မဏ္ဍိုင်

By Ciel_Zizawar

1.3M 114K 3.1K

Unicode " မောင့်ရဲ့တိမ်စိုင်လေးလုပ်မလား မောင်ကကမ္ဘာကြီးလုပ်မယ်လေ " " တိမ်စိုင်တွေကပြေးနေတတ်တာလေမောင်ရဲ့ " "... More

အပိုင်း၁ introl
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၇ ⚠
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂ ⚠
အပိုင်း ၁၃
အပိုင်း၁၄
အပိုင်း ၁၅
အပိုင်း ၁၆ ⚠
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀⚠⚠ ( volume 1)
အပိုင်း ၂၀ ⚠⚠ (volume2)
အပိုင်း ၂၁
အပိုင်း ၂၂ ⚠
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
present part ( 27.5)⚠
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
၃၁
၃၂
၃၃⚠
၃၄
၃၅
၃၆
၃၇
၃၈
၃၉
ပဲလှော်
၄၀ (Warning ⚠)
၄၁
၄၂
၄၃ (Title End)
Extra 0.5 warning ⚠
Extra

အပိုင်း ၆

32.9K 3.4K 108
By Ciel_Zizawar

Unicode

ဒီနေ့မနက်တော့နေကတော်တော်သာပါတယ် ၊ ညကမိုးရှိန်ကြောင့် အေးစိမ့်စိမ့်လေးဖြစ်ပြီး မနက်မှာနေလို့ထိုင်လို့ကောင်းပါတယ် ။

မဟာကတော့မျက်ခမ်းအောက်လေးနဲနဲမဲချင်နေပါသည် ။

ဒါညကသားလက်ချက်ဘဲ ။
နာရီခြားတိုင်းတအဲ့အဲ့နဲ့သားကနိုးလာတော့
သူကလဲလန့်နိုးမိကောလေ ၊ နိုင်ကတော့တရေးနိုင်းတိုင်းသူ့ကိုရှိတယ်လို့ကိုမမှတ်ပါ လုပ်စရာရှိတာလုပ်ပြီးပြန်အိပ်သွားတာကြီးဘဲ ။

ခုလဲ King Size plus မွေ့ရာကြီးမှာ သားကအလည်မှာထီးထီးလေးရှိနေပြီး နိုင်ကတော့ထောင့်ဘက်စွန်းနားလိမ့်နေ၏ ။

သူကတော့ပုံမှန်နိုးနေကျအချိန်မို့နိုးနေပြီဖြစ်ပါသည် ။ လက်မလေးစုပ်လို့ကိုယ်လေးစောင်းပြီးကွေးကာအိပ်နေတဲ့သားရဲ့ပါးတွဲကြီးကိုတနင့်တပိုးနမ်းလို့ တစ်ဖက်က ကလေးကြီးရှိရာဆီလှမ်းလာခဲ့လိုက်တယ် ။

အိပ်နေတော့လဲ သူ့ပိုင်ဆိုင်မှုလေးက နှုတ်ခမ်းထော်လေးနဲ့ချစ်ဖို့တော့ကောင်းသားဘဲ ။

ထိုနှုတ်ခမ်းဖူးကိုတစ်ချက်စုပ်နမ်းလို့​မျက်ခွံလေးကိုပါဖိကပ်နမ်းလိုက်ပြီး သူထွက်လာခဲ့လိုက်တယ် ။

ဒီနေ့အတွက်သူလက်မှတ်ထိုးရမှာတွေတစ်ပုံကြီး ။

ရေချိုးခန်းထဲဝင်လို့အရင်တုန်းကလိုလုပ်ပေးဖူးတဲ့အတိုင်းငယ့်အတွက်သွားတိုက်တံသွားတိုက်ဆေးအသင့်ပြင်ထားပေးခဲ့လိုက်ပါတယ် ။

သူဒါတွေဘယ်တော့မှရိုးအီသွားမှာမဟုတ်ဘူး ။
ဘာလို့ဆိုသူ့ပိုင်ဆိုင်မှုလေးကငယ်ဖြစ်နေလို့ ။

ကော်ဖီတစ်ခွက်ကိုင်ပြီး စာကြည့်ခန်းရဲ့ဆိုဖာမှာlaptop ပေါင်ပေါ်တင်လို့သူရှိနေတယ် ။ သူ့ရှေ့မှာfile တစ်အုပ်​ကြီး ။

အော် ဒါတွေပြီးရင်ရှင်းစရာလဲရှိသေးသား ၊
ဒီနေ့ကမင်္ဂလာဝတ်စုံရွေးရမယ့်ရက်ဆိုပြီးပြောခဲ့တာဘဲမဟုတ်လား ။

သူလက်ချောင်းကြီးတွေက keyboard ပေါ်တစ်တောက်တောက်ဖြတ်ပြေးလို့ အလုပ်တစ်ခုကိုတိတိကျကျနဲ့စမတ်ကျစွာလုပ်နေတာဖြစ်သည် ။ သိပ်ခန့်ညားတာဘဲမဟုတ်လား ။

ကိုစိုင်းလူကတံခါးကိုခေါက်ပြီးအသံပြုလေ၏ ။

" ဆရာ ကျွန်တော်ဝင်လာမယ် "

" စိုင်းလူ ဒီနေ့အတွက်နေရာကောင်းပြင်ထား "

လူကသာအခန်းထဲမရောက်သေးတာ အမိန့်ကတော့ကျလေပြီ ။ ကိုစိုင်းလူရဲ့မျက်နှာကမဲ့ခနဲ ။ ဒါကိုမဟာကသိပ်တော့ထွေထွေထူးထူးဂရုစိုက်မနေပါ ။

ဘာနေနေသူလုပ်ရမှာဘဲမဟုတ်လား ။

~

သူနိုးလာတော့ မဟာထူးလွင်ရှိမနေတော့ဘူး ။

ရှိမနေတာဘဲကောင်းပါတယ် မနက်စောစောစီးစီးသူမအော်ဟစ်ချင်ဘူး ။
စိတ်ကြည်လင်အောင်ဘဲနေချင်တယ်လေ ။
လိုက်ကာစတွေအဆုံးထိဆွဲဖွင့်လို့ အပြင်ဘက်ကိုကြည့်တော့ ရာသီဥတုကမနက်မှာတော်တော်ကိုသာယာနေသည် ။

အား ဒီလိုvibe မျိုး ဒါသူ့အကြိုက်ဆုံးရာသီဥတုအခြေအနေမျိုးဘဲ ။

သူကုတင်ဆီပြန်လှမ်းလာပြီး မဆီမဆိုင်အိပ်ပျော်နေတဲ့သားရဲ့ဖင်ကိုတစ်ချက်ပုတ်တော့သားက အဲ့ခနဲအသံထွက်ရုံကလွဲနိုးမလာသေး ။

ဖေ့သားလေးကစောစောစီးစီးဒုက္ခမပေးတတ်ဘူး ၊ လိမ္မာလိုက်တာ ။

ပါးဖောင်းကြီးဆီရွှတ်ခနဲနမ်းလို့သူရေချိုးခန်းဝင်ခဲ့တယ် ၊ ဘယ်နေရာမှာဘဲသူ့ကိုပိတ်လှောင်ပိတ်လှောင် သူပျော်အောင်နေနေရမှာဖြစ်သည်လေ ။

သူပြီးလို့ပြန်ထွက်လာတော့ ကုတင်ပေါ်မှာသားက လက်ကလေးခြေလေးတွေကိုမိုးပေါ်မြှောက်လို့နိုးနေလေပြီ ။

သူ့သားကတစ်ကယ့်အလိမ္မာတုန်းကြီးပါဆို ။
ငိုသံတစ်ချက်မထွက်ဘူး ။

သားကိုကောက်ချီလို့လည်ပင်းတွေကြားအနမ်းတွေခြေချတော့ သားကတအဲ့အဲ့နဲ့နှုတ်ခမ်းဖူးရဲလေးကနေရီသံလေးတွေပျံ့လေသည် ။

