မဏ္ဍိုင်
By Ciel_Zizawar
1.3M 114K 3.1K
Unicode " မောင့်ရဲ့တိမ်စိုင်လေးလုပ်မလား မောင်ကကမ္ဘာကြီးလုပ်မယ်လေ " " တိမ်စိုင်တွေကပြေးနေတတ်တာလေမောင်ရဲ့ " "... More
အပိုင်း၁ introl
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇ ⚠
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂ ⚠
အပိုင်း ၁၃
အပိုင်း၁၄
အပိုင်း ၁၅
အပိုင်း ၁၆ ⚠
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀⚠⚠ ( volume 1)
အပိုင်း ၂၀ ⚠⚠ (volume2)
အပိုင်း ၂၁
အပိုင်း ၂၂ ⚠
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
present part ( 27.5)⚠
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
၃၁
၃၂
၃၃⚠
၃၄
၃၅
၃၆
၃၇
၃၈
၃၉
ပဲလှော်
၄၀ (Warning ⚠)
၄၁
၄၂
၄၃ (Title End)
Extra 0.5 warning ⚠
Extra
အပိုင်း ၄
34.6K 3.6K 91
By Ciel_Zizawar
သူသားကိုရှေ့လွယ်အိတ်လေးထဲပိုက်လို့ city mart ကိုရောက်နေတာဖြစ်တယ် ၊ ဒီကနေဆိုသူ့coffee ဆိုင်နဲ့မဝေးတော့တာမို့ နဲနဲပါးပါးဖြစ်ဖြစ် သူcake လဲဝင်ယူရင်းဆိုင်အခြေအနေလဲဝင်ကြည့်ချင်သေးသည်လေ ။
ခုတော့သူကအသီးအရွက်တန်းဘက်ကိုရောက်နေတာဖြစ်တယ် ၊ သားကတော့ ထုံးစံအတိုင်းမျက်ဝန်းလေးစဥ်းလို့ လက်မလေးစုပ်ပြီး အနောက်ကလေးကိုလန်ကာမှေးနေလေရဲ့ ။
အား မှိုလုံးကဇိမ်ယူရတာသိပ်ကြိုက်တာ ။
Market ရဲ့ဘယ်နေရာရာကိုဘဲသွားသွား သူတို့သားအဖကိုလိုက်ကြည့်နေတဲ့ပျိုမဒီတွေကပေါချင်းသောချင်း ။
သူကလဲသူဘဲလေ ၊ pant အသားရောင်ဒူးဖုံးနဲ့ တီရှပ်အဖြူရောင်ရယ်လက်ရှည်အသားရောင်လေးထပ်ဝတ်ထားတာ ၊ သားသာမပါရင်သူကလုံးဝ ladies type ဘဲမို့လား ။
ကလေးကိုမြှူသလိုလိုနဲ့သူ့ကိုရစ်တဲ့သူတွေကလဲဒုနဲ့ဒေး ။
ပြောရရင်ခုထိလက်တွန်းလှည်းထဲမုန်လာဥနီကလွဲကျန်တာမရောက်သေးဘူး ။
" ကလေးကချစ်စရာလေးနော် ရှင်က single father ထင်တယ် "
အပျိုကြီးဖြစ်ဟန်တူတဲ့အမကလာမေးတော့ သူအပြုံးကလေးချိတ်စွဲလို့ခေါင်းလေးတစ်ချက်ငြိမ့်ခဲ့တယ် ။ ဒါဘဲ! ၊ သူ့သားအရှိန်နဲ့သူလဲလူပျိုလုပ်လို့ရတာပေါ့ ။
အဟွန်း! မဟာထူးလွင် မင်းဒီပုံကိုသာမြင်ရင်ဘယ်လောက်သွေးတက်သွားလိုက်မ​လဲ ။
" သွင်ကြည်! "
ခေါ်သံကြားလို့လှမ်းငဲ့ကြည့်တော့ cafe manager ကိုဇေယျာဖြစ်နေခဲ့တယ် ၊ ဆိုင်မှာလိုအပ်တာတွေရှိနေတာဖြစ်မယ် မန်နေဂျာပါကုန်တိုက်ရောက်နေတာဆိုတော့ ။
ဒီလိုကျတော့လဲ အင်း ဆိုင်ပိုင်ရှင်ဖြစ်တဲ့သူကဘာမှမလုပ်ပေးနိုင်ဘဲ mall ပတ်နေတာဆိုတော့သိပ်မကောင်းဘူးမို့လား ။
" အကိုဇေယျာ "
သူခေါ်တော့ကိုဇေယျာကအပြုံးကြီးပြုံးပြီး
သူ့လက်တွန်းလှည်းကိုလာဆွဲယူလေတယ် ။
ကိုယ့်ပစ္စည်းကပါသွားတော့နိုင်ကလဲအပြေးလိုက်ရပါတော့တယ် ၊ အပျိုကြီးကတော့ လစ်!
