FAKE 5 ( Zawgyi )

403 55 15
                                    


ဆယ်ဟွန်း စိတ်မသက်သာပေ။ခဏလောက်စကားပြောပါရ
စေဆိုပြီးသူ့အလုပ်လုပ်ရာဆီရောက်ချလာသည်။မီနာမ
ကောင်းမှုနဲ့အလုပ်ထဲသူ့ကိုစနောက်နေတဲ့ကြားသူပေါက်ချ
လာသောအခါတီးတိုးတီးတိုးတွေဖြစ်ကုန်လေပြီ။

"ခဏလေးပါ
စိတ်အနှောင့်အယှက်မဖြစ်ပါနဲ့ကွာ "

အလုပ်ထဲကဝန်ထမ်းသက်သာကော်ဖီဆိုင်မှာပဲစကား
ပြောဖို့လုပ်လိုက်သည်။တခြားနေရာသွားပြောရင်လည်း
ထင်ချင်ရာထင်နေကြမယ်။

"ကိုယ်ပြည်ပခရီးသွားစရာရှိလို့
ကိုယ်ကြီးကြပ်ပေးရတဲ့အဖွဲ့သစ်ရဲ့ရိုက်ကူးရေးက
နိုင်ငံခြားသွားရိုက်ရမှာ၊ပြောချင်တာကကိုယ့်ကိုယ်လေ
ပြန်လာရင်အဖြေပေးပါလား "

"ပြန်လာရင်မဟုတ်ဘူး။
အခုပေးလိုက်မယ်မချစ်ဘူး
ကျွန်တော့်ချစ်သူနဲ့လည်းမိတ်ဆက်ပေးပြီးပြီလေ "

"ကိုယ်အဝင်မှာတည်းကသူမနဲ့တွေ့ခဲ့ပြီးပြီ။
ဘာလို့လျောက်လိမ်ပြောရတာလည်း။မင်းတို့နှစ်ယောက်
ဘာမှမပတ်သတ်ဘူးဆိုတာသူမပြောပြီးပြီ "

ဆယ်ဟွန်း မီနာမကိုမေတ္တာပို့မဆုံးတော့။
တကယ်ပါပဲ #$%^

"မင်းကိုတစ်နှစ်နီးပါးချစ်ခွင့်ပန်ခဲ့ရတဲ့ကိုယ့်ကို
နည်းနည်းလောက်စာနာပါကွာ၊နောက်တစ်ပတ်
ကိုယ်ပြန်လာရင်မင်းကိုလာတွေ့မယ်။
အဖြေအဲ့ကျမှပေးပါ "

အတင်းအဓမ္မပါပဲ
သူတောင်းတော့ရောပေးစရာက No ပဲဖြစ်မှာ
အချစ်ကပေးတိုင်းပြန်ရတတ်လို့လား။

အိုဆယ်ဟွန်းလေးကဒီတခါအဖြေတောင်းတာကို
လွယ်လွယ်ငြင်းလိုက်ရင်ပြီးပြီလို့ထင်သတဲ့။

ချန်းယောလ်ကတော့ဒီတခါကောင်းကောင်းတောင်းလို့မှ
အဖြေက မချစ်ဘူး ပြောလာရင်ဆက်လုပ်သွားမည့်
အစီအစဉ်ဆွဲပြီးပြီ။မိသားဖသားပီပီတောင်းရမ်းတော့လည်း
ငြင်းတယ်။ချစ်ခွင့်ပန်တာကအလီလီဖြစ်နေလည်းအဖက်
မလုပ်သောထိုကောင်လေးကိုပြန်မချစ်ရင်လည်းနေစေတော့
လူကိုပိုင်ဆိုင်ဖို့အရင်လုပ်တော့မယ်။အချစ်ကတော့အတူနေတာကြာလာရင်မုန်းတဲ့သူတောင်ချစ်လာကြတယ်လို့ပြောကြ
တယ်မလား။အဲ့တော့အတူနေဖို့်အရင်ကြိုးပမ်းတော့မယ်။

CHANHUN MINI STORY BOOK 1Where stories live. Discover now