သူသားကိုချစ်လိုက်တာ ။

သားကိုသန့်ရှင်းရေးလုပ်ပြီးလို့သူတို့ဆင်းလာတော့ မဟာကdinning room မှာအခန့်သားနဲ့ ။

သူမဟာ့ရဲ့ရှေ့ခုံမှာဝင်ထိုင်လိုက်ပြီး မဟာ့ကိုစေ့စေ့ကြည့်လိုက်တယ် ။

ရန်ဖြစ်ရတာတွေကိုတစ်ကယ်စိတ်ကုန်နေပြီ။

သူ့ဘဝမှာသားရှိတာနဲ့တင်တစ်ကယ်ပြည့်စုံနေပြီမို့လို့ထပ်ပြီးအနာတရတွေမလိုဘူး ။

" ငါတို့သားအဖကိုဘယ်တော့လွှတ်ပေးမှာလဲ "

" ကြီးမေ မုန့်ထည့်တော့ "

စားသောက်ပွဲမှာလူမစုံမချင်း မဟုတ်သေးဘူး နိုင်မရောက်မချင်း ကော်ဖီတစ်ခွက်ကလွဲလို့ ဘာဆိုဘာမှပေးမချတာမဟာ့ရဲ့အကျင့်ဘဲ ။

ဒါတွေသူဂရုစိုက်မနေချင်ဘူး ။

အော်မင်းငါ့ကိုချစ်တုန်းဘဲဆိုပြီးပြန်ပါသွားမယ့်လူမျိုးထဲမှာသွင်ကြည်နိုင်မှမပါဘဲနဲ့ ။

သူမုန့်တွေကိုမထိမတို့ဘဲ ဒီတိုင်းသာမဟာ့မျက်နှာကိုထိုင်ကြည့်နေလိုက်တယ် ၊ မဟာကလဲဘာမုန့်ကိုမှမထိဘဲနဲ့သူတို့ကိုကြည့်နေ၏ ။

ဒီအခြေအနေကနဲနဲစိတ်ကျဥ်းကျပ်စေတယ် ။

" ငါနဲ့ငါ့သား ။ "

" မသွားရဘူး!! "

သူစကားတစ်ခွန်းကိုတောင်ပြီးအောင်မပြောရသေးဘူးမဟုတ်လား ။

" မင်းကအတ္တတွေနဲ့ဘဲမဟာထူးလွင်
ငါ့စိတ်ကိုကောမြင်အောင်ကြည့်ရဲ့လား ဟမ်! "

" မောင်စိတ်မဝင်စားဘူး "

" ငါမင်းကိုထပ်ပြီးခွင့်လွှတ်ရလောက်တဲ့အထိလဲ ငါတုံးအမနေဘူးမဟာထူးလွင် ၊ မင်းဘယ်လောက်အထိငါ့အပေါ်မှားယွင်းထားလဲမင်းအသိဘဲ "

စကားတစ်လုံးချင်းဆီကိုရင်ဘတ်ထဲပစ်သွင်းတော့ မဟာကမျက်ဝန်းတွေမငြိမ်မသက် ။
အဲ့ဒီနောက်ထိုင်နေရာမှထကာ သားနဲ့သားကိုပိုက်ထားတဲ့သူတို့အနားလှမ်းလာလေသည် ။

" မောင်တောင်းပန်တယ် "

သားခြေဖဝါးလေးကိုအုပ်မိုးကိုင်ပြီးကြမ်းပြင်မှာဒူးထောက်ထိုင်ချတော့ နိုင်ကခပ်အမ်းအမ်း ။

" တစ်နှစ်ဘဲ အချိန်တစ်နှစ်ဘဲ ဒီကာလအတွင်း မောင်မင်းကိုအားလုံးနားလည်သွားအောင်ရှင်းပြမယ် ဒါ့ကြောင့် မောင့်ကိုလက်ထပ် "

သူဒါတွေလာပြောနေလဲနိုင်ယုံမှာမဟုတ်ဘူး ။
ဒီလိုမျိုးကြိုတွေးမိနေရင် အစကထဲကဖောက်လွဲဖောက်ပြားလုပ်မနေနဲ့ပေါ့ ။ ဒါနဲ့နေပါဦးဖောက်ပြန်ပါတယ်ဆိုမှရှင်းပြစရာကောရှိသေးရဲ့လား ။

မဟာထူးလွင်ဟာသိပ်ရယ်ရတာဘဲ ။

" မောင်ဂတိပေးတယ် ဒီတစ်နှစ်ပြီးလို့မောင်မှားပါတယ်လို့မင်းထင်ရင် ကွာရှင်းပေးပြီးတော့ မင်းကိုလွှတ်ပေးလိုက်မယ် "

နားရှိလို့သာကြားရတယ် အခန်းထောင့်နားက ကိုစိုင်းလူက​တော့ပြုံးစိစိ ။
ဆရာလား အကိုလေးကိုလွှတ်ပေးမယ်ဆိုတာ ။

" ​​ကောင်းပြီ တစ်နှစ်ဘဲ ငါမင်းကိုလက်ခံပြီး ဒီအိမ်အရိပ်မှာတစ်နှစ်ဘဲနေမယ် "

ဟော ၊ လာပြန်ပြီနောက်တစ်ယောက် ၊
သူတို့တစ်ကယ်စိတ်နာနေကြတာကောဟုတ်ပါရဲ့နော် ။ ပလီစိခြောက်ချက်နဲ့ ဘာကြောင့်များဆရာ့စကားကိုအကိုလေးကလက်ခံရတာလဲ ။ သူသာဆိုမယုံဘူးလို့ဖင်ပိတ်အော်လိုက်လေပြီဖြစ်ခြင်း ။

သူထင်တဲ့အတိုင်းဘဲနေမှာပါ
အကိုလေးနဲ့ဆရာကစိတ်ကောက်နေတယ်ဆိုတာ ။

" ကိုယ်ဒီနေ့မင်းကိုခေါ်သွားစရာရှိတယ် "

သူပြောတော့နိုင်ကအလိုက်သင့်လေးခေါင်းငြိမ့်ရှာတယ် ။

သူ့ပိုင်ဆိုင်မှုလေးဟာအဲ့ဒီလောက်ထိချစ်ဖို့ကောင်းတာဖြစ်တယ် ။

ဒီလိုနဲ့သူတို့မနက်စာမစားခင်ဘဲမဟာကသားအတွက်နို့ဘူးပြေးဖျော်ရပြန်ပါတယ် ၊ ထုံးစံအတိုင်းမဟာကတော့ ရေနွေးစမ်းရင်းအူကြောင်ကြောင်တွေလုပ်နေမြဲပါဘဲ ။

ဒီလိုနဲ့သူတို့ ၁၀ နာရီခွဲမှာမဟာ့ရဲ့အလုပ်ကိုရောက်ခဲ့တယ် ။ ဒီဆောင့်ကြွားဆောင့်ကြွားနဲ့ကောင်က​တော့ သားကိုရှေ့လွယ်အိတ်ထဲထည့်လို့လွယ်လာတဲ့နိုင့်ရဲ့လက်ကိုပိုင်စိုးပိုင်နင်းဆွဲလို့ company ထဲဝင်တော့ လိုက်ကြည့်လိုက်ကြတာများအုံလို့။

လိုက်ကြည့်နေကြလို့နိုင်ကတော့ရှက်မယ်ထင်ရင်မှားပါလိမ့်မယ် ၊ သူဒါတွေကိုအရေးစိုက်တဲ့လူမျိုးမှမဟုတ်ဘဲ ။

နိုင်ကအသားရောင်တီရှပ်နဲ့ short pant ကိုဝတ်ထားပြီး မဟာကတော့ suit အပြည့်နဲ့ရင်အုပ်ပြည့်လျှံကြီးဖြစ်သည် ။

Elevator ရှေ့ရပ်စောင့်တော့ နိုင်ကသားကိုတင်ကနေပင့်တင်ထားတယ်ဆိုတော့ညောင်းများညောင်းနေပြီလားမသိ ။

" ငယ် မောင့်ကိုကလေးပေးမလား "

ဘာမှပြန်ပြောမလာပေမယ့် ချိုလိမ်လေးပါးစပ်ထဲရှိနေတဲ့သားကိုအိတ်အထုတ်လိုက်လေးဖြုတ်လို့သူ့ရင်ဘတ်မှာချိတ်တွယ်ပေးလေသည် ။

အော် တစ်ကယ်ကိုသူညောင်းနေပြီဘဲ ။
သားကလဲထွားတာကိုး ။

Suit အပြည့်နဲ့သူတို့သူဌေးက ကလေးကိုကောက်လွယ်တော့ တစ်ကယ့်ကိုပုံစံက Cool Daddy type ကြီးဖြစ်နေတာမို့ အလုပ်ကအမျိုးသမီးတွေကကျွက်စီကျွက်စီရယ်ဖြင့် ၊ မဟာကတော့ထုံးစံအတိုင်းသာနို့င်လက်ကိုပြန်ဆွဲကိုင်ထားလိုက်သည် ။