(Author's note/ အပျိုကြီး = who want naing and mho lone 🤣 )
သူကသားကိုချီလို့ ဟိုဟာရွေးဒီဟာရွေးနဲ့လုပ်နေတာ လက်တွန်းလှည်းကိုင်ပေးရတဲ့ ကိုဇေယျာကိုတောင်အားနာရမှန်းမသိတော့ဘူး ၊ သားနို့မှုန့်ဘူးသုံးဗူး​လောက် ခြင်းထဲပစ်ထည့် ဒိုက်ဘာလေးငါးထုပ်ကိုလဲပစ်ထည့် ၊ အိမ်အတွက်ကုန်နေတာမဟုတ်ဘဲ ခုကသားအတွက်သီးသန့်ဖြစ်နေသလိုဘဲ ။
" ဟိုလေ ဓာတ်ပုံလေးရိုက်လို့ရမလားရှင့် "
သူတို့ကိုကြည့်လို့ပြောလာတဲ့ ကောင်မလေးတစ်ဖွဲ့ကြောင့် နိုင့်မှာအူကြောင်ကြောင် ။
" သားကိုရိုက်ချင်တာလား "
သူသားကိုငုံ့ကြည့်လို့ဖင်လေးကနေပင့်တင်ရင်းပြောတော့ ကောင်မလေးတွေရဲ့မျက်လုံးတွေကသားကိုကြည့်ရင်းသကာရည်လောင်းသလိုမျိုး ။
" ဖြစ်နိုင်ရင် မိသားစုသုံးယောက်လုံးနဲ့ပေါ့ ဟဲဟဲ "
မျက်နှာချိုသွေးလို့သူမတို့ကပြောတော့ နိုင်ကအားနာသည့်ပုံဖြင့်ကိုဇေယျာကိုပြန်ကြည့်မိသည် ။
ဘယ့်နှယ့်ကြောင့်သူတို့ကိုမိသားစုတုန်း ၊
သူနဲ့ကိုဇေယျာနဲ့ကဘာမှမှမဆိုင်ဘဲ ။
" အ့! "
လက်မောင်းကဆွဲယူတော့ သူကမျက်ခုံးလေးတွန့်ချိုးလို့ယက်ကန်ယက်ကန်ပါသွားလေရဲ့ ။
" မင်းတို့ပြောတာ ကိုယ်တို့မိသားစုလား "
သွားကြားထဲကထွက်လာတဲ့အံကြိတ်သံကြီးနှင့်ပြောလာသူကြောင့်နိုင်မော့ကာကြည့်တော့ မဟာ ။
" မဟာ မင်းဘယ်လိုဖြစ်! "
သူကလေသံခပ်ကြိတ်ကြိတ်နှင့် တံတောင်နှင့်တွတ်ကာမေးတော့ မဟာကဂရုမစိုက်ဖြီးလို့သာနေတယ် ။
အား မဟာထူးလွင်ကဘယ်ကပေါ်လာတာလဲ ။
ကောင်မလေးတွေကတော့ကျွက်စီကျွက်စီဖြင့် ။
သူကိုဇေယျာကိုလှည့်ကာကြည့်တော့ဘာမှနားမလည်တဲ့မျက်ဝန်းတွေနဲ့ကြည့်ကာနေသည် ။
အား ချီး! သူသာမာန်မဟုတ်ဘူးဆိုတာ ကိုဇေယျာကိုမပြောရသေးဘူး ။
သူ့အားပုခုံးမှဖိကာဖက်လို့ ပြောနေတဲ့ဘေးကလူကိုသူသိပ်ရိုက်ချင်လှပြီ ။
" ငယ် မောင့်ကိုကလေးပေး "
လွယ်အိတ်လေးထဲကသားကိုတောင်းနေတဲ့မဟာ့ကြောင့်သူမျက်ဝန်းစူးရဲတို့နှင့်မော့ကာကြည့်တော့ လူတွေကြားထဲဘာမှဂရုမစိုက်ဘူးဆိုတဲ့ပုံစံနဲ့သူ့ကိုမဟာကပြန်ကြည့်နေလေသည် ။
သူသားကိုလွယ်အိတ်လိုက်ချွတ်ပေး၍ မဟာ့ကိုလွယ်ပေးတော့ သူ့မျက်နှာမှာဂုဏ်ယူပြုံးကြီးပြုံးလို့ကိုဇေယျာကိုဘုကြည့်ကြည့်လိုက်သေးသည် ။
