တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - ခုနှစ်

725 86 45
                                    


စာတွက်ပြီးတော့မချိုမချဥ်မျက်နှာပေးနဲ့
ကြည့်နေသူချန်းယောလ်ကြောင့်ဆယ်ဟွန်း
အနေရခက်လာသည်။ကြာရင်စာဘယ်လို
ဆက်သင်ရမလည်း။သူစာစစ်နေချိန်ခုံပေါ်
လက်ထောက်ကာတဖုံ၊မေးတင်ကာတမျိုး
သူ့ကိုကြည့်နေတာ။သည်းမခံနိုင်တဲ့အဆုံး
လေပူတစ်ချက်မှုတ်ထုတ်ရင်းမျက်မှောင်
ကျုံကာကြည့်တော့သူ့ကိုသွားဖြီးရီပြသည်။
အဲ့ဟာလေးကိုဘယ်လိုကိုင်တွယ်ဖြေရှင်း
ရမလည်း။

"မင်းမသင်ရသေးတဲ့ဘာသာကိုပြန်ကြည့်
ထားလို့မရဘူးလား။ငါ့မျက်နှာမှာဘာရေး
ထားလို့အဲ့လောက်ကြည့်နေရတာလဲ... "

သည်းမခံနိုင်တဲ့အဆုံးထုတ်မေးလိုက်သည်။

"ကိုကို့မျက်နှာကအရမ်းကြည့်ကောင်းလို့
ကြည့်နေမိတာ။ကြည့်လေ ချစ်လေ
အရမ်းချစ်တယ် ကိုကို "

"ပတ်ချန်းယောလ် သေချင်လို့လား။
မဟုတ်တာပြောပြန်ပြီ... တိတ်စမ်း "

"ချစ်တယ်ဆိုတဲ့စကားကမဟုတ်တာ
လားကိုကိုကလည်း "

ပြောနေရင်းစိတ်ကောက်တဲ့အမူအရာလုပ်
ပြသေး။ကလေးကလားအမူအရာတွေနဲ့
ဒီကောင်လေးအချစ်ဆိုတာကိုဘယ်လိုအကြောင်းပြချက်နဲ့ယုံပေးရမလည်း။

"ချန်းယောလ် စာထဲစိတ်ထည့်ထားစမ်း။
ငါ့ကိုချစ်တယ်ပြောလို့စာမေးပွဲမအောင်ဘူး"

"စာမေးပွဲကကိုယ့်ဘာသာကြိုးစားမှအောင်မယ်ဆိုတာသိတယ်။
ကိုကို့အချစ်ရဖို့ကလည်းကြိုးစားရမယ်
လေ၊ဒီတိုင်းဖွင့်ပြောပြီးထားလို့ကိုကိုကအဖက်လုပ်မှာမဟုတ်ဘူးလေ။အဲ့တော့
အဖက်လုပ်အောင်ခဏခဏချစ်ကြောင်း
ပြောတာဘာ "

"ချန်းယောလ် မင်း မင်း
ပြောလေကဲလေပါလား  ..."

စိတ်တိုလို့သူ့ကိုလှမ်းထုဖို့ရွယ်သော
ကျွန်တော့် လက်ကိုလှမ်းဖမ်းဆွဲကာနမ်း
လိုက်သောအပြုအမှုကြောင့်အံသြသွားရသည်။

"ငါမင်းကိုမချစ်ဘူး။ကလေးမဆန်နဲ့တော့
မင်းအပေါ်တပည့်သံယောဇဥ်ဘဲရှိတယ် "

ထိုသို့ပြောကာထိုညကစာသင်တာစောစော
သိမ်းလိုက်သည်။
နောက်တစ်နေ့မနက်စောစောသူ့ဆိုင်ကယ်
မစီးဘဲ Bus စီးဖို့စောစောထကာထွက်လာ
လိုက်သည်။ခြံဝန်းရှေ့တွင်ဆိုင်ကယ်ထက်
ထိုင်ကာအဆင်သင့်စောင့်နေသူကိုတွေ့လိုက်ရသည်။

CHANHUN MINI STORY BOOK 1Where stories live. Discover now