သူတို့ elevator ကထွက်လာတော့လဲ Ceo ရုံးခန်းအထပ်မှာ ရှိတဲ့ဌာနကလူတွေကလဲလိုက်ကြည့်ပြန်ပြီ ။

မဟာကတော့ဒါသူ့မိသားစုနဲ့သားဆိုတဲ့ပုံစံမျိုးနဲ့ဝင်လာတာဆိုပေမယ့်နိုင်ကတော့တည်တည်ငြိမ်ငြိမ် ။

သားကိုပွေ့လျက် အလုပ်စားပွဲဘက်ကိုသွားနေတဲ့မဟာ့ကြောင့် နိုင်ကတော့ ဆိုဖာမှာသာဝင်ထိုင်လိုက်တယ် ။ သူခေါ်ထားမယ်ဆိုတော့နိုင်သက်သာတာပေါ့ ။

သူကအောက်ကနေဖအေရဲ့မေးရိုးရိုးထင်းထင်းနဲ့ခန့်ညားမှုတွေကိုမျက်ဝန်းညိုတွေနဲ့မော့ကာကြည့်နေတော့ မဟာကသဘောတကျရယ်ပြီးသားရဲ့နှဖူးကိုခပ်ဖွဖွနမ်းလိုက်တယ် ။

တစ်ကယ်ပါဘဲဒီသားကိုသူချစ်လွန်းလို့သေ​တော့မယ် ။ သူနဲ့တထေရာထဲတူတဲ့သားကိုနိုင်မို့လို့မင်းသားမဟုတ်ဘူးပြောထွက်တယ် ၊ မသိရင်မဟာကငပိန်းတဲ့လား ။

စားပွဲပေါ်အရံသင့်ရှိနေတဲ့စပျစ်သီးပန်းကန်ကိုပိုက်လို့နိုင်ကတော့ အပီအပြင်ထိုင်စားတော့ပါတယ် ။ သူ့အနေနဲ့သားကမဟာ့လက်ထဲမှာဆိုတော့နေချင်သလိုနေနေလို့ရတယ်မဟုတ်လား ။

ဒေါက် ဒေါက်

" Boss "

စာရင်းစစ်ဌာနကလူတွေဝင်လာတော့ မဟာကပြူးကြောင်ကြောင် ၊ ဘယ်သူ​ခေါ်ထားလို့တုန်း ။

နိုင်ကတော့အလိုက်သတိပင်ထိုင်နေရမှထကာ မဟာ့လက်ထဲကသားကိုယူလိုက်တယ် ၊ လွယ်အိတ်လေးကိုတော့ ဆိုဖာပြန်တင်လိုက်ပြီးလက်မောင်းတွေကြားထဲသာပွေ့ချီထားလိုက်သည် ။

အမျိုးသမီးငယ်တွေကတော့နိုင့်လက်ထဲပါသွားတဲ့ကလေးဆီကိုသာကြည့်လို့နေလေရဲ့ ။

သူတို့သူဌေးရဲ့ကောလဟာလတွေအများကြီးကြားရတယ်မဟုတ်လား ။ ဖြန့်တဲ့သူကတော့ ထွေထွေထူးထူးရှာနေစရာမလိုပါဘူး ၊ ကိုစိုင်းလူကြီးပေါ့ တစ်နေ့တစ်နေ့စာရင်းစစ်ဌာနဘက်လာပြီးနန်းစုတို့အဖွဲ့နဲ့တည့်နေတာများ၊ နောက်ပြီးသူဌေးနဲ့ပတ်သပ်သမျှသူကဖောက်သ​ည်ချကာမှတော့ company တစ်ခုလုံးသိနေတာမဆန်းတော့ပါ ။

ကောလဟာလကတော့ သူဌေးကယောက်ျားယူထားတာဖြစ်ပြီး သူ့ယောက်ျားက ကလေးမွေးတယ်ဆိုပြီးဖြစ်သည် ။

ခုတော့ကလေးနဲ့ကောင်လေးနဲ့ပါလာတာဆိုတော့ ဟုတ်တုတ်တုတ်တော့ရှိ၏ ။

" အဟမ့်! "

သူတို့အကြည့်တွေကိုသိတဲ့မဟာကချောင်းတစ်ချက်ဟမ့်ကာသတိပေးတော့ အားလုံးကမဟာ့ဘက်ကိုလှည့်သွားကြလေ၏ ။

သူတို့သူဌေးအကြောင်းသူတို့ဘဲသိတာမဟုတ်လား ။

ဘယ်လောက်စိတ်မြန်လက်မြန်နဲ့ကြောက်ဖို့ကောင်းလိုက်သလဲ ။

" ဟိုဒီနှစ်ရဲ့စာရင်းစစ်ဌာနအတွက် trip project ကိုလာတောင်းတာပါ "

ခေါင်းဆောင်ဖြစ်ဟန်တူတဲ့အမျိုးသမီးကထပြော​တော့ မဟာကသိပ်သဘောမကျ ၊ လာရင်တစ်ယောက်ထဲလာလေ ၊ ခုကျဌာနတစ်ခုလုံးရောက်နေသလားမှတ်ရတယ် ။

သားနဲ့နိုင့်ရှေ့မှာသာ ကြောင်လေးလိုဖြစ်ရင်ဖြစ်နေမယ် ၊ သူဘယ်လောက်ကြောက်ဖို့ကောင်းလဲ company တစ်ခုလုံးအသိ ။

" ဒီနှစ်ကဆောင်းရာသီမှာဘဲပိတ်ရက်ပေးမယ်
Trip အတွက်ကတော့ ဌာနမှာဘဲမဲခွဲလိုက်တော့ project ကတော့အခြေအနေအရထည့်ချင်ထည့်ပေးမိမယ် မထည့်ပေးရင်လဲမထည့်ပေးလောက်ဘူး "

သူပြောတော့ အမျိုးသမီးတွေကခေါင်းတစ်ငြိမ့်ငြိမ့် ။

မျက်ခုံးတို့တွန့်ချိုးနေတာမို့အခြေအနေမကောင်းတော့ ။ ဒါ့ကြောင့်သူမတို့ကသုတ်ခြေတင်ကာဘဲထွက်လာခဲ့လိုက်တယ် ။ မကြောက်မရွံ့သွားခဲ့မိ​တာကသူတို့အမှားဘဲမဟုတ်လား ။

မဟာသူတို့ထွက်သွားတော့ နိုင့်ကိုလှမ်းကြည့်မိသည် ။
သားကိုပိုက်ပြီး စပျစ်သီးထိုင်စားနေတာ ။

" ငယ် ချောင်းတွေဆိုးကုန်မယ် "

သူပြောတော့ နိုင်ကမျက်ခုံးတွန့်ချိုးကြီးတွေနဲ့သူ့ကိုပြန်ကြည့်သတဲ့။ ဟား တမြုံ့မြုံ့နဲ့လူကြီးပေါက်စဟာဘယ်လောက်ဝါးစားချင်စရာကောင်းသလဲ ။

သူ့စိတ်ထဲမှာရီနေပေမယ့်အပြင်မှာတော့ရီမနေဘူး သူခပ်တည်တည်ဘဲနိုင့်ကိုကြည့်လိုက်တယ် ။

" မောင်စေတနာနဲ့ပြောနေတာငယ် သိပ်မဆိုးနဲ့ "

တစ်စိတ် မဟာထူးလွင်ကလွန်လွန်းအားမကြီးဘူးလား ။ ဘာကြောင့်များနေရာတကာပါနေရတာလဲ ။

" မင်းပါးစပ်ပေါက်ပိတ်ထား "

သူမတိုးမကျယ်လေသံနဲ့ရေရွတ်တော့မဟာကမျက်ခုံးတွေတွန့်ချိုးလို့ ။
တစ်လှမ်းချင်းဆီ နိုင်ရှိရာကိုလှမ်းလာလို့သူဆိုဖာအောက်မှာဒူးထောက်ထိုင်ချလိုက်တယ် ။

" ငယ် မောင့်ကိုကြည့် "