လက်မစုပ်နေတာကြာပြီဖြစ်တဲ့သားကို လက်မချွတ်ပေးလို့ သူ့ဘေးလွယ်အိတ်ထဲက ချိုလိမ်ကိုထုတ်ကာတပ်ပေးလိုက်သည် ။ သားကလက်သည်းညှပ်ရသေးတာမဟုတ်ဘူး ၊ တော်ကြာဝမ်းကိုက်နေရင်ဒုက္ခဘဲ ။
သူသားကိုလုပ်ပေးနေတုန်းသူ့ဆံပင်ကိုလာလှန်သပ်ပေးတဲ့ မဟာ့လက်တွေကိုပုတ်ချလိုက်တယ် ။
ငါ့အသားကိုထိကိုမထိနဲ့ ။
" မထိနဲ့ "
" ဓာတ်ပုံလေး "
ပြီတီတီနဲ့ကောင်မလေးတွေပြောလာတော့မဟာကမျက်ခုံးကြီးတွန့်ချိုးလို့ ။
သူသားရဲ့နောက်လေးလှန်ကာမှီနေရာကနေ သူ့ရင်ဘတ်ကိုမျက်နှာလေးထိန်းလို့အုပ်စေလိုက်တယ် ။ မရဘူး ၊ သူ့သားရဲ့ခန့်ညားမှုတွေကို လုံးဝကူးယူဖော်ပြလို့မရဘူး ။ သူ့သားကမယ်မယ်ရရကောင်များမှတ်နေလို့လား ။
" မရဘူး "
" အဲ့.. "
သူ့ပြောသံ နည်းနည်းကျယ်သွားလေတော့သားဆီကတောင်အဲ့ခနဲအသံကထွက်လာလေသည် ။
ဖောင်း!
" အ့! ငယ် "
သူ့လက်မောင်းဆီအားနဲ့ကျလာတဲ့ရိုက်ချက်ကိုသတိမထားမိတော့သူ့မှာလက်မောင်းကိုပွတ်လို့ငယ့်ကိုကြည့်မိတယ် ။ ငယ်ကလဲလုံးဝဂရုမစိုက်ဘူးဆိုတဲ့ပုံစံနဲ့သူ့အားစိုက်ကာကြည့်လို့ရယ် ။
" ငါ့သားလန့်သွားပြီ "
ကောင်မလေးတွေကတော့ဓာတ်ပုံပေးမရိုက်လဲစိတ်မဆိုး နိုင့်ရဲ့မိခင်ကြီးနဲ့တူတဲ့ပုံကြီးကိုကြည့်လို့ တခွိခွိနှင့်ကြိတ်လို့ရယ်သည် ။
အဲ့လိုနဲ့ဘဲ ဒေါသချောင်းချောင်းထနေတဲ့နိုင့်ကိုသူဂရုမစိုက်ဘဲသားကိုလွယ်လို့သူတို့ cafe ကိုချီတက်ခဲ့တယ် ခုထိကိုဇေယျာကမသဲကွဲသေးဘူး ။
Rest room ထဲဝင်လို့သူထိုင်တော့ မဟာကလဲသူ့နောက်ကလိုက်လာတယ် ၊ ကိုဇေယျာကလဲပစ္စည်းတစ်ဝက်ကိုလိုက်ပို့လေရဲ့ ။
" တွေ့ရတာဝမ်းသာပါတယ် ကိုယ်ကနိုင့်အမျိုးသား မဟာထူးလွင် "
ဘယ်လိုရယ် ၊ အား ဒီကောင် ။ ခွေးကောင် ။
ဇေယျာက room ထဲတောင်လုံးလုံးကုန်ကုန်မဝင်ရသေးဘူးသူကစီးကာလက်လှမ်းနေတယ် ။
ဘယ်လောက်ဖြတ်ရိုက်ချင်စရာကောင်းသလဲ ။
သူ့အား မျက်လုံးတွေဝိုင်းလို့ကြည့်လာတဲ့ကိုဇေယျာကိုသူမချိပြုံးလေးပြန်ကြည့်လို့ မဟာ့နားသွားကာ လက်မောင်းကိုဆိတ်ဆွဲလိုက်လေသည် ။
" လျှောက်ပြောနေတာ မယုံနဲ့ကိုဇေယျာ တစ်ချက်လောက်ဆိုင်ကြည့်ပေးပါဦး "
ကိုဇေယျာကတော့ခပ်ပြုံးပြုံးနှင့်ပင်ထွက်သွားလေသည် ။
" ငယ် မင်းဘယ်လိုပြောလိုက်တာလဲ "
" ငါဘာပြောလဲမင်းအကြားဆုံးဘဲ ကလေးကိုပေးပြီးလာလမ်းအတိုင်းပြန်တော့ "
