အလုပ်ပင်ပန်းသည့်ဒဏ်ရယ်ကိုယ်ကိုယ်ကိုယ်တောင်ဂရုမစိုက်နိုင်သည့်ပစ်စလခတ်
နေမိတာတွေပေါင်းကာချန်းယောလ်ဖျားလေသည်။တဆစ်ဆစ်ကိုက်ခဲနေသောကိုယ်ခန္ဓာကိုတောင်သူမနည်းအားတင်းသယ်ထားရသလိုခြေလှမ်းတွေကလေးလံလို့နေသည်။
ခေါင်းကလည်းထိုးကိုက်နေသည်။အိမ်ပြန်ရောက်တာနဲ့ရေချိုးချလိုက်ဖို့သူတွေးလိုက်
သည်။ကားမောင်းလာရင်းမျက်လုံးတွေမှိတ်ကျချင်လာလို့သူမနည်းအားတင်းပြီးအိမ်
အရောက်မောင်းချလာရသည်။
ကားရပ်ပြီးတာနဲ့အိတ်ကိုယူကာအိမ်ထဲဝင်ဖို့လျောက်ရင်းခေါင်းကိုက်တာအတော်ဆိုး
လာသလိုခံစားရသည်။လန်းသွားအောင်
ရေချိုးရမယ်။ပြီးမှဆေးသောက်အိပ်လိုက်ရမယ်။အိမ်ထဲဝင်လာလိုက်တော့ချွတ်ထားသောဖိနပ်တစ်ရံကြောင့်သူမျက်မှောင်ကျုံကြည့်
လိုက်သည်။ဘာကိစ္စနဲ့အိမ်ပြန်လာရတာလည်း။သူ့ဖိနပ်ချွတ်ပြီးဆက်သွားဖို့အလှမ်း
ပေါ်ထွက်လာသောပုံရိပ်ငယ်ကြောင့်ခြေလှမ်း
ရပ်တန့်သွားရသည်။"အကို"
ဆယ်ဟွန်းကသာအရမ်းမျှော်လင့်နေမိတာများလား။အကိုကမပျော်သလိုပါပဲ။အခုထိသူ့ဘက်ကတဖက်သတ်ခံစားချက်သက်သက်ဖြစ်နေတာများလား။
ချန်းယောလ်သတိလက်လွတ်ဖြစ်ပြီးကလေးငယ်ကိုငေးကြည့်နေမိသည်။ဘာလို့မင်းလေးကငါ့မျက်စိရှေ့ရောက်လာပြန်တာလည်းကွာ။ခံစားချက်တွေအသစ်အသစ်မဖြစ်ချင်တော့ဘူး။
"ဘာကိစ္စနဲ့ပြန်လာရတာလဲ"
"လွမ်းလို့ အကို့ကိုလွမ်းလို့
သတိရလို့ တွေ့ချင်လို့ပြန်လာတာ "ချန်းယောလ်ကိုယ်ခန္ဓာတောင့်တောင့်ကြီး
ဖြစ်သွားရသည်။သူ့ကိုလေကလေးငယ်က
ဖက်ထားသည်တဲ့လား။သူ့ရင်ခွင်ထဲတိုးဝင်လာသောကလေးငယ်ကြောင့်သူဘယ်လို
တုံ့ပြန်ရမယ်မသိတော့။"အကိုဖျားနေတာလား "
ဆယ်ဟွန်း လန့်သွားသည်။အကို့ရင်ခွင်ထဲ
တိုးဝင်သိုင်းဖက်လိုက်ချိန်အကို့ကိုယ်ခန္ဓာရဲ့
အပူဓာတ်ကအငွေ့ဟပ်သလိုတောင်ခံစားလိုက်ရသည်။သူ့နဖူးကိုလက်လေးကပ်ကြည့်ကာအထိတ်
တလန့်ပြောလာသောကလေးငယ်။
أنت تقرأ
CHANHUN MINI STORY BOOK 1
القصة القصيرة⚠ WARNING ⚠ This mini story contain words,bad and adultsense.Please don't read under 18 person .