သူပြောတော့မျက်ခုံးတွန့်ချိုးလေးအတိုင်းဘဲသူ့ကိုကြည့်လို့လာတဲ့နိုင် ။

" မောင့်ပိုင်ဆိုင်မှုလေးကမောင့်စကားကိုနားထောင်ရမယ်မဟုတ်လား "

ညှို့အားပြင်းမျက်ဝန်းတွေလာပြောနေတဲ့မဟာထူးလွင်ကိုကြည့်လို့နိုင်စိတ်ပိုရှုပ်လာတယ် ။

" မဟာထူးလွင် မင်းလုပ်စရာရှိတာသွားလုပ်လိုက်တော့ "

တစ်ကယ်တမ်းမှာမဟာထူးလွင်ဆိုတာသွင်ကြည်နိုင်ဘယ်တော့မှရုန်းထွက်နိုင်မှာမဟုတ်တဲ့နွံလေး ။ ဘယ်တော့မှအပြစ်လို့ဆိုနိုင်မှာမဟုတ်တဲ့ လှပမှုလေး ။

သူ့ကိုယ်သူသိပါတယ် ၊ သူဆိုတာမဟာပြုစားသမျှရူးရတဲ့ကောင်မဟုတ်လား ၊ အခုထက်ထိမရုန်းထွက်နိုင်တာဘဲကြည့်ပေါ့ ။

~

မဟာထူးလွင်ဟာအမြဲမတိုင်မပင်နဲ့လုပ်တတ်လွန်းတယ် ၊

သူအဲ့ဒီအမျိုးသမီးမျက်နှာကိုပြန်ကြည့်ချင်တာမဟုတ်ပါဘူးဆိုနေ ဒီလောက်ထိလုပ်ပြဖို့လိုလို့လား ။

ဒါဘယ်လောက်ထိမျက်နှာပူစရာကောင်းလဲ။
နောက်ဆုံးတွေ့ခဲ့တုန်းကသူတစ်ယောက်ထဲဆိုပေမယ့် ခုကျမျက်နှာပြောင်နိုင်ပြီးသားကိုပါခေါ်လာရတယ် ၊

မဟာထူးလွင်ဟာတစ်ကယ့်ကိုမဆင်မခြင်လုပ်တယ် ၊

သူဘာဖြစ်နေတာလဲမစဥ်းစားတတ်တော့ဘူး ။

ခုလိုမျက်နှာချင်းဆိုင်လိုက်ရုံနဲ့အမှားတွေပြီးသွားမှာတဲ့လား ။

" မဟာ သူက "

ခပ်ထေ့ထေ့နဲ့လှောင်လို့မေးလာတဲ့ သူမရဲ့မျက်ဝန်းတွေမှာရယ်မြူးရိပ်တွေနဲ့ ။

ကလေးဆန်တဲ့အကျင့်တွေနဲ့ ၊ ဒီအသိုင်းအဝိုင်းကတစ်ကယ်စိတ်ကုန်ဖို့ကောင်းတယ် ။ ဘယ်တော့မှပြောင်းလဲသွားမှာလဲမဟုတ်ဘူး ။

" ကိုယ့်ခင်ပွန်းပါ သွင်ကြည်နိုင်တဲ့ "

မဟာကပြောတော့ သူမကမျက်နှာကြီးမဲလို့ ။

" ကျွန်မ ကျွန်မကကော "

" အိုး.. မင်းကို မင်းကိုကိုယ်ကဘာဖြစ်လဲ? "

" ကျွန်မကဘာဖြစ်ရမှာလဲ ရှင်နဲ့ကျွန်မလက်ထပ်ပွဲလေ "

" ကိုယ်လက်ခံမိလား "

သိ​က္ခာတရားကိုတိုက်ရိုက်ထိပါးခံလိုက်ရတဲ့သူမက ဆက်မပြောတော့ဘဲ အံတကြိတ်ကြိတ်နှင့်တောက်တစ်ခတ်ခတ်လုပ်ကာဝုန်းခနဲထထွက်သွားတော့တယ် ။

ဒါကောင်းသောထွက်သွားခြင်းမျိုးမဟုတ်တာ မဟာသိပြီးသားဖြစ်တယ် ၊ ထို့အတူနိုင်ကတော့ အားနာစွာဖြင့်စိတ်မကောင်းတဲ့မျက်ဝန်းတွေနဲ့ ။

" မျက်ဝန်းတွေကဘာဖြစ်နေတာလဲ ငယ် ခုချက်ချင်းပြင်လိုက်စမ်း "

သူပြောတော့ နိုင်ကချက်ချင်းသူ့ကိုကြည့်လို့လာတယ် ။

" မင်းအမျိုးသမီးတစ်ယောက်ရဲ့ဂုဏ်သိက္ခာကိုအဲ့ဒီလိုထိပါးလိုက်လို့မရဘူး "

" ငယ်သူများဂုဏ်သိက္ခာကိုစိတ်ပူနေမယ်ဆိုရင် မင်းဂုဏိသိက္ခာကကော ၊ ငယ့်သားကိုဘယ်လိုပုံစံနဲ့မွေးခဲ့လဲဆိုတာမောင်နဲ့မင်းအသိဆုံးဘဲ ၊ ဒါကိုမှသူတစ်ပါးကိုငဲ့နေဦးမယ်ဆိုရင်တော့ မောင်ကျိန်ပြောရဲတယ် ငယ့်အတွက်မောင့်ငရဲခန်းကစောင့်ကြိုနေလိမ့်ဦးမယ် "

သူပြောတော့နိုင်ကတုန်လှုပ်စွာ ။

ဒါဘယ်လောက်တောင်ကြီးမားတဲ့ခြိမ်းခြောက်စကားလဲ ။

အဲ့ဒီငရဲတွေ အဲ့ဒီ့ငရဲတွေဆိုတာ ။
သူကျက်သီးထဖွယ်ဖြင့်မဟာ့ကိုကြည့်လိုက်တယ် ၊ သူ့ရုပ်ကလိမ်ညာမနေဘူး ။

မဟာဆိုတာသူ့ကိုကြိုက်သလောက်ထုရိုက်လို့ရတယ် ဆဲဆိုလို့ရတယ်၊ ဒါပေမယ့်မဟာ့ပိုင်ဆိုင်မှုလေးဖြစ်တဲ့သူ့ကိုယ်သူထိပါးနာကျင်အောင်လုပ်ခွင့်ပြောခွင့်မရှိဘူး ။

" မောင့်မှာငယ်ဘဲရှိတာ နိုင်
ထပ်ပြီးသက်သေပြစရာတွေရှိသေးတယ် "

ဒီလောက်ဘဲသူပြောနိုင်တယ် ၊
သူဘယ်တော့မှနိုင့်ကိုသစ္စာမဖောက်ခဲ့ဘူးဆိုတာတော့အမှန်ဘဲ ။

တစ်ခါတစ်လေနိုင့်ဖင်ကိုလဲသူခပ်ဆတ်ဆတ်လေးရိုက်ချင်ပါတယ် ၊ ဘာကြောင့်များသူ့အပေါ်ဒီလောက်အေးစက်လွယ်ရတာလဲ ။

Ciel
2942021
မဏ္ဍိုင်ထူးလွင်ကဖအေတူသား!

Zawgyi

ဒီေန႕မနက္ေတာ့ေနကေတာ္ေတာ္သာပါတယ္ ၊ ညကမိုးရွိန္ေၾကာင့္ ေအးစိမ့္စိမ့္ေလးျဖစ္ၿပီး မနက္မွာေနလို႔ထိုင္လို႔ေကာင္းပါတယ္ ။

မဟာကေတာ့မ်က္ခမ္းေအာက္ေလးနဲနဲမဲခ်င္ေနပါသည္ ။

ဒါညကသားလက္ခ်က္ဘဲ ။
နာရီျခားတိုင္းတအဲ့အဲ့နဲ႕သားကနိုးလာေတာ့
သူကလဲလန့္နိုးမိေကာေလ ၊ နိုင္ကေတာ့တေရးနိုင္းတိုင္းသူ႕ကိုရွိတယ္လို႔ကိုမမွတ္ပါ လုပ္စရာရွိတာလုပ္ၿပီးျပန္အိပ္သြားတာႀကီးဘဲ ။

ခုလဲ King Size plus ေမြ႕ရာႀကီးမွာ သားကအလည္မွာထီးထီးေလးရွိေနၿပီး နိုင္ကေတာ့ေထာင့္ဘက္စြန္းနားလိမ့္ေန၏ ။