သူကလွယ်အိတ်ကိုအတင်းလိုက်ဖြုတ်ရင်း မဟာကလဲရှောင်ရင်းနှင့် တစ်စိတ် သူတို့ကြည့်ရတာ စိတ်ဆိုးနေတဲ့မောင်နှံနဲ့မတူဘူးလား ။
" ငယ် မောင်မပေးဘူးလို့ပြောနေတယ်နော် ဒါမောင့်သား "
" မင်းလိုတွန့်တိုနှမျောချွဲကငါ့သားအဖေမဟုတ်ဘူး "
" မောင်ဘယ်မှာတွန့်တိုလို့လဲ "
ဆိုဖာကိုပတ်လို့သူတို့အချင်းများနေပေမယ့်
မဟာ့လက်ထဲကမှိုလုံးကတစ်အဲ့အဲ့နဲ့အသံထွက်အောင်ပင်ရယ်နေသည် ။
နိုင့်ခြေလှမ်းတွေကတုံ့ခနဲ ။
နိုင်ကရပ်သွားတော့ မဟာကလဲပြေးနေရာကနေရပ်လို့သွားလေတယ် ။
" ငါ့သားကရယ်တယ် "
" ငယ် ကလေးလဲရယ်တတ်တာဘဲကို "
" မင်းစောက်ပါးစပ်ကိုပိတ်ထားစမ်းမဟာ!! "
သြော် အာဏာစက်ရဲ့သက်ရောက်မှုတွေ ဘယ်သူမှလူမထင်တဲ့ကောင်ကအော်သံတစ်ချက်နောက်မှာတိခနဲပင်တိတ်သွားလေရဲ့ ။
သူသားကိုယူတော့ မဟာကလဲလွယ်လွယ်ကူကူပင် ဖြုတ်လို့ပေးလေတယ် ။
လက်မောင်းလေးထဲသားကိုထည့်လို့သူငုံ့ကြည့်တော့ ရယ်နေတာများ သွားဖုံးနီတာရဲလေးတွေပင်ပေါ်လို့ ။
သားကတစ်လကျော်ဘဲရှိသေးတာ ၊ ခေါင်းတောင်မနိုင်သေးဘူး ၊ ရယ်တာကအရင် ၊ သူ့ဖအေနှစ်ယောက်ရန်ဖြစ်နေတာကိုသဘောကျတာလား ၊ ပြေးလွှားနေတာကိုသဘောကျတာလား ။
သားရဲ့ပါးပေါ်မျက်ရည်စက်လေးကျသွားတာမြင်မှ သူငိုနေမိမှန်းသတိထားမိခဲ့တယ် ။
အာ သူငိုမိတာဘဲ ။
" ငယ် မငိုရဘူး ကိုယ်တို့.. "
" မင်းစောက်ပါးစပ်ကြီးကိုပိတ်ထားပါလို့ အင့်! ငါ့သား ငါ့သားက အီးဟီး! "
ဒီလူကြီးပေါက်စကိုတော့ကိုင်သာပေါက်ချင်တော့တယ် ။
နိုင်ကငိုတော့ သားကမရယ်တော့ ၊ မျက်ဝန်းညိုတွေဝိုင်းစက်လို့ သူ့အဖေကိုလိုက်ကြည့်နေတာ လက်လေးတွေကလဲကားယားကားယား ။
ပစ်ပစ်နှစ်နှစ်သားကိုပွေ့လို့ဆိုဖာပေါ်ထိုင်ချပြီးငိုတော့ မဟာကဘာလုပ်ရမယ်ပင်မသိတော့ ။
သူသိပါတယ် နိုင်သူ့ကိုစိတ်နာနေတာမဟုတ်ဘဲ ၊ စိတ်ဆိုးနေတာ ၊ ဒါပေမယ့်အကြောကြီးတဲ့လူကြီးကကိုယ်ဝန်ရှိတာတောင်ထွက်ပြေးတယ်ဆိုထဲကဘယ်လောက်စိတ်ဆိုးသွားသလဲသူအသိဆုံးဘဲ ။
" မင်းငိုနေလို့သားကလိုက်ကြည့်နေပြီ ငယ် "
ဒီတစ်ခါတော့မဟာ့စကားကိုနားဝင်ပုံပေါ်တယ် ။
တိတ်သွားတာများတိခနဲ ။
သားရဲ့ပါးတွဲကြီးကိုနင့်နေအောင်မွှေးတော့ မဟာကမျက်စိမျက်နှာပျက်လို့ ။
သားကျတော့အနမ်းတွေပေါပေါသီသီပေးလိုက်တာများ ။
အာ ခုသူသားကိုနိုင်နဲ့သဝန်တိုမိတာလား ။
ဒါဆို sorry!
