တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - ကိုး

274 47 24
                                    

စာမေးပွဲဖြေဖို့ရက်သိပ်မလိုတော့။
ကျောင်းမှာနောက်ဆုံးနှုတ်ဆက်ပွဲတောင်
လုပ်ပြီးပြီ။ချန်းယောလ်လည်းစာသေချာ
လုပ်ခဲ့တာမို့အခုနေကောက်ဖြေရင်တောင်
တက္ကသိုလ်ကောင်းကောင်းဝင်နိုင်လောက်
သည်။ချစ်ရတဲ့ကိုကို့ကြောင့်ဆိုရင်လည်း
မမှား။ကိုကိုနဲ့သာမတွေ့ဖြစ်ခဲ့ရင်အခုလို
စာကြိုးစားတဲ့သူဖြစ်လာမှာမဟုတ်။
လိမ္မာတဲ့သူကိုဆုပေးသင့်တယ်မလား။
အခုတော့ကိုကိုကမသိချင်ယောင်ဆောင်
နေတယ်။တော်တော်ဆိုးတဲ့ကိုကို။

ဖြေရမည့်ရက်ထွက်လာပြီးတည်းကသူ့ကို
ဇယားဆွဲကာစာတွေကိုသေချာလုပ်စေသည်။
မေးခွန်းဟောင်းတွေကိုလည်းစာမေးပွဲအချိန်တိုင်
းဖြေစေသည်။အပြန်အလှန်စစ်ဆေးခြင်းတွေအဆုံး
စာမေးပွဲဖြေဖို့အသင့်ဖြစ်နေပြီ။
ဖြေဖို့ရက်ကပ်လာသောအခါပုံမှန်အနေ
အထားလောက်သာစာကြည့်စေတော့သည်။

အနားကပ်ရက်တွေမှာကိုကိုအိမ်မှာမရှိတော့။
စာမေးပွဲရက်အတွက်အခန်းစောင့်ဖို့ဆရာတွေအလုပ်ရှုပ်နေပြီ။ချန်းယောလ်မှာတော့စာတွေပြန်ကြည့်ရင်းကိုကို့ကိုသတိရနေသည်။အပြင်လည်းထွက်လို့မဖြစ်တော့။စာမှစာ
မျက်နှာရှေ့ကမခွာရအောင်ကြည့်နေရသည်။
အလုပ်များလွန်းသောဒယ်ဒီတောင်အိမ်မှာရှိနေသည်။
ကျွန်တော့်ကိုစာမေးပွဲနေ့အတွင်းအားဖြစ်အောင်တဲ့လေ။
အရင်နှစ်တွေကဂရုမစိုက်နိုင်လို့ဒီနှစ်တော့သေချာဂရုစိုက်
ပေးနေသည်။အပြင်တောင်ခိုးထွက်လို့မရတော့၊
ကိုကိုကလည်းအလုပ်တွေရှုပ်နေပြီမို့သိပ်
မတွေ့ရတော့ဘူး။

"ဆရာလေးကိုသေချာကျေးဇူးဆပ်ရမယ်
ငါ့သားကိုပြုပြင်ပြောင်းလဲပေးတာ
တကယ့်ကျေးဇူးရှင် "

"ဒယ်ဒီ ကဘယ်လိုကျေးဇူးဆပ်ချင်လို့လဲ "

"ဆရာလေးကတနယ်တကျေးကနေလာပြီး
အဆောင်နေအလုပ်လုပ်ရတာဆိုတော့
အိမ်ခန်းလေးဝယ်ပေးရင်ကောင်းမလား
သားဝိုင်းစဉ်းစားပေးစမ်း၊မင်းဆရာလေးကို
ဘာလက်ဆောင်ပေးသင့်လဲ "

ချန်းယောလ် အတွေးထဲမှာတော့လက်ဆောင်
အနေနဲ့ဒယ်ဒီပေးတဲ့တိုက်ခန်းမှာမင်္ဂလာဦး
ရရင်ကောင်းမလား။သူ့အတွေးသူသဘော
ကျပြီးထရီမိသည့်အထိဆိုပါတော့။ဒီလိုနဲ့
စာမေးပွဲဖြေမည့်ရက်ရောက်လို့လာသည်။

CHANHUN MINI STORY BOOK 1Where stories live. Discover now