သူကေတာ့ပုံမွန္နိုးေနက်အခ်ိန္မို႔နိုးေနၿပီျဖစ္ပါသည္ ။ လက္မေလးစုပ္လို႔ကိုယ္ေလးေစာင္းၿပီးေကြးကာအိပ္ေနတဲ့သားရဲ႕ပါးတြဲႀကီးကိုတနင့္တပိုးနမ္းလို႔ တစ္ဖက္က ကေလးႀကီးရွိရာဆီလွမ္းလာခဲ့လိုက္တယ္ ။

အိပ္ေနေတာ့လဲ သူ႕ပိုင္ဆိုင္မႈေလးက ႏႈတ္ခမ္းေထာ္ေလးနဲ႕ခ်စ္ဖို႔ေတာ့ေကာင္းသားဘဲ ။

ထိုႏႈတ္ခမ္းဖူးကိုတစ္ခ်က္စုပ္နမ္းလို႔​မ်က္ခြံေလးကိုပါဖိကပ္နမ္းလိုက္ၿပီး သူထြက္လာခဲ့လိုက္တယ္ ။

ဒီေန႕အတြက္သူလက္မွတ္ထိုးရမွာေတြတစ္ပုံႀကီး ။

ေရခ်ိဳးခန္းထဲဝင္လို႔အရင္တုန္းကလိုလုပ္ေပးဖူးတဲ့အတိုင္းငယ့္အတြက္သြားတိုက္တံသြားတိုက္ေဆးအသင့္ျပင္ထားေပးခဲ့လိုက္ပါတယ္ ။

သူဒါေတြဘယ္ေတာ့မွရိုးအီသြားမွာမဟုတ္ဘူး ။
ဘာလို႔ဆိုသူ႕ပိုင္ဆိုင္မႈေလးကငယ္ျဖစ္ေနလို႔ ။

ေကာ္ဖီတစ္ခြက္ကိုင္ၿပီး စာၾကည့္ခန္းရဲ႕ဆိုဖာမွာlaptop ေပါင္ေပၚတင္လို႔သူရွိေနတယ္ ။ သူ႕ေရွ႕မွာfile တစ္အုပ္​ႀကီး ။

ေအာ္ ဒါေတြၿပီးရင္ရွင္းစရာလဲရွိေသးသား ၊
ဒီေန႕ကမဂၤလာဝတ္စုံေ႐ြးရမယ့္ရက္ဆိုၿပီးေျပာခဲ့တာဘဲမဟုတ္လား ။

သူလက္ေခ်ာင္းႀကီးေတြက keyboard ေပၚတစ္ေတာက္ေတာက္ျဖတ္ေျပးလို႔ အလုပ္တစ္ခုကိုတိတိက်က်နဲ႕စမတ္က်စြာလုပ္ေနတာျဖစ္သည္ ။ သိပ္ခန့္ညားတာဘဲမဟုတ္လား ။

ကိုစိုင္းလူကတံခါးကိုေခါက္ၿပီးအသံျပဳေလ၏ ။

" ဆရာ ကြၽန္ေတာ္ဝင္လာမယ္ "

" စိုင္းလူ ဒီေန႕အတြက္ေနရာေကာင္းျပင္ထား "

လူကသာအခန္းထဲမေရာက္ေသးတာ အမိန့္ကေတာ့က်ေလၿပီ ။ ကိုစိုင္းလူရဲ႕မ်က္ႏွာကမဲ့ခနဲ ။ ဒါကိုမဟာကသိပ္ေတာ့ေထြေထြထူးထူးဂ႐ုစိုက္မေနပါ ။

ဘာေနေနသူလုပ္ရမွာဘဲမဟုတ္လား ။

~

သူနိုးလာေတာ့ မဟာထူးလြင္ရွိမေနေတာ့ဘူး ။

ရွိမေနတာဘဲေကာင္းပါတယ္ မနက္ေစာေစာစီးစီးသူမေအာ္ဟစ္ခ်င္ဘူး ။
စိတ္ၾကည္လင္ေအာင္ဘဲေနခ်င္တယ္ေလ ။
လိုက္ကာစေတြအဆုံးထိဆြဲဖြင့္လို႔ အျပင္ဘက္ကိုၾကည့္ေတာ့ ရာသီဥတုကမနက္မွာေတာ္ေတာ္ကိုသာယာေနသည္ ။

အား ဒီလိုvibe မ်ိဳး ဒါသူ႕အႀကိဳက္ဆုံးရာသီဥတုအေျခအေနမ်ိဳးဘဲ ။

သူကုတင္ဆီျပန္လွမ္းလာၿပီး မဆီမဆိုင္အိပ္ေပ်ာ္ေနတဲ့သားရဲ႕ဖင္ကိုတစ္ခ်က္ပုတ္ေတာ့သားက အဲ့ခနဲအသံထြက္႐ုံကလြဲနိုးမလာေသး ။

ေဖ့သားေလးကေစာေစာစီးစီးဒုကၡမေပးတတ္ဘူး ၊ လိမၼာလိုက္တာ ။

ပါးေဖာင္းႀကီးဆီ႐ႊတ္ခနဲနမ္းလို႔သူေရခ်ိဳးခန္းဝင္ခဲ့တယ္ ၊ ဘယ္ေနရာမွာဘဲသူ႕ကိုပိတ္ေလွာင္ပိတ္ေလွာင္ သူေပ်ာ္ေအာင္ေနေနရမွာျဖစ္သည္ေလ ။

သူၿပီးလို႔ျပန္ထြက္လာေတာ့ ကုတင္ေပၚမွာသားက လက္ကေလးေျခေလးေတြကိုမိုးေပၚျမႇောက္လို႔နိုးေနေလၿပီ ။

သူ႕သားကတစ္ကယ့္အလိမၼာတုန္းႀကီးပါဆို ။
ငိုသံတစ္ခ်က္မထြက္ဘူး ။

သားကိုေကာက္ခ်ီလို႔လည္ပင္းေတြၾကားအနမ္းေတြေျခခ်ေတာ့ သားကတအဲ့အဲ့နဲ႕ႏႈတ္ခမ္းဖူးရဲေလးကေနရီသံေလးေတြပ်ံ့ေလသည္ ။

သူသားကိုခ်စ္လိုက္တာ ။

သားကိုသန့္ရွင္းေရးလုပ္ၿပီးလို႔သူတို႔ဆင္းလာေတာ့ မဟာကdinning room မွာအခန့္သားနဲ႕ ။

သူမဟာ့ရဲ႕ေရွ႕ခုံမွာဝင္ထိုင္လိုက္ၿပီး မဟာ့ကိုေစ့ေစ့ၾကည့္လိုက္တယ္ ။

ရန္ျဖစ္ရတာေတြကိုတစ္ကယ္စိတ္ကုန္ေနၿပီ။

သူ႕ဘဝမွာသားရွိတာနဲ႕တင္တစ္ကယ္ျပည့္စုံေနၿပီမို႔လို႔ထပ္ၿပီးအနာတရေတြမလိုဘူး ။

" ငါတို႔သားအဖကိုဘယ္ေတာ့လႊတ္ေပးမွာလဲ "

" ႀကီးေမ မုန့္ထည့္ေတာ့ "

စားေသာက္ပြဲမွာလူမစုံမခ်င္း မဟုတ္ေသးဘူး နိုင္မေရာက္မခ်င္း ေကာ္ဖီတစ္ခြက္ကလြဲလို႔ ဘာဆိုဘာမွေပးမခ်တာမဟာ့ရဲ႕အက်င့္ဘဲ ။

ဒါေတြသူဂ႐ုစိုက္မေနခ်င္ဘူး ။

ေအာ္မင္းငါ့ကိုခ်စ္တုန္းဘဲဆိုၿပီးျပန္ပါသြားမယ့္လူမ်ိဳးထဲမွာသြင္ၾကည္နိုင္မွမပါဘဲနဲ႕ ။

သူမုန့္ေတြကိုမထိမတို႔ဘဲ ဒီတိုင္းသာမဟာ့မ်က္ႏွာကိုထိုင္ၾကည့္ေနလိုက္တယ္ ၊ မဟာကလဲဘာမုန့္ကိုမွမထိဘဲနဲ႕သူတို႔ကိုၾကည့္ေန၏ ။

ဒီအေျခအေနကနဲနဲစိတ္က်ဥ္းက်ပ္ေစတယ္ ။

" ငါနဲ႕ငါ့သား ။ "