" ကိုကြည်နိုင်မရှိဘူးလို့ ဧည့်သည် "
အပေါက်ဝကရုတ်ရုတ်ရုတ်ရုတ်အသံကြားတော့ မဟာကအရင်ဆတ်ခနဲနားစွင့်သည် ။
သားနဲ့ကလူနေတဲ့နိုင်ကတော့ သားဆီမှာဘဲအာရုံအပြည့်အဝပေးထားတာ ။
မဟာ ဖာသိဖာသာထွက်သွားပြီးကြည့်တော့ ပန်းစီးအကြီးကြီးကိုပွေ့လို့ ဘဲတစ်ပွေကဒီအခန်းထဲဝင်ဖို့အလုအယက် ။ သို့သော်သူထွက်လာတာကိုမြင်တဲ့အခါထိုလူကမျက်ခုံးတွေတွန့်ချိုးလို့ ။
" ကြည်လေးရှိလား "
ထိုသူကမေးတော့ မဟာ့မျက်ဝန်းတွေကမှေးကျဥ်းလို့ ။
Shit! ဘယ်သူ့ကိုဘယ်လိုလာခေါ်နေတာလဲ ။
သူ့အမေလင် ၊မဟုတ်သေးဘူး ငါ့လင်များမှတ်လို့ ။
" ဘာလုပ်ဖို့လဲ "
သူတံခါးကိုပိတ်ပြီးအပြင်ထိထွက်လာတော့သူတို့နှစ်ယောက်ကိုဝိုင်းကြည့်နေတဲ့သူတွေကတစ်ပုံကြီး။
" ခေါ်ပေးစရာရှိတာခေါ်ပေးစမ်းပါ ဘာလုပ်ဖို့လဲမေးရအောင်မင်းကဘာကောင်မို့လို့လဲ "
ထိုလူကမေးတော့ မဟာကဟက်ခနဲတစ်ချက်ရယ်တယ် ။ လူတွေလဲ ဒုက္ခဘဲ ။
" အဟွန်း! ငါဘာကောင်လဲသိရင်မင်းဘာဆက်လုပ်ချင်လဲ "
" သောက်ရစ်တွေရှည်နေဦးမယ်ဆိုမင်းဖယ်တော့ ငါ့ဘာသာငါခေါ်မယ် "
" အကိုဒီလိုလုပ်လို့မရပါဘူး ဒါprivacy room.. "
" ဇေယျာ နေပါစေ ငါ့ရှင်းလိုက်ပါ့မယ် "
ကိုဇေယျာကနားလည်ဟန်ဖြင့်သူတို့ကိုထားခဲ့တော့လေသည် ။ မဟာထူးလွင်ပါလို့နှုတ်ဆက်ထဲက ဒီလူကိုဘယ်သူလဲဆိုတာသူသိပြီးသား ၊ သူကလဲသာမာန် cafe manager မဟုတ်ပါဘူး ၊ ဒီလိုဘဲအကြောင်းကြောင်းကြောင့်ပေါ့ ။
" ကိုင်း မေးပရစေ ဘာကိစ္စရှိလို့တွေ့ချင်တာလဲ "
ကျွီ!
သူ့စကားမဆုံးသေးဘူး အထုတ်တစ်ထုတ်ကိုင်လို့ထွက်လာတဲ့နိုင့်ကြောင့်မဟာကသဘောမကျစွာကျစ်သပ်လို့စူးစိုက်ကြည့်လိုက်တယ် ။
နိုင်က​တော့ပြန်သွားပြီဆိုပြီးစိတ်ပေါ့နေတာကိုမဟာကဒီမှာပြဿနာရှာနေတယ် ၊ ကျွတ်!
