရင္သားလန႔္မွာဆိုးလို႔မဟာ့ကိုသြားေခၚဖို႔ျပင္ရ၏ ။
ဒီေန႕ေတာ့ သူ႕မွာေခတ္သစ္ဦးကိုလဲညစာခ်က္ေကြၽးရဦးမွာမို႔ပိုပင္ပန္းဦးမည္ ။
တံခါးကိုဖြင့္လို႔ဝင္လာတဲ့မဟာ့ေၾကာင့္ အံကိုက္ ။
အဝတ္အစားေတြခြၽတ္ေနတာေၾကာင့္မသိခ်င္ေယာင္ေဆာင္ေပးေတာ့ တီရွပ္ကိုခြၽတ္ခ်လိဳက္တဲ့ေနာက္မွာ အဖုအထစ္ေတြနဲ႕ေနာက္ေက်ာကိုလဲျမင္ေနရသည္ ။
ေပါ့ေပါ့ပါးပါးဝတ္စုံကိုထုတ္ဝတ္လိုက္ၿပီးသူကကုတင္ေပၚကနိုင္ရွိရာဆီလွမ္းလာသည္ ။
" ေမာင္ပင္ပန္းတယ္ "
သူ႕ကိုေပြ႕ဖက္လို႔ေခါင္းကိုငုံ႕နမ္းလာေတာ့ ပြတ္သီးပြတ္သပ္ေတြမေနတတ္တဲ့နိုင္ကတြန္းကာဖယ္ကာ ။
" ပင္ပန္းရင္သားဟိုဖက္ျခမ္းမွာသြားအိပ္ ငါ့ကိုပြတ္သီးပြတ္သပ္လာမလုပ္နဲ႕ "
လည္တိုင္ကိုအတင္းေခါင္းတိုးေဝွ႕လာေတာ့ နိုင္တစ္ကယ္ကိုယားက်ိက်ိနဲ႕အဆင္မေျပေတာ့ေပ ။
" ဖယ္စမ္းပါလို႔ အ့! မဟာထူးလြင္ ငါ့လည္ပင္းကိုမကိုက္နဲ႕ "
အသည္းအသန္႐ုန္းပစ္ေတာ့မွမလႊတ္ခ်င္လႊတ္ခ်င္နဲ႕လႊတ္ေပးသည္ ။ ဒါေတာင္အလစ္မွာႏႈတ္ခမ္းကိုဖိနမ္းလိုက္ေသးသည္ ။
ေတာ္ေတာ္အက်င့္မေကာင္းတဲ့ေကာင္ ။
Ciel
352021
မ႑ိုင္ထူးလြင္ကဖေအတူသား !