" မသြားရဘူး!! "

သူစကားတစ္ခြန္းကိုေတာင္ၿပီးေအာင္မေျပာရေသးဘူးမဟုတ္လား ။

" မင္းကအတၱေတြနဲ႕ဘဲမဟာထူးလြင္
ငါ့စိတ္ကိုေကာျမင္ေအာင္ၾကည့္ရဲ႕လား ဟမ္! "

" ေမာင္စိတ္မဝင္စားဘူး "

" ငါမင္းကိုထပ္ၿပီးခြင့္လႊတ္ရေလာက္တဲ့အထိလဲ ငါတုံးအမေနဘူးမဟာထူးလြင္ ၊ မင္းဘယ္ေလာက္အထိငါ့အေပၚမွားယြင္းထားလဲမင္းအသိဘဲ "

စကားတစ္လုံးခ်င္းဆီကိုရင္ဘတ္ထဲပစ္သြင္းေတာ့ မဟာကမ်က္ဝန္းေတြမၿငိမ္မသက္ ။
အဲ့ဒီေနာက္ထိုင္ေနရာမွထကာ သားနဲ႕သားကိုပိုက္ထားတဲ့သူတို႔အနားလွမ္းလာေလသည္ ။

" ေမာင္ေတာင္းပန္တယ္ "

သားေျခဖဝါးေလးကိုအုပ္မိုးကိုင္ၿပီးၾကမ္းျပင္မွာဒူးေထာက္ထိုင္ခ်ေတာ့ နိုင္ကခပ္အမ္းအမ္း ။

" တစ္ႏွစ္ဘဲ အခ်ိန္တစ္ႏွစ္ဘဲ ဒီကာလအတြင္း ေမာင္မင္းကိုအားလုံးနားလည္သြားေအာင္ရွင္းျပမယ္ ဒါ့ေၾကာင့္ ေမာင့္ကိုလက္ထပ္ "

သူဒါေတြလာေျပာေနလဲနိုင္ယုံမွာမဟုတ္ဘူး ။
ဒီလိုမ်ိဳးႀကိဳေတြးမိေနရင္ အစကထဲကေဖာက္လြဲေဖာက္ျပားလုပ္မေနနဲ႕ေပါ့ ။ ဒါနဲ႕ေနပါဦးေဖာက္ျပန္ပါတယ္ဆိုမွရွင္းျပစရာေကာရွိေသးရဲ႕လား ။

မဟာထူးလြင္ဟာသိပ္ရယ္ရတာဘဲ ။

" ေမာင္ဂတိေပးတယ္ ဒီတစ္ႏွစ္ၿပီးလို႔ေမာင္မွားပါတယ္လို႔မင္းထင္ရင္ ကြာရွင္းေပးၿပီးေတာ့ မင္းကိုလႊတ္ေပးလိုက္မယ္ "

နားရွိလို႔သာၾကားရတယ္ အခန္းေထာင့္နားက ကိုစိုင္းလူက​ေတာ့ၿပဳံးစိစိ ။
ဆရာလား အကိုေလးကိုလႊတ္ေပးမယ္ဆိုတာ ။

" ​​ေကာင္းၿပီ တစ္ႏွစ္ဘဲ ငါမင္းကိုလက္ခံၿပီး ဒီအိမ္အရိပ္မွာတစ္ႏွစ္ဘဲေနမယ္ "

ေဟာ ၊ လာျပန္ၿပီေနာက္တစ္ေယာက္ ၊
သူတို႔တစ္ကယ္စိတ္နာေနၾကတာေကာဟုတ္ပါရဲ႕ေနာ္ ။ ပလီစိေျခာက္ခ်က္နဲ႕ ဘာေၾကာင့္မ်ားဆရာ့စကားကိုအကိုေလးကလက္ခံရတာလဲ ။ သူသာဆိုမယုံဘူးလို႔ဖင္ပိတ္ေအာ္လိုက္ေလၿပီျဖစ္ျခင္း ။

သူထင္တဲ့အတိုင္းဘဲေနမွာပါ
အကိုေလးနဲ႕ဆရာကစိတ္ေကာက္ေနတယ္ဆိုတာ ။

" ကိုယ္ဒီေန႕မင္းကိုေခၚသြားစရာရွိတယ္ "

သူေျပာေတာ့နိုင္ကအလိုက္သင့္ေလးေခါင္းၿငိမ့္ရွာတယ္ ။

သူ႕ပိုင္ဆိုင္မႈေလးဟာအဲ့ဒီေလာက္ထိခ်စ္ဖို႔ေကာင္းတာျဖစ္တယ္ ။

ဒီလိုနဲ႕သူတို႔မနက္စာမစားခင္ဘဲမဟာကသားအတြက္နို႔ဘူးေျပးေဖ်ာ္ရျပန္ပါတယ္ ၊ ထုံးစံအတိုင္းမဟာကေတာ့ ေရႏြေးစမ္းရင္းအူေၾကာင္ေၾကာင္ေတြလုပ္ေနၿမဲပါဘဲ ။

ဒီလိုနဲ႕သူတို႔ ၁၀ နာရီခြဲမွာမဟာ့ရဲ႕အလုပ္ကိုေရာက္ခဲ့တယ္ ။ ဒီေဆာင့္ႂကြားေဆာင့္ႂကြားနဲ႕ေကာင္က​ေတာ့ သားကိုေရွ႕လြယ္အိတ္ထဲထည့္လို႔လြယ္လာတဲ့နိုင့္ရဲ႕လက္ကိုပိုင္စိုးပိုင္နင္းဆြဲလို႔ company ထဲဝင္ေတာ့ လိုက္ၾကည့္လိုက္ၾကတာမ်ားအုံလို႔။

လိုက္ၾကည့္ေနၾကလို႔နိုင္ကေတာ့ရွက္မယ္ထင္ရင္မွားပါလိမ့္မယ္ ၊ သူဒါေတြကိုအေရးစိုက္တဲ့လူမ်ိဳးမွမဟုတ္ဘဲ ။

နိုင္ကအသားေရာင္တီရွပ္နဲ႕ short pant ကိုဝတ္ထားၿပီး မဟာကေတာ့ suit အျပည့္နဲ႕ရင္အုပ္ျပည့္လွ်ံႀကီးျဖစ္သည္ ။

Elevator ေရွ႕ရပ္ေစာင့္ေတာ့ နိုင္ကသားကိုတင္ကေနပင့္တင္ထားတယ္ဆိုေတာ့ေညာင္းမ်ားေညာင္းေနၿပီလားမသိ ။

" ငယ္ ေမာင့္ကိုကေလးေပးမလား "

ဘာမွျပန္ေျပာမလာေပမယ့္ ခ်ိဳလိမ္ေလးပါးစပ္ထဲရွိေနတဲ့သားကိုအိတ္အထုတ္လိုက္ေလးျဖဳတ္လို႔သူ႕ရင္ဘတ္မွာခ်ိတ္တြယ္ေပးေလသည္ ။

ေအာ္ တစ္ကယ္ကိုသူေညာင္းေနၿပီဘဲ ။
သားကလဲထြားတာကိုး ။

Suit အျပည့္နဲ႕သူတို႔သူေဌးက ကေလးကိုေကာက္လြယ္ေတာ့ တစ္ကယ့္ကိုပုံစံက Cool Daddy type ႀကီးျဖစ္ေနတာမို႔ အလုပ္ကအမ်ိဳးသမီးေတြကကြၽက္စီကြၽက္စီရယ္ျဖင့္ ၊ မဟာကေတာ့ထုံးစံအတိုင္းသာနို႔င္လက္ကိုျပန္ဆြဲကိုင္ထားလိုက္သည္ ။

သူတို႔ elevator ကထြက္လာေတာ့လဲ Ceo ႐ုံးခန္းအထပ္မွာ ရွိတဲ့ဌာနကလူေတြကလဲလိုက္ၾကည့္ျပန္ၿပီ ။

မဟာကေတာ့ဒါသူ႕မိသားစုနဲ႕သားဆိုတဲ့ပုံစံမ်ိဳးနဲ႕ဝင္လာတာဆိုေပမယ့္နိုင္ကေတာ့တည္တည္ၿငိမ္ၿငိမ္ ။