နောက်ပြီးသူ့ကိုကြည့်တော့ဘုကြည့် ။ လူတွေကလဲဝိုင်းအုံကြည့်လို့ ။
" ဘာဖြစ်နေတာလဲ "
" ကြည်လေး ဟင်! ငိုထားတယ် ကြည်လေးကိုဘယ်ကောင်ငိုအောင်လုပ်တာလဲ "
အား ဒီခွေးရောက်လာပြန်ပြီ ။
" အဟွန်း! ငယ် မောင့်အကူအညီလိုလား "
အောင်နိုင်သူအပြုံးကြီးနဲ့မဟာ့ကိုကြည့်လို့နိုင်စိတ်ပါကုန်ချင်သွားတယ် ၊ ဘာနေနေမဟာသာသူ့ကိုလက်မလွှတ်သေးဘူးဆိုရင် မလွှတ်ပေးသရွေ့ခိုင်းစားမယ် ။
" ငါ့ဆိုင်ကိုဘာတစ်ခုမှမထိခိုက်စေနဲ့ "
သူပြောပြီးတာနဲ့သားကိုလဲပေးထားတဲ့သေးဝတ်ကိုဆိုင်ရဲ့အမှိုက်ပုံးထဲသွားထည့်ပြီး rest room ထဲပြန်ဝင်သွားသည် ။ အနည်းဆုံးတော့နောက်တစ်နေ့ကျကျိုးပဲ့ရုံပေါ့ ။ သူမဟာ့ရဲ့ပထမဦးဆုံးသဝန်တိုတာကိုတွေ့တုန်းကဆိုတစ်ဖက်ကောင်လေးခြေနှစ်ဖက်လုံးသုံးစားမရတော့ဘူးမဟုတ်လား ။
Mini bed ပေါ်တက်လို့အိပ်ပျော်နေတဲ့သားဘေးသွားပြီးသူဝင်လှဲပြီးအကျင့်ဖြစ်နေတဲ့ဖင်ကိုသာပုတ်ပေးနေလိုက်သည် ။
ဒီနေ့ကောမဟာ့ဆီကလွတ်အောင်သူဘယ်လိုအိမ်ပြန်ရဦးမလဲ ၊ အကျပ်ကိုင်ရအောင်လဲကိုယ်စိုင်းလူပါမလာဘူးမို့လား ။
မဟာအခန်းထဲပြန်ဝင်လာချိန်မှာတော့ အပေါ်ထပ်ကုတ်ကပါမလာဘူး ။
ထင်သားဘဲ အကြမ်းပတမ်းကောင် ။
" ပြန်တော့ "
သူပြောတော့မဟာကဒေါသမသေသေးသလို ။
ငယ် ငယ် ၊ သူဟိုသတောင်းစားပြောတဲ့စကားတွေဘဲနားထဲကြားနေလို့ခုထိသူ​စိတ်ကတိုနေတုန်း ။
" အိမ်ပြန်လိုက်ခဲ့ "
" အဲ့တာငါ့အိမ်မဟုတ်ဘူး "
ခုကမဟာ့စိတ်အခြေအနေကြောင့်သူတို့ပါတင်းရပြန်ပြီ ။
" အပြင်မှာဘယ်လောက်ထိနေဦးမယ်စဥ်းစားထားတာလဲ single father ဆိုပြီးလူပျိုလုပ်နေတာလား "
" ငါ့ဟာငါဘာလုပ်လုပ်မင်းနဲ့မဆိုင်ဘူး "
" ငါ့သားကိုခုတုံးလုပ်ပြီးဘယ်ကောင်မကိုပန်းဦးခြွေချင်နေလဲမသိပေမယ့် ငါ့သားကိုတော့ ဓာတ်ပုံတွေပေးရိုက်ပြီး တစ်စွန်းတစ်စမှ အပေါစားမဆန်စေချင်ဘူး "
" မင်းငါ့သိက္ခာကိုမစော်ကားနဲ့ မဟာထူးလွင် "
သူကုတင်ပေါ်ကကောက်ထလို့ လက်ညှိုးငေါက်ငေါက်ထိုးပြီးပြောတယ် ။
" သိက္ခာ သိက္ခာတရားအကြောင်းပြောဖို့ သားကဘယ်သူနဲ့ရတာလဲဆိုတာကျမင်းလက်မခံဘူးမို့လား နိုင် "
" တောက်ခ်! "
" ဘာလဲပြောစရာစကားရှာမတွေ့တော့ဘူးလား သွင်ကြည်နိုင် "
" မင်းထွက်သွားတော့ "
" သားမပါဘဲငါအိမ်မပြန်ဘူး အဲ့ဒီလိုဘဲမင်းငါ့အိမ်မလိုက်သရွေ့ဒီကနေမရွေ့ရဘူး "
ပြောသားဘဲ မဟာထူးလွင်ကအတ္တတွေနဲ့ ။
