Secretary Oh - 3 ( Zawgyi )

335 58 48
                                    


ကုမ္ပဏီနှစ်ပတ်လည်ပါတီပွဲ

သူတို့ကုမ္ပဏီနဲ့ဆက်စပ်နေသောလုပ်ငန်းမှန်သမျှကို
ဖိတ်ကြားထားသည်မို့ဧည့်ပရိတ်သတ်ကမနည်းပေ။
အစားအသောက်ကဘူဖေးကျွေးသည်မို့အကြိုက်စားရုံ။
သောက်ဖို့အတွက်ကလည်ဝိတ်တာလေးတွေကလိုက်ထည့်
ပေးနေသည်။အစီအစဉ်အစဆုံးမှာ
ဝန်ထမ်းတွေနဲ့ဆက်စပ်ကုမ္ပဏီတွေကို
ပိုင်ရှင်သူဌေးကြီးကကျေးဇူးတင်လွှာပြောသည်။
ပြီးမှရှယ်ယာရှင်လူကြီးတချို့နဲ့လုပ်ငန်းအုပ်ချုပ်မှုပိုင်းဆိုင်ရာက
ဒါရိုက်တာလူကြီးတချို့တက်ပြောကြသည်။
နောက်ဆုံးပိတ်စကားပြောပေးဖို့ CEO တက်လာသည်။

ဆယ်ဟွန်းမှာတော့အခုနကမှကြုံခဲ့သောကိစ္စတခုကြောင့်
ရှိန်းတိန်းတိန်းကြီးနဲ့မျက်နှာလည်းပူနေသည်။လုပ်လိုက်ရင်
ဘာလို့များအစီစဉ်ကျမဖြစ်ရသလည်းဆိုပြီးသူ့ကိုယ်သူလည်း
အပြစ်တင်လိုက်မိသည်။စင်ပေါ်တက်လာသော CEO က
စင်ရှေ့ကသူတွေကိုကြည့်နေခိုက်ဆယ်ဟွန်းကိုယ်ခန္ဓာကို
မတ်မတ်မထားရဲ။တစ်ချက်ခိုးကြည့်ပြီးခေါင်းပြန်ငုံထားမိ
သည်။

"ထပ်တွေ့ပြန်ပြီ
ဒီတခါတော့တို့မိတ်ဆက်ထားမှဖြစ်တော့မယ်
တို့နာမည်က မေရီ လို့ခေါ်တယ်။မျိုးရိုးက ဟန်
တို့က ယောလ်လီရဲ့ မိထွေး... ဟင့်ဟင့် ..အဒေါ်ပဲ
ပြောရမလား။
မင်းခုနမြင်ခဲ့သလိုမျိုးနည်းနည်းတော့မရှင်းမရှင်းပေါ့...
ယောလ်လီကပြောတယ်။မင်းနဲ့သူကအိပ်ပြီးတဲ့အထိ
တောင်ရောက်နေပြီတဲ့လေ... တို့ကမယုံဘူး... "

ဂါဝန်အနက်ရောင်ကကျောပြတ်ကြီးရှေ့ကလည်းရင်သား
နှစ်ဘက်ကိုထိပ်လေးအုပ်တယ်ဆိုရုံသာပါသည်။သားမွေး
ပုဝါစကိုခပ်လျောလျောခြုံထားသည်။ထိုအမျိုးသမီးကို
ကြည့်ပြီးခုနသူကြုံခဲ့ရသောအဖြစ်ကိုပြန်မြင်လာသည်။
ပါတီပွဲကျင်းပရာနေရာကပိုင်ရှင်သူဌေးကြီးနေထိုင်ရာအိမ်မှာ
ဖြစ်သည်။CEO ကသူဌေးကြီးရဲ့တူဖြစ်သလိုမွေးစားသား
လည်းဖြစ်သည်။သူဌေးမိသားစုအတွင်းရေးကအနည်းငယ်
ရှုပ်တယ်လိုအစ်မမီဆွန်းဆီကကြားဖူးသည်။

ပွဲမကျင်းပခင် CEO ကအိမ်ကြီးထဲဝင်လာဖို့ပြောလို့်
ဆယ်ဟွန်း ဝင်သွားရသည်။အထဲရောက်တော့ပိုင်ရှင်
သူဌေးကြီးမိန်းမက CEO အိပ်ခန်းထဲရောက်နေတာ
မြင်လိုက်ရသည်။ဒီတိုင်းရိုးရိုးမဟုတ်ပဲဖရိုဖရဲအနေအထား
ဖြစ်လို့နေသည်။CEO နဲ့သူမအနေအထားကသိပ်တော့
ပုံမကျပေ။ကိုယ့်အလုပ်ရှင်တွေမို့လာရင်းကိစ္စသာ
ဆယ်ဟွန်းမေးချိန်မှာတော့ CEO ပြုမှုလိုက်တာက
မထင်မှတ်တာမို့်မျက်လုံးအပြူးသားဖြစ်သွားရသည်။

CHANHUN MINI STORY BOOK 1Where stories live. Discover now