သားကိုေပြ႕လ်က္ အလုပ္စားပြဲဘက္ကိုသြားေနတဲ့မဟာ့ေၾကာင့္ နိုင္ကေတာ့ ဆိုဖာမွာသာဝင္ထိုင္လိုက္တယ္ ။ သူေခၚထားမယ္ဆိုေတာ့နိုင္သက္သာတာေပါ့ ။

သူကေအာက္ကေနဖေအရဲ႕ေမးရိုးရိုးထင္းထင္းနဲ႕ခန့္ညားမႈေတြကိုမ်က္ဝန္းညိုေတြနဲ႕ေမာ့ကာၾကည့္ေနေတာ့ မဟာကသေဘာတက်ရယ္ၿပီးသားရဲ႕ႏွဖူးကိုခပ္ဖြဖြနမ္းလိုက္တယ္ ။

တစ္ကယ္ပါဘဲဒီသားကိုသူခ်စ္လြန္းလို႔ေသ​ေတာ့မယ္ ။ သူနဲ႕တေထရာထဲတူတဲ့သားကိုနိုင္မို႔လို႔မင္းသားမဟုတ္ဘူးေျပာထြက္တယ္ ၊ မသိရင္မဟာကငပိန္းတဲ့လား ။

စားပြဲေပၚအရံသင့္ရွိေနတဲ့စပ်စ္သီးပန္းကန္ကိုပိုက္လို႔နိုင္ကေတာ့ အပီအျပင္ထိုင္စားေတာ့ပါတယ္ ။ သူ႕အေနနဲ႕သားကမဟာ့လက္ထဲမွာဆိုေတာ့ေနခ်င္သလိုေနေနလို႔ရတယ္မဟုတ္လား ။

ေဒါက္ ေဒါက္

" Boss "

စာရင္းစစ္ဌာနကလူေတြဝင္လာေတာ့ မဟာကျပဴးေၾကာင္ေၾကာင္ ၊ ဘယ္သူ​ေခၚထားလို႔တုန္း ။

နိုင္ကေတာ့အလိုက္သတိပင္ထိုင္ေနရမွထကာ မဟာ့လက္ထဲကသားကိုယူလိုက္တယ္ ၊ လြယ္အိတ္ေလးကိုေတာ့ ဆိုဖာျပန္တင္လိုက္ၿပီးလက္ေမာင္းေတြၾကားထဲသာေပြ႕ခ်ီထားလိုက္သည္ ။

အမ်ိဳးသမီးငယ္ေတြကေတာ့နိုင့္လက္ထဲပါသြားတဲ့ကေလးဆီကိုသာၾကည့္လို႔ေနေလရဲ႕ ။

သူတို႔သူေဌးရဲ႕ေကာလဟာလေတြအမ်ားႀကီးၾကားရတယ္မဟုတ္လား ။ ျဖန့္တဲ့သူကေတာ့ ေထြေထြထူးထူးရွာေနစရာမလိုပါဘူး ၊ ကိုစိုင္းလူႀကီးေပါ့ တစ္ေန႕တစ္ေန႕စာရင္းစစ္ဌာနဘက္လာၿပီးနန္းစုတို႔အဖြဲ႕နဲ႕တည့္ေနတာမ်ား၊ ေနာက္ၿပီးသူေဌးနဲ႕ပတ္သပ္သမွ်သူကေဖာက္သ​ည္ခ်ကာမွေတာ့ company တစ္ခုလုံးသိေနတာမဆန္းေတာ့ပါ ။

ေကာလဟာလကေတာ့ သူေဌးကေယာက္်ားယူထားတာျဖစ္ၿပီး သူ႕ေယာက္်ားက ကေလးေမြးတယ္ဆိုၿပီးျဖစ္သည္ ။

ခုေတာ့ကေလးနဲ႕ေကာင္ေလးနဲ႕ပါလာတာဆိုေတာ့ ဟုတ္တုတ္တုတ္ေတာ့ရွိ၏ ။

" အဟမ့္! "

သူတို႔အၾကည့္ေတြကိုသိတဲ့မဟာကေခ်ာင္းတစ္ခ်က္ဟမ့္ကာသတိေပးေတာ့ အားလုံးကမဟာ့ဘက္ကိုလွည့္သြားၾကေလ၏ ။

သူတို႔သူေဌးအေၾကာင္းသူတို႔ဘဲသိတာမဟုတ္လား ။

ဘယ္ေလာက္စိတ္ျမန္လက္ျမန္နဲ႕ေၾကာက္ဖို႔ေကာင္းလိုက္သလဲ ။

" ဟိုဒီႏွစ္ရဲ႕စာရင္းစစ္ဌာနအတြက္ trip project ကိုလာေတာင္းတာပါ "

ေခါင္းေဆာင္ျဖစ္ဟန္တူတဲ့အမ်ိဳးသမီးကထေျပာ​ေတာ့ မဟာကသိပ္သေဘာမက် ၊ လာရင္တစ္ေယာက္ထဲလာေလ ၊ ခုက်ဌာနတစ္ခုလုံးေရာက္ေနသလားမွတ္ရတယ္ ။

သားနဲ႕နိုင့္ေရွ႕မွာသာ ေၾကာင္ေလးလိုျဖစ္ရင္ျဖစ္ေနမယ္ ၊ သူဘယ္ေလာက္ေၾကာက္ဖို႔ေကာင္းလဲ company တစ္ခုလုံးအသိ ။

" ဒီႏွစ္ကေဆာင္းရာသီမွာဘဲပိတ္ရက္ေပးမယ္
Trip အတြက္ကေတာ့ ဌာနမွာဘဲမဲခြဲလိုက္ေတာ့ project ကေတာ့အေျခအေနအရထည့္ခ်င္ထည့္ေပးမိမယ္ မထည့္ေပးရင္လဲမထည့္ေပးေလာက္ဘူး "

သူေျပာေတာ့ အမ်ိဳးသမီးေတြကေခါင္းတစ္ၿငိမ့္ၿငိမ့္ ။

မ်က္ခုံးတို႔တြန့္ခ်ိဳးေနတာမို႔အေျခအေနမေကာင္းေတာ့ ။ ဒါ့ေၾကာင့္သူမတို႔ကသုတ္ေျခတင္ကာဘဲထြက္လာခဲ့လိုက္တယ္ ။ မေၾကာက္မ႐ြံ႕သြားခဲ့မိ​တာကသူတို႔အမွားဘဲမဟုတ္လား ။

မဟာသူတို႔ထြက္သြားေတာ့ နိုင့္ကိုလွမ္းၾကည့္မိသည္ ။
သားကိုပိုက္ၿပီး စပ်စ္သီးထိုင္စားေနတာ ။

" ငယ္ ေခ်ာင္းေတြဆိုးကုန္မယ္ "

သူေျပာေတာ့ နိုင္ကမ်က္ခုံးတြန့္ခ်ိဳးႀကီးေတြနဲ႕သူ႕ကိုျပန္ၾကည့္သတဲ့။ ဟား တၿမဳံ႕ၿမဳံ႕နဲ႕လူႀကီးေပါက္စဟာဘယ္ေလာက္ဝါးစားခ်င္စရာေကာင္းသလဲ ။

သူ႕စိတ္ထဲမွာရီေနေပမယ့္အျပင္မွာေတာ့ရီမေနဘူး သူခပ္တည္တည္ဘဲနိုင့္ကိုၾကည့္လိုက္တယ္ ။

" ေမာင္ေစတနာနဲ႕ေျပာေနတာငယ္ သိပ္မဆိုးနဲ႕ "

တစ္စိတ္ မဟာထူးလြင္ကလြန္လြန္းအားမႀကီးဘူးလား ။ ဘာေၾကာင့္မ်ားေနရာတကာပါေနရတာလဲ ။

" မင္းပါးစပ္ေပါက္ပိတ္ထား "

သူမတိုးမက်ယ္ေလသံနဲ႕ေရ႐ြတ္ေတာ့မဟာကမ်က္ခုံးေတြတြန့္ခ်ိဳးလို႔ ။
တစ္လွမ္းခ်င္းဆီ နိုင္ရွိရာကိုလွမ္းလာလို႔သူဆိုဖာေအာက္မွာဒူးေထာက္ထိုင္ခ်လိဳက္တယ္ ။

" ငယ္ ေမာင့္ကိုၾကည့္ "

သူေျပာေတာ့မ်က္ခုံးတြန့္ခ်ိဳးေလးအတိုင္းဘဲသူ႕ကိုၾကည့္လို႔လာတဲ့နိုင္ ။

" ေမာင့္ပိုင္ဆိုင္မႈေလးကေမာင့္စကားကိုနားေထာင္ရမယ္မဟုတ္လား "