ဘယ်လောက်တောင် စိတ်ကုန်ဖို့ကောင်းလဲ
မိန်းမဖြင့်ယူတော့မယ် သူ့ကိုခုထိဘေးနားချုပ်ထားချင်တုန်း ။
" မင်းလိုကောင်ကိုငါရွံတယ် မဟာထူးလွင် ၊
ငါ့ကိုဘယ်အထိချုပ်ကိုင်ထားချင်တာလဲ
မင်းယူမယ့်မိန်းမရဲ့သိက္ခာမငဲ့တောင် ငါ့ကိုအငယ်အနှောင်းနေရာကိုသွင်းဖို့ကိုမစဥ်းစားနဲ့
ငါကမင်းကြုံဖူးနေကြအပေါစားဖာသာသာလိုကောင်မဟုတ်ဘူး "
ခုံပေါ်ကဝုန်းခနဲကောက်ထလို့ မဟာထူးလွင်ကနိုင့်ကိုစူးစူးဝါးဝါးကြည့်တယ် ၊ ဒါဘယ်လောက်အာစေးမိစေလဲ ။
နိုင်ပြောနေတာတွေမှန်သလိုလိုကိုရှိတယ်လေ ။
တောက်တစ်ခတ်ခတ်နှင့်မေးရိုးကြီးတွေလှုပ်ခတ်ပြီး သူနိုင့်အနားကိုခြေလှမ်းကျဲနဲ့လှမ်းလာပြီး ပုခုံးစွန်းကနေလှုပ်ကိုင်လို့ ပြောမိတယ်။
" မင်းကိုငါမြတ်နိုးတာကွနိုင် ၊ ငါ့မေတ္တာကိုမစော်ကားနဲ့ကွ!! "
" မင်းကရော ငါ့သိက္ခာကိုထိပါးတာမဟုတ်လား ဟမ်! "
ပုခုံးပေါ်ကလက်တွေခါချလို့ သူမတ်တပ်ထရပ်ပြီးမဟာ့ကိုပစ်ထိုးလိုက်တယ် ၊ သိပ်တရားလွန်နေပြီ ။
လည်ထွက်သွားတဲ့မေးရိုးနဲ့ နှုတ်ခမ်းစွန်းကသွေးစကိုသုတ်ပြီးမဟာကပြန်လှည့်လာပြီး သူ့ကိုထိုးဖို့ရွယ်လေတယ် ။
အတ္တတွေနဲ့ကောင် ၊ ဒါလားမေတ္တာ ။
" တောက်ခ်! ငယ် မင်းသိပ်ရောင့်တက်တယ် "
အံတကြိတ်ကြိတ်နဲ့ရွယ်ရုံကလွဲပြီးသူ့ကိုမထိုးနိုင်တဲ့မဟာက နံရံကိုလက်သီးတွေပစ်သွင်းတာတစ်လုံးပြီးတစ်လုံး ။
မသနားဘူး ။
" ငါအလျှော့မပေးတော့ဘူး ငယ် "
နိုင့်ကျောရိုးထဲရေခဲလှိုင်းစီးဝင်သွားသလိုပါဘဲ ။
ဘာလဲသူကမှားတဲ့လူဖြစ်ပြီး ကိုယ့်ကိုအရင်လိုစောက်ချိုးချိုးဦးမလို့လား ။
" အား! ငါ့ကိုချပေး ဟေ့ကောင် မဟာထူးလွင် "
သူ့အော်သံကြောင့်သားကပါလန့်နိုးပြီးငိုလေတော့ နိုင်ကတိတ်သွားလေသည် ။
" ​အောက်ချပေးစမ်း ငါ့သား! "
" စိုင်းလူ ကလေးကိုခေါ်ခဲ့ "
ဘယ်ကထဲကရောက်နေမှန်းမသိတဲ့ကိုစိုင်းလူချက်ချင်းကိုပေါ်လာတယ် ။
ကျွတ် အဲ့ဒီ့မိသားစုဆီထပ်မသွားချင်ဘူးလို့ ။
အား မဟာထူးလွင်ကိုသတ်ချင်တယ် ။
ကားထဲပစ်ထည့်လို့ သူ့ကိုယ်ကြီးနဲ့တွန်းဖိပြီး အုပ်မိုးလာတော့နိုင်ကကိုယ်လေးကျုံ့လို့အသံတောင်မထွက်တော့ ။
" ငယ့်နှုတ်ခမ်းတွေစုတ်ပြတ်သတ်မသွားစေချင်ရင် အပေါက်ပိတ်ထား "
ကိုစိုင်းလူခေါ်လာတဲ့ကလေးကိုပွေ့လို့ သူ့ထံပေး​တော့ သူအလိုက်သင့်ဘဲယူလိုက်တော့တယ် ။
