"အဲ့တော့ မင်းကမကူညီနိုင်ဘူးဆိုတဲ့
သဘောပေါ့ "မတုံ့မဆိုင်းအငြင်းစကားဆိုသောသူ့အတွင်းရေးမှူး
"အားနာပေမဲ့ငြင်းပါတယ် CEO "
သူပထမဆုံးအငြင်းခံရဖူးခြင်း
ဘယ်တတ်နိုင်မလည်း
သူလည်းကြံမိကြံရာမဟုတ်မဟပ်
ကိစ္စအတွက်
အကူညီတောင်းရပေမဲ့မျက်နှာပူလှသည်။နောက်နေ့အလုပ်တက်ရတော့
အိုဆယ်ဟွန်းနဲ့မျက်နှာချင်း
ဆိုင်ရချိန်ဘာမှမဖြစ်သလိုနေရတာလည်းအဆင်မပြေလှ။
အိုဆယ်ဟွန်းကြည့်ရတာလည်းမသက်မသာ
အနေအထား။ရုံးခန်းထဲအလုပ်လုပ်နေရင်းစိတ်ကအပြင်ဖက်ဆီရောက်နေတာစုစည်း
လို့မရတော့။လုပ်လက်စတွေရပ်ကာ
မျက်စိစုံမှိတ်ထားလိုက်တော့သည်။ဆယ်ဟွန်း လည်းမနေ့ကကိစ္စအတွက်မျက်နှာပူသလိုခံစားနေရသည်။
CEO ကိစ္စကအတော့်ကိုမဖြစ်နိုင်လို့
သူတွေးလိုက်သည်။တခြားကိစ္စသာဆို
သူကူညီပေးမှာ။အခုကိစ္စကတော့တွေးရုံနဲ့တင်ကြက်သီးထစရာ။
CEO နဲ့တွဲနေတဲ့သူအဖြစ်ဟန်ဆောင်ပေးဆိုတာကြီးကတော့မဖြစ်ရေးချမဖြစ်။
သူကယောက်ကျားစစ်စစ်လေ
ပြောရမယ်ဆိုရည်းစားတောင်ရှိတဲ့သူ။
မျက်လုံးထဲကိုယ့်ရည်းစားပြေးမြင်မိတော့အပြစ်ရှိသလိုတောင်ခံစားလိုက်ရသည်။နာရီကြည့်လိုက်တော့နေ့လည်စာစားချိန်ရောက်နေပြီ။မနက်ရုံးတက်ချိန်ကော်ဖီသွားပို့ပြီးတည်းကအခန်းပြင်တောင်တလှမ်းထွက်
မလာသော CEO
သူ့ရုံးခန်းဆီလှမ်းကြည့်ရင်းဆယ်ဟွန်း
ထမင်းသွားစားသင့်လား၊မစားသင့်လား၊တွေးနေမိသည်။
CEO ရုံးခန်းထဲရှိနေတာသူဒီတိုင်းထွက်ပြီး
ထမင်းသွားစားရင်ရိုင်းရာကျမလား။
မေးကြည့်လိုက်တာပဲကောင်းတယ်။ဆယ်ဟွန်းသူ့ရုံးခန်းထဲဖုန်းခေါ်လိုက်သည်။
" CEO နေ့လည်စာစားခိိန်ရောက်နေပြီ
ဘယ်လိုအစီစဉ်ရှိသလည်းခင်ဗျာ "ချက်ချင်းပြန်မဖြေအသံတိတ်နေလေသည်။
"မင်းရောဘယ်မှာသွားစားမှာလဲ "
"ကုမ္ပဏီကန်တင်းမှာဟင်းကျန်သေးရင်တော့စားလို့ရမယ်။
မဟုတ်ရင်တော့အပြင်ဆိုင်သွားစားမှရမယ် CEO "
YOU ARE READING
CHANHUN MINI STORY BOOK 1
Short Story⚠ WARNING ⚠ This mini story contain words,bad and adultsense.Please don't read under 18 person .