ညွို႔အားျပင္းမ်က္ဝန္းေတြလာေျပာေနတဲ့မဟာထူးလြင္ကိုၾကည့္လို႔နိုင္စိတ္ပိုရႈပ္လာတယ္ ။

" မဟာထူးလြင္ မင္းလုပ္စရာရွိတာသြားလုပ္လိုက္ေတာ့ "

တစ္ကယ္တမ္းမွာမဟာထူးလြင္ဆိုတာသြင္ၾကည္နိုင္ဘယ္ေတာ့မွ႐ုန္းထြက္နိုင္မွာမဟုတ္တဲ့ႏြံေလး ။ ဘယ္ေတာ့မွအျပစ္လို႔ဆိုနိုင္မွာမဟုတ္တဲ့ လွပမႈေလး ။

သူ႕ကိုယ္သူသိပါတယ္ ၊ သူဆိုတာမဟာျပဳစားသမွ်႐ူးရတဲ့ေကာင္မဟုတ္လား ၊ အခုထက္ထိမ႐ုန္းထြက္နိုင္တာဘဲၾကည့္ေပါ့ ။

~

မဟာထူးလြင္ဟာအၿမဲမတိုင္မပင္နဲ႕လုပ္တတ္လြန္းတယ္ ၊

သူအဲ့ဒီအမ်ိဳးသမီးမ်က္ႏွာကိုျပန္ၾကည့္ခ်င္တာမဟုတ္ပါဘူးဆိုေန ဒီေလာက္ထိလုပ္ျပဖို႔လိုလို႔လား ။

ဒါဘယ္ေလာက္ထိမ်က္ႏွာပူစရာေကာင္းလဲ။
ေနာက္ဆုံးေတြ႕ခဲ့တုန္းကသူတစ္ေယာက္ထဲဆိုေပမယ့္ ခုက်မ်က္ႏွာေျပာင္နိုင္ၿပီးသားကိုပါေခၚလာရတယ္ ၊

မဟာထူးလြင္ဟာတစ္ကယ့္ကိုမဆင္မျခင္လုပ္တယ္ ၊

သူဘာျဖစ္ေနတာလဲမစဥ္းစားတတ္ေတာ့ဘူး ။

ခုလိုမ်က္ႏွာခ်င္းဆိုင္လိုက္႐ုံနဲ႕အမွားေတြၿပီးသြားမွာတဲ့လား ။

" မဟာ သူက "

ခပ္ေထ့ေထ့နဲ႕ေလွာင္လို႔ေမးလာတဲ့ သူမရဲ႕မ်က္ဝန္းေတြမွာရယ္ျမဴးရိပ္ေတြနဲ႕ ။

ကေလးဆန္တဲ့အက်င့္ေတြနဲ႕ ၊ ဒီအသိုင္းအဝိုင္းကတစ္ကယ္စိတ္ကုန္ဖို႔ေကာင္းတယ္ ။ ဘယ္ေတာ့မွေျပာင္းလဲသြားမွာလဲမဟုတ္ဘူး ။

" ကိုယ့္ခင္ပြန္းပါ သြင္ၾကည္နိုင္တဲ့ "

မဟာကေျပာေတာ့ သူမကမ်က္ႏွာႀကီးမဲလို႔ ။

" ကြၽန္မ ကြၽန္မကေကာ "

" အိုး.. မင္းကို မင္းကိုကိုယ္ကဘာျဖစ္လဲ? "

" ကြၽန္မကဘာျဖစ္ရမွာလဲ ရွင္နဲ႕ကြၽန္မလက္ထပ္ပြဲေလ "

" ကိုယ္လက္ခံမိလား "

သိ​ကၡာတရားကိုတိုက္ရိုက္ထိပါးခံလိုက္ရတဲ့သူမက ဆက္မေျပာေတာ့ဘဲ အံတႀကိတ္ႀကိတ္ႏွင့္ေတာက္တစ္ခတ္ခတ္လုပ္ကာဝုန္းခနဲထထြက္သြားေတာ့တယ္ ။

ဒါေကာင္းေသာထြက္သြားျခင္းမ်ိဳးမဟုတ္တာ မဟာသိၿပီးသားျဖစ္တယ္ ၊ ထို႔အတူနိုင္ကေတာ့ အားနာစြာျဖင့္စိတ္မေကာင္းတဲ့မ်က္ဝန္းေတြနဲ႕ ။

" မ်က္ဝန္းေတြကဘာျဖစ္ေနတာလဲ ငယ္ ခုခ်က္ခ်င္းျပင္လိုက္စမ္း "

သူေျပာေတာ့ နိုင္ကခ်က္ခ်င္းသူ႕ကိုၾကည့္လို႔လာတယ္ ။

" မင္းအမ်ိဳးသမီးတစ္ေယာက္ရဲ႕ဂုဏ္သိကၡာကိုအဲ့ဒီလိုထိပါးလိုက္လို႔မရဘူး "

" ငယ္သူမ်ားဂုဏ္သိကၡာကိုစိတ္ပူေနမယ္ဆိုရင္ မင္းဂုဏိသိကၡာကေကာ ၊ ငယ့္သားကိုဘယ္လိုပုံစံနဲ႕ေမြးခဲ့လဲဆိုတာေမာင္နဲ႕မင္းအသိဆုံးဘဲ ၊ ဒါကိုမွသူတစ္ပါးကိုငဲ့ေနဦးမယ္ဆိုရင္ေတာ့ ေမာင္က်ိန္ေျပာရဲတယ္ ငယ့္အတြက္ေမာင့္ငရဲခန္းကေစာင့္ႀကိဳေနလိမ့္ဦးမယ္ "

သူေျပာေတာ့နိုင္ကတုန္လႈပ္စြာ ။

ဒါဘယ္ေလာက္ေတာင္ႀကီးမားတဲ့ၿခိမ္းေျခာက္စကားလဲ ။

အဲ့ဒီငရဲေတြ အဲ့ဒီ့ငရဲေတြဆိုတာ ။
သူက်က္သီးထဖြယ္ျဖင့္မဟာ့ကိုၾကည့္လိုက္တယ္ ၊ သူ႕႐ုပ္ကလိမ္ညာမေနဘူး ။

မဟာဆိုတာသူ႕ကိုႀကိဳက္သေလာက္ထုရိုက္လို႔ရတယ္ ဆဲဆိုလို႔ရတယ္၊ ဒါေပမယ့္မဟာ့ပိုင္ဆိုင္မႈေလးျဖစ္တဲ့သူ႕ကိုယ္သူထိပါးနာက်င္ေအာင္လုပ္ခြင့္ေျပာခြင့္မရွိဘူး ။

" ေမာင့္မွာငယ္ဘဲရွိတာ နိုင္
ထပ္ၿပီးသက္ေသျပစရာေတြရွိေသးတယ္ "

ဒီေလာက္ဘဲသူေျပာနိုင္တယ္ ၊
သူဘယ္ေတာ့မွနိုင့္ကိုသစၥာမေဖာက္ခဲ့ဘူးဆိုတာေတာ့အမွန္ဘဲ ။

တစ္ခါတစ္ေလနိုင့္ဖင္ကိုလဲသူခပ္ဆတ္ဆတ္ေလးရိုက္ခ်င္ပါတယ္ ၊ ဘာေၾကာင့္မ်ားသူ႕အေပၚဒီေလာက္ေအးစက္လြယ္ရတာလဲ ။

Ciel
2942021
မ႑ိုင္ထူးလြင္ကဖေအတူသား!

Continue Reading

You'll Also Like

211K 24.3K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
18.7K 1K 25
Title - Hang the Star in the Sky [ကောင်းကင်ထက်က ကြယ်ကလေး] ★ If you be my star, I'll be your sky ★ Type - Own Creation, Chinese BL အနုပညာလောကထဲက နာမည...
25.8K 1.6K 36
နတ်တွေကိုမယုံပေမဲ့ ဖူးစာရေးနတ်ကိုတော့ ယုံပါတယ်ဆိုတဲ့မြို့သားလေးနဲ့ အချစ်မှာ မတရားတာမရှိပါဘူးဆိုတဲ့တောသားလေးတို့နှစ်ဦးရဲ့ မတူညီတာတွေကိုညှိယူရင်း ချစ်ခ...
323K 8.2K 78
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."