လူတွေနဲ့လမ်းမမှာ ဆိုင်ထဲကနေကောက်ချီခံရလို့ပါလာတာတောင်ရှက်လှပြီ ။
သူ့လက်ထဲကအိတ်ထဲကနေနို့ဘူးတောင်းလို့အငိုသဲသွားတဲ့သားကိုတိုက်တော့ ။ သားမျက်နှာကငိုလွန်းအားကြီးပြီးနီလို့ ။
ဒီလိုကျတော့လဲထွက်ထားတဲ့ဒေါသတောင်ဘယ်အပေါက်ကပြန်ဝင်သွားသလဲ ။
" ဖေဖေတောင်းပန်တယ်နော် သား "
သူ့ကိုစိုက်ကြည့်နေတဲ့မဟာ့ကိုစောက်ဂရုစိုက်မနေဘူး ၊ အဲ့ကောင်ကအလကားကောင် ၊
သားကိုဘဲကုန်းနမ်းလို့ ဖင်ကိုပုတ်ပေးရင်းဘဲမျက်လုံးမှိတ်ကာလိုက်သွားတော့တယ် ၊
ရောက်ရာအရပ်ကနေမဟာ့ကိုတော်လှန်မယ် ၊
ဖမ်းမိတော့လဲခဏပေါ့ ။
Ciel
2742021
မဏ္ဍိုင်ထူးလွင်ကဖအေတူသား !
တော်လှန်ရေးသမားကြီးကိုကြည်နိုင် = မဟာထူးလွင်ကို ရောက်ရာအရပ်ကပုန်ကန်ကြမယ်
မျက်ခုံးတစ်ဖက်ပင့်လို့ အာဏာထူးလွင် = ငယ် မင်းနှုတ်ခမ်းတွေစုပ်ပြတ်သတ်သွားချင်လား ?
သူသားကိုရှေ့လွယ်အိတ်လေးထဲပိုက်လို့ city mark ကိုရောက်နေတာဖြစ်တယ် ၊ ဒီကနေဆိုသူ့coffee ဆိုင်နဲ့မဝေးတော့တာမို့ နဲနဲပါးပါးဖြစ်ဖြစ် သူcake လဲဝင်ယူရင်းဆိုင်အခြေအနေလဲဝင်ကြည့်ချင်သေးသည်လေ ။
" သွင်ကြည်! "
" အကိုဇေယျာ "
" အ့! "
" မဟာ မင်းဘယ်လိုဖြစ်! "
" ငယ် မောင့်ကိုကလေးပေး "
" မထိနဲ့ "
" ဓာတ်ပုံလေး "
" မရဘူး "
" အဲ့.. "
ဖောင်း!
" အ့! ငယ် "
" ငါ့သားလန့်သွားပြီ "
ဘယ်လိုရယ် ၊ အား ဒီကောင် ။ ခွေးကောင် ။
" ငါ့သားကရယ်တယ် "
အာ သူငိုမိတာဘဲ ။
တိတ်သွားတာများတိခနဲ ။
ဒါဆို sorry!
" ကြည်လေးရှိလား "
" ဘာလုပ်ဖို့လဲ "
ကျွီ!
" ဘာဖြစ်နေတာလဲ "
" ပြန်တော့ "
" အိမ်ပြန်လိုက်ခဲ့ "
" တောက်ခ်! "
" မင်းထွက်သွားတော့ "
မသနားဘူး ။
ဖမ်းမိတော့လဲခဏပေါ့ ။
Ciel
2742021
Continue Reading
You'll Also Like
18.7K 1K 25
Title - Hang the Star in the Sky [ကောင်းကင်ထက်က ကြယ်ကလေး] ★ If you be my star, I'll be your sky ★ Type - Own Creation, Chinese BL အနုပညာလောကထဲက နာမည...
23.1K 1.9K 10
ရိုးရိုးရှင်းရှင်း ဇာတ်လမ်းတိုတိုလေး September 1,2021
2.8M 143K 58
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
184K 9.5K 42
Unicode မဖြစ်နိုင်တဲ့အရာတစ်ခုက ကျွန်တော့်ဆီမှာလာဖြစ်နေတယ် ကျွန်တော်ကယောကျ်ားလေးတစ်ယောက် ဒါပေမယ့် မထင်မှတ်ပဲ စာအုပ်ထဲကအဓိကဇာတ်ဆောင်ရဲ့ခန်ဓာကိုယ်ထဲရောက...